ဘုရားဖူးသော ကြက်ဟင်းခါးသီး

အိန္ဒိယနိုင်ငံက မြို့ငယ်လေး တမြို့မှာ ဘာသာရေး ဂိုဏ်းဆရာ ဂုရုကြီး တယောက် ရှိပါတယ်။ သူ့မှာ တပည့်များစွာလည်း ရှိပါတယ်။ တပည့်တွေဟာ ဆရာကြီးကို မကြာခဏ လာတွေ့ပြီး တရား ဆွေးနွေးကြ ပါတယ်။

တနေ့မှာတော့ တပည့်တချို့ လာတွေ့ပြီး သူတို့ ဘုရားဖူးသွားမည့် အကြောင်း လာပြောကြပါတယ်။ ဂုရုကြီးက သူတို့ကို ပြုံးပြုံးကြီး ကြည့်ပြီး မေးလိုက်ပါတယ်။ "ဘာဖြစ်လို့ ဘုရားဖူး သွားချင်ကြတာလဲ"

"ဘုရားပေါ် ယုံကြည်မှုတွေ ပိုတိုး လာအောင်လို့ပါ"

"ဒါဆို ငါ့အတွက် တခုလောက် လုပ်ပေးလို့ ရမလား"

"ရပါတယ် ဆရာကြီး"

"ဟော့ဒီ ကြက်ဟင်းခါးသီး တလုံးကို မင်းတို့နဲ့ အတူ ယူသွားပေးပါ"

"ဘယ်ဘုရား ဖူးဖူး အဲ့ဒီ ကြက်ဟင်းခါးသီး ပါပါစေ၊ မင်းတို့ ပြန်လာတဲ့အခါ ငါ့ဆီကို ပြန်ယူလာပေးပါ" လို့ ပြောပြီး အနားမှာ ရှိတဲ့ကြက်ဟင်းခါးသီး တလုံးကို တပည့်တွေကို ပေးလိုက်ပါတယ်။

ဒီလိုနဲ့ တပည့်တွေလည်း ဆရာကြီး မှာတဲ့အတိုင်း ကြက်ဟင်းခါးသီးနဲ့ အတူ ဘုရားအဆူဆူ ဖူးပါသတဲ့။ ပြန်ရောက်တော့ ဆရာကြီးဆီ သွားပြီး ဘုရားဖူးလာတဲ့ ကြက်ဟင်းခါးသီးကို ပြန်ပေးလိုက် ပါတယ်။

"အတော်ပဲ မင်းတို့ရောက်တုန်း အဲ့ဒီ ကြက်ဟင်းခါးသီးနဲ့ ငါ့ကို ဟင်းတခွက် ချက်ကျွေးကြပါလား" လို့ ဆရာကြီးက ခိုင်းလိုက် ပါတယ်။ တပည့်တွေ ကလည်း ဆရာကြီး ခိုင်းတဲ့အတိုင်း ချက်ကျွေးကြ ပါတယ်။

ဂုရုဆရာကြီးက ကြက်ဟင်းခါးသီး ဟင်းကို တဇွန်းလောက် ခပ်စားပြီး တဲ့အခါ "အံ့သြဖို့ ကောင်းလိုက်တာ" လို့ ပြောလိုက်ပါသတဲ့။

တပည့်တွေ ကလည်း စိုးထိတ်သွားပြီး "ဘာများဖြစ်လို့ပါလဲ ဆရာကြီး" လို့ ပြန်မေးလိုက်ပါတယ်။ "ဒီကြက်ဟင်းခါးသီးက ဘုရားအဆူဆူ ဖူးပြီးတာတောင် ခါးနေတုန်းပဲကိုး"

"ဒါကတော့ ကြက်ဟင်းခါးသီးရဲ့ ပင်ကိုယ်သဘာဝ ပဲကိုး ဆရာကြီး"

"အေး၊ ငါပြောချင်တာ အဲ့ဒါပဲ။ ကြက်ဟင်းခါးသီးဟာ ဘုရားအဆူဆူ ဖူးခဲ့ပေမဲ့လည်း သူရဲ့ ပင်ကိုယ် အခါး သဘာဝကို မပြောင်းနိုင်တော့ ခါးမြဲ ခါးဆဲပဲ မဟုတ်လား

အိမ်း ဒီလိုပဲ မင်းတို့ရဲ့ ပင်ကိုယ် အကျင့်စရိုက်ကို မပြောင်းလဲဘဲ ဘယ်ဘုရား သွားဖူးဖူး ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး

မင်းတို့ရဲ့ ပင်ကိုယ် သဘာဝထဲမှာ ရှိနေတဲ့ မကောင်းတဲ့ အကျင့်စရိုက်တွေ လောဘ ဒေါသ မာန်မာနတွေ လွှမ်းမိုးနေတဲ့ စိတ်နေစိတ်ထားတွေ၊ သူတပါး အပေါ် မကောင်းမြင် မကောင်းထင်ပြီး အထင်သေး အပြစ်တင်ချင်တဲ့ စိတ်တွေကို မပြုပြင်ဘဲ ဘယ်ဘုရား သွားဖူးဖူး အကျိုးထူးလိမ့်မယ်လို့ ငါမထင်ဘူး။

ဒါ့ကြောင့် နောင်ကို ဘုရားသွားဖူးရင် ကိုယ့်ရဲ့ မကောင်းတဲ့ အမူအကျင့်တွေ၊ စိတ်နေသဘောထားတွေကို ပြု ပြင် ပြောင်းလဲနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပြီးမှ သွားဖူးသင့်တယ်။ ဒါမှလည်း အဓိပ္ပါယ်ရှိပြီး ကုသိုလ်ရမှာပေါ့။

crd

Zawgyi

ဘုရားဖူးေသာ ၾကက္ဟင္းခါးသီး

အိႏၵိယႏိုင္ငံက ၿမိဳ႕ငယ္ေလး တၿမိဳ႕မွာ ဘာသာေရး ဂိုဏ္းဆရာ ဂု႐ုႀကီး တေယာက္ ရွိပါတယ္။ သူ႔မွာ တပည့္မ်ားစြာလည္း ရွိပါတယ္။ တပည့္ေတြဟာ ဆရာႀကီးကို မၾကာခဏ လာေတြ႕ၿပီး တရား ေဆြးေႏြးၾက ပါတယ္။

တေန႔မွာေတာ့ တပည့္တခ်ိဳ႕ လာေတြ႕ၿပီး သူတို႔ ဘုရားဖူးသြားမည့္ အေၾကာင္း လာေျပာၾကပါတယ္။ ဂု႐ုႀကီးက သူတို႔ကို ၿပဳံးၿပဳံးႀကီး ၾကည့္ၿပီး ေမးလိုက္ပါတယ္။ "ဘာျဖစ္လို႔ ဘုရားဖူး သြားခ်င္ၾကတာလဲ"

"ဘုရားေပၚ ယုံၾကည္မႈေတြ ပိုတိုး လာေအာင္လို႔ပါ"

"ဒါဆို ငါ့အတြက္ တခုေလာက္ လုပ္ေပးလို႔ ရမလား"

"ရပါတယ္ ဆရာႀကီး"

"ေဟာ့ဒီ ၾကက္ဟင္းခါးသီး တလုံးကို မင္းတို႔နဲ႔ အတူ ယူသြားေပးပါ"

"ဘယ္ဘုရား ဖူးဖူး အဲ့ဒီ ၾကက္ဟင္းခါးသီး ပါပါေစ၊ မင္းတို႔ ျပန္လာတဲ့အခါ ငါ့ဆီကို ျပန္ယူလာေပးပါ" လို႔ ေျပာၿပီး အနားမွာ ရွိတဲ့ၾကက္ဟင္းခါးသီး တလုံးကို တပည့္ေတြကို ေပးလိုက္ပါတယ္။

ဒီလိုနဲ႔ တပည့္ေတြလည္း ဆရာႀကီး မွာတဲ့အတိုင္း ၾကက္ဟင္းခါးသီးနဲ႔ အတူ ဘုရားအဆူဆူ ဖူးပါသတဲ့။ ျပန္ေရာက္ေတာ့ ဆရာႀကီးဆီ သြားၿပီး ဘုရားဖူးလာတဲ့ ၾကက္ဟင္းခါးသီးကို ျပန္ေပးလိုက္ ပါတယ္။

"အေတာ္ပဲ မင္းတို႔ေရာက္တုန္း အဲ့ဒီ ၾကက္ဟင္းခါးသီးနဲ႔ ငါ့ကို ဟင္းတခြက္ ခ်က္ေကြၽးၾကပါလား" လို႔ ဆရာႀကီးက ခိုင္းလိုက္ ပါတယ္။ တပည့္ေတြ ကလည္း ဆရာႀကီး ခိုင္းတဲ့အတိုင္း ခ်က္ေကြၽးၾက ပါတယ္။

ဂု႐ုဆရာႀကီးက ၾကက္ဟင္းခါးသီး ဟင္းကို တဇြန္းေလာက္ ခပ္စားၿပီး တဲ့အခါ "အံ့ၾသဖို႔ေကာင္းလိုက္တာ" လို႔ ေျပာလိုက္ပါသတဲ့။

တပည့္ေတြ ကလည္း စိုးထိတ္သြားၿပီး "ဘာမ်ားျဖစ္လို႔ပါလဲ ဆရာႀကီး" လို႔ ျပန္ေမးလိုက္ပါတယ္။ "ဒီၾကက္ဟင္းခါးသီးက ဘုရားအဆူဆူ ဖူးၿပီးတာေတာင္ ခါးေနတုန္းပဲကိုး"

"ဒါကေတာ့ ၾကက္ဟင္းခါးသီးရဲ႕ ပင္ကိုယ္သဘာဝ ပဲကိုး ဆရာႀကီး"

"ေအး၊ ငါေျပာခ်င္တာ အဲ့ဒါပဲ။ ၾကက္ဟင္းခါးသီးဟာ ဘုရားအဆူဆူ ဖူးခဲ့ေပမဲ့လည္း သူရဲ႕ ပင္ကိုယ္ အခါး သဘာဝကို မေျပာင္းႏိုင္ေတာ့ ခါးၿမဲ ခါးဆဲပဲ မဟုတ္လား

အိမ္း ဒီလိုပဲ မင္းတို႔ရဲ႕ ပင္ကိုယ္ အက်င့္စ႐ိုက္ကို မေျပာင္းလဲဘဲ ဘယ္ဘုရား သြားဖူးဖူး ဘာမွ ထူးျခားလာမွာ မဟုတ္ဘူး

မင္းတို႔ရဲ႕ ပင္ကိုယ္ သဘာဝထဲမွာ ရွိေနတဲ့ မေကာင္းတဲ့ အက်င့္စ႐ိုက္ေတြ ေလာဘ ေဒါသ မာန္မာနေတြ လႊမ္းမိုးေနတဲ့ စိတ္ေနစိတ္ထားေတြ၊ သူတပါး အေပၚ မေကာင္းျမင္ မေကာင္းထင္ၿပီး အထင္ေသး အျပစ္တင္ခ်င္တဲ့ စိတ္ေတြကို မျပဳျပင္ဘဲ ဘယ္ဘုရား သြားဖူးဖူး အက်ိဳးထူးလိမ့္မယ္လို႔ ငါမထင္ဘူး။

ဒါ့ေၾကာင့္ ေနာင္ကို ဘုရားသြားဖူးရင္ ကိုယ့္ရဲ႕ မေကာင္းတဲ့ အမူအက်င့္ေတြ၊ စိတ္ေနသေဘာထားေတြကို ျပဳ ျပင္ ေျပာင္းလဲႏိုင္ေအာင္ အတတ္ႏိုင္ဆုံး ႀကိဳးစားၿပီးမွ သြားဖူးသင့္တယ္။ ဒါမွလည္း အဓိပၸါယ္ရွိၿပီး ကုသိုလ္ရမွာေပါ့။

crd

Post a Comment

0 Comments