လိပ်ပြာငယ်လေးကပေးတဲ့ သင်ခန်းစာ

တခါတုန်းက လူတယောက်ဟာ ခြံထဲမှာ လမ်းလျှောက် နေရင်းနဲ့ လိပ်ပြာပိုးအိမ်လေးကို တွေ့သတဲ့။ လိပ်ပြာဆိုတာ အကောင် မဖြစ်သေးခင် ပိုးအိမ်မှာ ပိုးတုံးလုံး ဘဝက စရတာကိုး။ သူတွေ့တဲ့ အချိန်မှာ ပိုးအိမ်လေးက အပေါက်အပြဲ စ ဖြစ်နေပြီ။

အထဲက အကောင်လေးက ပိုးအိမ်ထဲက တွန်းထိုး ထွက်ဖို့ ကြိုးစားနေတော့ အပေါက်ကလေးက တဖြေးဖြေး ကျယ်လာတယ်။ ဒါကိုပဲ သူ ဆက်ကြည့် နေတာပေါ့။

ဒါပေမယ့် အချိန်တခု ကြာသွားတဲ့ အထိ အထဲက ပိုးကောင်လေးဟာ ခန္ဓာကိုယ် ထွက်လို့ရလောက်တဲ့ ပမာဏအထိ ရောက်အောင် မဖောက်နိုင်ခဲ့ဘူး။ ရုန်းရင် ကန်ရင်း မောသွားလို့ အနားယူနေဟန် တူတယ်။ ပိုးအိမ်လေးက လှုပ်မနေတော့ပဲ ငြိမ်ဆင်းသွားတယ်။ ဒါကိုကြည့်ပြီး သူက ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။

ပိုးအိမ်လေးကို လက်ကလေးနဲ့ ဆွဲဟ၊ လိပ်ပြာငယ်လေး ထွက်လို့ရအောင် လုပ်ပေးပေါ့။ သူက ပိုးအိမ်လေးကို ခွဲပေးလိုက်တော့ လိပ်ပြာငယ်လေးဟာ အလွယ်တကူ ထွက်လာနိုင်တော့တာ ပါပဲ။ ခုနက တွန်းထိုးထားလို့ ခန္ဓာကိုယ်လေး နီနေသလို ပေါက်စလေး ဆိုတော့ အတောင်လေးက သေးသေးလေးနဲ့ပေါ့။

ဒီလိုနဲ့ သူဟာ လိပ်ပြာလေး ဘယ်အချိန်မှာ တောင်ပံ ခတ်ပြီး ပျံသန်းမလဲ ဆက်ကြည့်နေတယ်။ ဘာတွေ ဆက်ဖြစ်မလဲ။

ဘာမှ ဆက်ဖြစ် မလာပါဘူး။ သူ လွှတ်ပေးလိုက်တဲ့ လိပ်ပြာလေးရဲ့ တောင်ပံတွေဟာ ဆက်ကြီးမလာ တော့ပါဘူး။ ဒီလိုနဲ့ပဲ ဒီလိပ်ပြာလေးဟာ နောင်သက်တမ်း တလျှောက်မှာလည်း တခြား လိပ်ပြာတွေလို မပျံသန်း နိုင်တော့ပဲ မြေပြင်မှာ တွားသွားနေရ ရှာတယ်။ အစာလည်း မရှာနိုင်ခဲ့ဘူး။ နောက်ဆုံး ဘာမှ မလုပ်နိုင်ခဲ့ပဲ သေဆုံးသွားရ ရှာတာ ပါပဲ။

ဒီပုံပြင်လေး ဖတ်မိတော့ သိပ်ချစ်တတ်တဲ့ မိဘတွေကို သတိရမိတယ်။ ကလေးတွေကို သိပ်ချစ်တယ်။ သိပ်ချစ်တော့ သိပ်ဖြည့်ဆည်းပေးတယ်၊ အကာအကွယ် ပေးတယ်။ ကလေးဆိုတဲ့ နေရာမှာ ပေါက်စလေးတွေကိုမှ မဟုတ်။

အသက် ၂၀ ဝန်းကျင် ရောက်နေရင်တောင် သာမန်ကလေးတွေ လုပ်နိုင်တဲ့ လွယ်အိတ် လွယ်တာမျိုး၊ သာမန်ကလေးတွေ လုပ်နိုင်တဲ့ နေ့တဓူဝ ကိစ္စမျိုး စသည် ပြောမကုန်နိုင်တဲ့ ကိစ္စတွေမှာ ကလေးကို ကိုယ်တိုင် မလုပ်စေပဲ လိုက်ကူညီတာ ပါပဲ။

လူတိုင်း ဒီလို ဖြစ်မသွားဘူး ဆိုပေမယ့် ဒီလို မိဘအကူအညီ အမြဲရနေတဲ့ ကလေးဟာ မရတဲ့ ကလေးနဲ့ ယှဉ်လိုက်ရင် မိဘ မပါရင် လူကြောက်တာ၊ မမေးရဲ မစမ်းရဲတာ၊ မလုပ်ရဲ မကိုင်ရဲတာတွေ ဖြစ်လာတာ ပါပဲ။

အလုပ်ခွင်မှာလည်း တူတူပါပဲ။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ မကြိုးစားရင် အရည်အချင်း တက်မလာပါဘူး။ သူတပါးကောင်းမှုနဲ့ ရာထူးတက်လာလို့ မိုးကျရွှေကိုယ်တွေ ဖြစ်လာပေမယ့် ဘာမှ မလုပ်တတ်၊ မကိုင်တတ်တာမျိုး ဖြစ်တတ်ပါတယ်။

တိရိစ္ဆာန်တွေမှာမှ မဟုတ်ပါဘူး။ Bodybuilding မှာမှ မဟုတ်ပါဘူး။ လူ့လောကမှာ ရှင်သန်ဖို့ ဆိုရင် ရုန်းကန်ရမယ့် အခက်အခဲတွေ မရှိမဖြစ် လိုပါတယ်။ ဒီလိုမှ မဟုတ်ရင် ဝေဟင်မပျံဖူးတဲ့ လိပ်ပြာငယ်လေးလို ဖြစ်သွားတတ် ပါတယ်။

crd

Zawgyi

လိပ္ျပာငယ္ေလးကေပးတဲ့ သင္ခန္းစာ

တခါတုန္းက လူတေယာက္ဟာ ၿခံထဲမွာ လမ္းေလွ်ာက္ ေနရင္းနဲ႔ လိပ္ျပာပိုးအိမ္ေလးကို ေတြ႕သတဲ့။ လိပ္ျပာဆိုတာ အေကာင္ မျဖစ္ေသးခင္ ပိုးအိမ္မွာ ပိုးတုံးလုံး ဘဝက စရတာကိုး။ သူေတြ႕တဲ့ အခ်ိန္မွာ ပိုးအိမ္ေလးက အေပါက္အၿပဲ စ ျဖစ္ေနၿပီ။

အထဲက အေကာင္ေလးက ပိုးအိမ္ထဲက တြန္းထိုး ထြက္ဖို႔ ႀကိဳးစားေနေတာ့ အေပါက္ကေလးက တေျဖးေျဖး က်ယ္လာတယ္။ ဒါကိုပဲ သူ ဆက္ၾကည့္ ေနတာေပါ့။

ဒါေပမယ့္ အခ်ိန္တခု ၾကာသြားတဲ့ အထိ အထဲက ပိုးေကာင္ေလးဟာ ခႏၶာကိုယ္ ထြက္လို႔ရေလာက္တဲ့ ပမာဏအထိ ေရာက္ေအာင္ မေဖာက္ႏိုင္ခဲ့ဘူး။ ႐ုန္းရင္ ကန္ရင္း ေမာသြားလို႔ အနားယူေနဟန္ တူတယ္။ ပိုးအိမ္ေလးက လႈပ္မေနေတာ့ပဲ ၿငိမ္ဆင္းသြားတယ္။ ဒါကိုၾကည့္ၿပီး သူက ကူညီဖို႔ ဆုံးျဖတ္လိုက္တယ္။

ပိုးအိမ္ေလးကို လက္ကေလးနဲ႔ ဆြဲဟ၊ လိပ္ျပာငယ္ေလး ထြက္လို႔ရေအာင္ လုပ္ေပးေပါ့။ သူက ပိုးအိမ္ေလးကို ခြဲေပးလိုက္ေတာ့ လိပ္ျပာငယ္ေလးဟာ အလြယ္တကူ ထြက္လာႏိုင္ေတာ့တာ ပါပဲ။ ခုနက တြန္းထိုးထားလို႔ ခႏၶာကိုယ္ေလး နီေနသလို ေပါက္စေလး ဆိုေတာ့ အေတာင္ေလးက ေသးေသးေလးနဲ႔ေပါ့။

ဒီလိုနဲ႔ သူဟာ လိပ္ျပာေလး ဘယ္အခ်ိန္မွာ ေတာင္ပံ ခတ္ၿပီး ပ်ံသန္းမလဲ ဆက္ၾကည့္ေနတယ္။ ဘာေတြ ဆက္ျဖစ္မလဲ။

ဘာမွ ဆက္ျဖစ္ မလာပါဘူး။ သူ လႊတ္ေပးလိုက္တဲ့ လိပ္ျပာေလးရဲ႕ ေတာင္ပံေတြဟာ ဆက္ႀကီးမလာ ေတာ့ပါဘူး။ ဒီလိုနဲ႔ပဲ ဒီလိပ္ျပာေလးဟာ ေနာင္သက္တမ္း တေလွ်ာက္မွာလည္း တျခား လိပ္ျပာေတြလို မပ်ံသန္း ႏိုင္ေတာ့ပဲ ေျမျပင္မွာ တြားသြားေနရ ရွာတယ္။ အစာလည္း မရွာႏိုင္ခဲ့ဘူး။ ေနာက္ဆုံး ဘာမွ မလုပ္ႏိုင္ခဲ့ပဲ ေသဆုံးသြားရ ရွာတာ ပါပဲ။

ဒီပုံျပင္ေလး ဖတ္မိေတာ့ သိပ္ခ်စ္တတ္တဲ့ မိဘေတြကို သတိရမိတယ္။ ကေလးေတြကို သိပ္ခ်စ္တယ္။ သိပ္ခ်စ္ေတာ့ သိပ္ျဖည့္ဆည္းေပးတယ္၊ အကာအကြယ္ ေပးတယ္။ ကေလးဆိုတဲ့ ေနရာမွာ ေပါက္စေလးေတြကိုမွ မဟုတ္။ အသက္ ၂၀ ဝန္းက်င္ ေရာက္ေနရင္ေတာင္ သာမန္ကေလးေတြ လုပ္ႏိုင္တဲ့ လြယ္အိတ္ လြယ္တာမ်ိဳး၊ သာမန္ကေလးေတြ လုပ္ႏိုင္တဲ့ ေန႔တဓူဝ ကိစၥမ်ိဳး စသည္ ေျပာမကုန္ႏိုင္တဲ့ ကိစၥေတြမွာ ကေလးကို ကိုယ္တိုင္ မလုပ္ေစပဲ လိုက္ကူညီတာ ပါပဲ။

လူတိုင္း ဒီလို ျဖစ္မသြားဘူး ဆိုေပမယ့္ ဒီလို မိဘအကူအညီ အၿမဲရေနတဲ့ ကေလးဟာ မရတဲ့ ကေလးနဲ႔ ယွဥ္လိုက္ရင္ မိဘ မပါရင္ လူေၾကာက္တာ၊ မေမးရဲ မစမ္းရဲတာ၊ မလုပ္ရဲ မကိုင္ရဲတာေတြ ျဖစ္လာတာ ပါပဲ။

အလုပ္ခြင္မွာလည္း တူတူပါပဲ။ စိန္ေခၚမႈေတြ၊ အခက္အခဲေတြကို ေက်ာ္ျဖတ္ဖို႔ မႀကိဳးစားရင္ အရည္အခ်င္း တက္မလာပါဘူး။ သူတပါးေကာင္းမႈနဲ႔ ရာထူးတက္လာလို႔ မိုးက်ေ႐ႊကိုယ္ေတြ ျဖစ္လာေပမယ့္ ဘာမွ မလုပ္တတ္၊ မကိုင္တတ္တာမ်ိဳး ျဖစ္တတ္ပါတယ္။

တိရိစာၦန္ေတြမွာမွ မဟုတ္ပါဘူး။ Bodybuilding မွာမွ မဟုတ္ပါဘူး။ လူ႔ေလာကမွာ ရွင္သန္ဖို႔ ဆိုရင္ ႐ုန္းကန္ရမယ့္ အခက္အခဲေတြ မရွိမျဖစ္ လိုပါတယ္။ ဒီလိုမွ မဟုတ္ရင္ ေဝဟင္မပ်ံဖူးတဲ့ လိပ္ျပာငယ္ေလးလို ျဖစ္သြားတတ္ ပါတယ္။

crd

Post a Comment

0 Comments