ခန္ဓာကိုယ်တွင်း ကျန်းမာရေးကို တစ်မိနစ်အတွင်း စစ်ဆေးနည်း

Medical check up ဆိုတာ မကြာခဏ ပြုလုပ်ပေးသင့်တဲ့ အရာပါ။ ဒါပေမယ့် သင့်မှာ ဆေးရုံကို သွားဖို့ အခြေအနေမပေးဘူး ဆိုရင် အခုဖော်ပြမယ့် နည်းလမ်းလေးကို သုံးလို့ရပါတယ်။ ဒီနည်းလမ်းက ဆေးရုံကြီးတွေမှာ စစ်ဆေးသလိုတော့ ပြည့်စုံစေမှာ မဟုတ်ပေမယ့် စမ်းသပ်ကြည့်သင့်ပါတယ်နော်။

- ထမင်းစားဇွန်း တစ်ချောင်းကို ယူပြီး လျှာပေါ်ကို ခြစ်ချလိုက်ပါ။ ဇွန်းတစ်ခုလုံး တံတွေးတွေနဲ့ စိုသွားဖို့ လိုအပ်ပါတယ်။

- ပြီးရင် အဲဒီဇွန်းကို ပလက်စတစ်အိတ် အကြည်ထဲထည့်ပြီး နေရောင်အောက်၊ သို့မဟုတ် စားပွဲတင် မီးရောင်အောက်မှာထားပါ။

- တစ်မိနစ်ကြာ ထားပြီးရင် ဇွန်းကို ယူကြည့်လို့ရပါပြီ။

ဇွန်းမှာ အစွန်းတွေ မကျန်ရင်၊ မကောင်းတဲ့ အနံ့အသက်ဆိုးတွေ မရှိရင် သင့်ရဲ့ကိုယ်တွင်းအင်္ဂါတွေနဲ့ ပတ်သက်ပြီး ပြဿနာမရှိပါဘူး။

- ဇွန်းမှာ အပုပ်နံ့လို အနံ့ပြင်းနေရင် အဆုတ်နဲ့ အစာအိမ်မှာ ပြဿနာ ရှိနေနိုင်ပါတယ်။

- ချိုအီအီအနံ့ရရင် ဆီးချိုရောဂါ ဖြစ်နေနိုင်ပါတယ်။

- အမိုးနီးယားအနံ့ရရင် ကျောက်ကပ်မှာ ပြဿနာ ရှိနေနိုင်ပါတယ်။

- ဇွန်းမှာ အဖြူရောင် သို့မဟုတ် အဝါရောင်အစွန်းတွေ ကပ်နေရင် သိုင်းရွိုက်ဟော်မုန်း ပုံမှန်မထွက်တော့ခြင်း၊

- ခရမ်းရောင်အစွန်းတွေ ကပ်နေရင် ချောင်းဆိုးရင်ကျပ်နာ၊ သွေးလည်ပတ်မှု မကောင်းခြင်း၊ ကိုလက်စထရောမြင့်နေခြင်း၊

- အဖြူရောင်ဆိုရင် အသက်ရှူဆိုင်ရာမှာ ပိုးဝင်နေခြင်း

- လိမ္မော်ရောင်ဆိုရင် ကျောက်ကပ်ရောဂါတို့ ဖြစ်နိုင်ပါတယ်။

ဒီစမ်းသပ်နည်းက သိနိုင်ရုံသက်သက်သာ ဖြစ်ပြီးတော့ ဆရာဝန်နဲ့ သေချာပြန်လည် စစ်ဆေးဖို့တော့ အရေးကြီးပါတယ်။

Zombie (lovemedia)

for zawgyi















Zombie (lovemedia)

Post a Comment

0 Comments