ကားကို အရမ်းကြိုက်လို့ ကွယ်လွန်တဲ့အခါ အုတ်ဂူထဲအထိ ထည့်မြှုပ်ပေးဖို့တောင်းဆိုခဲ့တဲ့ အမျိုးသား (ရုပ်သံ)

သေရင် ကိုယ့်နောက်ကို ဘာမှ ယူသွားလို့ မရနိုင်ဘူးလို့ လူတွေက ပြောကြပါတယ်။ ဒါပေမယ့် မက္ကဆီကိုနိုင်ငံသား တစ်ယောက်ကတော့ သူပိုင်တဲ့ကားကို အုတ်ဂူထဲအထိ ယူသွားခဲ့ပါတယ်။

မက္ကဆီနိုင်ငံ၊ Puerto San Carlos မှာနေထိုင်တဲ့ Don Adan Arana ဟာ ကုသလို့ မရနိုင်တဲ့ ရောဂါကို ခံစားရပြီး သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် မသေဆုံးခင်မှာ သူ့သားက သူ့ကို ကားတစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီကားကို သူကောင်းကောင်းတောင် မစီးလိုက်ရဘဲ နေမကောင်း ဖြစ်သွားတာပါ။

အဲဒါကြောင့် သူသေဆုံးသွားရင် ကားကိုပါ ထည့်ပြီး မြှုပ်ပေးစေလိုကြောင်း သူ့မိသားစုကို ပြောပြခဲ့ပါတယ်။ ကားကိုပါ ထည့်ပြီး မြှုပ်ပေးလိုက်ရင် နောက်ဘဝမှာ သူကားမောင်းနိုင်မယ်လို့ ယုံကြည်နေလို့ပါ။

သေဆုံးသူရဲ့ နောက်ဆုံးဆန္ဒကို လေးစားမှု ထားခြင်းက မက္ကဆီကိုနိုင်ငံမှာ အရမ်းကို အလေးထားတဲ့ ကိစ္စပါ။ အဲဒါကြောင့် Don Adan Arana ကလည်း ဒီလိုတောင်းဆိုမှုကို တောင်းဆိုခဲ့တာပါ။

သူသေဆုံးသွားတဲ့အခါ ကားကိုပါ အုတ်ဂူအကြီးကြီးထဲမှာ မြှုပ်နှံပေးခဲ့ပါတယ်။ သူ့ရဲ့အခေါင်းကိုလည်း ကားထဲမှာ ထည့်လိုက်တာပါ။ အဲဒီ ဓါတ်ပုံတွေက social media တွေမှာ အတော်ကို ပျံ့နှံ့သွားပါတယ်။

သူ့ဆန္ဒအတိုင်း မြှုပ်နှံပေးဖို့ မိသားစုဝင်တွေ ဘယ်သူ့ကိုမှ ခွင့်မတောင်းခဲ့ပါဘူး။ အဲဒါကြောင့် မိသားစုဝင်တွေက အမြောက်အမြား ဒဏ်ရိုက်ခံရပါသေးတယ်။ အခုချိန်ဆိုရင် Don Adan Arana တစ်ယောက် တမလွန်မှာ ကားမောင်းနေလောက်ပါပြီ။

ရုပ်သံ

Zombie (lovemedia)

for zawgyi

ကားကို အရမ္းႀကိဳက္လို႔ ကြယ္လြန္တဲ့အခါ အုတ္ဂူထဲအထိ ထည့္ျမႇဳပ္ေပးဖို႔ေတာင္းဆိုခဲ့တဲ့ အမ်ိဳးသား (ရုပ္သံ)

ေသရင္ ကိုယ့္ေနာက္ကို ဘာမွ ယူသြားလို႔ မရႏိုင္ဘူးလို႔ လူေတြက ေျပာၾကပါတယ္။ ဒါေပမယ့္ မကၠဆီကိုႏိုင္ငံသား တစ္ေယာက္ကေတာ့ သူပိုင္တဲ့ကားကို အုတ္ဂူထဲအထိ ယူသြားခဲ့ပါတယ္။

မကၠဆီႏိုင္ငံ၊ Puerto San Carlos မွာေနထိုင္တဲ့ Don Adan Arana ဟာ ကုသလို႔ မရႏိုင္တဲ့ ေရာဂါကို ခံစားရၿပီး ေသဆုံးသြားခဲ့ပါတယ္။ ဒါေပမယ့္ မေသဆုံးခင္မွာ သူ႔သားက သူ႔ကို ကားတစ္စီး လက္ေဆာင္ေပးခဲ့ပါတယ္။ အဲဒီကားကို သူေကာင္းေကာင္းေတာင္ မစီးလိုက္ရဘဲ ေနမေကာင္း ျဖစ္သြားတာပါ။

အဲဒါေၾကာင့္ သူေသဆုံးသြားရင္ ကားကိုပါ ထည့္ၿပီး ျမႇဳပ္ေပးေစလိုေၾကာင္း သူ႔မိသားစုကို ေျပာျပခဲ့ပါတယ္။ ကားကိုပါ ထည့္ၿပီး ျမႇဳပ္ေပးလိုက္ရင္ ေနာက္ဘဝမွာ သူကားေမာင္းႏိုင္မယ္လို႔ ယုံၾကည္ေနလို႔ပါ။

ေသဆုံးသူရဲ႕ ေနာက္ဆုံးဆႏၵကို ေလးစားမႈ ထားျခင္းက မကၠဆီကိုႏိုင္ငံမွာ အရမ္းကို အေလးထားတဲ့ ကိစၥပါ။ အဲဒါေၾကာင့္ Don Adan Arana ကလည္း ဒီလိုေတာင္းဆိုမႈကို ေတာင္းဆိုခဲ့တာပါ။

သူေသဆုံးသြားတဲ့အခါ ကားကိုပါ အုတ္ဂူအႀကီးႀကီးထဲမွာ ျမႇဳပ္ႏွံေပးခဲ့ပါတယ္။ သူ႔ရဲ႕အေခါင္းကိုလည္း ကားထဲမွာ ထည့္လိုက္တာပါ။ အဲဒီ ဓါတ္ပုံေတြက social media ေတြမွာ အေတာ္ကို ပ်ံ႕ႏွံ႔သြားပါတယ္။

သူ႔ဆႏၵအတိုင္း ျမႇဳပ္ႏွံေပးဖို႔ မိသားစုဝင္ေတြ ဘယ္သူ႔ကိုမွ ခြင့္မေတာင္းခဲ့ပါဘူး။ အဲဒါေၾကာင့္ မိသားစုဝင္ေတြက အေျမာက္အျမား ဒဏ္႐ိုက္ခံရပါေသးတယ္။ အခုခ်ိန္ဆိုရင္ Don Adan Arana တစ္ေယာက္ တမလြန္မွာ ကားေမာင္းေနေလာက္ပါၿပီ။

Zombie (lovemedia)

Post a Comment

0 Comments