ကြောင်လေးတွေက သင့်ကိုချစ်တယ်လို့ ပြောပြနေတဲ့ အမူအရာ (၁၃) ခု

ကြောင်လေးတွေ မရှိရင် ဘဝက ပျော်စရာ မကောင်းပါဘူး။ သင့်ဘဝမှာ ကြောင်လေး တစ်ကောင်ကောင်နဲ့တော့ ဆုံဖူးမှာပါ။ ပြီးတော့ အဲဒီကြောင်လေးရဲ့ ချစ်စဖွယ်အမူအရာလေးတွေကို သင်မှတ်မိနေမှာပါ။ နူးညံ့တဲ့ အမွှေးလေးတွေ၊ အကောင်လေးတွေကို လိုက်စနေတာတွေ၊ ကိုက်နေတာတွေကို ကြည့်ပြီးတော့ သင်ပြုံးခဲ့ဖူးမှာပါ။

သူတို့လေးတွေဟာ အိမ်မွေးတိရစ္ဆာန်တွေထက်ကို ပိုပါတယ်။ မိသားစုရဲ့ တစ်စိတ်တစ်ပိုင်းလိုပါပဲ။ ပြီးတော့ သင့်ရဲ့လက်ကို လာလာကိုက်နေတယ် ဆိုလည်း စိတ်မတိုပါနဲ့။ သူတို့က သင့်ကို အရမ်းချစ်ကြောင်း ပြောပြနေတာပါ။ ဒါဆိုရင် ဘယ်လိုပုံစံလေးတွေက သင့်ကို ချစ်ကြောင်းပြနေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ သင့်ရဲ့ နှုတ်ခမ်းကို လာလာလျက်တယ်။

ကြောင်လေးက သင့်ရဲ့ နှုတ်ခမ်းလေးကို လာလျက်တယ် ဆိုတာ ပါးစပ်မှာ ပေနေတဲ့မုန့်တွေကို လာစားတာ မဟုတ်ပါဘူး။ ပြီးတော့လည်း မတော်တဆ လာလာထိမိတာ မဟုတ်ပါဘူး။ သင့်ကို ချစ်လွန်းလို့ လာနမ်းတာပဲ ဖြစ်ပါတယ်။

၂။ သင့်ခေါင်းကို သူ့ခေါင်းနဲ့ လာပွတ်တယ်။

ဒီလိုပွတ်တယ် ဆိုတာက ရန်ရှာတာမဟုတ်ပဲ သခင်ကို အရမ်းချစ်တယ်ဆိုတာ ပြောပြနေတာပါ။ ကြောင်လေးတွေ တစ်စုံတစ်ခုကို သဘောကျရင် ခေါင်းလေးနဲ့ ပွတ်ပွတ်နေတာကို မြင်ဖူးမှာပါ။ အခုလည်း ဒီလိုပါပဲ။

၃။ သင့်ကို မျက်လုံးလေးမှေးမှေးကြည့်တယ်။

သင့်ကြောင်လေးက သင့်ကို မျက်လုံးလေးမှေးပြီး ကြည့်နေတယ် ဆိုတာ အိပ်ချင်လို့ကြည့်တာမဟုတ်ပါဘူး။ သခင်က သူ့ကို ပြုံးပြီး ကြည့်နေတာကြောင့် သူတို့က မျက်လုံးလေးမှေးပြီး ကြည်နူးနေတာပါ။ လူသားတွေတောင် ကိုယ်သဘောကျတာလေး လုပ်ပေးရင် အဲဒီလိုလေး မှေးပြီး ပြန်ပြုံးတတ်ကြပါတယ်။

၄။ သင့်ကို လာလာနှိပ်ပေးမယ်။

ကြောင်လေးတွေ နှိပ်ပေးတာကို သင်ခံဖူးပါသလား။ ကြောင် ဆိုတဲ့အမျိုးက သူစိမ်းတစ်ယောက်ယောက်က လာကိုင်ရင် အော်ပြီး ထထပြေးတဲ့ အမျိုးပါ။ ဒါကြောင့် သင့်ကြောင်လေးက သင့်ကိုလာနှိပ်ပေးနေပြီ ဆိုရင် သင်အရမ်းကို ကံကောင်းပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့စိတ်ထဲမှာ သင့်ကို အကောင်းဆုံးလူလို့ သတ်မှတ်ထားလို့ပါပဲ။

၅။ သင်လုပ်သလို လိုက်လုပ်မယ်။

ကြောင်လေးတွေက မှတ်ဉာဏ် အရမ်းကောင်းတာကြောင့် သင်လုပ်တတ်တာလေးတွေကို အသေးစိတ် မှတ်မိနေတတ်ပါတယ်။ သင်ဟာ တံခါးကို အကုန်မဖွင့်ပဲ ပွင့်သလောက်ကနေ ကပ်ဝင်တယ်ဆိုရင် သင့်ကြောင်ကလည်း သင့်လို လိုက်ဝင်မှာပဲ‌ဖြစ်ပါတယ်။

သတိထားပြီး ကြည့်ကြည့်ပါ။ လူနဲ့ကြောင်က ခန္ဒာကိုယ် ဖွဲ့စည်းပုံခြင်း ကွာခြားနေတာကြောင့် လုံးဝကြီးတော့ မတူနိုင်ပေမယ့် သင့်အကျင့်တွေ ကူးစက်နေတာကို တွေ့ရပါလိမ့်မယ်။

၆။ သင့်အသံကြားတာနဲ့ တန်းပြေးလာမယ်။

သင် အိမ်ပြန်ရောက်တာနဲ့ ပြန်ရောက်ပါပြီ ပြောလိုက်တာနဲ့တင် သင့်ကြောင်က သင့်ဆီ အပြေးအလွှား ရောက်လာတာကို ဖြစ်ဖူးမှာပါ။ ဒါဟာ ဗိုက်ဆာနေလို့လည်း မဟုတ်သလို တစ်ခုခုကို လိုချင်နေတာလည်း မဟုတ်ပါဘူး။ သင့်ကို အရမ်းလွမ်းနေလို့ပဲ ဖြစ်ပါတယ်။ ကြောင်လေးတွေက တကယ်ကို လွမ်းတတ်ကြပါတယ်။

၇။ သင်ကျွေးမှပဲ စားတယ်။

ကြောင်လေးတွေဟာ မှတ်ဉာဏ် အရမ်းကောင်းကြသလို ဂျီးလည်း များတတ်ကြပါတယ်။ တချို့ကြောင်လေးတွေဆို သူတို့သခင် မကျွေးမချင်း မစားတတ်ကြပါဘူး။ ဒါကြောင့် အစာကျွေးရင် သူတို့ကို သေချာဂရုစိုက်ပြီး ကျွေးပါ။ သူတို့ချစ်တဲ့သူ ကျွေးမှ စားတတ်ကြလို့ပဲ ဖြစ်ပါတယ်။

၈။ သင်ပွတ်သပ်တာကိုပဲ ခံတယ်။

ကြောင်လေးတွေကတော့ ဘာမြင်မြင် ကုတ်ခြစ်နေတတ် ကြပါတယ်။ သူတို့မကြိုက်တဲ့သူ လာကိုင်ရင်လည်း ထကုတ်ပါတယ်။ အထူးသဖြင့် သူတို့ဗိုက်ကို ကိုင်ရင်မကြိုက်ကြပါဘူး။ ဒါပေမယ့် သူတို့ချစ်တဲ့သူ ကိုင်ရင်လည်း ငြိမ်ခံနေတတ်ကြ ပါသေးတယ်။ ဗိုက်ကိုပွတ်လေ ပိုပျော်လေပါပဲ။

၉။ သင့်အိပ်ရာပေါ်ပဲ အိပ်တယ်။

ကြောင်လေးတွေဟာ တကယ် ချစ်ပြီဆိုရင် မခွာကြတော့ပါဘူး။ သခင်နားပဲ အမြဲကပ်နေတတ်ကြပါတယ်။ တကယ်လို့ သခင်နဲ့ ခွဲနေရပြီ ဆိုရင်တောင် သခင်ရဲ့ အငွေ့အသက်တွေ ရှိတဲ့နားမှာပဲ နေပါတယ်။ သင့်ရဲ့ အိပ်ယာခင်းတွေ၊ စောင်တွေ၊ အင်္ကျီတွေမှာ အမွှေးတွေကပ်နေတာကို မြင်ဖူးမှာပါ။ ဒါဟာ သင့်ကိုသက်သက် အလုပ်ရှုပ်စေတာ မဟုတ်ပဲ သင့်ကိုချစ်လို့ သင့်နားကပ်နေတယ် ဆိုတာကို ပြသတာပါ။

၁၀။ ဘယ်ချိန်ဖြစ်ဖြစ် သင့်နားကပ်အိပ်တယ်။

သင့်ကြောင်ဟာ သင့်နားမှာ အမြဲရှိနေသလို အိပ်ရင်တောင်မှ ဘေးနားလာကပ်အိပ်ရင် သင့်ကို တော်တော်ချစ်လို့ပါပဲ။ သူကလည်း သင့်ကို အိပ်ရာကြီးလိုသဘောထားသလို သင်ကလည်း သူ့ကို ခေါင်းအုံးကြီးလို့ ပြန်သဘောထားပြီး အိပ်နေလို့ရပါတယ်။

၁၁။ သင့်လက်ကို လာလာနမ်းတယ်။

သင့်လက်ကို လာလာနမ်းနေတယ် ဆိုတာက သင့်လက်က ညစ်ပတ်နေလို့ မဟုတ်ပါဘူး။ သူတို့ချစ်တယ် ဆိုတာကို လာလာပြောပြနေတာပဲ ဖြစ်ပါတယ်။ မချစ်တဲ့သူ ဆိုရင်တော့ အချီတောင် မခံပါဘူး။

၁၂။ ခဏခဏ ကိုက်မယ်။

သင့်ကို ကိုက်တယ်ဆိုတာ မကျေနပ်တာတွေ ရှိနေလို့လည်း မဟုတ်ပါဘူး။ သူတို့ကိုက်တာက နာတယ်ဆိုပေမယ့် နားလည်ပေးလိုက်ပါ။

၁၃။ သင်အာရုံစိုက်မိအောင် လုပ်မယ်။

တစ်စုံတစ်ယောက်ကို သဘောကျပြီဆိုရင် ကြောင်လေးတွေ မပြောနှင့်၊ လူတွေတောင် သတိထားမိအောင်တောင် လုပ်တတ်ကြပါတယ်။ စိတ်မကောင်းစရာ တစ်ခုက ကြောင်လေးတွေဟာ စကားမပြောတတ်တော့ သူသဘောကျနေတာကို အမူအရာနဲ့ပဲ လုပ်ပြနိုင်ပါတယ်။

သင်တစ်ခုခု လုပ်နေပြီ ဆိုရင်တောင် သင့်ရှေ့မှာ လာကစားပြတာတို့၊ လက်လေးကို လျက်ပြနေတာတို့ လုပ်ပြနေလိမ့်မယ်။ ဒီလို အချိန်တွေမှာ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် သူတို့လေးတွေကို စိတ်မတိုလိုက်ပါနဲ့။ သင့်ကိုချစ်လွန်းလို့ လုပ်ပြနေတယ် ဆိုတာကို သတိရလိုက်ပါ။ ဘာလို့လဲဆိုတော့ ကြောင်လေးတွေဟာ လူကိုရွေးပြီး ချစ်တတ်လို့ပါ။

Zombie (lovemedia)

for zawgyi

ေၾကာင္ေလးေတြက သင့္ကိုခ်စ္တယ္လို႔ ေျပာျပေနတဲ့ အမူအရာ (၁၃) ခု

ေၾကာင္ေလးေတြ မရွိရင္ ဘဝက ေပ်ာ္စရာ မေကာင္းပါဘူး။ သင့္ဘဝမွာ ေၾကာင္ေလး တစ္ေကာင္ေကာင္နဲ႔ေတာ့ ဆုံဖူးမွာပါ။ ၿပီးေတာ့ အဲဒီေၾကာင္ေလးရဲ႕ ခ်စ္စဖြယ္အမူအရာေလးေတြကို သင္မွတ္မိေနမွာပါ။ ႏူးညံ့တဲ့ အေမႊးေလးေတြ၊ အေကာင္ေလးေတြကို လိုက္စေနတာေတြ၊ ကိုက္ေနတာေတြကို ၾကည့္ၿပီးေတာ့ သင္ၿပဳံးခဲ့ဖူးမွာပါ။

သူတို႔ေလးေတြဟာ အိမ္ေမြးတိရစာၦန္ေတြထက္ကို ပိုပါတယ္။ မိသားစုရဲ႕ တစ္စိတ္တစ္ပိုင္းလိုပါပဲ။ ၿပီးေတာ့ သင့္ရဲ႕လက္ကို လာလာကိုက္ေနတယ္ ဆိုလည္း စိတ္မတိုပါနဲ႔။ သူတို႔က သင့္ကိုအရမ္းခ်စ္ေၾကာင္း ေျပာျပေနတာပါ။ ဒါဆိုရင္ ဘယ္လိုပုံစံေလးေတြက သင့္ကိုခ်စ္ေၾကာင္းျပေနလဲ ဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ သင့္ရဲ႕ ႏႈတ္ခမ္းကို လာလာလ်က္တယ္။

ေၾကာင္ေလးက သင့္ရဲ႕ ႏႈတ္ခမ္းေလးကို လာလ်က္တယ္ ဆိုတာ ပါးစပ္မွာ ေပေနတဲ့မုန႔္ေတြကို လာစားတာ မဟုတ္ပါဘူး။ ၿပီးေတာ့လည္း မေတာ္တဆ လာလာထိမိတာ မဟုတ္ပါဘူး။ သင့္ကို ခ်စ္လြန္းလို႔ လာနမ္းတာပဲ ျဖစ္ပါတယ္။

၂။ သင့္ေခါင္းကို သူ႔ေခါင္းနဲ႔ လာပြတ္တယ္။

ဒီလိုပြတ္တယ္ ဆိုတာက ရန္ရွာတာမဟုတ္ပဲ သခင္ကို အရမ္းခ်စ္တယ္ဆိုတာ ေျပာျပေနတာပါ။ ေၾကာင္ေလးေတြ တစ္စုံတစ္ခုကို သေဘာက်ရင္ ေခါင္းေလးနဲ႔ ပြတ္ပြတ္ေနတာကို ျမင္ဖူးမွာပါ။ အခုလည္း ဒီလိုပါပဲ။

၃။ သင့္ကို မ်က္လုံးေလးေမွးေမွးၾကည့္တယ္။

သင့္ေၾကာင္ေလးက သင့္ကို မ်က္လုံးေလးေမွးၿပီး ၾကည့္ေနတယ္ ဆိုတာ အိပ္ခ်င္လို႔ၾကည့္တာမဟုတ္ပါဘူး။ သခင္က သူ႔ကို ၿပဳံးၿပီး ၾကည့္ေနတာေၾကာင့္ သူတို႔က မ်က္လုံးေလးေမွးၿပီး ၾကည္ႏူးေနတာပါ။ လူသားေတြေတာင္ ကိုယ္သေဘာက်တာေလး လုပ္ေပးရင္ အဲဒီလိုေလး ေမွးၿပီး ျပန္ၿပဳံးတတ္ၾကပါတယ္။

၄။ သင့္ကို လာလာႏွိပ္ေပးမယ္။

ေၾကာင္ေလးေတြ ႏွိပ္ေပးတာကို သင္ခံဖူးပါသလား။ ေၾကာင္ ဆိုတဲ့အမ်ိဳးက သူစိမ္းတစ္ေယာက္ေယာက္က လာကိုင္ရင္ ေအာ္ၿပီး ထထေျပးတဲ့ အမ်ိဳးပါ။ ဒါေၾကာင့္ သင့္ေၾကာင္ေလးက သင့္ကိုလာႏွိပ္ေပးေနၿပီ ဆိုရင္ သင္အရမ္းကို ကံေကာင္းပါတယ္။ ဘာလို႔လဲ ဆိုေတာ့ သူတို႔စိတ္ထဲမွာ သင့္ကို အေကာင္းဆုံးလူလို႔ သတ္မွတ္ထားလို႔ပါပဲ။

၅။ သင္လုပ္သလို လိုက္လုပ္မယ္။

ေၾကာင္ေလးေတြက မွတ္ဉာဏ္ အရမ္းေကာင္းတာေၾကာင့္ သင္လုပ္တတ္တာေလးေတြကို အေသးစိတ္ မွတ္မိေနတတ္ပါတယ္။ သင္ဟာ တံခါးကို အကုန္မဖြင့္ပဲ ပြင့္သေလာက္ကေန ကပ္ဝင္တယ္ဆိုရင္ သင့္ေၾကာင္ကလည္း သင့္လို လိုက္ဝင္မွာပဲ‌ျဖစ္ပါတယ္။

သတိထားၿပီး ၾကည့္ၾကည့္ပါ။ လူနဲ႔ေၾကာင္က ခႏၵာကိုယ္ ဖြဲ႕စည္းပုံျခင္း ကြာျခားေနတာေၾကာင့္ လုံးဝႀကီးေတာ့ မတူႏိုင္ေပမယ့္ သင့္အက်င့္ေတြ ကူးစက္ေနတာကို ေတြ႕ရပါလိမ့္မယ္။

၆။ သင့္အသံၾကားတာနဲ႔ တန္းေျပးလာမယ္။

သင္ အိမ္ျပန္ေရာက္တာနဲ႔ ျပန္ေရာက္ပါၿပီ ေျပာလိုက္တာနဲ႔တင္ သင့္ေၾကာင္က သင့္ဆီ အေျပးအလႊား ေရာက္လာတာကို ျဖစ္ဖူးမွာပါ။ ဒါဟာ ဗိုက္ဆာေနလို႔လည္း မဟုတ္သလို တစ္ခုခုကို လိုခ်င္ေနတာလည္း မဟုတ္ပါဘူး။ သင့္ကို အရမ္းလြမ္းေနလို႔ပဲ ျဖစ္ပါတယ္။ ေၾကာင္ေလးေတြက တကယ္ကို လြမ္းတတ္ၾကပါတယ္။

၇။ သင္ေကြၽးမွပဲ စားတယ္။

ေၾကာင္ေလးေတြဟာ မွတ္ဉာဏ္ အရမ္းေကာင္းၾကသလို ဂ်ီးလည္း မ်ားတတ္ၾကပါတယ္။ တခ်ိဳ႕ေၾကာင္ေလးေတြဆို သူတို႔သခင္ မေကြၽးမခ်င္း မစားတတ္ၾကပါဘူး။ ဒါေၾကာင့္ အစာေကြၽးရင္ သူတို႔ကို ေသခ်ာဂ႐ုစိုက္ၿပီး ေကြၽးပါ။ သူတို႔ခ်စ္တဲ့သူ ေကြၽးမွ စားတတ္ၾကလို႔ပဲ ျဖစ္ပါတယ္။

၈။ သင္ပြတ္သပ္တာကိုပဲ ခံတယ္။

ေၾကာင္ေလးေတြကေတာ့ ဘာျမင္ျမင္ ကုတ္ျခစ္ေနတတ္ ၾကပါတယ္။ သူတို႔မႀကိဳက္တဲ့သူ လာကိုင္ရင္လည္း ထကုတ္ပါတယ္။ အထူးသျဖင့္ သူတို႔ဗိုက္ကို ကိုင္ရင္မႀကိဳက္ၾကပါဘူး။ ဒါေပမယ့္ သူတို႔ခ်စ္တဲ့သူ ကိုင္ရင္လည္း ၿငိမ္ခံေနတတ္ၾက ပါေသးတယ္။ ဗိုက္ကိုပြတ္ေလ ပိုေပ်ာ္ေလပါပဲ။

၉။ သင့္အိပ္ရာေပၚပဲ အိပ္တယ္။

ေၾကာင္ေလးေတြဟာ တကယ္ ခ်စ္ၿပီဆိုရင္ မခြာၾကေတာ့ပါဘူး။ သခင္နားပဲ အၿမဲကပ္ေနတတ္ၾကပါတယ္။ တကယ္လို႔ သခင္နဲ႔ ခြဲေနရၿပီ ဆိုရင္ေတာင္ သခင္ရဲ႕ အေငြ႕အသက္ေတြ ရွိတဲ့နားမွာပဲ ေနပါတယ္။ သင့္ရဲ႕ အိပ္ယာခင္းေတြ၊ ေစာင္ေတြ၊ အက်ႌေတြမွာ အေမႊးေတြကပ္ေနတာကို ျမင္ဖူးမွာပါ။ ဒါဟာ သင့္ကိုသက္သက္ အလုပ္ရႈပ္ေစတာ မဟုတ္ပဲ သင့္ကိုခ်စ္လို႔ သင့္နားကပ္ေနတယ္ ဆိုတာကို ျပသတာပါ။

၁၀။ ဘယ္ခ်ိန္ျဖစ္ျဖစ္ သင့္နားကပ္အိပ္တယ္။

သင့္ေၾကာင္ဟာ သင့္နားမွာ အၿမဲရွိေနသလို အိပ္ရင္ေတာင္မွ ေဘးနားလာကပ္အိပ္ရင္ သင့္ကို ေတာ္ေတာ္ခ်စ္လို႔ပါပဲ။ သူကလည္း သင့္ကို အိပ္ရာႀကီးလိုသေဘာထားသလို သင္ကလည္း သူ႔ကို ေခါင္းအုံးႀကီးလို႔ ျပန္သေဘာထားၿပီး အိပ္ေနလို႔ရပါတယ္။

၁၁။ သင့္လက္ကို လာလာနမ္းတယ္။

သင့္လက္ကို လာလာနမ္းေနတယ္ ဆိုတာက သင့္လက္က ညစ္ပတ္ေနလို႔ မဟုတ္ပါဘူး။ သူတို႔ခ်စ္တယ္ ဆိုတာကို လာလာေျပာျပေနတာပဲ ျဖစ္ပါတယ္။ မခ်စ္တဲ့သူဆိုရင္ေတာ့ အခ်ီေတာင္ မခံပါဘူး။

၁၂။ ခဏခဏ ကိုက္မယ္။

သင့္ကို ကိုက္တယ္ဆိုတာ မေက်နပ္တာေတြ ရွိေနလို႔လည္းမဟုတ္ပါဘူး။ သူတို႔ကိုက္တာက နာတယ္ဆိုေပမယ့္ နားလည္ေပးလိုက္ပါ။

၁၃။ သင္အာ႐ုံစိုက္မိေအာင္ လုပ္မယ္။

တစ္စုံတစ္ေယာက္ကို သေဘာက်ၿပီဆိုရင္ ေၾကာင္ေလးေတြ မေျပာႏွင့္၊ လူေတြေတာင္ သတိထားမိေအာင္ေတာင္ လုပ္တတ္ၾကပါတယ္။ စိတ္မေကာင္းစရာ တစ္ခုက ေၾကာင္ေလးေတြဟာ စကားမေျပာတတ္ေတာ့ သူသေဘာက်ေနတာကို အမူအရာနဲ႔ပဲ လုပ္ျပႏိုင္ပါတယ္။

သင္တစ္ခုခု လုပ္ေနၿပီ ဆိုရင္ေတာင္ သင့္ေရွ႕မွာ လာကစားျပတာတို႔၊ လက္ေလးကို လ်က္ျပေနတာတို႔ လုပ္ျပေနလိမ့္မယ္။ ဒီလို အခ်ိန္ေတြမွာ ဘယ္ေလာက္ပဲ အလုပ္ရႈပ္ရႈပ္ သူတို႔ေလးေတြကို စိတ္မတိုလိုက္ပါနဲ႔။ သင့္ကိုခ်စ္လြန္းလို႔ လုပ္ျပေနတယ္ ဆိုတာကို သတိရလိုက္ပါ။ ဘာလို႔လဲဆိုေတာ့ ေၾကာင္ေလးေတြဟာ လူကိုေ႐ြးၿပီး ခ်စ္တတ္လို႔ပါ။

Zombie (lovemedia)

Post a Comment

0 Comments