တခါတုန်းက သစ်တောကြီး တတောထဲတွင် ခြင်္သေ့တကောင်နှင့် ကျားတကောင်သည် လိုဏ်ဂူတခုတွင် အတူတကွ နေထိုင်ကြသည်။ ခြင်္သေ့သည် ကျားယူဆောင်လာသော သားကောင်များကို လုယက် မစားပေ။ ကျားပေးမှသာ စားသည်။ ကျားကလည်း ခြင်္သေ့နည်းတူပင် စည်းနှင့်ကမ်းနှင့် နေထိုင်သောကြောင့် ခိုက်ရန်ဖြစ်ပွားမှု မရှိ၊ ငြင်းခုံမှု မရှိချေ။

တနေ့သောအခါ ကျားနှင့် ခြင်္သေ့တို့နေသော လိုဏ်ဂူသို့ ခွေးအ တကောင် ရောက်လာ၏။ အလွန်ပိန်ကြုံသော ခွေးအ ဖြစ်သည်။ "ဟယ် အယုတ်တမာကောင် သွားစမ်း၊ ငါတို့နေရာကို မလာနဲ့" ကျားက ဟိန်းဟောက်ပြီး နှင့်ထုတ်သည်။ "အရှင်တို့ရဲ့ စားကြွင်းစားကျန်တွေ စားပါရစေ၊ အရှင်တို့ရဲ့ ဝေယျာဝစ္စကို ဆောင်ရွက်ပေးပါရစေ"

"ခွေးအ ဆိုတာ ယုတ်က ယုတ်မာဘိသနဲ့၊ သွား သွား အခုထွက်သွား"

ခွေးအ သည် ကျား၏ ရှေ့မှ ထွက်ခွာသွား၏။ သို့ရာတွင် အပြီးအစီးထွက်ခွာ မသွားပါ။ ခြင်္သေ့ထံသို့ သွားရောက်ပြီး အသနားခံသည်။ "အရှင် ကျနော်မှာ နေစရာ မရှိလို့၊ အရှင်တို့ရဲ့ ခြေတော်ရင်းမှာ ခစားပြီး အလုပ်အကျွေးပြုပါရစေ" ခြင်္သေ့က သနားတတ်သဖြင့် ကျားထံသို့ ရောက်လာသည်။

"ခွေးအ လေးက သနားပါတယ်ဗျာ နေပါစေ" "ခွေးအ ဆိုတာ အလွန်ယုတ်မာတယ် ခြင်္သေ့ရဲ့" "ကျုပ်တို့ရဲ့ စားကြွင်းစားကျန်တွေကို သူကောက်စားတော့ သန့်ရှင်းရေး လုပ်ပြီးသား ဖြစ်သွားတာပေါ့၊ ကျုပ် တောင်းပန်ပါတယ် နေပါစေ" ဟု ခြင်္သေ့က ပြောသည်။

ဤသို့ဖြင့် ခွေးအ သည် ကျားနှင့် ခြင်္သေ့တို့၏ လိုဏ်ဂူတွင် ကပ်ရပ်ပြီး နေထိုင်ခွင့် ရသွားလေသည်။ သားစားသတ္တဝါကြီး နှစ်ကောင်၏ စားကြွင်းစားကျန် များကိုလည်း စားခွင့်ရ၏။ ခွေးအ မှာ အစားမှန်မှန် စားရ၊ ဝလင်အောင် စားရသဖြင့် မကြာမီ ဝဖြိုးလာလေ၏။ ငါ အခုလို ဝဖြိုးလာတာဟာ ခြင်္သေ့ရဲ့ ကျေးဇူးပါလား ဟု ခွေးအ သည် ကျေးဇူးမတင်ပါ။

"ငါဟာ ခြင်္သေ့နဲ့ ကျားတို့ရဲ့ စားကြွင်းစားကျန်ကို စားလာတာ သားကောင်တွေလည်း စုံလှပြီ၊ မျောက်သား၊ လင်းပိုင်သားတောင် ပါသေးတယ်။ အဲ တခုတော့ ရှိရဲ့၊ ငါဟာ ခြင်္သေ့နဲ့ ကျားသား တော့ မစားဖူးသေးဘူး" ဟု စဉ်းစားမိသောအခါ ခွေးအ မှာ ခြင်္သေ့သားနှင့် ကျားသားကို အလွန်စားချင်စိတ် ဖြစ်ပေါ်လာ၏။

"ခြင်္သေ့သားဟာ ချိုမယ်၊ ကျားသား ကတော့ ချိုပေမယ့် မာမယ် ထင်တယ်"  ခွေးအ သည် ခြင်္သေ့နှင့် ကျားကို မရဲတရဲကြည့်ရင်း သွားရည်ကျလာ၏။ "ခြင်္သေ့သားနဲ့ ကျားသားကို စားရအောင် ဘယ်လိုလုပ်ရပါမလဲ" ခွေးအ မှာ ခြင်္သေ့ရိပ် ကျားရိပ်တို့ကို ခိုလှုံရသောကြောင့် ကြောက်စရာ ရန်သူ မရှိ။ စားရန်အတွက်လည်း မပူပန်ရသောအခါ မကောင်းသော အတွေးကိုသာ မပြတ် တွေးနေမိလေ၏။

"ခြင်္သေ့နဲ့ ကျား စိတ်ဝမ်း ကွဲပြားအောင် လုပ်ရင် သူတို့ အချင်းချင်း ကိုက်မယ်၊ နှစ်ကောင်လုံး သေမယ်။ ဒီအချိန်ကျမှ ခြင်္သေ့သားနဲ့ ကျားသားကို အားရပါးရ စားမယ်" ခွေးအ သည် သူ့အတွေးဖြင့်သူ များစွာ ကျေနပ်သွား၏။ ချက်ချင်းပင် ကျားထံသို့ အမြီးကုတ်လျက် သွား၏။

ကျား၏ ရှေ့တွင် ရိုသေစွာ ဝပ်၏။ "အရှင် စကားတခွန်း တင်လျှောက်ပါရစေ၊ ကျနော်မျိုးရဲ့ အကျိုး မဟုတ်ပါဘူး။ အရှင်ကျားမင်းရဲ့ ကောင်းကျိုးပါ" ကျားသည် ခွေးအ ကို သဘောမကျသဖြင့် စကားမပြောပေ။ သို့သော် ခွေးအ က ဆက်ပြီးပြော၏။ "အရှင့်ကို ခြင်္သေ့ကြီးက ပြောပါတယ်။ အရှင့်ရဲ့ ရုပ်အဆင်းဟာ မပြေပြစ်ဘူး။ ခွန်အားဗလ ဉာဏ်ပညာလည်း မရှိဘူးပြောတာ ကျနော် မခံနိုင်လို့ လာပြောတာပါ"

"ဟဲ့ခွေး ထွက်သွားစမ်း" ကျားသည် အေးအေးလူလူ အိပ်နေရာက ထရပ်သည်။ ခွေးအ က ဆက်လက်ပြီး မနေရဲသဖြင့် အပြေးထလာသည်။ ခပ်လှမ်းလှမ်းသို့ အရောက်တွင် ကျားအား လှမ်းကြည့်သည်။ ကျားသည် ခြေပစ်လက်ပစ် ပြန်အိပ်နေပြီ။

ထိုအခါ ခွေးအ သည် ခြင်္သေ့ရှေ့တွင် ရိုသေစွာ ဝပ်နေ၏။ "ခွေးအ နေရထိုင်ရတာ စားရသောက်ရတာ အဆင်ပြေရဲ့ မဟုတ်လား" "အဆင်တော့ ပြေပါတယ် အရှင်၊ ဒါပေမယ့် ကျားက အရှင့်အကြောင်း မကောင်းပြောလာတော့ ကျနော် စိတ်မချမ်းသာဘူး အရှင်" "ဘယ်လို ပြောလို့တုန်း"

"ကျားကြီးက ပြောပါတယ်။ ခြင်္သေ့ ခြင်္သေ့နဲ့ အလကား ပါကွာတဲ့။ အဆင်းသဏ္ဍာန်လည်း မလှ၊ အားခွန်ဗလလည်း မရှိနဲ့တဲ့" "ဟေ့ ခွေးအ မဟုတ်တာတွေ လာပြောမနေစမ်းနဲ့" ခွေးအ ကား ယုတ်မာသော်လည်း ပါးနပ်သည်။ ဆက်မပြောတော့ဘဲ ငြိမ်သက်စွာ ဝပ်နေလေ၏။ သို့ရာတွင် ယုတ်မာသော အကြံကိုကား ဆက်လက်ကြံစည် စိတ်ကူးနေ၏။

နောက်တနေ့တွင် ကျားထံသို့ သွားပြန်သည်။ ယခင်စကားကို ပြောပြန်သည်။ ခြင်္သေ့ထံသို့လည်း အလားတူပင် သွားရောက် ပြောပြန်သည်။ သုံးကြိမ်သုံးခါ ကုန်းတိုက်စကားကို ကြားရသောအခါ ခြင်္သေ့သည် စိတ်လှုပ်ရှားလာပြီး ကျားထံသွားရန် စိတ်ကူး၏။ သို့သော် ထိုအချိန်တွင် ကျားရောက်လာသည်။ "ကျားပါလား ဘာကိစ္စရှိသတုန်း"

"ခြင်္သေ့ကြီးက အရှင့်မကောင်းကြောင်း ပြောနေပါတယ် ဆိုပြီး ခွေးအ က လာပြောတာ သုံးခါ ရှိသွားပြီ ခြင်္သေ့ရ၊ ခွေးယုတ်ကို သတိထားပေတော့"

"ကျုပ်ကို လာပြောနေတာလည်း သုံးကြိမ် ရှိပြီဗျ။ ကျားကြီးက အရှင့်မကောင်းကြောင်း ပြောနေပါတယ်တဲ့"

"ခြင်္သေ့ကြီး မပြောဘူးဆိုတာ ကျုပ် ယုံတဲ့အတွက် လက်နဲ့ ပုတ်ပစ်မယ်တောင် စိတ်ကူးမိသဗျ´"

"ကျုပ်ကတော့ ဒီလို မဟုတ်ဘူးဗျ။ ကျားကြီးဟာ တကယ်ပဲ ပြောသလား တွေးမိသေးတယ်။ ကျုပ် ဒီလို တွေးမိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ"

"မတောင်းပန်ပါနဲ့ ကိစ္စမရှိပါဘူး။ ကျုပ်တို့နှစ်ယောက် သစ္စာရှိရှိ ညီညီညွတ်ညွတ်နဲ့ ပွင့်လင်းကြ၊ ရိုးသားကြရင် ဘယ်သူမှ ကြားမဝင်နိုင်ပါဘူး"

ဤကဲ့သို့ ခြင်္သေ့နှင့် ကျားတို့ ပွင့်လင်းရင်းနှီးစွာ အချီအချ စကားပြောနေကြသည်ကို ခွေးအ မြင်ရသောအခါ ဆက်လက်နေထိုင်လျှင် သေဘေးနှင့် နီးသည်ဟု ရိပ်မိသောကြောင့် ဝေးရာအရပ်သို့ ထွက်ပြေးလေ၏။

တခြားသော လူတွေ ဘယ်လိုမျိုး စကားတွေပဲ ပြောပြော မိမိအတွက် ကောင်းမွန်အောင် ပြောတာလား၊ မိမိကို ဒုက္ခဖြစ်အောင် ကြံဖန်ပြီး ပြောတာလား ဆိုတာကို မိမိကိုယ် မိမိ သေသေချာချာ စဉ်းစားဝေဖန်၍ ယုံသင့်တာကိုပဲ ယုံကြည်ပါ။ အရာရာ အားလုံးကို မိမိကိုယ်မိမိ စဉ်းစားဝေဖန်ပြီးမှ ပြုလုပ်တာ အကောင်းမွန်ဆုံးပါ။

crd

Zawgyi

ကုန္းတိုက္ေသာ ေခြးအ

တခါတုန္းက သစ္ေတာႀကီး တေတာထဲတြင္ ျခေသၤ့တေကာင္ႏွင့္ က်ားတေကာင္သည္ လိုဏ္ဂူတခုတြင္ အတူတကြ ေနထိုင္ၾကသည္။ ျခေသၤ့သည္ က်ားယူေဆာင္လာေသာ သားေကာင္မ်ားကို လုယက္ မစားေပ။ က်ားေပးမွသာ စားသည္။ က်ားကလည္း ျခေသၤ့နည္းတူပင္ စည္းႏွင့္ကမ္းႏွင့္ ေနထိုင္ေသာေၾကာင့္ ခိုက္ရန္ျဖစ္ပြားမႈ မရွိ၊ ျငင္းခုံမႈ မရွိေခ်။

တေန႔ေသာအခါ က်ားႏွင့္ ျခေသၤ့တို႔ေနေသာ လိုဏ္ဂူသို႔ ေခြးအ တေကာင္ ေရာက္လာ၏။ အလြန္ပိန္ႀကဳံေသာ ေခြးအ ျဖစ္သည္။ "ဟယ္ အယုတ္တမာေကာင္ သြားစမ္း၊ ငါတို႔ေနရာကို မလာနဲ႔" က်ားက ဟိန္းေဟာက္ၿပီး ႏွင့္ထုတ္သည္။ "အရွင္တို႔ရဲ႕ စားႂကြင္းစားက်န္ေတြ စားပါရေစ၊ အရွင္တို႔ရဲ႕ ေဝယ်ာဝစၥကို ေဆာင္႐ြက္ေပးပါရေစ"

"ေခြးအ ဆိုတာ ယုတ္က ယုတ္မာဘိသနဲ႔၊ သြား သြား အခုထြက္သြား"

ေခြးအ သည္ က်ား၏ ေရွ႕မွ ထြက္ခြာသြား၏။ သို႔ရာတြင္ အၿပီးအစီးထြက္ခြာ မသြားပါ။ ျခေသၤ့ထံသို႔ သြားေရာက္ၿပီး အသနားခံသည္။ "အရွင္ က်ေနာ္မွာ ေနစရာ မရွိလို႔၊ အရွင္တို႔ရဲ႕ ေျခေတာ္ရင္းမွာ ခစားၿပီး အလုပ္အေကြၽးျပဳပါရေစ" ျခေသၤ့က သနားတတ္သျဖင့္ က်ားထံသို႔ ေရာက္လာသည္။

"ေခြးအ ေလးက သနားပါတယ္ဗ်ာ ေနပါေစ" "ေခြးအ ဆိုတာ အလြန္ယုတ္မာတယ္ ျခေသၤ့ရဲ႕" "က်ဳပ္တို႔ရဲ႕ စားႂကြင္းစားက်န္ေတြကို သူေကာက္စားေတာ့ သန႔္ရွင္းေရး လုပ္ၿပီးသား ျဖစ္သြားတာေပါ့၊ က်ဳပ္ ေတာင္းပန္ပါတယ္ ေနပါေစ" ဟု ျခေသၤ့က ေျပာသည္။

ဤသို႔ျဖင့္ ေခြးအ သည္ က်ားႏွင့္ ျခေသၤ့တို႔၏ လိုဏ္ဂူတြင္ ကပ္ရပ္ၿပီး ေနထိုင္ခြင့္ ရသြားေလသည္။ သားစားသတၱဝါႀကီး ႏွစ္ေကာင္၏ စားႂကြင္းစားက်န္ မ်ားကိုလည္း စားခြင့္ရ၏။ ေခြးအ မွာ အစားမွန္မွန္ စားရ၊ ဝလင္ေအာင္ စားရသျဖင့္ မၾကာမီ ဝၿဖိဳးလာေလ၏။ ငါ အခုလို ဝၿဖိဳးလာတာဟာ ျခေသၤ့ရဲ႕ ေက်းဇူးပါလား ဟု ေခြးအ သည္ ေက်းဇူးမတင္ပါ။

"ငါဟာ ျခေသၤ့နဲ႔ က်ားတို႔ရဲ႕ စားႂကြင္းစားက်န္ကို စားလာတာ သားေကာင္ေတြလည္း စုံလွၿပီ၊ ေမ်ာက္သား၊ လင္းပိုင္သားေတာင္ ပါေသးတယ္။ အဲ တခုေတာ့ ရွိရဲ႕၊ ငါဟာ ျခေသၤ့နဲ႔ က်ားသား ေတာ့ မစားဖူးေသးဘူး" ဟု စဥ္းစားမိေသာအခါ ေခြးအ မွာ ျခေသၤ့သားႏွင့္ က်ားသားကို အလြန္စားခ်င္စိတ္ ျဖစ္ေပၚလာ၏။

"ျခေသၤ့သားဟာ ခ်ိဳမယ္၊ က်ားသား ကေတာ့ ခ်ိဳေပမယ့္ မာမယ္ ထင္တယ္"  ေခြးအ သည္ ျခေသၤ့ႏွင့္ က်ားကို မရဲတရဲၾကည့္ရင္း သြားရည္က်လာ၏။ "ျခေသၤ့သားနဲ႔ က်ားသားကို စားရေအာင္ ဘယ္လိုလုပ္ရပါမလဲ" ေခြးအ မွာ ျခေသၤ့ရိပ္ က်ားရိပ္တို႔ကို ခိုလႈံရေသာေၾကာင့္ ေၾကာက္စရာ ရန္သူ မရွိ။ စားရန္အတြက္လည္း မပူပန္ရေသာအခါ မေကာင္းေသာ အေတြးကိုသာ မျပတ္ ေတြးေနမိေလ၏။

"ျခေသၤ့နဲ႔ က်ား စိတ္ဝမ္း ကြဲျပားေအာင္ လုပ္ရင္ သူတို႔ အခ်င္းခ်င္း ကိုက္မယ္၊ ႏွစ္ေကာင္လုံး ေသမယ္။ ဒီအခ်ိန္က်မွ ျခေသၤ့သားနဲ႔ က်ားသားကို အားရပါးရ စားမယ္" ေခြးအ သည္ သူ႔အေတြးျဖင့္သူ မ်ားစြာ ေက်နပ္သြား၏။ ခ်က္ခ်င္းပင္ က်ားထံသို႔ အၿမီးကုတ္လ်က္ သြား၏။

က်ား၏ ေရွ႕တြင္ ႐ိုေသစြာ ဝပ္၏။ "အရွင္ စကားတခြန္း တင္ေလွ်ာက္ပါရေစ၊ က်ေနာ္မ်ိဳးရဲ႕ အက်ိဳး မဟုတ္ပါဘူး။ အရွင္က်ားမင္းရဲ႕ ေကာင္းက်ိဳးပါ" က်ားသည္ ေခြးအ ကို သေဘာမက်သျဖင့္ စကားမေျပာေပ။ သို႔ေသာ္ ေခြးအ က ဆက္ၿပီးေျပာ၏။ "အရွင့္ကို ျခေသၤ့ႀကီးက ေျပာပါတယ္။ အရွင့္ရဲ႕ ႐ုပ္အဆင္းဟာ မေျပျပစ္ဘူး။ ခြန္အားဗလ ဉာဏ္ပညာလည္း မရွိဘူးေျပာတာ က်ေနာ္ မခံႏိုင္လို႔ လာေျပာတာပါ"

"ဟဲ့ေခြး ထြက္သြားစမ္း" က်ားသည္ ေအးေအးလူလူ အိပ္ေနရာက ထရပ္သည္။ ေခြးအ က ဆက္လက္ၿပီး မေနရဲသျဖင့္ အေျပးထလာသည္။ ခပ္လွမ္းလွမ္းသို႔ အေရာက္တြင္ က်ားအား လွမ္းၾကည့္သည္။ က်ားသည္ ေျခပစ္လက္ပစ္ ျပန္အိပ္ေနၿပီ။

ထိုအခါ ေခြးအ သည္ ျခေသၤ့ေရွ႕တြင္ ႐ိုေသစြာ ဝပ္ေန၏။ "ေခြးအ ေနရထိုင္ရတာ စားရေသာက္ရတာ အဆင္ေျပရဲ႕ မဟုတ္လား" "အဆင္ေတာ့ ေျပပါတယ္ အရွင္၊ ဒါေပမယ့္ က်ားက အရွင့္အေၾကာင္း မေကာင္းေျပာလာေတာ့ က်ေနာ္ စိတ္မခ်မ္းသာဘူး အရွင္" "ဘယ္လို ေျပာလို႔တုန္း"

"က်ားႀကီးက ေျပာပါတယ္။ ျခေသၤ့ ျခေသၤ့နဲ႔ အလကား ပါကြာတဲ့။ အဆင္းသ႑ာန္လည္း မလွ၊ အားခြန္ဗလလည္း မရွိနဲ႔တဲ့" "ေဟ့ ေခြးအ မဟုတ္တာေတြ လာေျပာမေနစမ္းနဲ႔" ေခြးအ ကား ယုတ္မာေသာ္လည္း ပါးနပ္သည္။ ဆက္မေျပာေတာ့ဘဲ ၿငိမ္သက္စြာ ဝပ္ေနေလ၏။ သို႔ရာတြင္ ယုတ္မာေသာ အႀကံကိုကား ဆက္လက္ႀကံစည္ စိတ္ကူးေန၏။

ေနာက္တေန႔တြင္ က်ားထံသို႔ သြားျပန္သည္။ ယခင္စကားကို ေျပာျပန္သည္။ ျခေသၤ့ထံသို႔လည္း အလားတူပင္ သြားေရာက္ ေျပာျပန္သည္။ သုံးႀကိမ္သုံးခါ ကုန္းတိုက္စကားကို ၾကားရေသာအခါ ျခေသၤ့သည္ စိတ္လႈပ္ရွားလာၿပီး က်ားထံသြားရန္ စိတ္ကူး၏။ သို႔ေသာ္ ထိုအခ်ိန္တြင္ က်ားေရာက္လာသည္။ "က်ားပါလား ဘာကိစၥရွိသတုန္း"

"ျခေသၤ့ႀကီးက အရွင့္မေကာင္းေၾကာင္း ေျပာေနပါတယ္ ဆိုၿပီး ေခြးအ က လာေျပာတာ သုံးခါ ရွိသြားၿပီ ျခေသၤ့ရ၊ ေခြးယုတ္ကို သတိထားေပေတာ့"

"က်ဳပ္ကို လာေျပာေနတာလည္း သုံးႀကိမ္ ရွိၿပီဗ်။ က်ားႀကီးက အရွင့္မေကာင္းေၾကာင္း ေျပာေနပါတယ္တဲ့"

"ျခေသၤ့ႀကီး မေျပာဘူးဆိုတာ က်ဳပ္ ယုံတဲ့အတြက္ လက္နဲ႔ ပုတ္ပစ္မယ္ေတာင္ စိတ္ကူးမိသဗ်´"

"က်ဳပ္ကေတာ့ ဒီလို မဟုတ္ဘူးဗ်။ က်ားႀကီးဟာ တကယ္ပဲ ေျပာသလား ေတြးမိေသးတယ္။ က်ဳပ္ ဒီလို ေတြးမိတဲ့အတြက္ ေတာင္းပန္ပါတယ္ဗ်ာ"

"မေတာင္းပန္ပါနဲ႔ ကိစၥမရွိပါဘူး။ က်ဳပ္တို႔ႏွစ္ေယာက္ သစၥာရွိရွိ ညီညီၫြတ္ၫြတ္နဲ႔ ပြင့္လင္းၾက၊ ႐ိုးသားၾကရင္ ဘယ္သူမွ ၾကားမဝင္ႏိုင္ပါဘူး"

ဤကဲ့သို႔ ျခေသၤ့ႏွင့္ က်ားတို႔ ပြင့္လင္းရင္းႏွီးစြာ အခ်ီအခ် စကားေျပာေနၾကသည္ကို ေခြးအ ျမင္ရေသာအခါ ဆက္လက္ေနထိုင္လွ်င္ ေသေဘးႏွင့္ နီးသည္ဟု ရိပ္မိေသာေၾကာင့္ ေဝးရာအရပ္သို႔ ထြက္ေျပးေလ၏။

တျခားေသာ လူေတြ ဘယ္လိုမ်ိဳး စကားေတြပဲ ေျပာေျပာ မိမိအတြက္ ေကာင္းမြန္ေအာင္ ေျပာတာလား၊ မိမိကို ဒုကၡျဖစ္ေအာင္ ႀကံဖန္ၿပီး ေျပာတာလား ဆိုတာကို မိမိကိုယ္ မိမိ ေသေသခ်ာခ်ာ စဥ္းစားေဝဖန္၍ ယုံသင့္တာကိုပဲ ယုံၾကည္ပါ။ အရာရာ အားလုံးကို မိမိကိုယ္မိမိ စဥ္းစားေဝဖန္ၿပီးမွ ျပဳလုပ္တာ အေကာင္းမြန္ဆုံးပါ။

crd