နားရွက်နှစ်ဖက်လုံး ဆုံးရှုံးခဲ့ရပေမယ့် ကြင်နာတတ်သူတစ်ဦးကြောင့် သိုးမွှေးနားရွက်လေးတွေ ရရှိခဲ့တဲ့ကြောင်လေး

ကြောင်လေးတွေလည်း တစ်ခုခုကြောင့် အနာတရဖြစ်တဲ့အခါ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စွန့်လွှတ်လိုက်ရတတ်ပါတယ်။ Fur coat လို့ခေါ်တဲ့ ကြောင်လေးဟာ လေလွင့်ကြောင်ဂေဟာက ကြောင်လေး တစ်ကောင်ပါ။

သူ့မှာ နားရွက်နှစ်ဖက်လုံး မရှိတာကြောင့် ဘယ်သူကမှ မမွေးစားချင်ခဲ့ပါဘူး။ ဒါပေမယ့် ကြောင်ဂေဟာက ဝန်ထမ်းတစ်ဦးဖြစ်တဲ့ Ash Collins က ကြောင်လေးအတွက် သိုးမွေးနဲ့ နားရွက်နှစ်ဖက် ထိုးပေးခဲ့ပါတယ်။

သူမရဲ့ သိုးမွေးထိုးစွမ်းရည်က အရမ်းလှတာကြောင့် ကြောင်လေးရဲ့ နားရွက်တွေက တကယ့် နားရွက်အစစ်တွေ လိုပါပဲ။

ကြောင်ဂေဟာ တာဝန်ရှိသူ Marissa DeGroot က လေလွင့်ကြောင်လေးတွေကို စောင့်ရှောက်ပေးပြီး အနာတရ ဖြစ်လာရင် ဆေးကုပေးပါတယ်။ Fur coat မှာ နားရွက်လေးတွေ ဒဏ်ရာရလာတဲ့အခါလည်း ဆေးကုပေးခဲ့ပါတယ်။

အခု Fur coat မှာ နားရွက်အသစ်လေးတွေ ရလာတော့ ကြောင်လေးလည်း ပျော်သလို ကြောင်ဂေဟာက လူတွေလည်း ဝမ်းသာနေကြပါတယ်။ ကြောင်လေးအတွက် နားရွက်လေးတွေ လုပ်ပေးပြီး ပျော်ရွှင်အောင် လုပ်ပေးလို့ Ash Collins ကိုလည်း လူအများက ချီးကျူးနေကြပါတယ်။

Fur coat မှာ နားရွက်အသစ်လေးရပြီး မကြာခင်မှာပဲ သူ့ရဲ့ချစ်စရာကောင်းတဲ့ ပုံကြောင့် မွေးစားမယ့် သခင်လည်း ရသွားပါပြီ။ အခုတော့ ကြောင်လေးက နားရွက်အသစ်လေးနဲ့ သခင်အသစ်ဆီမှာ ပျော်ရွှင်စွာ ဆော့ကစားနေပါပြီ။

Zombie (lovemedia)

for zawgyi

နား႐ြက္ႏွစ္ဖက္လုံး ဆုံးရႈံးခဲ့ရေပမယ့္ ၾကင္နာတတ္သူတစ္ဦးေၾကာင့္ သိုးေမႊးနား႐ြက္ေလးေတြ ရရွိခဲ့တဲ့ေၾကာင္ေလး

ေၾကာင္ေလးေတြလည္း တစ္ခုခုေၾကာင့္ အနာတရျဖစ္တဲ့အခါ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို စြန႔္လႊတ္လိုက္ရတတ္ပါတယ္။ Fur coat လို႔ေခၚတဲ့ ေၾကာင္ေလးဟာ ေလလြင့္ေၾကာင္ေဂဟာက ေၾကာင္ေလးတစ္ေကာင္ပါ။ သူ႔မွာ နား႐ြက္ႏွစ္ဖက္လုံး မရွိတာေၾကာင့္ ဘယ္သူကမွ မေမြးစားခ်င္ခဲ့ပါဘူး။

ဒါေပမယ့္ ေၾကာင္ေဂဟာက ဝန္ထမ္းတစ္ဦးျဖစ္တဲ့ Ash Collins က ေၾကာင္ေလးအတြက္ သိုးေမြးနဲ႔ နား႐ြက္ႏွစ္ဖက္ ထိုးေပးခဲ့ပါတယ္။ သူမရဲ႕ သိုးေမြးထိုးစြမ္းရည္က အရမ္းလွတာေၾကာင့္ ေၾကာင္ေလးရဲ႕ နား႐ြက္ေတြက တကယ့္ နား႐ြက္အစစ္ေတြ လိုပါပဲ။

ေၾကာင္ေဂဟာ တာဝန္ရွိသူ Marissa DeGroot က ေလလြင့္ေၾကာင္ေလးေတြကို ေစာင့္ေရွာက္ေပးၿပီး အနာတရ ျဖစ္လာရင္ ေဆးကုေပးပါတယ္။ Fur coat မွာ နား႐ြက္ေလးေတြ ဒဏ္ရာရလာတဲ့အခါလည္း ေဆးကုေပးခဲ့ပါတယ္။

အခု Fur coat မွာ နား႐ြက္အသစ္ေလးေတြ ရလာေတာ့ ေၾကာင္ေလးလည္း ေပ်ာ္သလို ေၾကာင္ေဂဟာက လူေတြလည္း ဝမ္းသာေနၾကပါတယ္။ ေၾကာင္ေလးအတြက္ နား႐ြက္ေလးေတြ လုပ္ေပးၿပီး ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးလို႔ Ash Collins ကိုလည္း လူအမ်ားက ခ်ီးက်ဴးေနၾကပါတယ္။

Fur coat မွာ နား႐ြက္အသစ္ေလးရၿပီး မၾကာခင္မွာပဲ သူ႔ရဲ႕ခ်စ္စရာေကာင္းတဲ့ ပုံေၾကာင့္ ေမြးစားမယ့္ သခင္လည္း ရသြားပါၿပီ။ အခုေတာ့ ေၾကာင္ေလးက နား႐ြက္အသစ္ေလးနဲ႔ သခင္အသစ္ဆီမွာ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနပါၿပီ။

Zombie (lovemedia)

Post a Comment

0 Comments