မိခင်မေတ္တာ ဆိုတာ လူသားတွေမှာပဲ ရှိတာမျိုး မဟုတ်ပါဘူး။ တိရစ္ဆာန်လေးတွေမှာလည်း ရှိပါတယ်။ သူတို့ရဲ့ ကလေးတွေကို ကာကွယ်စောင့်ရှောက် တတ်သလို ကလေးတွေကို ကာကွယ်ရင်း သေဆုံးသွားတဲ့ တိရစ္ဆာန်အမေတွေလည်း အများကြီး ရှိပါတယ်။

အိန္ဒိယနိုင်ငံဧ Gudiyatham ပြည်နယ်၊ Vellore ခရိုင်က ရွာတစ်ရွာမှာ Subramani လို့ခေါ်တဲ့ လယ်သမား တစ်ယောက်က ခွေးနဲ့ကြောင် မွေးထားပါတယ်။

ခွေးနဲ့ကြောင်က တစ်ပြိုင်တည်း ကိုယ်ဝန် ရှိနေပြီး ကံမကောင်းချင်တော့ ခွေးက ကိုယ်ဝန်ပျက်ကျ သွားပါတယ်။ နောက်ပြီး ကြောင်အမေကြီးကလည်း ကြောင်လေးတွေ မွေးရင်း သေဆုံးသွားပါတယ်။

Doberman အမျိုးအစား ခွေးလေးက အမေမဲ့သွားတဲ့ ကြောင်လေးတွေကို တွေ့တဲ့အခါ ချက်ချင်းမွေးစားပြီး အမေအရင်း တစ်ယောက်လို ပြုစုပေးပါတယ်။

ခွေးက ကြောင်ပေါက်စတွေကို အစာတွေလည်း ကျွေးသလို အတူတူလည်း ဆော့ပေးပါတယ်။ ကြောင်လေးတွေကလည်း ခွေးကို သူတို့ရဲ့အမေလို့ ထင်နေကြပါတယ်။ ခွေးက ကြောင်လေးတွေကို အရမ်းကာကွယ်ပေးပြီး ကြောင်လေးတွေအနားကို ဘယ်သူမှ အကပ်မခံပါဘူး။

ကြောင်နဲ့ခွေးက များသောအားဖြင့် မတည့်တတ်ကြပေမယ့် ဒီအဖြစ်ကတော့ ခွေးရဲ့ အမေမေတ္တာကို အထင်အရှား ပေါ်လွင်စေပါတယ်။

ရုပ်သံ

Zombie (lovemedia)

for zawgyi

ကေလးေတြ ဆုံးရႈံးရၿပီးေနာက္ ေၾကာင္ေလးေတြကို အေမရင္းတစ္ေယာက္လို ေစာင့္ေရွာက္ေနတဲ့ ေခြးေလး (ရုပ္သံ)

မိခင္ေမတၱာ ဆိုတာ လူသားေတြမွာပဲ ရွိတာမ်ိဳး မဟုတ္ပါဘူး။ တိရစာၦန္ေလးေတြမွာလည္း ရွိပါတယ္။ သူတို႔ရဲ႕ ကေလးေတြကို ကာကြယ္ေစာင့္ေရွာက္ တတ္သလို ကေလးေတြကို ကာကြယ္ရင္း ေသဆုံးသြားတဲ့ တိရစာၦန္အေမေတြလည္း အမ်ားႀကီး ရွိပါတယ္။

အိႏၵိယႏိုင္ငံဧ Gudiyatham ျပည္နယ္၊ Vellore ခ႐ိုင္က ႐ြာတစ္႐ြာမွာ Subramani လို႔ေခၚတဲ့ လယ္သမား တစ္ေယာက္က ေခြးနဲ႔ေၾကာင္ ေမြးထားပါတယ္။

ေခြးနဲ႔ေၾကာင္က တစ္ၿပိဳင္တည္း ကိုယ္ဝန္ရွိေနၿပီး ကံမေကာင္းခ်င္ေတာ့ ေခြးက ကိုယ္ဝန္ပ်က္က် သြားပါတယ္။ ေနာက္ၿပီး ေၾကာင္အေမႀကီးကလည္း ေၾကာင္ေလးေတြ ေမြးရင္း ေသဆုံးသြားပါတယ္။

Doberman အမ်ိဳးအစား ေခြးေလးက အေမမဲ့သြားတဲ့ ေၾကာင္ေလးေတြကို ေတြ႕တဲ့အခါ ခ်က္ခ်င္းေမြးစားၿပီး အေမအရင္း တစ္ေယာက္လို ျပဳစုေပးပါတယ္။

ေခြးက ေၾကာင္ေပါက္စေတြကို အစာေတြလည္း ေကြၽးသလို အတူတူလည္း ေဆာ့ေပးပါတယ္။ ေၾကာင္ေလးေတြကလည္း ေခြးကို သူတို႔ရဲ႕အေမလို႔ ထင္ေနၾကပါတယ္။ ေခြးက ေၾကာင္ေလးေတြကို အရမ္းကာကြယ္ေပးၿပီး ေၾကာင္ေလးေတြအနားကို ဘယ္သူမွ အကပ္မခံပါဘူး။

ေၾကာင္နဲ႔ေခြးက မ်ားေသာအားျဖင့္ မတည့္တတ္ၾကေပမယ့္ ဒီအျဖစ္ကေတာ့ ေခြးရဲ႕ အေမေမတၱာကို အထင္အရွား ေပၚလြင္ေစပါတယ္။

Zombie (lovemedia)