အစားကြူးတဲ့ ကျီးမိုက်

တခါတုန်းက ကျီးတကောင်ဟာ မြစ်ထဲမှာ မျောလာတဲ့ ဆင်သေတကောင်ကို မြင်လိုက်ရတယ်။ သူဟာ ဝမ်းသာစွာ ဆင်ရှိရာကို ပျံသွားတယ်။ ကျီးဟာ ဆင်သေပေါ်မှာ နားလိုက်ပြီး လှည့်ပတ် အကဲခက် ကြည့်နေတယ်။

"အင်း၊ ဆင်ကောင်က ကြီးတယ်။ ငါတသက်လုံး စားမကုန်နိုင်ဘူး။ အရင်က အစာရှာရင် ရန်သူကြောက်ရ ပင်လည်း ပင်ပန်း၊ ငါ့လောက် ကံကောင်းတဲ့သူ ဒီကမ္ဘာမှာ မရှိတော့ဘူး။

ဆင်သေကြီးကို တခြားကျီးကန်းတွေ သိလို့ မဖြစ်ဘူး တိတ်တိတ်လေး လိုက်သွားမှ" ဟု တွေးကာ သူတကောင်တည်း ဆင်သေကောင်ပေါ် နား၍ စားလိုက် အိပ်လိုက်နဲ့ လိုက်ပါသွားသည်။

ဆင်သေကောင်ကြီးသည် မြစ်အတွင်းမှ သမုဒ္ဒရာအတွင်းသို့ တဖြည်းဖြည်း မျောပါသွားလေသည်။ ရက်အတော် ကြာလာသောအခါ ဆင်သေကောင်ကြီး၏ ခန္ဓာကိုယ်မှ အသားများ ရိ၍ ပုပ်ပွကာ ရေအောက်သို့ ပဲ့ကျကုန် လေသည်၊၊

ဖြစ်ပျက်မှုကို မသိသော ကျီးသည် ဆင်သေကောင် အသားကို စွဲလမ်း တက်မက်စွာ စားသုံးလာခဲ့ရာ ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်သို့ ရောက်ရှိ သွားလေသည်။

ဆင်တကောင်လုံး ပုပ်ပွ၍ ရေအောက်ကို နစ်မြုပ်သွားတော့မှ ကျီးသည် ထိပ်လန့် တုန်လှုပ်လျက် ပျံသွားရန် ကြိုးစားပါတော့သည်။

စည်းစိမ်ရစ်မူး အစားကြူးကာ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ် မေ့လျော့စွာ နေထိုင် လာခဲ့သော ကြီးမိုက်သည် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်မှ လွတ်မြောက်အောင် မပျံသန်းနိုင် တော့ပေ။

လောဘကြီးပြီး အစားကြူးသော ကျီးကန်းသည် ပင်လယ်ပြင်ထဲ၌ပင် ဘဝဆုံးရှုံး လိုက်ရတော့သည်။

phoomyatchal

Zawgyi

အစားၾကဴးတဲ့ က်ီးမိုက္

တခါတုန္းက က်ီးတေကာင္ဟာ ျမစ္ထဲမွာ ေမ်ာလာတဲ့ ဆင္ေသတေကာင္ကို ျမင္လိုက္ရတယ္။ သူဟာ ဝမ္းသာစြာ ဆင္ရွိရာကို ပ်ံသြားတယ္။ က်ီးဟာ ဆင္ေသေပၚမွာ နားလိုက္ၿပီး လွည့္ပတ္ အကဲခက္ ၾကည့္ေနတယ္။

"အင္း၊ ဆင္ေကာင္က ႀကီးတယ္။ ငါတသက္လုံး စားမကုန္ႏိုင္ဘူး။ အရင္က အစာရွာရင္ ရန္သူေၾကာက္ရ ပင္လည္း ပင္ပန္း၊ ငါ့ေလာက္ကံေကာင္းတဲ့သူ ဒီကမာၻမွာ မရွိေတာ့ဘူး။

ဆင္ေသႀကီးကို တျခားက်ီးကန္းေတြ သိလို႔ မျဖစ္ဘူး တိတ္တိတ္ေလး လိုက္သြားမွ" ဟု ေတြးကာ သူတေကာင္တည္း ဆင္ေသေကာင္ေပၚ နား၍ စားလိုက္အိပ္လိုက္နဲ႔ လိုက္ပါသြားသည္။

ဆင္ေသေကာင္ႀကီးသည္ ျမစ္အတြင္းမွ သမုဒၵရာအတြင္းသို႔ တျဖည္းျဖည္း ေမ်ာပါသြားေလသည္။ ရက္အေတာ္ ၾကာလာေသာအခါ ဆင္ေသေကာင္ႀကီး၏ ခႏၶာကိုယ္မွ အသားမ်ား ရိ၍ ပုပ္ပြကာ ေရေအာက္သို႔ ပဲ့က်ကုန္ ေလသည္၊၊

ျဖစ္ပ်က္မႈကို မသိေသာ က်ီးသည္ ဆင္ေသေကာင္ အသားကို စြဲလမ္း တက္မက္စြာ စားသုံးလာခဲ့ရာ ကမ္းမျမင္ လမ္းမျမင္ ပင္လယ္ျပင္သို႔ ေရာက္ရွိ သြားေလသည္။

ဆင္တေကာင္လုံး ပုပ္ပြ၍ ေရေအာက္ကို နစ္ျမဳပ္သြားေတာ့မွ က်ီးသည္ ထိပ္လန႔္ တုန္လႈပ္လ်က္ ပ်ံသြားရန္ ႀကိဳးစားပါေတာ့သည္။ စည္းစိမ္ရစ္မူး အစားၾကဴးကာ ပတ္ဝန္းက်င္နဲ႔ အဆက္ျပတ္ ေမ့ေလ်ာ့စြာ ေနထိုင္ လာခဲ့ေသာ ႀကီးမိုက္သည္ ကမ္းမျမင္ လမ္းမျမင္ ပင္လယ္ျပင္မွ လြတ္ေျမာက္ေအာင္ မပ်ံသန္းႏိုင္ ေတာ့ေပ။

ေလာဘႀကီးၿပီး အစားၾကဴးေသာ က်ီးကန္းသည္ ပင္လယ္ျပင္ထဲ၌ပင္ ဘဝဆုံးရႈံး လိုက္ရေတာ့သည္။

phoomyatchal

Post a Comment

0 Comments