တံတားတစင်း

တခါတုန်းက လယ်မြေချင်း ကပ်လျက် နေထိုင် လုပ်ကိုင်ကြတဲ့ ညီအကိုနှစ်ဦးဟာ စကားများ ရန်ဖြစ်ကြတယ်။ ဒါဟာ သူတို့နှစ်ဦးကြား ပထမဆုံးနဲ့ အပြင်းထန်ဆုံး သဘောကွဲလွဲမှုပါ။ ဒီမတိုင်မီ ကတော့ သူတို့နှစ်ဦးဟာ စက်ကိရိယာ၊ လုပ်အား၊ ကုန်ပစ္စည်းတွေ ဝေမျှသုံးစွဲရင်း နေထိုင် ခဲ့ကြတာ နှစ်ပေါင်း ၄၀ ကြာမြင့်ခဲ့ပါတယ်။

ဒီနောက်မှာတော့ အချိန်အတော်ကြာ ချစ်ချစ်ခင်ခင် နေထိုင်ဆက်ဆံမှုဟာ ပြိုကွဲ ပျက်စီးသွားတယ်။ အထင်လွဲမှားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ကိစ္စကလေးဟာ နေ့ချင်းညချင်း ပြဿနာကြီး အဖြစ် ကြီးထွားလာခဲ့တယ်။ နောက်ဆုံးမှာတော့ ညီအကိုနှစ်ဦးဟာ တဦးကိုတဦး နာကြည်းမုန်းတီးစေမယ့် စကားတွေ ပြောဆိုရင်း ရက်သတ္တပတ် အတော်ကြာ မခေါ်မပြောကြ တော့ပါဘူး။

တမနက်မှာတော့ အကိုဖြစ်သူရဲ့ အိမ်တံခါးမှာ ခေါက်သံ ပေါ်လာခဲ့တယ်။ တံခါး ဖွင့်ကြည့်လိုက်တဲ့အခါ လက်သမားသုံး ပစ္စည်းကိရိယာများ ပါရှိသည့် သေတ္တာတလုံးကို ဆွဲကိုင်ထားတဲ့ လူတဦးကို တွေ့ရတယ်။ ထိုသူက ပြောလာပါတယ်။ "ကျွန်တော် ရက်အနည်းငယ် လုပ်ဖို့ အလုပ် ရှာနေတာပါ။ ခင်ဗျားဆီမှာ အလုပ်အကိုင် ရှိနိုင်ကောင်းပါရဲ့။ ကျွန်တော့်အတွက် အလုပ်ပေးနိုင်မလား"

အကိုဖြစ်သူက "ခင်ဗျားအတွက် ကျွန်တော်မှာ အလုပ်ရှိပါတယ်။ ချောင်းဟိုဘက်မှာ ရှိတဲ့ လယ်ကွင်းပြင်ကို ကြည့်လိုက်စမ်းပါ။ ဒါဟာ ကျွန်တော်ရဲ့ အိမ်နီးချင်း အခင်းပေါ့။ တကယ်တော့ အဲ့ဒီ အခင်းပိုင်ရှင်ဟာ ကျွန်တော့်ညီငယ် တဦးပါ။

ပြီးခဲ့တဲ့ အပတ်ထိ ကျွန်တော်တို့အခင်းနှစ်ခု ကြားမှာ ချိုင့်ဝှမ်းတခု ရှိနေခဲ့တယ်။ ကျွန်တော်ညီဟာ မြစ်ကမ်းဘေးက တာတမံကို ဘူဒိုဆာနဲ့ ဖြိုဖျက်ရင်း ချောင်းကလေးဖြစ်အောင် ပြုလုပ်ခဲ့တယ်။ ဒါဟာ ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာပဲ ဖြစ်ရမယ်။

ကျွန်တော်ကလည်း သူ့ထက် ပိုကောင်းအောင် အနှောင့်အယှက် ပေးချင်တယ်။ စပါးကျီဘေးမှာ စုပုံထားတဲ့ သစ်သားပုံကို တွေ့တယ်မို့လား။ ကျွန်တော့်အတွက် ၈ ပေလောက် မြင့်တဲ့ ခြံစည်းရိုးတခု တည်ဆောက်ပေး စေချင်ပါတယ်။ ဒါမှ ကျွန်တော့်ညီရဲ့ နေရာကို မမြင်ရတော့မှာ။ သူ့ကိုလည်း တနည်းနည်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတာပေါ့"

လက်သမားဆရာက "ကျွန်တော် နားလည်ပါတယ်ဗျာ။ ကျွန်တော့်ကို သံချောင်းတွေနဲ့ တွင်းတူးဖို့ စက်ကိရိယာတွေ ပေးပါ။ ခင်ဗျား စိတ်ကျေနပ်အောင် ပြုလုပ်ပေးပါမယ်" လို့ ပြောလိုက်ပါတယ်။

အကိုဖြစ်သူဟာ မြို့တက်ပြီး လိုအပ်သည့် ပစ္စည်းများ ဝယ်ယူပါတယ်။ သူဟာ လက်သမားဆရာကို လိုအပ်သည့် ပစ္စည်းများ အဆင်သင့်ဖြစ်အောင် ကူညီပေးပြီးနောက် ကိစ္စတခုကြောင့် ထိုနေ့ တနေ့လုံး အိမ်မှာ ရှိမနေခဲ့ပါဘူး။

လက်သမားဆရာဟာ ပေကြိုးတိုင်းခြင်း၊ လွှဖြတ်ခြင်း၊ သံရိုက်ခြင်း စသည်ဖြင့် တနေကုန် အလုပ်ရှုပ်နေ ခဲ့တယ်။ နေဝင်ခါနီး လယ်သမားပြန်ရောက်တဲ့အခါ လက်သမားဆရာဟာ သူ့အလုပ် အားလုံး ပြီးစီးနေပါပြီ။ လယ်သမား ကတော့ မျက်လုံးအစုံ ပြူးကျယ်ရင်း ခေါင်းငိုက်စိုက်ကျသွားတယ်။

အကြောင်းကတော့ လက်သမားဆရာ ဆောက်ပေးလိုက်တာက ခြံစည်းရိုး မဟုတ်ပဲ တံတားတစင်း ဖြစ်နေလို့ပါပဲ။ ချောင်းကလေးကို ဖြတ်ကျော်ရင်း တည်ဆောက်ထားတဲ့ တံတားလေး တစင်းပေါ့။ ကောင်းမွန်လှပတဲ့ လက်ကိုင်တန်းလေးလည်း ပါရှိ ပါသေးတယ်။ သူ့ညီဟာ လက်ကို ဆန့်တန်းရင်း တံတားပေါ် ဖြတ်ကျော်လာတာ တွေ့မြင်လိုက်ပါတယ်။

"အကိုဟာ သိပ်ကို သဘောထားကြီးတာပဲ။ ကျွန်တော် ပြောဆိုခဲ့၊ လုပ်ကိုင်ခဲ့သမျှကို လုံးဝ ဗွေမယူဘဲ ခုလို တံတားတစင်း တည်ဆောက်ပေးခဲ့တယ်နော်"

ညီအကိုနှစ်ဦးဟာ တံတားအစွန်း နှစ်ဘက်စီမှ လျှောက်လှမ်းလာကြရင်း တံတားအလယ် ရောက်တဲ့အခါ လက်ဆွဲ နှုတ်ဆက်လိုက်ကြတယ်။ သူတို့နှစ်ဦး လက်သမားဆရာဘက် လှည့်ကြည့်လိုက်တဲ့အခါ ကိရိယာများ ပါရှိသည့် သေတ္တာကို ကောက်ထမ်းနေကြောင်း တွေ့ရတယ်။

အကိုဖြစ်သူက "ဟို ခဏစောင့်ပါဦးဗျာ။ ရက်အနည်းငယ်လောက် ဆက်နေပေးပါလား။ ကျွန်တော့်မှာ ခင်ဗျားအတွက် အလုပ်တွေ ရှိပါသေးတယ်" လို့ အော်ပြောလိုက်တယ်။ ဒီအခါ လက်သမားဆရာက ပြန်ပြောပါတယ်။ "ကျွန်တော် ဆက်ပြီး နေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဆက်သွယ် ပေါင်းကူးပေးရမယ့် တံတား အမြောက်အများ တည်ဆောက်ပေးစရာ ရှိနေပါသေးတယ်ဗျာ"

Cridet ZK

Zawgyi

တံတားတစင္း

တခါတုန္းက လယ္ေျမခ်င္း ကပ္လ်က္ ေနထိုင္ လုပ္ကိုင္ၾကတဲ့ ညီအကိုႏွစ္ဦးဟာ စကားမ်ား ရန္ျဖစ္ၾကတယ္။ ဒါဟာ သူတို႔ႏွစ္ဦးၾကား ပထမဆုံးနဲ႔ အျပင္းထန္ဆုံး သေဘာကြဲလြဲမႈပါ။ ဒီမတိုင္မီ ကေတာ့ သူတို႔ႏွစ္ဦးဟာ စက္ကိရိယာ၊ လုပ္အား၊ ကုန္ပစၥည္းေတြ ေဝမွ်သုံးစြဲရင္း ေနထိုင္ ခဲ့ၾကတာ ႏွစ္ေပါင္း ၄၀ ၾကာျမင့္ခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ အခ်ိန္အေတာ္ၾကာ ခ်စ္ခ်စ္ခင္ခင္ ေနထိုင္ဆက္ဆံမႈဟာ ၿပိဳကြဲ ပ်က္စီးသြားတယ္။ အထင္လြဲမွားမႈေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ကိစၥကေလးဟာ ေန႔ခ်င္းညခ်င္း ျပႆနာႀကီး အျဖစ္ ႀကီးထြားလာခဲ့တယ္။ ေနာက္ဆုံးမွာေတာ့ ညီအကိုႏွစ္ဦးဟာ တဦးကိုတဦး နာၾကည္းမုန္းတီးေစမယ့္ စကားေတြ ေျပာဆိုရင္း ရက္သတၱပတ္ အေတာ္ၾကာ မေခၚမေျပာၾက ေတာ့ပါဘူး။

တမနက္မွာေတာ့ အကိုျဖစ္သူရဲ႕ အိမ္တံခါးမွာ ေခါက္သံ ေပၚလာခဲ့တယ္။ တံခါး ဖြင့္ၾကည့္လိုက္တဲ့အခါ လက္သမားသုံး ပစၥည္းကိရိယာမ်ား ပါရွိသည့္ ေသတၱာတလုံးကို ဆြဲကိုင္ထားတဲ့ လူတဦးကို ေတြ႕ရတယ္။ ထိုသူက ေျပာလာပါတယ္။ "ကြၽန္ေတာ္ ရက္အနည္းငယ္ လုပ္ဖို႔ အလုပ္ ရွာေနတာပါ။ ခင္ဗ်ားဆီမွာ အလုပ္အကိုင္ ရွိႏိုင္ေကာင္းပါရဲ႕။ ကြၽန္ေတာ့္အတြက္ အလုပ္ေပးႏိုင္မလား"

အကိုျဖစ္သူက "ခင္ဗ်ားအတြက္ ကြၽန္ေတာ္မွာ အလုပ္ရွိပါတယ္။ ေခ်ာင္းဟိုဘက္မွာ ရွိတဲ့ လယ္ကြင္းျပင္ကို ၾကည့္လိုက္စမ္းပါ။ ဒါဟာ ကြၽန္ေတာ္ရဲ႕ အိမ္နီးခ်င္း အခင္းေပါ့။ တကယ္ေတာ့ အဲ့ဒီ အခင္းပိုင္ရွင္ဟာ ကြၽန္ေတာ့္ညီငယ္ တဦးပါ။

ၿပီးခဲ့တဲ့ အပတ္ထိ ကြၽန္ေတာ္တို႔အခင္းႏွစ္ခု ၾကားမွာ ခ်ိဳင့္ဝွမ္းတခု ရွိေနခဲ့တယ္။ ကြၽန္ေတာ္ညီဟာ ျမစ္ကမ္းေဘးက တာတမံကို ဘူဒိုဆာနဲ႔ ၿဖိဳဖ်က္ရင္း ေခ်ာင္းကေလးျဖစ္ေအာင္ ျပဳလုပ္ခဲ့တယ္။ ဒါဟာ ကြၽန္ေတာ့္ကို စိတ္အေႏွာင့္အယွက္ျဖစ္ေအာင္ လုပ္တာပဲ ျဖစ္ရမယ္။

ကြၽန္ေတာ္ကလည္း သူ႔ထက္ ပိုေကာင္းေအာင္ အေႏွာင့္အယွက္ ေပးခ်င္တယ္။ စပါးက်ီေဘးမွာ စုပုံထားတဲ့ သစ္သားပုံကို ေတြ႕တယ္မို႔လား။ ကြၽန္ေတာ့္အတြက္ ၈ ေပေလာက္ ျမင့္တဲ့ ၿခံစည္း႐ိုးတခု တည္ေဆာက္ေပး ေစခ်င္ပါတယ္။ ဒါမွ ကြၽန္ေတာ့္ညီရဲ႕ ေနရာကို မျမင္ရေတာ့မွာ။ သူ႔ကိုလည္း တနည္းနည္းနဲ႔ စိတ္အေႏွာင့္အယွက္ ျဖစ္ေစတာေပါ့"

လက္သမားဆရာက "ကြၽန္ေတာ္ နားလည္ပါတယ္ဗ်ာ။ ကြၽန္ေတာ့္ကို သံေခ်ာင္းေတြနဲ႔ တြင္းတူးဖို႔ စက္ကိရိယာေတြ ေပးပါ။ ခင္ဗ်ား စိတ္ေက်နပ္ေအာင္ ျပဳလုပ္ေပးပါမယ္" လို႔ ေျပာလိုက္ပါတယ္။

အကိုျဖစ္သူဟာ ၿမိဳ႕တက္ၿပီး လိုအပ္သည့္ ပစၥည္းမ်ား ဝယ္ယူပါတယ္။ သူဟာ လက္သမားဆရာကို လိုအပ္သည့္ ပစၥည္းမ်ား အဆင္သင့္ျဖစ္ေအာင္ ကူညီေပးၿပီးေနာက္ ကိစၥတခုေၾကာင့္ ထိုေန႔ တေန႔လုံး အိမ္မွာ ရွိမေနခဲ့ပါဘူး။

လက္သမားဆရာဟာ ေပႀကိဳးတိုင္းျခင္း၊ လႊျဖတ္ျခင္း၊ သံ႐ိုက္ျခင္း စသည္ျဖင့္ တေနကုန္ အလုပ္ရႈပ္ေန ခဲ့တယ္။ ေနဝင္ခါနီး လယ္သမားျပန္ေရာက္တဲ့အခါ လက္သမားဆရာဟာ သူ႔အလုပ္ အားလုံး ၿပီးစီးေနပါၿပီ။ လယ္သမား ကေတာ့ မ်က္လုံးအစုံ ျပဴးက်ယ္ရင္း ေခါင္းငိုက္စိုက္က်သြားတယ္။

အေၾကာင္းကေတာ့ လက္သမားဆရာ ေဆာက္ေပးလိုက္တာက ၿခံစည္း႐ိုး မဟုတ္ပဲ တံတားတစင္း ျဖစ္ေနလို႔ပါပဲ။ ေခ်ာင္းကေလးကို ျဖတ္ေက်ာ္ရင္း တည္ေဆာက္ထားတဲ့ တံတားေလး တစင္းေပါ့။ ေကာင္းမြန္လွပတဲ့ လက္ကိုင္တန္းေလးလည္း ပါရွိ ပါေသးတယ္။ သူ႔ညီဟာ လက္ကို ဆန႔္တန္းရင္း တံတားေပၚ ျဖတ္ေက်ာ္လာတာ ေတြ႕ျမင္လိုက္ပါတယ္။

"အကိုဟာ သိပ္ကို သေဘာထားႀကီးတာပဲ။ ကြၽန္ေတာ္ ေျပာဆိုခဲ့၊ လုပ္ကိုင္ခဲ့သမွ်ကို လုံးဝ ေဗြမယူဘဲ ခုလို တံတားတစင္း တည္ေဆာက္ေပးခဲ့တယ္ေနာ္"

ညီအကိုႏွစ္ဦးဟာ တံတားအစြန္း ႏွစ္ဘက္စီမွ ေလွ်ာက္လွမ္းလာၾကရင္း တံတားအလယ္ ေရာက္တဲ့အခါ လက္ဆြဲ ႏႈတ္ဆက္လိုက္ၾကတယ္။ သူတို႔ႏွစ္ဦး လက္သမားဆရာဘက္ လွည့္ၾကည့္လိုက္တဲ့အခါ ကိရိယာမ်ား ပါရွိသည့္ ေသတၱာကို ေကာက္ထမ္းေနေၾကာင္း ေတြ႕ရတယ္။

အကိုျဖစ္သူက "ဟို ခဏေစာင့္ပါဦးဗ်ာ။ ရက္အနည္းငယ္ေလာက္ ဆက္ေနေပးပါလား။ ကြၽန္ေတာ့္မွာ ခင္ဗ်ားအတြက္ အလုပ္ေတြ ရွိပါေသးတယ္" လို႔ ေအာ္ေျပာလိုက္တယ္။ ဒီအခါ လက္သမားဆရာက ျပန္ေျပာပါတယ္။ "ကြၽန္ေတာ္ ဆက္ၿပီး ေနခ်င္ပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ့္မွာ ဆက္သြယ္ ေပါင္းကူးေပးရမယ့္ တံတား အေျမာက္အမ်ား တည္ေဆာက္ေပးစရာ ရွိေနပါေသးတယ္ဗ်ာ"

Cridet ZK

Post a Comment

0 Comments