အိမ်မွေးတိရစ္ဆာန်လေးတွေဟာ လူတွေရဲ့ သူငယ်ချင်းကောင်း ပါပဲ။ အိမ်မွေးတိရစ္ဆာန်လေးတွေ ရှိတဲ့အခါ လူသားတွေလည်း မပျင်းတော့ပါဘူး။ ဒါပေမယ့် တစ်ခါတရံမှာ လူသားတွေဟာ အကြောင်းအမျိုးမျိုးကြောင့် တိရစ္ဆာန်လေးတွေကို စွန့်ပစ်တတ်ကြပါတယ်။ သူတို့တွေဟာ စကားမပြောတတ် ကြပေမယ့် သံယောဇဉ်တော့ တွယ်တတ်ကြပါတယ်။

ကြောင်လေးတွေက ပုံမှန်အားဖြင့် သက်တမ်းရှည်တဲ့ တိလေးတွေတော့ မဟုတ်ပါဘူး။ ကြောင်တစ်ကောင်ရဲ့ သက်တမ်းက နှစ် ၂၀ အထိ ရှည်တယ် ဆိုတော့ တော်တော် အသက်ရှည်တဲ့ကြောင်လို့ ပြောရမှာပါပဲ။

နယူးဇီလန်နိုင်ငံ၊ Auckland က YouTuber တစ်ယောက်ဖြစ်တဲ့ Liam Thompson က သူ့ရဲ့ကြောင်လေး Frodo အတွက် ဓါတ်လှေကားလေးတစ်စင်း တီထွင်ပေးလိုက်ပါတယ်။ ကြောင်လေး Frodo ဟာ အသက် ၂၀ အရွယ် ရှိပြီဖြစ်တာကြောင့် လှေကားဆင်းတက်ရာမှာ အခက်အခဲ ရှိလာပါတယ်။

ဓါတ်လှေကားက ဝယ်ယူထားတဲ့ အသင့်လုပ်ထားတဲ့ ဓါတ်လှေကားတော့ မဟုတ်ပါဘူး။ Liam က သူ့ကြောင်လေးအတွက် ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး တီထွင်ပေးထားတဲ့ ဓါတ်လှေကားလေးပါ။

အဲဒါကြောင့် အခုဆိုရင် ကြောင်လေး Frodo က ဓါတ်လှေကားနဲ့ အဆင်းအတက် ပြုလုပ်ပြီး နေပူဆာလှုံလို့ ရသွားပါပြီ။ ကြောင်လေးကလည်း သူ့သခင်ရဲ့အထူးလက်ဆောင်အတွက် ပျော်ရွှင်နေပါတယ်။ ကြောင်လေး အပေါ်ထားတဲ့ Liam ရဲ့ မေတ္တာကို လူအများက ချီးကျူးနေကြပါတယ်။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

အသက္ ၂၀ အ႐ြယ္ေၾကာင္ေလး ေလွကားအဆင္းအတက္ခက္ေနလို႔ ဓါတ္ေလွကား တီထြင္ေပးလိုက္တဲ့ ေၾကာင္ပိုင္ရွင္

အိမ္ေမြးတိရစာၦန္ေလးေတြဟာ လူေတြရဲ႕ သူငယ္ခ်င္းေကာင္း ပါပဲ။ အိမ္ေမြးတိရစာၦန္ေလးေတြ ရွိတဲ့အခါ လူသားေတြလည္း မပ်င္းေတာ့ပါဘူး။ ဒါေပမယ့္ တစ္ခါတရံမွာ လူသားေတြဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တိရစာၦန္ေလးေတြကို စြန႔္ပစ္တတ္ၾကပါတယ္။ သူတို႔ေတြဟာ စကားမေျပာတတ္ ၾကေပမယ့္ သံေယာဇဥ္ေတာ့ တြယ္တတ္ၾကပါတယ္။

ေၾကာင္ေလးေတြက ပုံမွန္အားျဖင့္ သက္တမ္းရွည္တဲ့ တိေလးေတြေတာ့ မဟုတ္ပါဘူး။ ေၾကာင္တစ္ေကာင္ရဲ႕ သက္တမ္းက ႏွစ္ ၂၀ အထိ ရွည္တယ္ ဆိုေတာ့ ေတာ္ေတာ္ အသက္ရွည္တဲ့ေၾကာင္လို႔ ေျပာရမွာပါပဲ။

နယူးဇီလန္ႏိုင္ငံ၊ Auckland က YouTuber တစ္ေယာက္ျဖစ္တဲ့ Liam Thompson က သူ႔ရဲ႕ေၾကာင္ေလး Frodo အတြက္ ဓါတ္ေလွကားေလးတစ္စင္း တီထြင္ေပးလိုက္ပါတယ္။ ေၾကာင္ေလး Frodo ဟာ အသက္ ၂၀ အ႐ြယ္ ရွိၿပီျဖစ္တာေၾကာင့္ ေလွကားဆင္းတက္ရာမွာ အခက္အခဲ ရွိလာပါတယ္။

ဓါတ္ေလွကားက ဝယ္ယူထားတဲ့ အသင့္လုပ္ထားတဲ့ ဓါတ္ေလွကားေတာ့ မဟုတ္ပါဘူး။ Liam က သူ႔ေၾကာင္ေလးအတြက္ ကိုယ္တိုင္ဒီဇိုင္းဆြဲၿပီး တီထြင္ေပးထားတဲ့ ဓါတ္ေလွကားေလးပါ။

အဲဒါေၾကာင့္ အခုဆိုရင္ ေၾကာင္ေလး Frodo က ဓါတ္ေလွကားနဲ႔ အဆင္းအတက္ ျပဳလုပ္ၿပီး ေနပူဆာလႈံလို႔ ရသြားပါၿပီ။ ေၾကာင္ေလးကလည္း သူ႔သခင္ရဲ႕အထူးလက္ေဆာင္အတြက္ ေပ်ာ္႐ႊင္ေနပါတယ္။ ေၾကာင္ေလး အေပၚထားတဲ့ Liam ရဲ႕ ေမတၱာကို လူအမ်ားက ခ်ီးက်ဴးေနၾကပါတယ္။

Zombie (Lovemedia)