ကြီးနိုင်ငယ်ညှင်း

တစ်ခါတုန်းက မောင်မြနဲ့ မောင်လှဆိုတဲ့ ညီအကိုနှစ်ယောက် ရှိကြတယ်။ တနေ့ သူတို့ ၂ ယောက်ရဲ့ ဖခင်ကြီး ဆုံးသွားတဲ့ အခါမှာတော့ သားနှစ်ယောက်ကို အမွေအဖြစ် နွားတကောင်နဲ့ သစ်ပင်တပင် ပေးခဲ့ပါတယ်။

မောင်မြက အတ္တကြီးပြီး သူ့ဖို့ပဲ စဉ်းစားတယ်၊ အငယ်ကို ညှာတာလေ့ မရှိဘူး။ မောင်လှကတော့ ရိုးသားပြီး စိတ်သဘောထား ကောင်းတဲ့သူဖြစ်တယ်။ တနေ့တော့ မောင်မြက မောင်လှကို ပြောတယ်။

"အဖေလည်းဆုံးပြီ ဆိုတော့ တို့ ၂ ယောက်မှာ နွားတကောင်နဲ့ သစ်ပင်တပင် ပိုင်ဆိုင်တယ်။ ဒီတော့ နွားရဲ့ နောက်ပိုင်းကို ငါ့ပိုင်ဆိုင်မှု အဖြစ်သတ်မှတ်ပြီး နွားရဲ့ အရှေ့ပိုင်းကိုတော့ မင်းယူပါ။ အဲဒီလိုပဲ သစ်ပင်ရဲ့ အပေါ်ပိုင်းကို ငါ့ပိုင်ဆိုင်မှုအဖြစ် သတ်မှတ်ပြီး သစ်ပင်ရဲ့ အောက်ပိုင်းကိုတော့ မင်းယူပါ" လို့ မောင်လှကို ပြောလိုက်တယ်။

မောင်လှကလည်း အကိုကြီးမောင်မြ ပြောတဲ့အတိုင်း သဘောတူခဲ့တယ်။ ဒီလိုနဲ့ မောင်လှဟာ နွားကို သေသေချာချာ ကျွေးမွေးပြုစုတဲ့အတွက် နွားဟာ ဝဖြီးလာပြီး နို့ထွက်လည်း ကောင်းလာခဲ့တယ်။ မောင်မြကတော့ နေ့စဉ် နွားနို့ကို ညှစ်ပြီး ပိုက်ဆံတွေ အမြောက်အများ ရရှိခဲ့တယ်။ ဒါပေမယ့် သူ့ညီမောင်လှကိုတော့ ဘယ်တော့မှ ခွဲဝေ မပေးခဲ့ဘူး။

မောင်လှက "နွားနို့က ရတဲ့ပိုက်ဆံတွေ ကျွန်တော့်ကိုလည်း တဝက်ပေးပါ" လို့ မောင်မြဆီက တောင်းတယ်။ အဲဒီတော့ မောင်မြက ပြောတယ်။ "ငါတို့ အစကတည်းက သဘောတူခဲ့ပြီး သားပဲလေ။ နွားအနောက်ပိုင်းကို ငါပိုင်တဲ့အတွက် ငါပဲရသင့်တယ်"

အဲဒီအဖြစ်ကို မြင်သွားတဲ့ ပညာရှိ အဖိုးအိုတဦးက မောင်လှကို အကြံပေးခဲ့တယ်။

ဒီလိုနဲ့ နောက်တရက်မှာ မောင်မြက ထုံးစံအတိုင်း နွားရဲ့အနောက်မှာ နွားနို့ ညှစ်ယူနေပါတယ်။ မောင်လှက အစာကျွေးနေရင်း နွားကို ခပ်ဆတ်ဆတ်လေး ရိုက်လိုက်တယ်။ နွားက လန့်ပြီး နောက်မှာရှိတဲ့ မောင်မြကို ကန်လိုက်ပါတော့တယ်။ အဲဒီအခါမောင်မြက ပြောတယ်။

"ဘာလို့နွားကို ရိုက်လိုက်တာလဲ။ ငါအနောက်မှာ နွားနို့ညှစ်နေတာ မတွေ့ဘူးလား"

"တွေ့ပါတယ် ဒါပေမယ့် ကျွန်တော့်နွား အရှေ့ပိုင်းကို ကျွန်တော် ကြိုက်တာ လုပ်ခွင့်ရှိပါတယ်၊ ဟုတ်တယ် မဟုတ်လား" လို့ ပြန်မေးလိုက်တဲ့အခါ မောင်မြလည်း ဘာမှမတတ်နိုင်တော့ပဲ နွားနို့ရောင်းလို့ ရတဲ့ငွေ တဝက်ကို ခွဲပေးပါ့မယ်လို့ ကတိပေးလိုက်ရ ပါတော့တယ်။

မောင်လှက "ပိုက်ဆံ ခွဲပေးယုံတင် မကဘူး၊ နွားသန့်ရှင်း လုပ်တာ အစာကျွေးတာက အစ ၂ ယောက် အတူတူ ညီတူညီမျှ လုပ်ရပါမယ်" လို့ ပြောလိုက်တယ်။ မောင်မြလည်း သဘောတူ လိုက်ရပါတယ်။

ဒီလိုနဲ့ မောင်မြဟာ သူတို့ ၂ ယောက် ပိုင်ဆိုင်တဲ့ သစ်ပင်ကြီး အပေါ်ပိုင်းမှာ အချိန်တန်တဲ့အခါ သစ်သီးသစ်ဥတွေ အများကြီး သီးလာပါတော့တယ်။ အဲဒီ သစ်သီးသစ်ဖုတွေ ကနေ မွှေးကြိုင်တဲ့ ရနံ့တွေ ထွက်ပေါ်နေပါတယ်။ အဲဒီသစ်ပင် အပေါ်ပိုင်းက ရတဲ့ သစ်သီးဝလံတွေကို မောင်မြက နေ့စဉ် ယူပြီး သွားရောင်းတဲ့ အတွက် ငွေအမြောက်အမြား ရရှိပါတယ်။ မောင်လှက မောင်မြဆီက တောင်းတယ်။

"ကျွန်တော့်ကိုလည်း တဝက်ခွဲပေးပါ"

"မခွဲပေးနိုင်ပါဘူး သစ်ပင် အပေါ်ပိုင်းကို ငါပိုင်တယ်လို့ သတ်မှတ်ထားတာပဲလေ၊ ငါပဲရသင့်တယ်"

သူတို့အဖြစ်ကို မြင်တဲ့ ပညာရှိအဖိုးအိုကပဲ မောင်လှကို အကြံတခု ပေးလိုက်ပါတော့တယ်။ နောက်တနေ့ ရောက်တဲ့အခါ မောင်မြက ထုံးစံအတိုင်း သစ်ပင်ပေါ် တက်ပြီး သစ်သီးတွေ ခူးနေတယ်။ အဲဒီအခါမောင်လှက သစ်ပင်ခြေရင်းကနေ လွှနဲ့ တိုက်ဖြတ်ပါတော့တယ်။

"မင်းဘယ်လို လုပ်နေတာလဲ၊ ငါသစ်ပင်ပေါ်မှာ ရှိနေတာ မမြင်ဘူးလား"

"မြင်ပါတယ် သစ်ပင်အောက်ပိုင်းက ကျွန်တော်ပိုင်တာ ဖြစ်တဲ့အတွက် ကျွန်တော်စိတ်ကြိုက် လုပ်ခွင့် ရှိပါတယ်" လို့ ပြန်ပြောလိုက်ပါတယ် ။

မောင်မြလည်း အဲဒီအခါမှ သူ့အမှားသူ ပြန်မြင်ပြီး "ငါက ဆိုးသွမ်းတဲ့ အကိုတယောက်ပါ။ မင်းအပေါ် မျှတမှု မရှိခဲ့ပါဘူး။ အခုကစပြီး ငါတို့အတူတူ အားလုံးကို ခွဲဝေ လုပ်ကိုင်ကြပါစို့" လို့ ပြောလိုက်ပါတော့တယ်။

Crd

Zawgyi

ၾကီးႏိုင္ငယ္ညွင္း

တစ္ခါတုန္းက ေမာင္ျမနဲ႔ ေမာင္လွဆိုတဲ့ ညီအကိုႏွစ္ေယာက္ ရွိၾကတယ္။ တေန႔ သူတို႔ ၂ ေယာက္ရဲ႕ ဖခင္ႀကီး ဆုံးသြားတဲ့ အခါမွာေတာ့ သားႏွစ္ေယာက္ကို အေမြအျဖစ္ ႏြားတေကာင္နဲ႔ သစ္ပင္တပင္ ေပးခဲ့ပါတယ္။

ေမာင္ျမက အတၱႀကီးၿပီး သူ႔ဖို႔ပဲ စဥ္းစားတယ္၊ အငယ္ကို ညႇာတာေလ့ မရွိဘူး။ ေမာင္လွကေတာ့ ႐ိုးသားၿပီး စိတ္သေဘာထား ေကာင္းတဲ့သူျဖစ္တယ္။ တေန႔ေတာ့ ေမာင္ျမက ေမာင္လွကို ေျပာတယ္။

"အေဖလည္းဆုံးၿပီ ဆိုေတာ့ တို႔ ၂ ေယာက္မွာ ႏြားတေကာင္နဲ႔ သစ္ပင္တပင္ ပိုင္ဆိုင္တယ္။ ဒီေတာ့ ႏြားရဲ႕ ေနာက္ပိုင္းကို ငါ့ပိုင္ဆိုင္မႈ အျဖစ္သတ္မွတ္ၿပီး ႏြားရဲ႕ အေရွ႕ပိုင္းကိုေတာ့ မင္းယူပါ။ အဲဒီလိုပဲ သစ္ပင္ရဲ႕ အေပၚပိုင္းကို ငါ့ပိုင္ဆိုင္မႈအျဖစ္ သတ္မွတ္ၿပီး သစ္ပင္ရဲ႕ ေအာက္ပိုင္းကိုေတာ့ မင္းယူပါ" လို႔ ေမာင္လွကို ေျပာလိုက္တယ္။

ေမာင္လွကလည္း အကိုႀကီးေမာင္ျမ ေျပာတဲ့အတိုင္း သေဘာတူခဲ့တယ္။ ဒီလိုနဲ႔ ေမာင္လွဟာ ႏြားကို ေသေသခ်ာခ်ာ ေကြၽးေမြးျပဳစုတဲ့အတြက္ ႏြားဟာ ဝၿဖီးလာၿပီး ႏို႔ထြက္လည္း ေကာင္းလာခဲ့တယ္။ ေမာင္ျမကေတာ့ ေန႔စဥ္ ႏြားႏို႔ကို ညႇစ္ၿပီး ပိုက္ဆံေတြ အေျမာက္အမ်ား ရရွိခဲ့တယ္။ ဒါေပမယ့္ သူ႔ညီေမာင္လွကိုေတာ့ ဘယ္ေတာ့မွ ခြဲေဝ မေပးခဲ့ဘူး။

ေမာင္လွက "ႏြားႏို႔က ရတဲ့ပိုက္ဆံေတြ ကြၽန္ေတာ့္ကိုလည္း တဝက္ေပးပါ" လို႔ ေမာင္ျမဆီက ေတာင္းတယ္။ အဲဒီေတာ့ ေမာင္ျမက ေျပာတယ္။ "ငါတို႔ အစကတည္းက သေဘာတူခဲ့ၿပီး သားပဲေလ။ ႏြားအေနာက္ပိုင္းကို ငါပိုင္တဲ့အတြက္ ငါပဲရသင့္တယ္"

အဲဒီအျဖစ္ကို ျမင္သြားတဲ့ ပညာရွိ အဖိုးအိုတဦးက ေမာင္လွကို အႀကံေပးခဲ့တယ္။

ဒီလိုနဲ႔ ေနာက္တရက္မွာ ေမာင္ျမက ထုံးစံအတိုင္း ႏြားရဲ႕အေနာက္မွာ ႏြားႏို႔ ညႇစ္ယူေနပါတယ္။ ေမာင္လွက အစာေကြၽးေနရင္း ႏြားကို ခပ္ဆတ္ဆတ္ေလး ႐ိုက္လိုက္တယ္။ ႏြားက လန႔္ၿပီး ေနာက္မွာရွိတဲ့ ေမာင္ျမကို ကန္လိုက္ပါေတာ့တယ္။ အဲဒီအခါေမာင္ျမက ေျပာတယ္။

"ဘာလို႔ႏြားကို ႐ိုက္လိုက္တာလဲ။ ငါအေနာက္မွာ ႏြားႏို႔ညႇစ္ေနတာ မေတြ႕ဘူးလား"

"ေတြ႕ပါတယ္ ဒါေပမယ့္ ကြၽန္ေတာ့္ႏြား အေရွ႕ပိုင္းကို ကြၽန္ေတာ္ ႀကိဳက္တာ လုပ္ခြင့္ရွိပါတယ္၊ ဟုတ္တယ္ မဟုတ္လား" လို႔ ျပန္ေမးလိုက္တဲ့အခါ ေမာင္ျမလည္း ဘာမွမတတ္ႏိုင္ေတာ့ပဲ ႏြားႏို႔ေရာင္းလို႔ ရတဲ့ေငြ တဝက္ကို ခြဲေပးပါ့မယ္လို႔ ကတိေပးလိုက္ရ ပါေတာ့တယ္။

ေမာင္လွက "ပိုက္ဆံ ခြဲေပးယုံတင္ မကဘူး၊ ႏြားသန႔္ရွင္း လုပ္တာ အစာေကြၽးတာက အစ ၂ ေယာက္ အတူတူ ညီတူညီမွ် လုပ္ရပါမယ္" လို႔ ေျပာလိုက္တယ္။ ေမာင္ျမလည္း သေဘာတူ လိုက္ရပါတယ္။

ဒီလိုနဲ႔ ေမာင္ျမဟာ သူတို႔ ၂ ေယာက္ ပိုင္ဆိုင္တဲ့ သစ္ပင္ႀကီး အေပၚပိုင္းမွာ အခ်ိန္တန္တဲ့အခါ သစ္သီးသစ္ဥေတြ အမ်ားႀကီး သီးလာပါေတာ့တယ္။ အဲဒီ သစ္သီးသစ္ဖုေတြ ကေန ေမႊးႀကိဳင္တဲ့ ရနံ႔ေတြ ထြက္ေပၚေနပါတယ္။ အဲဒီသစ္ပင္ အေပၚပိုင္းက ရတဲ့ သစ္သီးဝလံေတြကို ေမာင္ျမက ေန႔စဥ္ ယူၿပီး သြားေရာင္းတဲ့ အတြက္ ေငြအေျမာက္အျမား ရရွိပါတယ္။ ေမာင္လွက ေမာင္ျမဆီက ေတာင္းတယ္။

"ကြၽန္ေတာ့္ကိုလည္း တဝက္ခြဲေပးပါ"

"မခြဲေပးႏိုင္ပါဘူး သစ္ပင္ အေပၚပိုင္းကို ငါပိုင္တယ္လို႔ သတ္မွတ္ထားတာပဲေလ၊ ငါပဲရသင့္တယ္"

သူတို႔အျဖစ္ကို ျမင္တဲ့ ပညာရွိအဖိုးအိုကပဲ ေမာင္လွကို အႀကံတခု ေပးလိုက္ပါေတာ့တယ္။ ေနာက္တေန႔ ေရာက္တဲ့အခါ ေမာင္ျမက ထုံးစံအတိုင္း သစ္ပင္ေပၚ တက္ၿပီး သစ္သီးေတြ ခူးေနတယ္။ အဲဒီအခါေမာင္လွက သစ္ပင္ေျခရင္းကေန လႊနဲ႔ တိုက္ျဖတ္ပါေတာ့တယ္။

"မင္းဘယ္လို လုပ္ေနတာလဲ၊ ငါသစ္ပင္ေပၚမွာ ရွိေနတာ မျမင္ဘူးလား"

"ျမင္ပါတယ္ သစ္ပင္ေအာက္ပိုင္းက ကြၽန္ေတာ္ပိုင္တာ ျဖစ္တဲ့အတြက္ ကြၽန္ေတာ္စိတ္ႀကိဳက္ လုပ္ခြင့္ ရွိပါတယ္" လို႔ ျပန္ေျပာလိုက္ပါတယ္ ။

ေမာင္ျမလည္း အဲဒီအခါမွ သူ႔အမွားသူ ျပန္ျမင္ၿပီး "ငါက ဆိုးသြမ္းတဲ့ အကိုတေယာက္ပါ။ မင္းအေပၚ မွ်တမႈ မရွိခဲ့ပါဘူး။ အခုကစၿပီး ငါတို႔အတူတူ အားလုံးကို ခြဲေဝ လုပ္ကိုင္ၾကပါစို႔" လို႔ ေျပာလိုက္ပါေတာ့တယ္။

Crd

Post a Comment

0 Comments