ယုတ်မာကောက်ကျစ်သော ဗျိုင်း

ဟိုးရှေးရှေးတုန်းက တောအုပ်တခုထဲမှာ ကြာမျိုး ၅ ပါးနဲ့ ပြည့်စုံတဲ့ ရေအိုင်ကြီး တအိုင် ရှိသတဲ့ ။ အဲဒီ ရေအိုင်ကြီးထဲမှာ ငါး၊ လိပ်၊ ပုဇွန်၊ ဂဏန်း၊ ဖား၊ ငါးရှဉ့် စတဲ့ ရေသတ္တဝါမျိုးစုံဟာ မိသားစုတွေလို စုပေါင်းညီညာစွာ နေထိုင်ကြတယ် ။ ရေအိုင်ကြီး ပတ်လည်မှာ သစ်ပင်တွေ အုပ်ဆိုင်းနေပြီး အရိပ်အာဝါသ ကောင်းတာကြောင့် ကျေးငှက်တွေလည်း လာရောက် နေထိုင်ကြ တာပေါ့။

ရေအိုင်ကြီးဟာ မိုးရာသီမှာ ရေတွေအပြည့်နဲ့ လှပ တင့်တယ်နေပေမယ့် နွေရာသီကို ရောက်တဲ့ အခါမှာတော့ ရေတွေ နည်းလွန်းတာကြောင့် ကြာပန်းတွေနဲ့ ရေသတ္တဝါတွေ နွမ်းနယ် ကြရတယ်။ အဲဒါကြောင့် ရေအိုင်ကြီးထဲမှာ နေထိုင်ကြတဲ့ ငါး၊ လိပ်၊ ပုဇွန်၊ ဂဏန်း၊ ဖား၊ ငါးရှဉ့် စတဲ့ ရေသတ္တဝါတွေဟာ မိုးမကုန်မီ ရေအိုင်ကြီးထဲမှာ ရေလျော့လာတဲ့အခါ အနီးအနား မြောင်းတွေ ထဲက ရေတွေကို ရေအိုင်ကြီးထဲကို သွင်းယူကြတယ်။

အဲဒီလို ရေသွင်း လိုက်တဲ့အခါ နွေရာသီတလျှောက်လုံး ရေခမ်းခြောက်မယ့် ဘေးကို ပူစရာ မလိုတော့ဘဲ အေးချမ်းစွာ နေထိုင်ခွင့် ရကြတယ်။ ရေအိုင်ကြီးထဲကို အနီးအနား မြောင်းတွေထဲက ရေသွင်းယူကြတဲ့အခါ ဂဏန်းတွေက မြောင်းတူး၊ ဖားတွေ လိပ်တွေက မြေတွေ ယက်ထုတ်၊ ငါး ပုဇွန် ငါးရှဉ့်တွေက ရေအိုင်ကြီးထဲမှာ ရေတွေ ကြာရှည်ခံအောင် နှုန်းတွေတူး ဂဏန်းတွေ ဖားတွေ လိပ်တွေ တူးပြီး ရေဝင်လာတဲ့ မြောင်းတွေ ရေစီးရေလာ ပိုကောင်းအောင် ရေအောက်ကနေ မြေသားတွေကို နှုန်းမြေအဖြစ် ပျော့ပြောင်းအောင် တူးကြရင်း တက်ညီလက်ညီ လုပ်ဆောင် ကြတယ်။

အဲဒီလို စုပေါင်းညီညွတ်စွာ နေထိုင်ကြတဲ့ ငါး၊ လိပ်၊ ပုဇွန်၊ ဂဏန်း၊ ဖား၊ ငါးရှဉ့် စတဲ့ မိသားစု ဘဝလေးကို သစ်ပင်ပေါ်က ဗျိုင်းက ကြည့်ရင်း စဉ်းစားတယ်။ " အင်း ဒီရေအိုင်ကြီးထဲမှာ ရေများနေရင် ငါ့အတွက် စားရေးသောက်ရေး အဆင်မပြေဘူး။ ဒီကောင်တွေ ညီညွတ်နေ သ၍ ဒီရေအိုင်ကြီးထဲမှာ ရေ ပြည့်နေမှာပဲ ။ ဒီကောင်တွေ မညီညွတ်တဲ့ တနေ့ ဒီရေအိုင်ကြီး ရေခမ်း မယ်။ ဒီရေအိုင်ကြီး ရေခမ်းသွားရင် ငါး၊ ပုဇွန်၊ ဖား၊ ငါးရှဉ့် တနေ့တမျိုး မရိုးနိုင်အောင် စားရမယ်။ ဒီကောင်တွေ မညီညွတ်အောင် သွေးထိုးနည်းတွေ စဉ်းစားစမ်း စဉ်းစားစမ်း "

အဲဒီလိုနဲ့ မိုးနှောင်းပိုင်း ရေအိုင်ထဲမှာ ရေလျော့လို့ ရေသွင်းတဲ့ အချိန်ကို ရောက်လာ ပါတော့တယ်။ ဂဏန်းတွေက လက်မတွေ ဝင့်ကာ ဝင့်ကာ မြေတူးဖို့ ရေအိုင်ပေါ်ကို တက်လာကြသလို လိပ်တွေလည်း ဂဏန်းတွေတူးမယ့် မြောင်းတွေထဲက မြေကို ယက်ဖို့ ရေအိုင်ပေါ်ကို တက်လာကြတယ် ။ အဲဒီလိုတက် လာတဲ့အချိန်မှာ အကြံသမား ဗျိုင်းက ဂဏန်းတွေနဲ့ လိပ်တွေကို..

" ခင်ဗျားတို့ ကသာ အပင်ပန်းခံ မြောင်းတူးပြီး ရေသွင်းဖို့ လုပ်နေကြတာ ရေအိုင်ထဲမှာ ကြည့်စမ်း ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့်တွေကတော့ အေးစေးပဲ ပျော်လို့ မြူးလို့ ကစားလို့။ ခင်ဗျားတို့ ရှာတဲ့ ရေကို အဲကောင်တွေက ဘာမှမလုပ်ပဲ ဖြုန်းနေတာ " အဲဒီလို ပြောတဲ့အခါ ဂဏန်းတွေနဲ့ လိပ်တွေက ရေအိုင်ထဲမှာ ပျော်မြူးနေတဲ့ ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့်တွေကို ကြည့်ရင်း တွေဝေသွားတယ် ။ ပြီးတော့ ဗျိုင်းရဲ့စကားကို ဘာမှ ခွန်းတုန့် မပြန်ကြဘဲ ရေမြောင်းတူးဖို့ ထွက်လာကြတယ်။

ဂဏန်းတွေက ရှေ့ကတူး လိပ်တွေက နောက်က မြေတွေ ယက်ထုတ်ရင်း ရေမြောင်းကို တူးကြတယ်။ အဲဒီတူးနေတဲ့ အချိန် ဂဏန်းတွေ အတော် ဝေးတဲ့နေရာ ရောက်သွားတဲ့အခါ လိပ်တွေကို ဗျိုင်းက သွေးထိုးစကား ဆိုပြန်တယ်။ " အို လိပ်အပေါင်းတို့ ခင်ဗျားတို့ လိပ်ဆိုတာ ရေမရှိလည်း အသက်ရှင် နေနိုင်တာပဲ။ ဘာလို့ သူများအတွက် မြောင်းတူးပေးနေမလဲ ။

ကြည့်စမ်းပါဦး ဂဏန်းတွေ တူးသွားလိုက်တာ မြေပေါ် တုတ်ချောင်းနဲ့ စည်းဆွဲသလောက် ရှိတယ် နက်အောင်လည်း မတူးဘူး ။ ခင်ဗျားတို့ လိပ်တွေ ပိုပင်ပန်းအောင် ဂဏန်းတွေ ဂဏန်းပါး ဝနေကြတာ " အဲဒီလို ဗျိုင်းကပြောတဲ့အခါ လိပ်တွေက တွေဝေသွားပေမယ့် ဘာမှ ခွန်းတုံ့ မပြန်ဘဲ မြောင်းကိုပဲ ဆက်တူးနေ ကြတယ်။

တဖန် ဗျိုင်းလည်း ရေကန်ကို ပြန်လာပြီး ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့် တွေကို သွေးထိုးစကား ဆိုပြန်တယ်။ " အို ငါးတို့ ဖားတို့ ပုဇွန်တို့ ငါးရှဉ့်တို့ ခင်ဗျားတို့ကသာ ရေအိုင်ကြီး ထာဝရ တည်တံ့ရေးလုပ်ဆောင်နေကြတာ ဂဏန်းတွေ လိပ်တွေကတော့ ကုန်းပေါ် မှာ ပျော်ပါးနေကြတယ် ခုထိရေတွေ ရောက်မလာ သေးဘူးမလား ။ ခင်ဗျားတို့ ကုန်းပေါ်တက်ကြည့်လို့ မရနိုင်မှန်း သိလို့ သက်သက် ပညာပြနေတာ ။ ကျွန်တော် လေ့လာပြီးပြီ ဒီနေ့ ရေမရောက်နိုင်ဘူး ခင်ဗျားတို့ လုပ်သမျှ မောလိမ့်မယ် "

အဲဒီလို ဗျိုင်းက ပြောတဲ့အခါ ငါးတွေ ဖားတွေ ပုဇွန်တွေ ငါးရှဉ့်တွေ တွေဝေသွား ပေမယ့် လုပ်စရာ ရှိတာကိုသာ ဆက်လုပ်နေကြတယ်။ ဒီလိုနဲ့ ညနေ့စောင်းအချိန် ရောက်လာတဲ့အခါ ဂဏန်းတွေ လိပ်တွေ ရေမြောင်း ဖောက်ပြီး ပြန်လာကြသလို ရေမြောင်းနှင့် အတူ ရေတွေပါ ရေအိုင်ထဲကို စီးဝင် လာတယ် ။ ရေတွေ စီးဝင်လာလို့ ငါးတွေ လိပ်တွေ ပုဇွန်တွေ ဂဏန်းတွေ ဖားတွေ ငါးရှဉ့်တွေ စတဲ့ ရေသတ္တဝါ မျိုးစုံဟာ မြူးတူးပျော်ပါးစွာ အောင်ပွဲခံကြတယ် ။ ဒါပေမယ့် ရေတွေဟာ ခဏသာ စီးဝင်ပြီး လုံးဝ ရပ်တန့်သွားတယ်။

ရေမလာတာကို စောင့်ကြည့်နေ ကြပေမယ့် ညမှောင်ချိန်ကိုသာ ရောက်လာတယ် ရေကတော့ လုံးဝမလာတော့ ပါဘူး။ အဲဒီအခါမှာ ငါးတွေ လိပ်တွေ ပုဇွန်တွေ ဂဏန်းတွေ ဖားတွေ ငါးရှဉ့်တွေဟာ ဗျိုင်းရဲ့စကားကို ယုံစားရင်း တကောင်နဲ့တကောင် တဖွဲ့နဲ့တဖွဲ့ အပြန်လှန် အပြစ်တွေ ဆိုကြပါတော့တယ်။ " မင်းတို့ ဂဏန်းတွေ မြောင်းတူးတာ အသုံးမကျတာ " " မင်းတို့ လိပ်တွေ မြေကို အသေချာ ယက်မထုတ်လို့ " " မင်းတို့ ငါးတွေက ဘာမှမလုပ်ပဲ ကန်ထဲမှာနေပြီး လာဆရာမလုပ်နဲ့ "

ရေအိုင်ကြီးထဲက ငါးတွေ လိပ်တွေ ပုဇွန်တွေ ဂဏန်းတွေ ဖားတွေ ငါးရှဉ့်တွေဟာ အဓိက အရင်းအမြစ် ဖြစ်တဲ့ ရေမလာခြင်း အကြောင်း ရေမြောင်းကို မစီစစ်ကြဘဲ တယောက်နဲ့တယောက် တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်ဖွဲ့ကာ မညီညွတ်ကြရင်း ရေအိုင်ထဲကို ရေမသွင်းဖြစ်ကြ တော့ပါဘူး။

အဖြစ်မှန်ကတော့ ဂဏန်းတွေနဲ့ လိပ်တွေ မြောင်းတူးပြီး ပြန်လာချိန်မှာ အကြံသမားဗျိုင်းက ရေမလာအောင် မြောင်းကို လမ်းတဝက်က ပိတ်ထားလိုက်တာ ဖြစ်ပါတော့တယ်။ ဒီလိုနဲ့ ညီညွတ် ပျော်ရွှင်စရာ ကောင်းတဲ့ မိသားစု ဘဝလေးကနေ ကိုယ့်အဖွဲ့နဲ့ကိုယ့် ကိုယ့်အုပ်စုနဲ့ကိုယ် ကွဲပြားသွားကြပြီး သာယာလှတဲ့ ရေအိုင်ကြီးဟာလည်း ရေတွေ ခြောက်ခမ်းလာကာ အားလုံး ဗျိုင်းရဲ့ အစာ ဖြစ်သွားရှာ သတဲ့ကွယ် ။

ပုံပြင်လေးကတော့ ဒါပါပဲ ။ အဖွဲ့အစည်းတွေ ၊ သူငယ်ချင်း မိတ်ဆွေတွေ ၊ မိသားစုတွေထဲမှာ သူစိမ်းတွေ ပတ်သက် သွေးထိုး လာတဲ့အခါ ဘေးစကားတွေကို ယုံစားလာ ကြပြီး ကိုယ့်အုပ်စု ကိုယ့်အဖွဲ့ ကိုယ်စီ ကိုယ်စီ ကွဲပြား လာတတ်ကြ ပါတယ် ။ ဒီလမ်း ဒီခရီးကို လျှောက်ကြသူချင်း အတူတူ သွေးမကွဲဖို့ လိုပါတယ် ။ သွေးကွဲရင် ခွေးဆွဲလိမ့်မယ် ။

crd

Zawgyi

ယုတ္မာေကာက္က်စ္ေသာ ဗ်ိဳင္း

ဟိုးေရွးေရွးတုန္းက ေတာအုပ္တခုထဲမွာ ၾကာမ်ိဳး ၅ ပါးနဲ႔ ျပည့္စုံတဲ့ ေရအိုင္ႀကီး တအိုင္ ရွိသတဲ့ ။ အဲဒီ ေရအိုင္ႀကီးထဲမွာ ငါး၊ လိပ္၊ ပုဇြန္၊ ဂဏန္း၊ ဖား၊ ငါးရွဥ့္ စတဲ့ ေရသတၱဝါမ်ိဳးစုံဟာ မိသားစုေတြလို စုေပါင္းညီညာစြာ ေနထိုင္ၾကတယ္ ။ ေရအိုင္ႀကီး ပတ္လည္မွာ သစ္ပင္ေတြ အုပ္ဆိုင္းေနၿပီး အရိပ္အာဝါသ ေကာင္းတာေၾကာင့္ ေက်းငွက္ေတြလည္း လာေရာက္ ေနထိုင္ၾက တာေပါ့။

ေရအိုင္ႀကီးဟာ မိုးရာသီမွာ ေရေတြအျပည့္နဲ႔ လွပ တင့္တယ္ေနေပမယ့္ ေႏြရာသီကို ေရာက္တဲ့ အခါမွာေတာ့ ေရေတြ နည္းလြန္းတာေၾကာင့္ ၾကာပန္းေတြနဲ႔ ေရသတၱဝါေတြ ႏြမ္းနယ္ ၾကရတယ္။ အဲဒါေၾကာင့္ ေရအိုင္ႀကီးထဲမွာ ေနထိုင္ၾကတဲ့ ငါး၊ လိပ္၊ ပုဇြန္၊ ဂဏန္း၊ ဖား၊ ငါးရွဥ့္ စတဲ့ ေရသတၱဝါေတြဟာ မိုးမကုန္မီ ေရအိုင္ႀကီးထဲမွာ ေရေလ်ာ့လာတဲ့အခါ အနီးအနား ေျမာင္းေတြ ထဲက ေရေတြကို ေရအိုင္ႀကီးထဲကို သြင္းယူၾကတယ္။

အဲဒီလို ေရသြင္း လိုက္တဲ့အခါ ေႏြရာသီတေလွ်ာက္လုံး ေရခမ္းေျခာက္မယ့္ ေဘးကို ပူစရာ မလိုေတာ့ဘဲ ေအးခ်မ္းစြာ ေနထိုင္ခြင့္ ရၾကတယ္။ ေရအိုင္ႀကီးထဲကို အနီးအနား ေျမာင္းေတြထဲက ေရသြင္းယူၾကတဲ့အခါ ဂဏန္းေတြက ေျမာင္းတူး၊ ဖားေတြ လိပ္ေတြက ေျမေတြ ယက္ထုတ္၊ ငါး ပုဇြန္ ငါးရွဥ့္ေတြက ေရအိုင္ႀကီးထဲမွာ ေရေတြ ၾကာရွည္ခံေအာင္ ႏႈန္းေတြတူး ဂဏန္းေတြ ဖားေတြ လိပ္ေတြ တူးၿပီး ေရဝင္လာတဲ့ ေျမာင္းေတြ ေရစီးေရလာ ပိုေကာင္းေအာင္ ေရေအာက္ကေန ေျမသားေတြကို ႏႈန္းေျမအျဖစ္ ေပ်ာ့ေျပာင္းေအာင္ တူးၾကရင္း တက္ညီလက္ညီ လုပ္ေဆာင္ ၾကတယ္။

အဲဒီလို စုေပါင္းညီၫြတ္စြာ ေနထိုင္ၾကတဲ့ ငါး၊ လိပ္၊ ပုဇြန္၊ ဂဏန္း၊ ဖား၊ ငါးရွဥ့္ စတဲ့ မိသားစု ဘဝေလးကို သစ္ပင္ေပၚက ဗ်ိဳင္းက ၾကည့္ရင္း စဥ္းစားတယ္။ " အင္း ဒီေရအိုင္ႀကီးထဲမွာ ေရမ်ားေနရင္ ငါ့အတြက္ စားေရးေသာက္ေရး အဆင္မေျပဘူး။ ဒီေကာင္ေတြ ညီၫြတ္ေန သ၍ ဒီေရအိုင္ႀကီးထဲမွာ ေရ ျပည့္ေနမွာပဲ ။ ဒီေကာင္ေတြ မညီၫြတ္တဲ့ တေန႔ ဒီေရအိုင္ႀကီး ေရခမ္း မယ္။ ဒီေရအိုင္ႀကီး ေရခမ္းသြားရင္ ငါး၊ ပုဇြန္၊ ဖား၊ ငါးရွဥ့္ တေန႔တမ်ိဳး မ႐ိုးႏိုင္ေအာင္ စားရမယ္။ ဒီေကာင္ေတြ မညီၫြတ္ေအာင္ ေသြးထိုးနည္းေတြ စဥ္းစားစမ္း စဥ္းစားစမ္း "

အဲဒီလိုနဲ႔ မိုးေႏွာင္းပိုင္း ေရအိုင္ထဲမွာ ေရေလ်ာ့လို႔ ေရသြင္းတဲ့ အခ်ိန္ကို ေရာက္လာ ပါေတာ့တယ္။ ဂဏန္းေတြက လက္မေတြ ဝင့္ကာ ဝင့္ကာ ေျမတူးဖို႔ ေရအိုင္ေပၚကို တက္လာၾကသလို လိပ္ေတြလည္း ဂဏန္းေတြတူးမယ့္ ေျမာင္းေတြထဲက ေျမကို ယက္ဖို႔ ေရအိုင္ေပၚကို တက္လာၾကတယ္ ။ အဲဒီလိုတက္ လာတဲ့အခ်ိန္မွာ အႀကံသမား ဗ်ိဳင္းက ဂဏန္းေတြနဲ႔ လိပ္ေတြကို

" ခင္ဗ်ားတို႔ ကသာ အပင္ပန္းခံ ေျမာင္းတူးၿပီး ေရသြင္းဖို႔ လုပ္ေနၾကတာ ေရအိုင္ထဲမွာ ၾကည့္စမ္း ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ေတြကေတာ့ ေအးေစးပဲ ေပ်ာ္လို႔ ျမဴးလို႔ ကစားလို႔။ ခင္ဗ်ားတို႔ ရွာတဲ့ ေရကို အဲေကာင္ေတြက ဘာမွမလုပ္ပဲ ျဖဳန္းေနတာ " အဲဒီလို ေျပာတဲ့အခါ ဂဏန္းေတြနဲ႔ လိပ္ေတြက ေရအိုင္ထဲမွာ ေပ်ာ္ျမဴးေနတဲ့ ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ေတြကို ၾကည့္ရင္း ေတြေဝသြားတယ္ ။ ၿပီးေတာ့ ဗ်ိဳင္းရဲ႕စကားကို ဘာမွ ခြန္းတုန႔္ မျပန္ၾကဘဲ ေရေျမာင္းတူးဖို႔ ထြက္လာၾကတယ္။

ဂဏန္းေတြက ေရွ႕ကတူး လိပ္ေတြက ေနာက္က ေျမေတြ ယက္ထုတ္ရင္း ေရေျမာင္းကို တူးၾကတယ္။ အဲဒီတူးေနတဲ့ အခ်ိန္ ဂဏန္းေတြ အေတာ္ ေဝးတဲ့ေနရာ ေရာက္သြားတဲ့အခါ လိပ္ေတြကို ဗ်ိဳင္းက ေသြးထိုးစကား ဆိုျပန္တယ္။ " အို လိပ္အေပါင္းတို႔ ခင္ဗ်ားတို႔ လိပ္ဆိုတာ ေရမရွိလည္း အသက္ရွင္ ေနႏိုင္တာပဲ။ ဘာလို႔ သူမ်ားအတြက္ ေျမာင္းတူးေပးေနမလဲ ။

ၾကည့္စမ္းပါဦး ဂဏန္းေတြ တူးသြားလိုက္တာ ေျမေပၚ တုတ္ေခ်ာင္းနဲ႔ စည္းဆြဲသေလာက္ ရွိတယ္ နက္ေအာင္လည္း မတူးဘူး ။ ခင္ဗ်ားတို႔ လိပ္ေတြ ပိုပင္ပန္းေအာင္ ဂဏန္းေတြ ဂဏန္းပါး ဝေနၾကတာ " အဲဒီလို ဗ်ိဳင္းကေျပာတဲ့အခါ လိပ္ေတြက ေတြေဝသြားေပမယ့္ ဘာမွ ခြန္းတုံ႔ မျပန္ဘဲ ေျမာင္းကိုပဲ ဆက္တူးေန ၾကတယ္။

တဖန္ ဗ်ိဳင္းလည္း ေရကန္ကို ျပန္လာၿပီး ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ ေတြကို ေသြးထိုးစကား ဆိုျပန္တယ္။ " အို ငါးတို႔ ဖားတို႔ ပုဇြန္တို႔ ငါးရွဥ့္တို႔ ခင္ဗ်ားတို႔ကသာ ေရအိုင္ႀကီး ထာဝရ တည္တံ့ေရးလုပ္ေဆာင္ေနၾကတာ ဂဏန္းေတြ လိပ္ေတြကေတာ့ ကုန္းေပၚ မွာ ေပ်ာ္ပါးေနၾကတယ္ ခုထိေရေတြ ေရာက္မလာ ေသးဘူးမလား ။ ခင္ဗ်ားတို႔ ကုန္းေပၚတက္ၾကည့္လို႔ မရႏိုင္မွန္း သိလို႔ သက္သက္ ပညာျပေနတာ ။ ကြၽန္ေတာ္ ေလ့လာၿပီးၿပီ ဒီေန႔ ေရမေရာက္ႏိုင္ဘူး ခင္ဗ်ားတို႔ လုပ္သမွ် ေမာလိမ့္မယ္ "

အဲဒီလို ဗ်ိဳင္းက ေျပာတဲ့အခါ ငါးေတြ ဖားေတြ ပုဇြန္ေတြ ငါးရွဥ့္ေတြ ေတြေဝသြား ေပမယ့္ လုပ္စရာ ရွိတာကိုသာ ဆက္လုပ္ေနၾကတယ္။ ဒီလိုနဲ႔ ညေန႔ေစာင္းအခ်ိန္ ေရာက္လာတဲ့အခါ ဂဏန္းေတြ လိပ္ေတြ ေရေျမာင္း ေဖာက္ၿပီး ျပန္လာၾကသလို ေရေျမာင္းႏွင့္ အတူ ေရေတြပါ ေရအိုင္ထဲကို စီးဝင္ လာတယ္ ။ ေရေတြ စီးဝင္လာလို႔ ငါးေတြ လိပ္ေတြ ပုဇြန္ေတြ ဂဏန္းေတြ ဖားေတြ ငါးရွဥ့္ေတြ စတဲ့ ေရသတၱဝါ မ်ိဳးစုံဟာ ျမဴးတူးေပ်ာ္ပါးစြာ ေအာင္ပြဲခံၾကတယ္ ။ ဒါေပမယ့္ ေရေတြဟာ ခဏသာ စီးဝင္ၿပီး လုံးဝ ရပ္တန႔္သြားတယ္။

ေရမလာတာကို ေစာင့္ၾကည့္ေန ၾကေပမယ့္ ညေမွာင္ခ်ိန္ကိုသာ ေရာက္လာတယ္ ေရကေတာ့ လုံးဝမလာေတာ့ ပါဘူး။ အဲဒီအခါမွာ ငါးေတြ လိပ္ေတြ ပုဇြန္ေတြ ဂဏန္းေတြ ဖားေတြ ငါးရွဥ့္ေတြဟာ ဗ်ိဳင္းရဲ႕စကားကို ယုံစားရင္း တေကာင္နဲ႔တေကာင္ တဖြဲ႕နဲ႔တဖြဲ႕ အျပန္လွန္ အျပစ္ေတြ ဆိုၾကပါေတာ့တယ္။ " မင္းတို႔ ဂဏန္းေတြ ေျမာင္းတူးတာ အသုံးမက်တာ " " မင္းတို႔ လိပ္ေတြ ေျမကို အေသခ်ာ ယက္မထုတ္လို႔ " " မင္းတို႔ ငါးေတြက ဘာမွမလုပ္ပဲ ကန္ထဲမွာေနၿပီး လာဆရာမလုပ္နဲ႔ "

ေရအိုင္ႀကီးထဲက ငါးေတြ လိပ္ေတြ ပုဇြန္ေတြ ဂဏန္းေတြ ဖားေတြ ငါးရွဥ့္ေတြဟာ အဓိက အရင္းအျမစ္ ျဖစ္တဲ့ ေရမလာျခင္း အေၾကာင္း ေရေျမာင္းကို မစီစစ္ၾကဘဲ တေယာက္နဲ႔တေယာက္ တဖြဲ႕နဲ႔ တဖြဲ႕ အျပန္အလွန္ အျပစ္ဖြဲ႕ကာ မညီၫြတ္ၾကရင္း ေရအိုင္ထဲကို ေရမသြင္းျဖစ္ၾက ေတာ့ပါဘူး။

အျဖစ္မွန္ကေတာ့ ဂဏန္းေတြနဲ႔ လိပ္ေတြ ေျမာင္းတူးၿပီး ျပန္လာခ်ိန္မွာ အႀကံသမားဗ်ိဳင္းက ေရမလာေအာင္ ေျမာင္းကို လမ္းတဝက္က ပိတ္ထားလိုက္တာ ျဖစ္ပါေတာ့တယ္။ ဒီလိုနဲ႔ ညီၫြတ္ ေပ်ာ္႐ႊင္စရာ ေကာင္းတဲ့ မိသားစု ဘဝေလးကေန ကိုယ့္အဖြဲ႕နဲ႔ကိုယ့္ ကိုယ့္အုပ္စုနဲ႔ကိုယ္ ကြဲျပားသြားၾကၿပီး သာယာလွတဲ့ ေရအိုင္ႀကီးဟာလည္း ေရေတြ ေျခာက္ခမ္းလာကာ အားလုံး ဗ်ိဳင္းရဲ႕ အစာ ျဖစ္သြားရွာ သတဲ့ကြယ္ ။

ပုံျပင္ေလးကေတာ့ ဒါပါပဲ ။ အဖြဲ႕အစည္းေတြ ၊ သူငယ္ခ်င္း မိတ္ေဆြေတြ ၊ မိသားစုေတြထဲမွာ သူစိမ္းေတြ ပတ္သက္ ေသြးထိုး လာတဲ့အခါ ေဘးစကားေတြကို ယုံစားလာ ၾကၿပီး ကိုယ့္အုပ္စု ကိုယ့္အဖြဲ႕ ကိုယ္စီ ကိုယ္စီ ကြဲျပား လာတတ္ၾက ပါတယ္ ။ ဒီလမ္း ဒီခရီးကို ေလွ်ာက္ၾကသူခ်င္း အတူတူ ေသြးမကြဲဖို႔ လိုပါတယ္ ။ ေသြးကြဲရင္ ေခြးဆြဲလိမ့္မယ္ ။

crd

Post a Comment

0 Comments