စီးပွားရေး လုပ်တဲ့အခါ မုဆိုးလို ကျင့်ပါ

တခါတုန်းက စီးပွားရေး လုပ်တာ အဆင်မပြေလို့ စိတ်ညစ်နေတဲ့ လူငယ်လေးတယောက် ရှိတယ်။ လူငယ်လေးဟာ စိတ်ညစ်မှုတွေကို ဖြေဖျောက်ဖို့ သူ့အိမ်ရဲ့ မနီးမဝေးမှာ ရှိတဲ့ တောအုပ်လေးနားက စမ်းချောင်းလေး ဘေးမှာ အေးအေး ဆေးဆေး စိတ်ဖြေရင်း နည်းလမ်းသစ်တွေကို စဉ်းစားနေခဲ့တယ်။

အဲဒီလို နေ့စဉ် ထိုင်စဉ်းစားနေခဲ့တဲ့ နေ့ရက်တိုင်းမှာ သူ့နံဘေးကနေ မုဆိုးကြီး တဦးက တောကောင်တွေ တနေ့တမျိုး ရ ရ လာကာ ဖြတ်သွားလေ့ ရှိတာကို သတိထားမိတယ်။ အဲဒါနဲ့ တရက်တော့ ဗဟုသုတလည်း ရအောင် ဆိုကာ မုဆိုးကြီးကို သားကောင်တွေ တနေ့တမျိုး ဘယ်လိုရအောင် လုပ်လဲ လို့ မေးကြည့်ခဲ့တယ်။

မုဆိုးကြီးကလည်း အသက်ဝါကြီးသူ ဆိုတော့ ‌လူ့လောကရဲ့ အတွေ့အကြုံများ အတော်အသင့် ရှိနေခဲ့ပြီ။ ဒါကြောင့် လူငယ်လေး စကားပြောတဲ့ အခါမှာ "ငါလည်း မင်းကို သတိထားမိ ပါတယ်။ ဘာကြောင့် ဒီနေရာမှာ လာလာပြီး ထိုင်နေတာလဲလို့" ပြန်မေးတယ်။ ထိုအခါ လူငယ်ဟာ စီးပွားရေး လုပ်ရတာ အဆင်မပြေကြောင်း စိတ်ညစ်ညစ်နဲ့ ဖွင့်ဟ ပြောဆို ပါတော့တယ်။

ဒီအခါကျမှ မုဆိုးကြီးဟာ သူရဲ့ မုဆိုးလောကနဲ့ ယှဉ်ပြီး စီးပွား ဘယ်လို လုပ်ရတယ် ဆိုတာကို ပြောဆိုပါတော့တယ်။

စီးပွားရေး လုပ်တယ်ဆိုတာ အခုလုပ်ချင်တိုင်း ထလုပ်လို့ရတဲ့ အရာ မဟုတ်ဘူး။ စီးပွားရေး မဆိုထားနဲ့ မင်းတို့တွေ သင်တန်းလေး တခု တက်ချင်တယ် ဆိုရင်တောင် ကိုယ်တက်မယ့် သင်တန်းလေး ကောင်းမကောင်း၊ အခြေအနေ ဘယ်လိုရှိလဲ ကြိုတင် လေ့လာ‌ စုံစမ်းရတယ် မဟုတ်လား။

ဒါ့ကြောင့် ကြိုတင် ပြင်ဆင်ခြင်းဟာ အောင်မြင်မှု အတွက် အရေးပါတဲ့ အချက်တချက်ပဲ။

စီးပွားရေး လုပ်တယ် ဆိုတာကလည်း ငါတို့လို မုဆိုးတယောက် သားကောင်လိုက်ဖို့ အားထုတ်ရတာနဲ့ တူတယ်။ မုဆိုးဟာ သားကောင်မလိုက်ခင် တောရဲ့ အခြေအနေကို ကျွမ်းကျင်အောင် လေ့လာရတယ်။ ဘယ်နားမှာ ဘာရှိတယ်၊ ဘယ်နေရာမှာ ဘယ်လို လုပ်ရင်ဖြင့် သားကောင်ကို ရနိုင်မယ် စသဖြင့် လေ့လာမှတ်သား ရတယ်။

ကိုယ်ကျင်လည်မယ့် နေရာမှာ မျက်စိလည် လမ်းမပျောက် သွားအောင်လည်း ကြိုးစားရတယ်။ သားကောင်လိုက်ရင်း လမ်းပျောက်သွားရင် သားကောင်လည်း ရှုံး၊ လမ်းလည်း ဆုံးတတ်သောကြောင့် ဖြစ်တယ်။

နောက်ပြီး တောကောင်တော့ ရချင်ပါရဲ့၊ တောကျွမ်းပေမယ့် သားကောင် ဖမ်းယူခြင်း အတတ်ပညာ မတတ်ရင်လည်း ငါတို့ လိုချင်တာ ရမှာ မဟုတ်ဘူး။ တောလိုက်မယ် ဆိုမှတော့ တောင်ကောင်ရဖို့ ဒူးလေး ပစ်တတ်ရမယ်။

အဲ့လိုမှ မပစ်တတ်ရင် အနည်းဆုံး ထောင်ခြောက်တော့ ဆင်တတ်ရမယ်။ ဒါမှသာ လိုချင်တဲ့ တောကောင်ရမှာ ဖြစ်တယ်။‌ ဒူး‌လေးလည်း မပစ်တတ်၊ ထောင်ခြောက်လည်း မဆင်တတ်ရင်တော့ တောမလည်ခင် တတ်အောင် ကျင့်ကြံဖို့ ပထမဦးစွာ လိုအပ်မယ်။

နောက်တခု အနေနဲ့ ငါတို့အနေနဲ့ ဘာသားကောင် ရချင်တာလဲ၊ လိုချင်တာလဲ ဆိုတာ တွေးထားရတယ်။ ယုန်ကို ရချင်တာလား၊ ဂျီ၊ ဒရယ်ကို ရချင်တာလား။ တောင်ဆိတ်ကို ရချင်တာလား။ သို့မဟုတ် ငါးကို ရချင်တာလား အစရှိသဖြင့် ကိုယ်ရချင်တဲ့ ဟင်းသားက ကိုယ်လိုက်မယ့် တောမှာ ရှိပါ့မလား၊ ရနိုင်ပါ့မလား တွေးတတ်ရတယ်။

ငါး လိုချင်တယ်ဆို တောထဲ သွားရှာလို့ မရဘူး။ ရေကန်ထဲ သွားရှာမှ ရမယ်။ ထို့အတူ ယုန်ရချင်ရင် ရေထဲ သွားရှာလို့ မရဘူး။ တောထဲ သွားရှာမှ ရမယ်။ တောင်ဆိတ်ရချင် တောင်ကုန်းတွေပေါ် သွားရတယ်။ ဒါကြောင့် စီးပွားရေး လုပ်မယ်ဆို ငါတို့မုဆိုးတွေ ဘာသားကောင်ရချင်တာလဲ တွေးသလို ကိုယ်လုပ်မယ့် စီးပွားရေးက ဘာလဲသိအောင် လုပ်ပါ။

ဒါ့အပြင် ငါတို့မုဆိုး‌တွေ တောကျွမ်းအောင် လေ့လာရသလို ကိုယ်လုပ်မယ့် စီးပွားရေး နယ်ပယ်ကို ကျွမ်းကျင်အောင် ကြိုတင် လေ့လာပါ။ ဥပမာ ကိုယ်က ပစ္စည်း အရောင်းအဝယ် လုပ်ချင်တယ် ဆိုပါစို့။ ကိုယ်ကျင်လည်မယ့် ဈေးကွက်က စားသုံးသူတွေက ဘာကြိုက်တတ်လဲ၊ ငွေပမာဏကို ဘယ်လိုတွေ သုံးစွဲသလဲ အစ ရှိသဖြင့် ဈေးကွက်နယ်ပယ်ရဲ့ လိုအပ်ချက် အသိပညာကို လေ့လာမှတ်သား ရပါမယ်။

နောက်ဆုံးအနေနဲ့ ကိုယ်လုပ်တဲ့ စီးပွားရေးက နေရာမှန်ဖို့ ပါဘဲ။ ဆင်းရဲသားတွေကို ရွှေငွေကျောက်သံ ပတ္တမြား သွားရောင်းလို့ မရဘူး။ သူတို့ရဲ့ အဓိက လိုအပ်ချက်က စားဝတ်နေရေး ဖြစ်တယ်။ ဒါကြောင့် သူတို့ကို ရောင်းချင်ရင် စားသောက်ကုန်နဲ့ အဝတ်အထည်ဘဲ အရောင်းသွက်မယ်။ ရွှေငွေ၊ ကျောက်သံ ပတ္တမြား ရောင်းချင်ရင် သူဌေး အသိုင်းအဝိုင်းကပဲ ဝယ်ယူ သုံးစွဲနိုင် လိမ့်မယ်။ ဒါကြောင့် ကိုယ်ရောင်းမယ့် ဈေးကွက်နယ်ပယ် ကလည်း မှန်ကန်ဖို့ လိုအပ်တယ်။

မုဆိုးကြီးက လူငယ်ကို နိဂုံးစကား ချုပ်ပေးလိုက်တာ ကတော့ စီးပွားရေး လုပ်မယ်ဆိုရင်

၁။ ဘာရချင်လဲ၊ ဘာဖြစ်ချင်လဲ၊ တွေးပါ။

၂။ ဖြစ်ချင်၊ ရချင်တဲ့အရာ‌ ပေါ်လာရင် ဘယ်လိုပညာနဲ့ ရယူမလဲ လိုအပ်တဲ့ ပညာလေ့လာပါ။

၃။ ကိုယ်လုပ်မယ့် ဈေးကွက်နယ်ပယ်ကို လေ့လာပါ။

၄။ ကိုယ့်ကျင်လည်တဲ့ နယ်ပယ်ကို မျက်စိမလည် စေနဲ့။ မျက်စိမှားရင် အသိပါ မှားတတ်တယ်။

၅။ ကိုယ်လုပ်မယ့် စီးပွားနယ်ပယ်က ကိုယ်လုပ်တာနဲ့ ထပ်တူကျအောင် လုပ်ပါ။

crd

Zawgyi

စီးပြားေရး လုပ္တဲ့အခါ မုဆိုးလို က်င့္ပါ

တခါတုန္းက စီးပြားေရး လုပ္တာ အဆင္မေျပလို႔ စိတ္ညစ္ေနတဲ့ လူငယ္ေလးတေယာက္ ရွိတယ္။ လူငယ္ေလးဟာ စိတ္ညစ္မႈေတြကို ေျဖေဖ်ာက္ဖို႔ သူ႔အိမ္ရဲ႕ မနီးမေဝးမွာ ရွိတဲ့ ေတာအုပ္ေလးနားက စမ္းေခ်ာင္းေလး ေဘးမွာ ေအးေအး ေဆးေဆး စိတ္ေျဖရင္း နည္းလမ္းသစ္ေတြကို စဥ္းစားေနခဲ့တယ္။

အဲဒီလို ေန႔စဥ္ ထိုင္စဥ္းစားေနခဲ့တဲ့ ေန႔ရက္တိုင္းမွာ သူ႔နံေဘးကေန မုဆိုးႀကီး တဦးက ေတာေကာင္ေတြ တေန႔တမ်ိဳး ရ ရ လာကာ ျဖတ္သြားေလ့ ရွိတာကို သတိထားမိတယ္။ အဲဒါနဲ႔ တရက္ေတာ့ ဗဟုသုတလည္း ရေအာင္ ဆိုကာ မုဆိုးႀကီးကို သားေကာင္ေတြ တေန႔တမ်ိဳး ဘယ္လိုရေအာင္ လုပ္လဲ လို႔ ေမးၾကည့္ခဲ့တယ္။

မုဆိုးႀကီးကလည္း အသက္ဝါႀကီးသူ ဆိုေတာ့ ‌လူ႔ေလာကရဲ႕ အေတြ႕အႀကဳံမ်ား အေတာ္အသင့္ ရွိေနခဲ့ၿပီ။ ဒါေၾကာင့္ လူငယ္ေလး စကားေျပာတဲ့ အခါမွာ "ငါလည္း မင္းကို သတိထားမိ ပါတယ္။ ဘာေၾကာင့္ ဒီေနရာမွာ လာလာၿပီး ထိုင္ေနတာလဲလို႔" ျပန္ေမးတယ္။ ထိုအခါ လူငယ္ဟာ စီးပြားေရး လုပ္ရတာ အဆင္မေျပေၾကာင္း စိတ္ညစ္ညစ္နဲ႔ ဖြင့္ဟ ေျပာဆို ပါေတာ့တယ္။

ဒီအခါက်မွ မုဆိုးႀကီးဟာ သူရဲ႕ မုဆိုးေလာကနဲ႔ ယွဥ္ၿပီး စီးပြား ဘယ္လို လုပ္ရတယ္ ဆိုတာကို ေျပာဆိုပါေတာ့တယ္။

စီးပြားေရး လုပ္တယ္ဆိုတာ အခုလုပ္ခ်င္တိုင္း ထလုပ္လို႔ရတဲ့ အရာ မဟုတ္ဘူး။ စီးပြားေရး မဆိုထားနဲ႔ မင္းတို႔ေတြ သင္တန္းေလး တခု တက္ခ်င္တယ္ ဆိုရင္ေတာင္ ကိုယ္တက္မယ့္ သင္တန္းေလး ေကာင္းမေကာင္း၊ အေျခအေန ဘယ္လိုရွိလဲ ႀကိဳတင္ ေလ့လာ‌ စုံစမ္းရတယ္ မဟုတ္လား။

ဒါ့ေၾကာင့္ ႀကိဳတင္ ျပင္ဆင္ျခင္းဟာ ေအာင္ျမင္မႈ အတြက္ အေရးပါတဲ့ အခ်က္တခ်က္ပဲ။

စီးပြားေရး လုပ္တယ္ ဆိုတာကလည္း ငါတို႔လို မုဆိုးတေယာက္ သားေကာင္လိုက္ဖို႔ အားထုတ္ရတာနဲ႔ တူတယ္။ မုဆိုးဟာ သားေကာင္မလိုက္ခင္ ေတာရဲ႕ အေျခအေနကို ကြၽမ္းက်င္ေအာင္ ေလ့လာရတယ္။ ဘယ္နားမွာ ဘာရွိတယ္၊ ဘယ္ေနရာမွာ ဘယ္လို လုပ္ရင္ျဖင့္ သားေကာင္ကို ရႏိုင္မယ္ စသျဖင့္ ေလ့လာမွတ္သား ရတယ္။

ကိုယ္က်င္လည္မယ့္ ေနရာမွာ မ်က္စိလည္ လမ္းမေပ်ာက္ သြားေအာင္လည္း ႀကိဳးစားရတယ္။ သားေကာင္လိုက္ရင္း လမ္းေပ်ာက္သြားရင္ သားေကာင္လည္း ရႈံး၊ လမ္းလည္း ဆုံးတတ္ေသာေၾကာင့္ ျဖစ္တယ္။

ေနာက္ၿပီး ေတာေကာင္ေတာ့ ရခ်င္ပါရဲ႕၊ ေတာကြၽမ္းေပမယ့္ သားေကာင္ ဖမ္းယူျခင္း အတတ္ပညာ မတတ္ရင္လည္း ငါတို႔ လိုခ်င္တာ ရမွာ မဟုတ္ဘူး။ ေတာလိုက္မယ္ ဆိုမွေတာ့ ေတာင္ေကာင္ရဖို႔ ဒူးေလး ပစ္တတ္ရမယ္။

အဲ့လိုမွ မပစ္တတ္ရင္ အနည္းဆုံး ေထာင္ေျခာက္ေတာ့ ဆင္တတ္ရမယ္။ ဒါမွသာ လိုခ်င္တဲ့ ေတာေကာင္ရမွာ ျဖစ္တယ္။‌ ဒူး‌ေလးလည္း မပစ္တတ္၊ ေထာင္ေျခာက္လည္း မဆင္တတ္ရင္ေတာ့ ေတာမလည္ခင္ တတ္ေအာင္ က်င့္ႀကံဖို႔ ပထမဦးစြာ လိုအပ္မယ္။

ေနာက္တခု အေနနဲ႔ ငါတို႔အေနနဲ႔ ဘာသားေကာင္ ရခ်င္တာလဲ၊ လိုခ်င္တာလဲ ဆိုတာ ေတြးထားရတယ္။ ယုန္ကို ရခ်င္တာလား၊ ဂ်ီ၊ ဒရယ္ကို ရခ်င္တာလား။ ေတာင္ဆိတ္ကို ရခ်င္တာလား။ သို႔မဟုတ္ ငါးကို ရခ်င္တာလား အစရွိသျဖင့္ ကိုယ္ရခ်င္တဲ့ ဟင္းသားက ကိုယ္လိုက္မယ့္ ေတာမွာ ရွိပါ့မလား၊ ရႏိုင္ပါ့မလား ေတြးတတ္ရတယ္။

ငါး လိုခ်င္တယ္ဆို ေတာထဲ သြားရွာလို႔ မရဘူး။ ေရကန္ထဲ သြားရွာမွ ရမယ္။ ထို႔အတူ ယုန္ရခ်င္ရင္ ေရထဲ သြားရွာလို႔ မရဘူး။ ေတာထဲ သြားရွာမွ ရမယ္။ ေတာင္ဆိတ္ရခ်င္ ေတာင္ကုန္းေတြေပၚ သြားရတယ္။ ဒါေၾကာင့္ စီးပြားေရး လုပ္မယ္ဆို ငါတို႔မုဆိုးေတြ ဘာသားေကာင္ရခ်င္တာလဲ ေတြးသလို ကိုယ္လုပ္မယ့္ စီးပြားေရးက ဘာလဲသိေအာင္ လုပ္ပါ။

ဒါ့အျပင္ ငါတို႔မုဆိုး‌ေတြ ေတာကြၽမ္းေအာင္ ေလ့လာရသလို ကိုယ္လုပ္မယ့္ စီးပြားေရး နယ္ပယ္ကို ကြၽမ္းက်င္ေအာင္ ႀကိဳတင္ ေလ့လာပါ။ ဥပမာ ကိုယ္က ပစၥည္း အေရာင္းအဝယ္ လုပ္ခ်င္တယ္ ဆိုပါစို႔။ ကိုယ္က်င္လည္မယ့္ ေဈးကြက္က စားသုံးသူေတြက ဘာႀကိဳက္တတ္လဲ၊ ေငြပမာဏကို ဘယ္လိုေတြ သုံးစြဲသလဲ အစ ရွိသျဖင့္ ေဈးကြက္နယ္ပယ္ရဲ႕ လိုအပ္ခ်က္ အသိပညာကို ေလ့လာမွတ္သား ရပါမယ္။

ေနာက္ဆုံးအေနနဲ႔ ကိုယ္လုပ္တဲ့ စီးပြားေရးက ေနရာမွန္ဖို႔ ပါဘဲ။ ဆင္းရဲသားေတြကို ေ႐ႊေငြေက်ာက္သံ ပတၱျမား သြားေရာင္းလို႔ မရဘူး။ သူတို႔ရဲ႕ အဓိက လိုအပ္ခ်က္က စားဝတ္ေနေရး ျဖစ္တယ္။ ဒါေၾကာင့္ သူတို႔ကို ေရာင္းခ်င္ရင္ စားေသာက္ကုန္နဲ႔ အဝတ္အထည္ဘဲ အေရာင္းသြက္မယ္။ ေ႐ႊေငြ၊ ေက်ာက္သံ ပတၱျမား ေရာင္းခ်င္ရင္ သူေဌး အသိုင္းအဝိုင္းကပဲ ဝယ္ယူ သုံးစြဲႏိုင္ လိမ့္မယ္။ ဒါေၾကာင့္ ကိုယ္ေရာင္းမယ့္ ေဈးကြက္နယ္ပယ္ ကလည္း မွန္ကန္ဖို႔ လိုအပ္တယ္။

မုဆိုးႀကီးက လူငယ္ကို နိဂုံးစကား ခ်ဳပ္ေပးလိုက္တာ ကေတာ့ စီးပြားေရး လုပ္မယ္ဆိုရင္

၁။ ဘာရခ်င္လဲ၊ ဘာျဖစ္ခ်င္လဲ၊ ေတြးပါ။

၂။ ျဖစ္ခ်င္၊ ရခ်င္တဲ့အရာ‌ ေပၚလာရင္ ဘယ္လိုပညာနဲ႔ ရယူမလဲ လိုအပ္တဲ့ ပညာေလ့လာပါ။

၃။ ကိုယ္လုပ္မယ့္ ေဈးကြက္နယ္ပယ္ကို ေလ့လာပါ။

၄။ ကိုယ့္က်င္လည္တဲ့ နယ္ပယ္ကို မ်က္စိမလည္ ေစနဲ႔။ မ်က္စိမွားရင္ အသိပါ မွားတတ္တယ္။

၅။ ကိုယ္လုပ္မယ့္ စီးပြားနယ္ပယ္က ကိုယ္လုပ္တာနဲ႔ ထပ္တူက်ေအာင္ လုပ္ပါ။

crd

Post a Comment

0 Comments