အိမ်မွေး တိရစ္ဆာန်လေးတွေဟာ တစ်ခါတရံမှာ သနားစရာ ကောင်းပြီး တစ်ခါတလေ မှာတော့ သူတို့ရဲ့အမူအရာက ရယ်စရာ ကောင်းနေပါတယ်။

ကြောင်လေးတွေက တစ်ခါတရံမှာ သင့်ဆီကို သူ့ခေါင်းနဲ့ တိုးဝှေ့တာကို ကြုံဖူးမှာပါ။ ဒါပေမယ့် လူအများစုကတော့ ကြောင်လေးတွေ ခေါင်းနဲ့ တိုးဝှေ့တဲ့ အဓိပ္ပါယ်ကို မသိကြပါဘူး။


ကြောင်လေးတွေက သူ့ရဲ့ခေါင်းနဲ့ သင့်ရဲ့ ခြေထောက်၊ လက်၊ လက်မောင်းကို ခေါင်းနဲ့ တိုးဝှေ့တာက ရန်လိုတဲ့ အပြုအမူ မဟုတ်ပါဘူး။ တကယ်တော့ သူ့ကို အသိအမှတ် ပြုစေချင်လို့ နှုတ်ဆက်တဲ့ သဘောပါ။


တစ်ခါတရံ ပစ္စည်းတစ်ခုခုကိုလည်း သူ့ကိုယ်လုံးနဲ့ ပွတ်တိုက်သွားတတ် ပါသေးတယ်။ သူနဲ့ ကိုယ်လုံးနဲ့လည်း သင့်ကို ပွတ်တိုက်သွား တတ်ပါသေးတယ်။


အဲဒါကတော့ ကြောင်လေးက သင့်ကို ယုံကြည်ကြောင်း၊ သင့်အနီးအနားမှာ ရှိရင် သူ့အတွက် လုံခြုံကြောင်း ပြသချင်လို့ပါ။


Zombie (lovemedia)

for zawgyi

ကြောင်လေးတွေက သူတို့ခေါင်းနဲ့ သင့်ကို တိုးဝှေ့ရတဲ့အကြောင်း






Zombie (lovemedia)