လူ အ

တခါတုန်းက ရွာတရွာမှာ ထင်ရှားကျော်ကြားတဲ့ သခ်ျာပညာရှင်ကြီး တယောက်ရှိတယ်။ သူဟာ သခ်ျာပညာမှာ တော်လွန်းလို့ ဘုရင်ကတောင် သင်္ချာပညာရပ်တွေ အတွက် သူ့ကို ခေါ်ပြီး တိုင်ပင်ရတယ်။

တရက်မှာ ရွာသူကြီးက သူ့အိမ်ကို လာလည်ရင်း ခုလိုပြောတယ်။ " ခင်ဗျားကသာ ဘုရင်ရဲ့ အတိုင်ပင်ခံလို ဖြစ်နေတာ ခင်ဗျားရဲ့ သားကတော့ ရွှေနဲ့ငွေမှာဘယ်ဟာက ပို အဖိုးတန်မှန်းတောင် မသိဘူး။ ထူလိုက် အ လိုက်တာ လွန်ရောဗျာ " တဲ့။

နောက်ပိုင်းမှာလည်း နေ့စဉ်ရက်ဆက် အဲဒီစကားကို ကျန်တဲ့ ရွာလူကြီးတွေရှေ့မှာ ပြောပြီး စ နောက် နေလို့ သင်္ချာပညာရှင်ဟာ ကြာတော့ရှက်လာတယ်။ ဒါကြောင့် သူ့သားကို မေးတယ်။

" သား ရွှေနဲ့ငွေ ဘယ်ဟာက ပိုပြီး အဖိုးတန်သလဲ "

" ရွှေပါ အဖေ "

" ဒါဆိုရင် မင်းက ဘာလို့ ရွာလူကြီးကို ငွေက ပိုအဖိုးတန်တယ် လို့ ပြောရတာလဲ ။ အဖေ့ကို မင်းဟာ ရွှေနဲ့ငွေ ဘယ်ဟာက ပိုတန်မှန်းတောင် မသိဘူး လို့ နေ့တိုင်း လာပြောနေတော့ အဖေ ရှက်တာပေါ့ "

" အော် ဒီလိုလား သားရှင်းပြပါ့မယ် ၊ ကျနော် မနက် ကျောင်းသွားလို့ သူကြီးအိမ်ရှေ့ ဖြတ်တိုင်း သူကြီးက ကျနော့်ကို အိမ်ပေါ်ခေါ်တယ်။ ပြီးရင် သူက လက်ဝါး တဖက်ပေါ်မှာ ရွှေဒင်္ဂါး တပြားနဲ့ နောက်လက်ဝါးပေါ်မှာ ငွေဒင်္ဂါးတပြားကို တင်ထားပြီး ပိုတန်ဖိုးကြီးတာကို ယူလို့ ပြောလို့ ငွေဒင်္ဂါးပြားကို ယူတယ်

သူကြီးနဲ့ ရွာလူကြီးတွေ တဟားဟားနဲ့ ရယ်မော နေကြတာပေါ့ ။ နေ့တိုင်း သူကြီးက သားကို ရွှေနဲ့ငွေ တန်ဖိုးကြီးတာကို ရွေးခိုင်းပြီး ရယ်စရာ လုပ်နေ ကြတယ် "

" သား မင်းဟာ ရွှေက တန်ဖိုးပိုကြီးမှန်း သိရက်သားနဲ့ နေ့တိုင်း ဘာလို့ ငွေဒင်္ဂါးတွေကိုပဲ ရွေးချယ်ရတာလဲ "

" အဖေ ၊ သားအခန်းထဲကို ခဏလိုက်ခဲ့ပါ ၊ ပြစရာရှိလို့ပါ "

အဖေဟာ သူ့သား အခန်းထဲကို လိုက်သွားတယ်။ သားက သူ့ကုတင်အောက်က သေတ္တာတလုံးကို ဆွဲထုတ်လိုက်ပြီး အဖုံးကို ဖွင့်ပြလိုက်တယ်။ သေတ္တာထဲမှာ ငွေဒင်္ဂါးအပြား တရာလောက် ရှိမယ်။ သားက သူ့အဖေကို လှည့်ကြည့်ရင်း ခုလို ပြောလိုက်ပါတယ် ။

" တကယ်လို့ သားသာ ရွှေဒင်္ဂါးပြားကို ရွေးချယ်လိုက်ရင် ပထမနေ့မှာပဲ ပွဲပြီးသွား မှာပေါ့ ၊ သူကြီးက ရွှေဒင်္ဂါးပြားကို နောက်နေ့ ဘယ်ပေးတော့မလဲ "

တကယ် ထက်မြက်ပြီး တော်တဲ့ လူတွေဟာ လူလည်လို မနေကြပါဘူး ။ လူ အ လို နေတတ်ကြပါတယ် ။ ဒါ့ကြောင့် လူတယောက်ကို လွယ်လွယ်နဲ့ အထင်မသေးလိုက်ပါနဲ့ ။

crd

Zawgyi

လူ အ

တခါတုန္းက ႐ြာတ႐ြာမွာ ထင္ရွားေက်ာ္ၾကားတဲ့ သခ္်ာပညာရွင္ႀကီး တေယာက္ရွိတယ္။ သူဟာ သခ္်ာပညာမွာ ေတာ္လြန္းလို႔ ဘုရင္ကေတာင္ သခ်ၤာပညာရပ္ေတြ အတြက္ သူ႔ကို ေခၚၿပီး တိုင္ပင္ရတယ္။

တရက္မွာ ႐ြာသူႀကီးက သူ႔အိမ္ကို လာလည္ရင္း ခုလိုေျပာတယ္။ " ခင္ဗ်ားကသာ ဘုရင္ရဲ႕ အတိုင္ပင္ခံလို ျဖစ္ေနတာ ခင္ဗ်ားရဲ႕ သားကေတာ့ ေ႐ႊနဲ႔ေငြမွာဘယ္ဟာက ပို အဖိုးတန္မွန္းေတာင္ မသိဘူး။ ထူလိုက္ အ လိုက္တာ လြန္ေရာဗ်ာ " တဲ့။

ေနာက္ပိုင္းမွာလည္း ေန႔စဥ္ရက္ဆက္ အဲဒီစကားကို က်န္တဲ့ ႐ြာလူႀကီးေတြေရွ႕မွာ ေျပာၿပီး စ ေနာက္ ေနလို႔ သခ်ၤာပညာရွင္ဟာ ၾကာေတာ့ရွက္လာတယ္။ ဒါေၾကာင့္ သူ႔သားကို ေမးတယ္။

" သား ေ႐ႊနဲ႔ေငြ ဘယ္ဟာက ပိုၿပီး အဖိုးတန္သလဲ "

" ေ႐ႊပါ အေဖ "

" ဒါဆိုရင္ မင္းက ဘာလို႔ ႐ြာလူႀကီးကို ေငြက ပိုအဖိုးတန္တယ္ လို႔ ေျပာရတာလဲ ။ အေဖ့ကို မင္းဟာ ေ႐ႊနဲ႔ေငြ ဘယ္ဟာက ပိုတန္မွန္းေတာင္ မသိဘူး လို႔ ေန႔တိုင္း လာေျပာေနေတာ့ အေဖ ရွက္တာေပါ့ "

" ေအာ္ ဒီလိုလား သားရွင္းျပပါ့မယ္ ၊ က်ေနာ္ မနက္ ေက်ာင္းသြားလို႔ သူႀကီးအိမ္ေရွ႕ ျဖတ္တိုင္း သူႀကီးက က်ေနာ့္ကို အိမ္ေပၚေခၚတယ္။ ၿပီးရင္ သူက လက္ဝါး တဖက္ေပၚမွာ ေ႐ႊဒဂၤါး တျပားနဲ႔ ေနာက္လက္ဝါးေပၚမွာ ေငြဒဂၤါးတျပားကို တင္ထားၿပီး ပိုတန္ဖိုးႀကီးတာကို ယူလို႔ ေျပာလို႔ ေငြဒဂၤါးျပားကို ယူတယ္

သူႀကီးနဲ႔ ႐ြာလူႀကီးေတြ တဟားဟားနဲ႔ ရယ္ေမာ ေနၾကတာေပါ့ ။ ေန႔တိုင္း သူႀကီးက သားကို ေ႐ႊနဲ႔ေငြ တန္ဖိုးႀကီးတာကို ေ႐ြးခိုင္းၿပီး ရယ္စရာ လုပ္ေန ၾကတယ္ "

" သား မင္းဟာ ေ႐ႊက တန္ဖိုးပိုႀကီးမွန္း သိရက္သားနဲ႔ ေန႔တိုင္း ဘာလို႔ ေငြဒဂၤါးေတြကိုပဲ ေ႐ြးခ်ယ္ရတာလဲ "

" အေဖ ၊ သားအခန္းထဲကို ခဏလိုက္ခဲ့ပါ ၊ ျပစရာရွိလို႔ပါ "

အေဖဟာ သူ႔သား အခန္းထဲကို လိုက္သြားတယ္။ သားက သူ႔ကုတင္ေအာက္က ေသတၱာတလုံးကို ဆြဲထုတ္လိုက္ၿပီး အဖုံးကို ဖြင့္ျပလိုက္တယ္။ ေသတၱာထဲမွာ ေငြဒဂၤါးအျပား တရာေလာက္ ရွိမယ္။ သားက သူ႔အေဖကို လွည့္ၾကည့္ရင္း ခုလို ေျပာလိုက္ပါတယ္ ။

" တကယ္လို႔ သားသာ ေ႐ႊဒဂၤါးျပားကို ေ႐ြးခ်ယ္လိုက္ရင္ ပထမေန႔မွာပဲ ပြဲၿပီးသြား မွာေပါ့ ၊ သူႀကီးက ေ႐ႊဒဂၤါးျပားကို ေနာက္ေန႔ ဘယ္ေပးေတာ့မလဲ "

တကယ္ ထက္ျမက္ၿပီး ေတာ္တဲ့ လူေတြဟာ လူလည္လို မေနၾကပါဘူး ။ လူ အ လို ေနတတ္ၾကပါတယ္ ။ ဒါ့ေၾကာင့္ လူတေယာက္ကို လြယ္လြယ္နဲ႔ အထင္မေသးလိုက္ပါနဲ႔ ။

crd

Post a Comment

0 Comments