ဟိုးရှေးရှေးတုန်းက အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတဦး ရှိတယ်။ ပြီးတော့ သူဌေးကြီးက မိန်းမ လေးယောက် ယူထားတယ်။ ၄ ယောက်လုံးနဲ့လည်း တအိမ်ထဲ နေပြီးတော့ တယောက်နဲ့ တယောက်ကလည်း ချစ်ခင်ကြတယ်။

လေးယောက်မြောက် မိန်းမကိုတော့ သူဌေးကြီးက အချစ်ဆုံးပဲ။ အဲ့မိန်းမကို ဝတ်ကောင်းစားလှတွေ အချိန်တိုင်း ဆင်ပေးပြီးတော့ ဖျားနာတာမျိုး မဖြစ်ရအောင် အချိန်ပေးပြီး ဂရုစိုက်တယ်။ သူက ဂရုစိုက်ပေမယ့် သူ့မိန်းမကတော့ သူ့ကို ဘာမှ ပြန်မလုပ်ပေးဘူး။

သူဌေးကြီးဟာ သုံးယောက်မြောက် မိန်းမကိုလည်း တော်တော် ချစ်ရှာတယ်။ အဲဒီမိန်းမအတွက် အချိန်တွေ ပေးထားတယ်။ အလုပ်တွေကြိုးစားတယ်။ သူဌေးကြီးအတွက် အဲဒီမိန်းမက စီးပွားရေးလည်း တဖက်တလမ်း လုပ်ပေးသေးတယ်။ သူဌေးကြီးကတော့ အဲဒီမိန်းမက တခြားတယောက်နဲ့ ပါသွားမှာကို အရမ်း စိုးရိမ်နေပါတယ်။

နှစ်ယောက်မြောက် မိန်းမကိုလည်း သူဌေးကြီးက အလွန်ချစ်တယ်။ သူက အတွေးအခေါ် ကောင်းတယ်၊ စဉ်းစား ဆင်ခြင်နိုင်စွမ်း ရှိတယ်။တခါတလေ သူဌေးကြီး စိတ်ဓါတ် ကျနေရင်တောင် ထွေးပွေ့ပြီး အားပေးတတ်တဲ့သူ ဖြစ်တယ်။

ပထမမိန်းမ ကိုတော့ သူဌေးကြီးက သိပ်ကြည့်မရဘူး။ သူနဲ့အတူတူ သွားလာနေတာက လွဲလို့ သူ့ကို ဘာမှ မလုပ်ပေးနိုင်ဘူး လို့ ထင်တယ်။ သူ့မိန်းမကတော့ သူ့ကို အရမ်းချစ်တယ်။ ဒါပေမယ့် သူကတော့ သိပ်ဂရုမစိုက်ဘူး။

အဲဒီလိုနဲ့ တနေ့မှာတော့ သူဌေးကြီးမှာ ရောဂါတခု ရပါလေရော။ ဆရာဝန်ကလည်း မကြာခင် သေတော့မယ် လို့ ပြောလိုက်တယ်။ သူဌေးကြီး အိပ်ရာပေါ် လဲပြီ။ သူ့မိန်းမ လေးယောက်က သူ့ကို ဝိုင်းပြုစု ကြတယ်။

အဲဒါနဲ့ သူဌေးကြီးက လေးယောက်မြောက် မိန်းမကို မေးလိုက်တယ်။ "ငါသေရင် တမလွန်မှာ တယောက်ထဲ အဖော်မဲ့ နေမယ် ရှင်မရေ၊ မင်းငါနဲ့ တမလွန်ကို လိုက်ခဲ့မလား" လို့ မေးလိုက်တယ်။ သူ့မိန်းမက သူ့နားက ထွက်သွားတယ်။ ပြီးတော့ ခေါင်းခါပြတယ်။

ဒါနဲ့ သုံးယောက်မြောက် မိန်းမကို မေးပြန်တယ်။ "လိုက်လို့ မရဘူး၊ ကျမဘဝက ဒီအချိန်မှာ ပျော်စရာ ကောင်းနေပြီ၊ ရှင်သေရင် ကျွန်မက နောက်တယောက်ဆီ လိုက်သွားမှာပဲ" လို့ ဖြေတယ်။ သူဌေးကြီး အရမ်းကို ခံစားသွားရတယ်။

နှစ်ယောက်မြောက် မိန်းမကို မေးပြန်တယ်။ "စိတ်မကောင်းပါဘူး ငါ နင်နဲ့အတူ လိုက်မသေနိုင်ဘူး၊ ငါနင့်ကိုတော့ အုတ်ဂူအထိ လိုက်ပို့ပါ့မယ်"

သူဌေးကြီး လုံးဝ စိတ်ထိခိုက် သွားတယ်။ ပြီးတော့ ပထမမိန်းမကို လှည့်ကြည့်တယ်။ ပထမ မိန်းမကတော့ "ကောင်းပြီ ကျွန်မလိုက်ခဲ့မယ်" လို့ ဖြေလိုက်တယ်။ သူဌေးကြီးလည်း ပထမမိန်းမကို ဝမ်းသာအားရ ပွေ့ဖက်လိုက်တယ်။

ပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ ဒီပုံပြင်ထဲက လေးယောက်မြောက် မိန်းမဆိုတာ တခြား မဟုတ်ပါဘူး၊ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ပါပဲ။ ကျနော်တို့ဟာ ကိုယ့်ခန္ဓာကို အလှအပတွေဆင်၊ မဖျားနာအောင် ဂရုစိုက်တာတောင်မှ သေရင် ကျနော်တို့နဲ့အတူ လိုက်နိုင်မှာ မဟုတ်ပါဘူး။

တတိယ မိန်းမကတော့ စီးပွားဥစ္စာကို ရည်ညွန်းပါတယ်။ ကျနော်တို့ ဘယ်လောက် ရှာခဲ့ ရှာခဲ့ သေရင် ကိုယ့်သားသမီး၊ တခြားလူတွေဆီ ပါသွားမယ်။ ကျနော်တို့နဲ့ အတူ လိုက်နိုင်မှာ မဟုတ်ပါဘူး။

ဒုတိယမိန်းမ ကတော့ ကျနော်တို့ မိသားစုတွေနဲ့ သူငယ်ချင်းတွေပဲ။ သူတို့က ကျနော်တို့ကို အရာအားလုံးမှာ ကူညီပေမယ့် သေတဲ့အခါ လိုက်ပဲ ပို့နိုင်မယ်။ သူတို့ကတော့ လိုက်နိုင်မှာ မဟုတ်ပါဘူး။

ပထမမိန်းမ ကတော့ ကျနော်တို့ ပြုလုပ်ခဲ့တဲ့ ကုသိုလ်နဲ့ အကုသိုလ်ပါပဲ။ ကျနော်တို့က သူ့ကို သတိမထားမိပေမယ့် သူကတော့ ကျနော်တို့နဲ့ အတူတူ သံသရာ တလျှောက်လုံး လိုက်ပါလာမှာပဲ ဖြစ်ပါတယ်။

crd

Zawgyi

သူေဌးႀကီးႏွင့္ မယား ၄ ေယာက္

ဟိုးေရွးေရွးတုန္းက အရမ္းကို ခ်မ္းသာတဲ့ သူေဌးႀကီးတဦး ရွိတယ္။ ၿပီးေတာ့ သူေဌးႀကီးက မိန္းမ ေလးေယာက္ ယူထားတယ္။ ၄ ေယာက္လုံးနဲ႔လည္း တအိမ္ထဲ ေနၿပီးေတာ့ တေယာက္နဲ႔ တေယာက္ကလည္း ခ်စ္ခင္ၾကတယ္။

ေလးေယာက္ေျမာက္ မိန္းမကိုေတာ့ သူေဌးႀကီးက အခ်စ္ဆုံးပဲ။ အဲ့မိန္းမကို ဝတ္ေကာင္းစားလွေတြ အခ်ိန္တိုင္း ဆင္ေပးၿပီးေတာ့ ဖ်ားနာတာမ်ိဳး မျဖစ္ရေအာင္ အခ်ိန္ေပးၿပီး ဂ႐ုစိုက္တယ္။ သူက ဂ႐ုစိုက္ေပမယ့္ သူ႔မိန္းမကေတာ့ သူ႔ကို ဘာမွ ျပန္မလုပ္ေပးဘူး။

သူေဌးႀကီးဟာ သုံးေယာက္ေျမာက္ မိန္းမကိုလည္း ေတာ္ေတာ္ ခ်စ္ရွာတယ္။ အဲဒီမိန္းမအတြက္ အခ်ိန္ေတြ ေပးထားတယ္။ အလုပ္ေတြႀကိဳးစားတယ္။ သူေဌးႀကီးအတြက္ အဲဒီမိန္းမက စီးပြားေရးလည္း တဖက္တလမ္း လုပ္ေပးေသးတယ္။ သူေဌးႀကီးကေတာ့ အဲဒီမိန္းမက တျခားတေယာက္နဲ႔ ပါသြားမွာကို အရမ္း စိုးရိမ္ေနပါတယ္။

ႏွစ္ေယာက္ေျမာက္ မိန္းမကိုလည္း သူေဌးႀကီးက အလြန္ခ်စ္တယ္။ သူက အေတြးအေခၚ ေကာင္းတယ္၊ စဥ္းစား ဆင္ျခင္ႏိုင္စြမ္း ရွိတယ္။တခါတေလ သူေဌးႀကီး စိတ္ဓါတ္ က်ေနရင္ေတာင္ ေထြးေပြ႕ၿပီး အားေပးတတ္တဲ့သူ ျဖစ္တယ္။

ပထမမိန္းမ ကိုေတာ့ သူေဌးႀကီးက သိပ္ၾကည့္မရဘူး။ သူနဲ႔အတူတူ သြားလာေနတာက လြဲလို႔ သူ႔ကို ဘာမွ မလုပ္ေပးႏိုင္ဘူး လို႔ ထင္တယ္။ သူ႔မိန္းမကေတာ့ သူ႔ကို အရမ္းခ်စ္တယ္။ ဒါေပမယ့္ သူကေတာ့ သိပ္ဂ႐ုမစိုက္ဘူး။

အဲဒီလိုနဲ႔ တေန႔မွာေတာ့ သူေဌးႀကီးမွာ ေရာဂါတခု ရပါေလေရာ။ ဆရာဝန္ကလည္း မၾကာခင္ ေသေတာ့မယ္ လို႔ ေျပာလိုက္တယ္။ သူေဌးႀကီး အိပ္ရာေပၚ လဲၿပီ။ သူ႔မိန္းမ ေလးေယာက္က သူ႔ကို ဝိုင္းျပဳစု ၾကတယ္။

အဲဒါနဲ႔ သူေဌးႀကီးက ေလးေယာက္ေျမာက္ မိန္းမကို ေမးလိုက္တယ္။ "ငါေသရင္ တမလြန္မွာ တေယာက္ထဲ အေဖာ္မဲ့ ေနမယ္ ရွင္မေရ၊ မင္းငါနဲ႔ တမလြန္ကို လိုက္ခဲ့မလား" လို႔ ေမးလိုက္တယ္။ သူ႔မိန္းမက သူ႔နားက ထြက္သြားတယ္။ ၿပီးေတာ့ ေခါင္းခါျပတယ္။

ဒါနဲ႔ သုံးေယာက္ေျမာက္ မိန္းမကို ေမးျပန္တယ္။ "လိုက္လို႔ မရဘူး၊ က်မဘဝက ဒီအခ်ိန္မွာ ေပ်ာ္စရာ ေကာင္းေနၿပီ၊ ရွင္ေသရင္ ကြၽန္မက ေနာက္တေယာက္ဆီ လိုက္သြားမွာပဲ" လို႔ ေျဖတယ္။ သူေဌးႀကီး အရမ္းကို ခံစားသြားရတယ္။

ႏွစ္ေယာက္ေျမာက္ မိန္းမကို ေမးျပန္တယ္။ "စိတ္မေကာင္းပါဘူး ငါ နင္နဲ႔အတူ လိုက္မေသႏိုင္ဘူး၊ ငါနင့္ကိုေတာ့ အုတ္ဂူအထိ လိုက္ပို႔ပါ့မယ္"

သူေဌးႀကီး လုံးဝ စိတ္ထိခိုက္ သြားတယ္။ ၿပီးေတာ့ ပထမမိန္းမကို လွည့္ၾကည့္တယ္။ ပထမ မိန္းမကေတာ့ "ေကာင္းၿပီ ကြၽန္မလိုက္ခဲ့မယ္" လို႔ ေျဖလိုက္တယ္။ သူေဌးႀကီးလည္း ပထမမိန္းမကို ဝမ္းသာအားရ ေပြ႕ဖက္လိုက္တယ္။

ပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ ဒီပုံျပင္ထဲက ေလးေယာက္ေျမာက္ မိန္းမဆိုတာ တျခား မဟုတ္ပါဘူး၊ က်ေနာ္တို႔ရဲ႕ ခႏၶာကိုယ္ပါပဲ။ က်ေနာ္တို႔ဟာ ကိုယ့္ခႏၶာကို အလွအပေတြဆင္၊ မဖ်ားနာေအာင္ ဂ႐ုစိုက္တာေတာင္မွ ေသရင္ က်ေနာ္တို႔နဲ႔အတူ လိုက္ႏိုင္မွာ မဟုတ္ပါဘူး။

တတိယ မိန္းမကေတာ့ စီးပြားဥစၥာကို ရည္ၫြန္းပါတယ္။ က်ေနာ္တို႔ ဘယ္ေလာက္ ရွာခဲ့ ရွာခဲ့ ေသရင္ ကိုယ့္သားသမီး၊ တျခားလူေတြဆီ ပါသြားမယ္။ က်ေနာ္တို႔နဲ႔ အတူ လိုက္ႏိုင္မွာ မဟုတ္ပါဘူး။

ဒုတိယမိန္းမ ကေတာ့ က်ေနာ္တို႔ မိသားစုေတြနဲ႔ သူငယ္ခ်င္းေတြပဲ။ သူတို႔က က်ေနာ္တို႔ကို အရာအားလုံးမွာ ကူညီေပမယ့္ ေသတဲ့အခါ လိုက္ပဲ ပို႔ႏိုင္မယ္။ သူတို႔ကေတာ့ လိုက္ႏိုင္မွာ မဟုတ္ပါဘူး။

ပထမမိန္းမ ကေတာ့ က်ေနာ္တို႔ ျပဳလုပ္ခဲ့တဲ့ ကုသိုလ္နဲ႔ အကုသိုလ္ပါပဲ။ က်ေနာ္တို႔က သူ႔ကို သတိမထားမိေပမယ့္ သူကေတာ့ က်ေနာ္တို႔နဲ႔ အတူတူ သံသရာ တေလွ်ာက္လုံး လိုက္ပါလာမွာပဲ ျဖစ္ပါတယ္။

crd