ကမ္ဘာပေါ်မှာ မိခင်နဲ့ ကလေးကြားက ဆက်သွယ်မှုက အရင်းနှီးဆုံး၊ အနွေးထွေးဆုံး ဆက်သွယ်မှုပါ။ ကလေးတစ်ယောက် ကျန်းကျန်းမာမာ မွေးဖွားလာဖို့အတွက် မိခင်ရဲ့ကျန်းမာရေးကလည်း အရေးကြီးပါတယ်။ ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အဝလွန်ခြင်းက မွေးလာမယ့်ကလေးရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုကို ဘယ်လိုပြဿနာဖြစ်စေနိုင်လဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

ကိုယ်ဝန်ဆောင်နေချိန် အဝလွန်တာက မိခင်နဲ့ ဆရာဝန်ပါ စိတ်ပူရစေပါတယ်။ လိုတာထက်ကို ပိုဝလာရင် သွေးတိုးတာ၊ ကိုယ်ဝန်ဆောင်ချိန် ဆီးချိုရောဂါ ဖြစ်တာတွေကို ကြုံတွေ့ရစေပါတယ်။ အဲဒါကြောင့် BMI နဲ့ ကိုက်ညီအောင် နေထိုင်ဖို့ အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်တဲ့အခါ ကိုယ်အလေးချိန်က တိုးလာမှာပဲလို့ တချို့က ပြောကြပါတယ်။ ဒါပေမယ့် ဝသင့်တာထက် အဝလွန်တာတဲ့အခါ ကလေးကိုပါ ထိခိုက်စေပါတယ်။ ကိုယ်ဝန်ပျက်ကျတဲ့ အခြေအနေထိလည်း ဖြစ်စေနိုင်ပါတယ်။ Columbia တက္ကသိုလ်နဲ့ တက္ကဆက် တက္ကသိုလ်တို့ရဲ့ လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်မိခင် အဝလွန်တာက ကလေးရဲ့ဖွံ့ဖြိုးမှုတွေကို ထိခိုက်စေကြောင်း တွေ့ရပါတယ်။

အာဟာရပညာရှင်တွေနဲ့ ကူးစက်ရောဂါ ကာကွယ်ရေး ပညာရှင်တို့က ကိုယ်ဝန်ဆောင် မိခင်ပေါင်း ၃၆၈ ယောက်နဲ့ သူတို့ရဲ့ ၃ နှစ်နဲ့ ၇ နှစ်အရွယ် ကလေးတွေကို လေ့လာခဲ့ပါတယ်။ လေ့လာချက်မှာ ပါဝင်တဲ့ မိခင်တွေရဲ့ ပညာအရည်အချင်း၊ IQ level တွေကိုလည်း မှတ်တမ်းတင် ထားခဲ့ပါတယ်။ ကလေး ၃ နှစ်အရွယ်မှာ တစ်ခါလေ့လာခဲ့ပြီး နောက်ထပ် ၄ နှစ်အကြာ ကလေး ၇ နှစ်အရွယ်မှာ ထပ်မံလေ့လာခဲ့ပါတယ်။

ရလဒ် ထွက်လာတဲ့အခါ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အဝလွန်ခြင်းနဲ့ ကလေးရဲ့ဉာဏ်ရည်က ဆက်စပ်နေတာကို တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အဝလွန်တဲ့ မိခင်ရဲ့ကလေးတွေဟာ သာမန် ကိုယ်အလေးချိန်ရှိတဲ့ မိခင်ရဲ့ကလေးထက် ဉာဏ်ရည် ပိုနိမ့်ပါးတာကို တွေ့ရပါတယ်။

ဒါပေမယ့် တစ်ဖက်မှာတော့ ကလေးမွေးလာတဲ့အခါ ပတ်ဝန်းကျင်နဲ့ အစားအသောက် အနေအထိုင်ကြောင့် ကလေးရဲ့ ဉာဏ်ရည်က ပြောင်းလဲသွားနိုင်တယ် လို့လည်း ထောက်ပြထားပါတယ်။

အဝလွန်တာက ကိုယ်ဝန်ဆောင်ချိန်မှာမှ မဟုတ်ဘဲ ကျန်တဲ့ တခြားအချိန်တွေ အတွက်လည်း မကောင်းတာကြောင့် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန် ရှိသင့်ကြောင်း ပညာရှင်တွေက တိုက်တွန်းထားပါတယ်။

Zombie (Lovemedia)

for zawgyi

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အဝလြန္တာက ေမြးလာမယ့္ကေလးရဲ႕ ဉာဏ္ရည္ကို ဘယ္လိုထိခိုက္ေစႏိုင္သလဲ

ကမာၻေပၚမွာ မိခင္နဲ႔ ကေလးၾကားက ဆက္သြယ္မႈက အရင္းႏွီးဆုံး၊ အေႏြးေထြးဆုံး ဆက္သြယ္မႈပါ။ ကေလးတစ္ေယာက္ က်န္းက်န္းမာမာ ေမြးဖြားလာဖို႔အတြက္ မိခင္ရဲ႕က်န္းမာေရးကလည္း အေရးႀကီးပါတယ္။ ဒီေန႔မွာေတာ့ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ အဝလြန္ျခင္းက ေမြးလာမယ့္ကေလးရဲ႕ အသိဉာဏ္ဖြံ႕ၿဖိဳးမႈကို ဘယ္လိုျပႆနာျဖစ္ေစႏိုင္လဲ ဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

ကိုယ္ဝန္ေဆာင္ေနခ်ိန္ အဝလြန္တာက မိခင္နဲ႔ ဆရာဝန္ပါ စိတ္ပူရေစပါတယ္။ လိုတာထက္ကို ပိုဝလာရင္ ေသြးတိုးတာ၊ ကိုယ္ဝန္ေဆာင္ခ်ိန္ ဆီးခ်ိဳေရာဂါ ျဖစ္တာေတြကို ႀကဳံေတြ႕ရေစပါတယ္။ အဲဒါေၾကာင့္ BMI နဲ႔ ကိုက္ညီေအာင္ ေနထိုင္ဖို႔ အေရးႀကီးပါတယ္။

ကိုယ္ဝန္ေဆာင္တဲ့အခါ ကိုယ္အေလးခ်ိန္က တိုးလာမွာပဲလို႔ တခ်ိဳ႕က ေျပာၾကပါတယ္။ ဒါေပမယ့္ ဝသင့္တာထက္ အဝလြန္တာတဲ့အခါ ကေလးကိုပါ ထိခိုက္ေစပါတယ္။ ကိုယ္ဝန္ပ်က္က်တဲ့ အေျခအေနထိလည္း ျဖစ္ေစႏိုင္ပါတယ္။ Columbia တကၠသိုလ္နဲ႔ တကၠဆက္ တကၠသိုလ္တို႔ရဲ႕ ေလ့လာခ်က္ေတြအရ ကိုယ္ဝန္ေဆာင္မိခင္ အဝလြန္တာက ကေလးရဲ႕ဖြံ႕ၿဖိဳးမႈေတြကို ထိခိုက္ေစေၾကာင္း ေတြ႕ရပါတယ္။

အာဟာရပညာရွင္ေတြနဲ႔ ကူးစက္ေရာဂါ ကာကြယ္ေရး ပညာရွင္တို႔က ကိုယ္ဝန္ေဆာင္ မိခင္ေပါင္း ၃၆၈ ေယာက္နဲ႔ သူတို႔ရဲ႕ ၃ ႏွစ္နဲ႔ ၇ ႏွစ္အ႐ြယ္ ကေလးေတြကို ေလ့လာခဲ့ပါတယ္။ ေလ့လာခ်က္မွာ ပါဝင္တဲ့ မိခင္ေတြရဲ႕ ပညာအရည္အခ်င္း၊ IQ level ေတြကိုလည္း မွတ္တမ္းတင္ ထားခဲ့ပါတယ္။ ကေလး ၃ ႏွစ္အ႐ြယ္မွာ တစ္ခါေလ့လာခဲ့ၿပီး ေနာက္ထပ္ ၄ ႏွစ္အၾကာ ကေလး ၇ ႏွစ္အ႐ြယ္မွာ ထပ္မံေလ့လာခဲ့ပါတယ္။

ရလဒ္ ထြက္လာတဲ့အခါ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ အဝလြန္ျခင္းနဲ႔ ကေလးရဲ႕ဉာဏ္ရည္က ဆက္စပ္ေနတာကို ေတြ႕ရပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ အဝလြန္တဲ့ မိခင္ရဲ႕ကေလးေတြဟာ သာမန္ ကိုယ္အေလးခ်ိန္ရွိတဲ့ မိခင္ရဲ႕ကေလးထက္ ဉာဏ္ရည္ ပိုနိမ့္ပါးတာကို ေတြ႕ရပါတယ္။

ဒါေပမယ့္ တစ္ဖက္မွာေတာ့ ကေလးေမြးလာတဲ့အခါ ပတ္ဝန္းက်င္နဲ႔ အစားအေသာက္ အေနအထိုင္ေၾကာင့္ ကေလးရဲ႕ ဉာဏ္ရည္က ေျပာင္းလဲသြားႏိုင္တယ္ လို႔လည္း ေထာက္ျပထားပါတယ္။

အဝလြန္တာက ကိုယ္ဝန္ေဆာင္ခ်ိန္မွာမွ မဟုတ္ဘဲ က်န္တဲ့ တျခားအခ်ိန္ေတြ အတြက္လည္း မေကာင္းတာေၾကာင့္ က်န္းမာေရးနဲ႔ ကိုက္ညီတဲ့ ကိုယ္အေလးခ်ိန္ ရွိသင့္ေၾကာင္း ပညာရွင္ေတြက တိုက္တြန္းထားပါတယ္။

Zombie (Lovemedia)