သူတောင်းစားက သူတောင်းစားပါပဲ

တခါတုန်းကပေါ့။ မြို့တမြို့မှာ သူတောင်းစား တယောက် ရှိတယ်။ ဆင်းဆင်းရဲရဲ တောင်းစား နေရတာကို မကြည့်ရက်လို့ သိကြားမင်းက လူ့ပြည် ဆင်းလာပြီး..

"အသင် လူသား၊ ငါသင့်ကို ကူညီမယ်။ ဒါပေမဲ့ သင်ဘယ်လို လုပ်မလဲ ဆိုတာကိုတော့ အမှန်အတိုင်း ပြောပါ" လို့ ပြောလိုက်တော့ သူတောင်းစား က "ကောင်းပါပြီ" လို့ပြန်ပြောတယ်။

သိကြားမင်းက "သင့်ကို ပိုက်ဆံ ငါးသိန်း ပေးရင် သင် ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက စဉ်းစားပြီး "ဖုန်းဝယ်မယ်" တဲ့။

"ဖုန်းဝယ်ပြီး ဘာလုပ်မလို့လဲ"

"သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဘယ်နေရာ တောင်းကောင်းလဲ မေးပြီး အဲ့ ဒီနေရာ သွားတောင်းမယ်" တဲ့။

သိကြားမင်းက အင်း ဒီငွေလောက်နဲ့ သူ့ဘဝ မပြောင်းဘူး ဆိုပြီး "ဒါဆို သိန်းငါးဆယ် ပေးမယ် ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက တချက် ထပ်တွေးလိုက်တယ်။ "ဆိုင်ကယ်တစီး ဝယ်ပြီး တောင်းလို့ ကောင်းတဲ့ နေရာတွေကို မြန်မြန် သွားတောင်းလိုက်မှာ ပေါ့" တဲ့။

သိကြားမင်းက မဖြစ်သေးပါဘူး ဆိုပြီး "သိန်းတရာ ပေးမယ်ကွာ၊ ဘာလုပ်မလဲ" မေးတော့ သူတောင်းစားက "ကားဝယ်ပြီး တမြို့လုံး လိုက်တောင်းမယ်" တဲ့။

သိကြားမင်းက "မဖြစ်ပါဘူး နောက်ဆုံးအနေနဲ့ သိန်းငါးရာ ပေးမယ် ဘာလုပ်မလဲ" ဆိုတော့ သူတောင်းစားက ပျော်ပြီး "ဟာ၊ တမြို့လုံးမှာ ရှိတဲ့ သူတောင်းစားတွေကို ပိုက်ဆံပေး နှင်ထုတ်ပြီး တမြို့လုံးကို သူတယောက်တည်း တောင်းစားမှာပေါ့" တဲ့။

ဒီပုံပြင်လေးကတော့ ဒီလောက်ပါပဲ။ အခွင့်အရေး ဘယ်လောက်ရရ အတွေးအခေါ် မပြောင်းနိုင်သ၍ ကောင်းမွန်တဲ့ ရလဒ်ဆိုတာ မဖြစ်ပေါ်လာပါဘူး။

ဒီသူတောင်းစားကို ကြည့်ရအောင်၊ သူ့မှာ သူ့လုပ်ငန်းချဲ့ထွင် ကြီးထွားဖို့ (Skill set) ဆိုတဲ့ ကျွမ်းကျင်မှု အပြည့် ရှိပါတယ်။ ဒါပေမယ့် ချမ်းသာဖို့ အခွင့်အရေး ရနေတာတောင် တောင်းစားနေတဲ့ (Mind Set) ကို မပြောင်းလဲ နိုင်တာက သူ့ဘဝရဲ့ အဖြေ ဖြစ်သွားပါတယ်။

အတွေးအခေါ် မရှိတဲ့ လူကို ဘာပေးပေး ဘာမှ မဖြစ်လာပါဘူး။ နောက်ဆုံး သူတောင်းစားကို ပုလ္လင်ပေါ် တင်ပေးထားလည်း သူတောင်းစားစိတ် မပျောက်ရင်တော့ ပုလ္လင်ပေါ်ကနေ ပြည်သူတွေဆီက တောင်းနေဦးမှာပါပဲ။

Crd Origin

phoomyatchal

Zawgyi

သူေတာင္းစားက သူေတာင္းစားပါပဲ

တခါတုန္းကေပါ့။ ၿမိဳ႕တၿမိဳ႕မွာ သူေတာင္းစား တေယာက္ ရွိတယ္။ ဆင္းဆင္းရဲရဲ ေတာင္းစား ေနရတာကို မၾကည့္ရက္လို႔ သိၾကားမင္းက လူ႔ျပည္ ဆင္းလာၿပီး

"အသင္ လူသား၊ ငါသင့္ကို ကူညီမယ္။ ဒါေပမဲ့ သင္ဘယ္လို လုပ္မလဲ ဆိုတာကိုေတာ့ အမွန္အတိုင္း ေျပာပါ" လို႔ ေျပာလိုက္ေတာ့ သူေတာင္းစား က "ေကာင္းပါၿပီ" လို႔ျပန္ေျပာတယ္။

သိၾကားမင္းက "သင့္ကို ပိုက္ဆံ ငါးသိန္း ေပးရင္ သင္ ဘာလုပ္မလဲ" ဆိုေတာ့ သူေတာင္းစားက စဥ္းစားၿပီး "ဖုန္းဝယ္မယ္" တဲ့။

"ဖုန္းဝယ္ၿပီး ဘာလုပ္မလို႔လဲ"

"သူငယ္ခ်င္းေတြကို ဖုန္းဆက္ၿပီး ဘယ္ေနရာ ေတာင္းေကာင္းလဲ ေမးၿပီး အဲ့ ဒီေနရာ သြားေတာင္းမယ္" တဲ့။

သိၾကားမင္းက အင္း ဒီေငြေလာက္နဲ႔ သူ႔ဘဝ မေျပာင္းဘူး ဆိုၿပီး "ဒါဆို သိန္းငါးဆယ္ ေပးမယ္ ဘာလုပ္မလဲ" ဆိုေတာ့ သူေတာင္းစားက တခ်က္ ထပ္ေတြးလိုက္တယ္။ "ဆိုင္ကယ္တစီး ဝယ္ၿပီး ေတာင္းလို႔ ေကာင္းတဲ့ ေနရာေတြကို ျမန္ျမန္ သြားေတာင္းလိုက္မွာ ေပါ့" တဲ့။

သိၾကားမင္းက မျဖစ္ေသးပါဘူး ဆိုၿပီး "သိန္းတရာ ေပးမယ္ကြာ၊ ဘာလုပ္မလဲ" ေမးေတာ့ သူေတာင္းစားက "ကားဝယ္ၿပီး တၿမိဳ႕လုံး လိုက္ေတာင္းမယ္" တဲ့။

သိၾကားမင္းက "မျဖစ္ပါဘူး ေနာက္ဆုံးအေနနဲ႔ သိန္းငါးရာ ေပးမယ္ ဘာလုပ္မလဲ" ဆိုေတာ့ သူေတာင္းစားက ေပ်ာ္ၿပီး "ဟာ၊ တၿမိဳ႕လုံးမွာ ရွိတဲ့ သူေတာင္းစားေတြကို ပိုက္ဆံေပး ႏွင္ထုတ္ၿပီး တၿမိဳ႕လုံးကို သူတေယာက္တည္း ေတာင္းစားမွာေပါ့" တဲ့။

ဒီပုံျပင္ေလးကေတာ့ ဒီေလာက္ပါပဲ။ အခြင့္အေရး ဘယ္ေလာက္ရရ အေတြးအေခၚ မေျပာင္းႏိုင္သ၍ ေကာင္းမြန္တဲ့ ရလဒ္ဆိုတာ မျဖစ္ေပၚလာပါဘူး။

ဒီသူေတာင္းစားကို ၾကည့္ရေအာင္၊ သူ႔မွာ သူ႔လုပ္ငန္းခ်ဲ႕ထြင္ ႀကီးထြားဖို႔ (Skill set) ဆိုတဲ့ ကြၽမ္းက်င္မႈ အျပည့္ ရွိပါတယ္။ ဒါေပမယ့္ ခ်မ္းသာဖို႔ အခြင့္အေရး ရေနတာေတာင္ ေတာင္းစားေနတဲ့ (Mind Set) ကို မေျပာင္းလဲ ႏိုင္တာက သူ႔ဘဝရဲ႕ အေျဖ ျဖစ္သြားပါတယ္။

အေတြးအေခၚ မရွိတဲ့ လူကို ဘာေပးေပး ဘာမွ မျဖစ္လာပါဘူး။ ေနာက္ဆုံး သူေတာင္းစားကို ပုလႅင္ေပၚ တင္ေပးထားလည္း သူေတာင္းစားစိတ္ မေပ်ာက္ရင္ေတာ့ ပုလႅင္ေပၚကေန ျပည္သူေတြဆီက ေတာင္းေနဦးမွာပါပဲ။

Crd Origin

phoomyatchal

Post a Comment

0 Comments