ခုံ ၃ လုံး

တခါတုန်းက ပညာရှင် တဦးက လူအများ အတွက် အသုံးဝင် အကျိုး ရှိနိုင်သော ထိုင်ခုံ သုံးလုံးကို တီထွင် မှုပြုခဲ့လေသည်။

၁။ ကျန်းမာရေးခုံ

၂။ ခွန်အားဗလခုံ

၃။ ဉာဏ်ပညာခုံ

ထိုထိုင်ခုံ သုံးလုံးမှာ သူ့နေရာ နှင့်သူ အသုံးဝင်ပေ လိမ့်မည်။ နံပါတ်တစ် ခုံက ကျန်းမာရေး မကောင်းသူများ တိုးတက်ကောင်းမွန် စေရန်ရည်ရွယ်သည်။ နံပါတ်နှစ် ထိုင်ခုံက ခွန်အား နည်းသူများကို ပြည့်စုံ လုံလောက် သော ခွန်အား များဖြည့်တင်းပေးနိုင် ပါသည်။ နံပါတ်သုံး ထိုင်ခုံက လူတို့၏ ဉာဏ်ပညာကို ပို၍ တိုးတက်ကောင်း မွန်ရန်ဖြစ်ပါသည်။

နှစ်ရှည်လများ ထိုင်ခုံသုံးလုံးကို ပြုလုပ်၍ ပြီးစီးခြင်းကို ရလေသည်။ ထုံးစံအတိုင်း ထိုင်ခုံ ဖွင့်ပွဲကို ကြီးကျယ်ခမ်းနားစွာ ဖွင့်လှစ်ရန် အတွက် ရေမြေ့သနင်း ပြည့်ရှင်မင်း ကိုယ်တိုင် ကြွရောက်လာ လေသည်။ ဖဲကြိုးကို စက်ခလုတ်နှိပ်ချင် ယောင်ဆောင်၍ လက်ဖြင့် ဆွဲဖြတ် သည်။

တွေ့ပါပြီ ထိုင်ခုံ သုံးလုံး။ ထိုင်ခုံများက ဘာမျှ ထူးခြားမှု မရှိ။ သာမန် သစ်သား ခုံများသာ။ ပြည့်ရှင်မင်းက ထိုင်ခုံသုံးလုံး အား မျက်မှောင်ကြုတ်ကြည့်ပြီး "ထိုင်ခုံက ဘာမှလည်း မထူး ခြားပါလား"

ပြည့်ရှင်၏ အမေးကို ပညာရှင် က "မှန်ပါ ထိုင်ခုံ များမှာ ကြည့်ရသည်သာ မထူးခြားသော်လည်း အစွမ်းကား ဧရာမ ကြီးမားပါသည် ဘုရား။ စမ်းကြည့်တော်မူပါ"

ပြည့်ရှင်မင်းက မသင်္ကာသော် လည်း ခေါင်းတညိတ်ညိတ် လုပ်ရင်း "ဟုတ်ရင် ဟုတ်ပေါ့ကွာ" ဆိုကာ ခပ်တည်တည်နှင့် ထိုင် ခုံသုံးလုံးဆီ လျှောက်သွားသည်။ ကြွရောက်လာကြသော မင်းပရိသတ် အပေါင်း ကလည်း ငေးမောနေကြ သည်။

"ထိုင်မယ်နော်" ဘုရင်ကြီးက ပညာရှင်ထံ ခွင့်တောင်းသည်။ ပညာရှင်က ရိုကျိုးစွာ ခေါင်းညိတ်ပြီး "ဟုတ်ကဲ့။ ထိုင်ပါ ခင်ဗျ။ ထိုင်ကြည့်ပါ"

ဘုရင်ကြီးက ထိုင်ခုံသုံးလုံးကို လှည့်ကြည့်ရင်း ဘယ်ထိုင်ခုံက စထိုင် ရနိုးနိုးဖြစ်နေရာ ပထမဆုံး ကျန်းမာ ရေးထိုင်ခုံသို့ ထိုင်ချလိုက်သည်။ "ဟာ" ဘုရင်ကြီး၏ မျက်နှာမှာ ကျေ နပ်မှုဖြင့် ဝင်းလက်လာသည်။ နောက် ထိုင်ခုံမှ ထလာပြီး..

"ကြည့်စမ်း မနက်က ငါ့ခြေ ထောက် ကျဉ်နေတာ အခု မကျဉ် တော့ဘူး။ နောက်ပြီး ငါ့နှလုံးခုန်သံလည်း ပုံမှန်ပြန် ဖြစ်ပြီ။ ငါ့မျက် လုံးလည်းမမှုန်တော့ဘူး။ ဟေး ငါကျန်းမာရေး ကောင်းပြီကွ။ နွား နို့သောက်စရာ မလိုတော့ ဘူး"

"ဟေး" ဘုရင်ကြီး၏ စကားကို ပြည်သူများ အားပေးကြသည်။ ကျန်းမာရေး ကောင်းသွားသော ဘုရင်က ပညာရှင်၏ ပခုံးကို သွားပုတ် ပြီး "တော်တယ်၊ မောင်မင်းဆု တော်လာဘ်တော် ချီးမြှင့်ရမယ်" ဟု ဆိုကာ "နောက်ထိုင် ခုံတွေကကော ဒီလိုစွမ်းရဲ့ လားမောင်မင်း"

ပညာရှင်က "ရှင်ဘုရင်ကြီး ကိုယ်တိုင်ပဲ စမ်းကြည့်ပါခင်ဗျ" ဘုရင်ကြီးက ခေါင်းတညိတ် ညိတ်လုပ်ရင်း ထိုင်ခုံများဆီ ပြန်သွားသည်။ ပြီးနောက် ခုံ နှစ်ခုံကို ဟိုခုံဝင် ထိုင်ရနိုး၊ ဒီခုံ ဝင်ထိုင်ရနိုး ချီတုံချတုံ ဖြစ်နေသည်။ ပြီးမှ မျက်စိ မှိတ်၍ ခုံတလုံးပေါ် ထိုင်ချလိုက်သည်။

"ဟာ" ဘုရင်ကြီး၏ အာမေဋိတ်သံ။ ပြီးနောက် မျက်နှာကြီး ဝင်းပပြီး "ငါခွန်အားတွေ တိုးလာပြီ။ ခွန်အားတွေ တိုးလာပြီ။ ကြည့်စမ်း။ ငါ့လက်မောင်းကိုက ငါ ၁၈ နှစ်သား တုန်းကလိုပဲ ကြည့်စမ်း ကြည့်စမ်း" ဘုရင်းကြီးက သူ့လက်မောင်းကို ပင့်ပြသည်။ “ဟေး” ပြည်သူများက အားပေးကြ ပြန်သည်။

ဘုရင်ကြီးက ပေါ့ပါးလန်း ဆန်းစွာ ပညာရှင်နားသွားပြီး "မောင်မင်း တော်လွန်းသွားပြီ။ ဆုတော် လာဘ်တော် ချီးမြှင့်ရမယ်။ ကဲ နောက်ဆုံး ထိုင်ခုံတလုံးက ဘာလဲ။ "ဉာဏ်ပညာ ခုံပါ ဘုရား" ဘုရင်ကြီး ခေါင်းညိတ် ပြီး "ဉာဏ်ပညာခုံ ဟုတ်လား၊ ကဲ ထိုင်ကြည့်တာပေါ့" ဆိုကာ နောက်ဆုံးခုံပေါ်ဝင် ထိုင်လိုက်သည်။

"ဟာ" ဘုရင်ကြီး အာမေဋိတ်သံ။ ပြည်သူများက သူ့အား ဘာမြွက်ကြား လေမလဲ ဟု နားစွင့်နေသည်။ ဘုရင်ကြီးနှုတ်က ထွက်လာသည်က "ဘာမှမထူးဘူး"

ထိုစကားကြားတော့ ပညာရှင် ပျာတောက် သွားတယ်။ ခုံဆီ သွားပြီး ချွတ်ယွင်းချက်များ ရှာကြည့်သည်။ ချွတ်ယွင်းမှု ဘာကိုမျှ မတွေ့ရ။ သေချာအောင် အထပ်ထပ် စစ်ဆေးသည်။ လုံးဝပြည့်စုံမှ "တခါလောက် ပြန်ထိုင်ကြည့်ပါ အရှင်မင်းကြီး"

ဘုရင်ကြီးက ပြန်ဝင်ထိုင်သည်။ "အဲ" ဘုရင်ကြီး မျက်လုံး ပြူးသွားသည်။ နောက် ကြောင်တောင်တောင်နှင့် ပညာရှင်ကို ပြန်ကြည့်ပြီး "ဘာမှပြောင်းမသွားဘူး" ပညာရှင် ပျာပျာသလဲ ဖြစ်သွား၏။ သူ့ခုံ၏ မှားယွင်းမှုများ ရှာသည်။ ပြင်သည်။ ပြန်ပြီး သေချာမှ "ပြန်ထိုင်ကြည့်ပါ အရှင်"

ဘုရင်ကြီး ပြန်ထိုင်ကြည့်သည်။ ခေါင်းကို ယမ်းခါကာ "ထူးပါဘူးဟာ" ပညာရှင်ခုံကို အထပ်ထပ် ပြန်စစ်သည်။ ချွတ်ယွင်းချက် မတွေ့ရ။ နောက်မှ အဖြေရှာတွေ့ပြီး ဘုရင်ကြီး၏ ခေါင်းကို ဆွဲယူကြည့် လိုက်သည်။ ဘုရင်ကြီး၏ ဦးခေါင်း ကို အသေအချာ ကြည့်ပြီးမှ သက်ပြင်းချကာ ဤသို့လျှောက်၏။

"လေးမြတ်သော ရေမြေ့သခင် ဘုရင်ကြီး ခင်ဗျာ။ ဤခုံများမှာ မစွမ်း မဟုတ်။ စွမ်းပါသည်။ ကျန်းမာရေး မကောင်းသူကို ကောင်းစေ၏။ မသန်သူ ကိုလည်း ဤခုံက စွမ်းစေပါ၏"

"ဒါဖြင့် ဟိုခုံကကော စွမ်းလို့လား၊ ဘာမှမစွမ်းဘဲ" ဘုရင်ကြီး၏ ဖြတ်ပြောသော စကားကို ပညာရှင်က

"အရှင်မင်းကြီး အမှန်ဆိုရသော် ထိုင်ခုံကလည်း စွမ်းပါသည်။ သို့သော် ခုံများ၏ ထုံးစံအရ ဉာဏ်ပညာ အနည်းငယ် ရှိသူ ကိုသာ ဉာဏ်ပညာပို တိုးပွားအောင် ပြုလုပ်၍ ရပါသည်။ အရှင်မင်းကြီးကဲ့သို့ ဉာဏ်ပညာ လုံးဝ မရှိသူကို ဉာဏ်ပညာ တိုးပွားပေးရန် မည်သည့် မည်သို့သော ထိုင်ခုံအရှိန် အဝါဖြင့် ပေးစွမ်း၍ မရနိုင်ခြင်းပင် ဖြစ်ပေလေတော့၏"

"မီးရှို့ပစ်လိုက်"

ပညာရှင်၏ စကား မှန်ပေလိမ့်မည်။ ပြည်သူတွေ အတွက် အသုံးဝင်နိုင်သော ထိုင်ခုံ ၃ လုံးမှာ ဉာဏ်ပညာ မရှိသော ဘုရင်ကြောင့် မီးလောင် တိုက်သွင်း ခံလိုက်ရလေတော့ သတည်း။

အကြည်တော်

Zawgyi

ခုံ ၃ လုံး

တခါတုန္းက ပညာရွင္ တဦးက လူအမ်ား အတြက္ အသုံးဝင္ အက်ိဳး ရွိႏိုင္ေသာ ထိုင္ခုံ သုံးလုံးကို တီထြင္ မႈျပဳခဲ့ေလသည္။

၁။ က်န္းမာေရးခုံ

၂။ ခြန္အားဗလခုံ

၃။ ဉာဏ္ပညာခုံ

ထိုထိုင္ခုံ သုံးလုံးမွာ သူ႔ေနရာ ႏွင့္သူ အသုံးဝင္ေပ လိမ့္မည္။ နံပါတ္တစ္ ခုံက က်န္းမာေရး မေကာင္းသူမ်ား တိုးတက္ေကာင္းမြန္ ေစရန္ရည္႐ြယ္သည္။ နံပါတ္ႏွစ္ ထိုင္ခုံက ခြန္အား နည္းသူမ်ားကို ျပည့္စုံ လုံေလာက္ ေသာ ခြန္အား မ်ားျဖည့္တင္းေပးႏိုင္ ပါသည္။ နံပါတ္သုံး ထိုင္ခုံက လူတို႔၏ ဉာဏ္ပညာကို ပို၍ တိုးတက္ေကာင္း မြန္ရန္ျဖစ္ပါသည္။

ႏွစ္ရွည္လမ်ား ထိုင္ခုံသုံးလုံးကို ျပဳလုပ္၍ ၿပီးစီးျခင္းကို ရေလသည္။ ထုံးစံအတိုင္း ထိုင္ခုံ ဖြင့္ပြဲကို ႀကီးက်ယ္ခမ္းနားစြာ ဖြင့္လွစ္ရန္ အတြက္ ေရေျမ့သနင္း ျပည့္ရွင္မင္း ကိုယ္တိုင္ ႂကြေရာက္လာ ေလသည္။ ဖဲႀကိဳးကို စက္ခလုတ္ႏွိပ္ခ်င္ ေယာင္ေဆာင္၍ လက္ျဖင့္ ဆြဲျဖတ္ သည္။

ေတြ႕ပါၿပီ ထိုင္ခုံ သုံးလုံး။ ထိုင္ခုံမ်ားက ဘာမွ် ထူးျခားမႈ မရွိ။ သာမန္ သစ္သား ခုံမ်ားသာ။ ျပည့္ရွင္မင္းက ထိုင္ခုံသုံးလုံး အား မ်က္ေမွာင္ၾကဳတ္ၾကည့္ၿပီး "ထိုင္ခုံက ဘာမွလည္း မထူး ျခားပါလား"

ျပည့္ရွင္၏ အေမးကို ပညာရွင္ က "မွန္ပါ ထိုင္ခုံ မ်ားမွာ ၾကည့္ရသည္သာ မထူးျခားေသာ္လည္း အစြမ္းကား ဧရာမ ႀကီးမားပါသည္ ဘုရား။ စမ္းၾကည့္ေတာ္မူပါ"

ျပည့္ရွင္မင္းက မသကၤာေသာ္ လည္း ေခါင္းတညိတ္ညိတ္ လုပ္ရင္း "ဟုတ္ရင္ ဟုတ္ေပါ့ကြာ" ဆိုကာ ခပ္တည္တည္ႏွင့္ ထိုင္ ခုံသုံးလုံးဆီ ေလွ်ာက္သြားသည္။ ႂကြေရာက္လာၾကေသာ မင္းပရိသတ္ အေပါင္း ကလည္း ေငးေမာေနၾက သည္။

"ထိုင္မယ္ေနာ္" ဘုရင္ႀကီးက ပညာရွင္ထံ ခြင့္ေတာင္းသည္။ ပညာရွင္က ႐ိုက်ိဳးစြာ ေခါင္းညိတ္ၿပီး "ဟုတ္ကဲ့။ ထိုင္ပါ ခင္ဗ်။ ထိုင္ၾကည့္ပါ"

ဘုရင္ႀကီးက ထိုင္ခုံသုံးလုံးကို လွည့္ၾကည့္ရင္း ဘယ္ထိုင္ခုံက စထိုင္ ရႏိုးႏိုးျဖစ္ေနရာ ပထမဆုံး က်န္းမာ ေရးထိုင္ခုံသို႔ ထိုင္ခ်လိုက္သည္။ "ဟာ" ဘုရင္ႀကီး၏ မ်က္ႏွာမွာ ေက် နပ္မႈျဖင့္ ဝင္းလက္လာသည္။ ေနာက္ ထိုင္ခုံမွ ထလာၿပီး

"ၾကည့္စမ္း မနက္က ငါ့ေျခ ေထာက္ က်ဥ္ေနတာ အခု မက်ဥ္ ေတာ့ဘူး။ ေနာက္ၿပီး ငါ့ႏွလုံးခုန္သံလည္း ပုံမွန္ျပန္ ျဖစ္ၿပီ။ ငါ့မ်က္ လုံးလည္းမမႈန္ေတာ့ဘူး။ ေဟး ငါက်န္းမာေရး ေကာင္းၿပီကြ။ ႏြား ႏို႔ေသာက္စရာ မလိုေတာ့ ဘူး"

"ေဟး" ဘုရင္ႀကီး၏ စကားကို ျပည္သူမ်ား အားေပးၾကသည္။ က်န္းမာေရး ေကာင္းသြားေသာ ဘုရင္က ပညာရွင္၏ ပခုံးကို သြားပုတ္ ၿပီး "ေတာ္တယ္၊ ေမာင္မင္းဆု ေတာ္လာဘ္ေတာ္ ခ်ီးျမႇင့္ရမယ္" ဟု ဆိုကာ "ေနာက္ထိုင္ ခုံေတြကေကာ ဒီလိုစြမ္းရဲ႕ လားေမာင္မင္း"

ပညာရွင္က "ရွင္ဘုရင္ႀကီး ကိုယ္တိုင္ပဲ စမ္းၾကည့္ပါခင္ဗ်" ဘုရင္ႀကီးက ေခါင္းတညိတ္ ညိတ္လုပ္ရင္း ထိုင္ခုံမ်ားဆီ ျပန္သြားသည္။ ၿပီးေနာက္ ခုံ ႏွစ္ခုံကို ဟိုခုံဝင္ ထိုင္ရႏိုး၊ ဒီခုံ ဝင္ထိုင္ရႏိုး ခ်ီတုံခ်တုံ ျဖစ္ေနသည္။ ၿပီးမွ မ်က္စိ မွိတ္၍ ခုံတလုံးေပၚ ထိုင္ခ်လိုက္သည္။

"ဟာ" ဘုရင္ႀကီး၏ အာေမဋိတ္သံ။ ၿပီးေနာက္ မ်က္ႏွာႀကီး ဝင္းပၿပီး "ငါခြန္အားေတြ တိုးလာၿပီ။ ခြန္အားေတြ တိုးလာၿပီ။ ၾကည့္စမ္း။ ငါ့လက္ေမာင္းကိုက ငါ ၁၈ ႏွစ္သား တုန္းကလိုပဲ ၾကည့္စမ္း ၾကည့္စမ္း" ဘုရင္းႀကီးက သူ႔လက္ေမာင္းကို ပင့္ျပသည္။ “ေဟး” ျပည္သူမ်ားက အားေပးၾက ျပန္သည္။

ဘုရင္ႀကီးက ေပါ့ပါးလန္း ဆန္းစြာ ပညာရွင္နားသြားၿပီး "ေမာင္မင္း ေတာ္လြန္းသြားၿပီ။ ဆုေတာ္ လာဘ္ေတာ္ ခ်ီးျမႇင့္ရမယ္။ ကဲ ေနာက္ဆုံး ထိုင္ခုံတလုံးက ဘာလဲ။ "ဉာဏ္ပညာ ခုံပါ ဘုရား" ဘုရင္ႀကီး ေခါင္းညိတ္ ၿပီး "ဉာဏ္ပညာခုံ ဟုတ္လား၊ ကဲ ထိုင္ၾကည့္တာေပါ့" ဆိုကာ ေနာက္ဆုံးခုံေပၚဝင္ ထိုင္လိုက္သည္။

"ဟာ" ဘုရင္ႀကီး အာေမဋိတ္သံ။ ျပည္သူမ်ားက သူ႔အား ဘာႁမြက္ၾကား ေလမလဲ ဟု နားစြင့္ေနသည္။ ဘုရင္ၾကီးႏႈတ္က ထြက္လာသည္က "ဘာမွမထူးဘူး"

ထိုစကားၾကားေတာ့ ပညာရွင္ ပ်ာေတာက္ သြားတယ္။ ခုံဆီ သြားၿပီး ခြၽတ္ယြင္းခ်က္မ်ား ရွာၾကည့္သည္။ ခြၽတ္ယြင္းမႈ ဘာကိုမွ် မေတြ႕ရ။ ေသခ်ာေအာင္ အထပ္ထပ္ စစ္ေဆးသည္။ လုံးဝျပည့္စုံမွ "တခါေလာက္ ျပန္ထိုင္ၾကည့္ပါ အရွင္မင္းႀကီး"

ဘုရင္ႀကီးက ျပန္ဝင္ထိုင္သည္။ "အဲ" ဘုရင္ႀကီး မ်က္လုံး ျပဴးသြားသည္။ ေနာက္ ေၾကာင္ေတာင္ေတာင္ႏွင့္ ပညာရွင္ကို ျပန္ၾကည့္ၿပီး "ဘာမွေျပာင္းမသြားဘူး" ပညာရွင္ ပ်ာပ်ာသလဲ ျဖစ္သြား၏။ သူ႔ခုံ၏ မွားယြင္းမႈမ်ား ရွာသည္။ ျပင္သည္။ ျပန္ၿပီး ေသခ်ာမွ "ျပန္ထိုင္ၾကည့္ပါ အရွင္"

ဘုရင္ႀကီး ျပန္ထိုင္ၾကည့္သည္။ ေခါင္းကို ယမ္းခါကာ "ထူးပါဘူးဟာ" ပညာရွင္ခုံကို အထပ္ထပ္ ျပန္စစ္သည္။ ခြၽတ္ယြင္းခ်က္ မေတြ႕ရ။ ေနာက္မွ အေျဖရွာေတြ႕ၿပီး ဘုရင္ၾကီး၏ ေခါင္းကို ဆြဲယူၾကည့္ လိုက္သည္။ ဘုရင္ႀကီး၏ ဦးေခါင္း ကို အေသအခ်ာ ၾကည့္ၿပီးမွ သက္ျပင္းခ်ကာ ဤသို႔ေလွ်ာက္၏။

"ေလးျမတ္ေသာ ေရေျမ့သခင္ ဘုရင္ႀကီး ခင္ဗ်ာ။ ဤခုံမ်ားမွာ မစြမ္း မဟုတ္။ စြမ္းပါသည္။ က်န္းမာေရး မေကာင္းသူကို ေကာင္းေစ၏။ မသန္သူ ကိုလည္း ဤခုံက စြမ္းေစပါ၏"

"ဒါျဖင့္ ဟိုခုံကေကာ စြမ္းလို႔လား၊ ဘာမွမစြမ္းဘဲ" ဘုရင္ႀကီး၏ ျဖတ္ေျပာေသာ စကားကို ပညာရွင္က

"အရွင္မင္းႀကီး အမွန္ဆိုရေသာ္ ထိုင္ခုံကလည္း စြမ္းပါသည္။ သို႔ေသာ္ ခုံမ်ား၏ ထုံးစံအရ ဉာဏ္ပညာ အနည္းငယ္ ရွိသူ ကိုသာ ဉာဏ္ပညာပို တိုးပြားေအာင္ ျပဳလုပ္၍ ရပါသည္။ အရွင္မင္းႀကီးကဲ့သို႔ ဉာဏ္ပညာ လုံးဝ မရွိသူကို ဉာဏ္ပညာ တိုးပြားေပးရန္ မည္သည့္ မည္သို႔ေသာ ထိုင္ခုံအရွိန္ အဝါျဖင့္ ေပးစြမ္း၍ မရႏိုင္ျခင္းပင္ ျဖစ္ေပေလေတာ့၏"

"မီးရႈိ႕ပစ္လိုက္"

ပညာရွင္၏ စကား မွန္ေပလိမ့္မည္။ ျပည္သူေတြ အတြက္ အသုံးဝင္ႏိုင္ေသာ ထိုင္ခုံ ၃ လုံးမွာ ဉာဏ္ပညာ မရွိေသာ ဘုရင္ေၾကာင့္ မီးေလာင္ တိုက္သြင္း ခံလိုက္ရေလေတာ့ သတည္း။

အၾကည္ေတာ္

Post a Comment

0 Comments