ကျော့ရှင်းလှပတဲ့ ကျောပြင်လေးရဖို့ နည်းလမ်း (၆) သွယ်

နောက်ကျော ဆိုတာကတော့ လူသိပ် မမြင်ရပါဘူး။ ဒါပေမယ့် ကမ်းခြေသွားတာဖြစ်ဖြစ်၊ ရေကူးကန်သွားတာဖြစ်ဖြစ် သင့်နောက်ကျောကို လူတိုင်းက မြင်မှာပါပဲ။ မျက်နှာက လှပနေပြီး နောက်ကျောမှာက အနာအဆာရှိနေရင် ကြည့်လို့ မသင့်တော်ပါဘူး။ ပြီးတော့ နောက်ကျောက အရေပြားနဲ့ ကြွက်သားတွေက အရေးကြီးတာမို့ သူတို့တွေကိုလည်း ဂရုစိုက်ပေး သင့်ပါတယ်။ ဒါကြောင့် ဘယ်လိုတွေ ဂရုစိုက်ရမလဲ ဆိုတာကို love media ကနေ ပြောပြပေးသွားပါမယ်နော်။

၁။ အမြဲသန့်ရှင်းရေး လုပ်ပေးပါ။

ရေချိုးတဲ့ အခါတိုင်း သင့်နောက်ကျောကို သန့်ရှင်းရေး လုပ်ပေးဖို့ မေ့နေတတ်ပါလိမ့်မယ်။ မျက်နှာတွေ၊ ရင်ဘတ်တွေ၊ ခြေလက်တွေကို သန့်စင်နေပေမယ့် နောက်ကျောကိုတော့ သန့်ရှင်းဖို့ သတိမရတတ်ကြပါဘူး။

ချွေးပေါက်တွေ ပိတ်ဆို့တာကနေ ကာကွယ်ဖို့နှင့် ကျန်းမာနုပျိုတဲ့ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်းဓာတ်ဖြစ်တဲ့ collagen ထုတ်လုပ်မှုကို မြှင့်တင်ဖို့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် သန့်ရှင်းရေး အမြဲ လုပ်ပေးသင့်ပါတယ်။ လုပ်တဲ့နေရာမှာလည်း ရေမြှုပ်တွေ၊ တခြား နူးညံ့တဲ့အရာတွေပဲ သုံးသင့်ပါတယ်။

၂။ အစိုဓာတ်ထိန်းဖို့ မမေ့ပါနဲ့။

ရေနွေးနဲ့ ရေချိုးတာက အရေပြားထဲက အစိုဓာတ်နဲ့ သဘာဝ အဆီတွေကို ဖယ်ရှားသွားတာကြောင့် ရေချိုးပြီးတဲ့ အခါတိုင်းမှာ အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် lotion လိမ်းပေးဖို့ အရေးကြီးပါတယ်။ ဒါက ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး သင့်နောက်ကျောကို သွေးလှည့်ပတ်မှုကို မြှင့်တင်ပေးပါလိမ့်မယ်။

ဘယ်လိုမျိုးတွေ သုံးသင့်လဲ ဆိုတော့

- ဗီတာမင် A နှင့် B5 ဟာ အရေပြားကို တင်းမာစေပြီးတော့ အစိုဓာတ်ကို ရရှိစေပါတယ်။

- Antioxidant ဗီတာမင် C နှင့် E ဟာ အသားအရေ ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။

- အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ အနည်းဆုံး SPF 15 ပါတဲ့ ထုတ်ကုန်ကို အသုံးပြုသင့်ပါတယ်။

၃။ ကျောပိုးအိတ်ကို အမြဲ မလွယ်ပါနဲ့။

ကျောပိုးအိတ် လွယ်တာက သင့်နောက်ကျောကို ပူလောင်စေပြီးတော့ အသားနဲ့အမြဲ ပွတ်တိုက်နေတာကြောင့် ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေက သင့်နောက်ကျောနှင့် တိုက်ရိုက် မထိတွေ့နိုင်တဲ့ ပိုက်ဆံအိတ် သို့မဟုတ် လက်ဆွဲအိတ်တွေကိုပဲ သုံးဖို့ အကြံပေးထားပါတယ်။

၄။ အိပ်ယာခင်းတွေကို အမြဲ သန့်ရှင်းရေးလုပ်ပြီး လဲလှယ်ပေးပါ။

ရက်အတော်ကြာ အသုံးပြုထားတဲ့ အိပ်ယာခင်းတွေနှင့် ခေါင်းအုံးစွပ်တွေက သင့်အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဆဲလ်သေတွေနှင့် ဘက်တီးရီးယားတွေ အများအပြား စုပုံနေပြီး ဝက်ခြံ သို့မဟုတ် အခြား အရေပြား ပြဿနာတွေကို ဖြစ်စေပါတယ်။

ဒါတွေက နောက်ကျောမှာသာမက သင့်မျက်နှာတွေမှာပါ ဝက်ခြံတွေ၊ အမဲစက်တွေပါ ထလာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ယာခင်းတွေနှင့် ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါလောက် လဲပေးသင့်ပါတယ်။

၅။ ကိုယ်နေဟန်ထားကို အမြဲဖြောင့်မတ်အောင် ထားပါ။

အဆစ်တွေ၊ အရိုးတွေနှင့် ကြွက်သားတွေကို အမြဲတမ်း ဖြောင့်မတ် မှန်ကန်နေအောင် ထားသင့်ပါတယ်။ ပုံစံမကျရင် ခါးကကုန်းကုန်းကြီး ဖြစ်နေတဲ့အပြင် အထိုင်အထတွေ လုပ်တဲ့နေရာမှာလည်း အခက်အခဲတွေ ဖြစ်လာပါလိမ့်မယ်။ ခါးသာ မတ်မတ်ထားရင် အသက်ကြီးလာရင် နာကျင်တာတွေ သိပ်မရှိပဲ သင့်ကိုလည်း ကြည့်ကောင်းစေပါလိမ့်မယ်။

ဒါကြောင့် အမြဲတမ်း ခါးကိုမတ်နေဖို့ သတိရှိပေးပါ။ ဝမ်းဗိုက်နဲ့ ကြွက်သားတွေကိုလည်း အမြဲဂရုစိုက်ပေးပါ။

အောက်မှာ ပြထားတဲ့ ပုံထဲကအတိုင်း လိုက်လေ့ကျင့်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းက သင့်ရင်ဘတ်ကို ဆန့်ထုတ်ပြီး ဆန့်ထုတ်နိုင်အောင် ကူညီပေးတဲ့အတွက် အချိန်အများကြီး ထိုင်မယ်ဆိုရင် အလွန် အသုံးဝင်ပါတယ်။

- ခြေဖဝါးတွေကို အနည်းငယ် ခွာပြီး မတ်တပ်ရပ်ပါ။ သင့်လက်တွေကို နောက်ကျောဘက်ကို ထားပြီးတော့ လက်ချောင်းတွေ အချင်းချင်း ချိတ်ဆက်လိုက်ပါ။

- အသက်ကို ဝဝရှုပါ။ တစ်ချိန်တည်းမှာပဲ သင်ရဲ့ လက်တွေကို ကြမ်းပြင်ပေါ်မှာ ဆန့်တန်းထားပါ။ အသက်ကို (၅) ချက်လောက် ဝဝရှုလိုက်ပါ။ ပြီးရင် ကြွက်သားတွေကို ဖြေလျှော့ပြီး ၁၀ ကြိမ်လောက် ထပ်လုပ်ပါ။

ဒီလေ့ကျင့်ခန်းက သင့်ကျောကြွက်သားတွေရဲ့ အနေအထားကို မှန်ကန်စေပြီး အားကောင်းလာစေ နိုင်ပါတယ်။

- ကြမ်းပြင်ပေါ်မှာ လှဲချလိုက်ပါ။ ပြီးတော့ ခြေဖနောင့်ကို အားထည့်ပြီးတော့ မြှောက်လိုက်ပါ။

- ဒူးနှင့် တင်ပါးများကို ကြွပါ။

- ဒူးကို နည်းနည်းကွေးပြီး ကျောရိုးကို ဖြောင့်အောင်ထားပါ။

- မေးစေ့ကို ရင်ဘတ်နဲ့ တစ်တန်းတည်းထားပြီး ခြေဖနောင့်ကို အနည်းငယ် ကြွထားပါ။

၆။ သင့်နောက်ကျောအတွက် လေ့ကျင့်ခန်းတွေ လုပ်ပါ။

ကိုယ်အလေးချိန်ကို ထိန်းပြီး မလိုတဲ့အဆီတွေကို ဖယ်ရှားတာက သင့်ကို ကျန်းမာစေတဲ့အပြင် လှုပ်လှုပ်ရှားရှား နေတာက သင့်နောက်ကျောကိုလည်း လှပစေပါတယ်။ ကျွမ်းကျင်သူတွေက တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀၊ တစ်ပတ်မှာ ၅ ကြိမ် ပုံမှန် လေ့ကျင့်ခန်းလုပ်ဖို့ အကြံပေးထားပါတယ်။

တောင်တက်တာတွေ၊ စက်ဘီးစီးတာတွေ၊ ရေကူးတာတွေကလည်း သင့်နောက်ကျောကို သန်မာစေပြီးတော့ လှပစေပါလိမ့်မယ်။

Zombie (lovemedia)

for zawgyi

ေက်ာ့ရွင္းလွပတဲ့ ေက်ာျပင္ေလးရဖို႔ နည္းလမ္း (၆) သြယ္

ေနာက္ေက်ာ ဆိုတာကေတာ့ လူသိပ္ မျမင္ရပါဘူး။ ဒါေပမယ့္ ကမ္းေျခသြားတာျဖစ္ျဖစ္၊ ေရကူးကန္သြားတာျဖစ္ျဖစ္ သင့္ေနာက္ေက်ာကို လူတိုင္းက ျမင္မွာပါပဲ။ မ်က္ႏွာက လွပေနၿပီး ေနာက္ေက်ာမွာက အနာအဆာရွိေနရင္ ၾကည့္လို႔ မသင့္ေတာ္ပါဘူး။ ၿပီးေတာ့ ေနာက္ေက်ာက အေရျပားနဲ႔ ႂကြက္သားေတြက အေရးႀကီးတာမို႔ သူတို႔ေတြကိုလည္း ဂ႐ုစိုက္ေပး သင့္ပါတယ္။ ဒါေၾကာင့္ ဘယ္လိုေတြ ဂ႐ုစိုက္ရမလဲ ဆိုတာကို love media ကေန ေျပာျပေပးသြားပါမယ္ေနာ္။

၁။ အၿမဲသန႔္ရွင္းေရး လုပ္ေပးပါ။

ေရခ်ိဳးတဲ့ အခါတိုင္း သင့္ေနာက္ေက်ာကို သန႔္ရွင္းေရး လုပ္ေပးဖို႔ ေမ့ေနတတ္ပါလိမ့္မယ္။ မ်က္ႏွာေတြ၊ ရင္ဘတ္ေတြ၊ ေျခလက္ေတြကို သန႔္စင္ေနေပမယ့္ ေနာက္ေက်ာကိုေတာ့ သန႔္ရွင္းဖို႔ သတိမရတတ္ၾကပါဘူး။

ေခြၽးေပါက္ေတြ ပိတ္ဆို႔တာကေန ကာကြယ္ဖို႔ႏွင့္ က်န္းမာႏုပ်ိဳတဲ့ အသားအေရအတြက္ မရွိမျဖစ္လိုအပ္တဲ့ ပ႐ိုတင္းဓာတ္ျဖစ္တဲ့ collagen ထုတ္လုပ္မႈကို ျမႇင့္တင္ဖို႔ အလြန္အေရးႀကီးပါတယ္။ ဒါေၾကာင့္ သန႔္ရွင္းေရး အၿမဲ လုပ္ေပးသင့္ပါတယ္။ လုပ္တဲ့ေနရာမွာလည္း ေရျမႇဳပ္ေတြ၊ တျခား ႏူးညံ့တဲ့အရာေတြပဲ သုံးသင့္ပါတယ္။

၂။ အစိုဓာတ္ထိန္းဖို႔ မေမ့ပါနဲ႔။

ေရေႏြးနဲ႔ ေရခ်ိဳးတာက အေရျပားထဲက အစိုဓာတ္နဲ႔ သဘာဝ အဆီေတြကို ဖယ္ရွားသြားတာေၾကာင့္ ေရခ်ိဳးၿပီးတဲ့ အခါတိုင္းမွာ အစိုဓာတ္ထိန္းခရင္မ္ ဒါမွမဟုတ္ lotion လိမ္းေပးဖို႔ အေရးႀကီးပါတယ္။ ဒါက ေျခာက္ေသြ႕ျခင္းကို ကာကြယ္ေပးၿပီး သင့္ေနာက္ေက်ာကို ေသြးလွည့္ပတ္မႈကို ျမႇင့္တင္ေပးပါလိမ့္မယ္။

ဘယ္လိုမ်ိဳးေတြ သုံးသင့္လဲ ဆိုေတာ့

- ဗီတာမင္ A ႏွင့္ B5 ဟာ အေရျပားကို တင္းမာေစၿပီးေတာ့ အစိုဓာတ္ကို ရရွိေစပါတယ္။

- Antioxidant ဗီတာမင္ C ႏွင့္ E ဟာ အသားအေရ ပ်က္စီးမႈကို ကာကြယ္ေပးပါတယ္။

- အ႐ြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ဖို႔ အနည္းဆုံး SPF 15 ပါတဲ့ ထုတ္ကုန္ကို အသုံးျပဳသင့္ပါတယ္။

၃။ ေက်ာပိုးအိတ္ကို အၿမဲ မလြယ္ပါနဲ႔။

ေက်ာပိုးအိတ္ လြယ္တာက သင့္ေနာက္ေက်ာကို ပူေလာင္ေစၿပီးေတာ့ အသားနဲ႔အၿမဲ ပြတ္တိုက္ေနတာေၾကာင့္ ဝက္ၿခံေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ ကြၽမ္းက်င္သူေတြက သင့္ေနာက္ေက်ာႏွင့္ တိုက္႐ိုက္ မထိေတြ႕ႏိုင္တဲ့ ပိုက္ဆံအိတ္ သို႔မဟုတ္ လက္ဆြဲအိတ္ေတြကိုပဲ သုံးဖို႔ အႀကံေပးထားပါတယ္။

၄။ အိပ္ယာခင္းေတြကို အၿမဲ သန႔္ရွင္းေရးလုပ္ၿပီး လဲလွယ္ေပးပါ။

ရက္အေတာ္ၾကာ အသုံးျပဳထားတဲ့ အိပ္ယာခင္းေတြႏွင့္ ေခါင္းအုံးစြပ္ေတြက သင့္အေရျပားကို ထိခိုက္ေစႏိုင္ပါတယ္။ ဆဲလ္ေသေတြႏွင့္ ဘက္တီးရီးယားေတြ အမ်ားအျပား စုပုံေနၿပီး ဝက္ၿခံ သို႔မဟုတ္ အျခား အေရျပား ျပႆနာေတြကို ျဖစ္ေစပါတယ္။

ဒါေတြက ေနာက္ေက်ာမွာသာမက သင့္မ်က္ႏွာေတြမွာပါ ဝက္ၿခံေတြ၊ အမဲစက္ေတြပါ ထလာေစႏိုင္ပါတယ္။ ဒါေၾကာင့္ အိပ္ယာခင္းေတြႏွင့္ ေခါင္းအုံးစြပ္ေတြကို တစ္ပတ္တစ္ခါေလာက္ လဲေပးသင့္ပါတယ္။

၅။ ကိုယ္ေနဟန္ထားကို အၿမဲေျဖာင့္မတ္ေအာင္ ထားပါ။

အဆစ္ေတြ၊ အ႐ိုးေတြႏွင့္ ႂကြက္သားေတြကို အၿမဲတမ္း ေျဖာင့္မတ္ မွန္ကန္ေနေအာင္ ထားသင့္ပါတယ္။ ပုံစံမက်ရင္ ခါးကကုန္းကုန္းႀကီး ျဖစ္ေနတဲ့အျပင္ အထိုင္အထေတြ လုပ္တဲ့ေနရာမွာလည္း အခက္အခဲေတြ ျဖစ္လာပါလိမ့္မယ္။ ခါးသာ မတ္မတ္ထားရင္ အသက္ႀကီးလာရင္ နာက်င္တာေတြ သိပ္မရွိပဲ သင့္ကိုလည္း ၾကည့္ေကာင္းေစပါလိမ့္မယ္။

ဒါေၾကာင့္ အၿမဲတမ္း ခါးကိုမတ္ေနဖို႔ သတိရွိေပးပါ။ ဝမ္းဗိုက္နဲ႔ ႂကြက္သားေတြကိုလည္း အၿမဲဂ႐ုစိုက္ေပးပါ။

ေအာက္မွာ ျပထားတဲ့ ပုံထဲကအတိုင္း လိုက္ေလ့က်င့္ႏိုင္ပါတယ္။

ဒီေလ့က်င့္ခန္းက သင့္ရင္ဘတ္ကို ဆန႔္ထုတ္ၿပီး ဆန႔္ထုတ္ႏိုင္ေအာင္ ကူညီေပးတဲ့အတြက္ အခ်ိန္အမ်ားႀကီး ထိုင္မယ္ဆိုရင္ အလြန္ အသုံးဝင္ပါတယ္။

- ေျခဖဝါးေတြကို အနည္းငယ္ ခြာၿပီး မတ္တပ္ရပ္ပါ။ သင့္လက္ေတြကို ေနာက္ေက်ာဘက္ကို ထားၿပီးေတာ့ လက္ေခ်ာင္းေတြ အခ်င္းခ်င္း ခ်ိတ္ဆက္လိုက္ပါ။

- အသက္ကို ဝဝရႈပါ။ တစ္ခ်ိန္တည္းမွာပဲ သင္ရဲ႕ လက္ေတြကို ၾကမ္းျပင္ေပၚမွာ ဆန႔္တန္းထားပါ။ အသက္ကို (၅) ခ်က္ေလာက္ ဝဝရႈလိုက္ပါ။ ၿပီးရင္ ႂကြက္သားေတြကို ေျဖေလွ်ာ့ၿပီး ၁၀ ႀကိမ္ေလာက္ ထပ္လုပ္ပါ။

ဒီေလ့က်င့္ခန္းက သင့္ေက်ာႂကြက္သားေတြရဲ႕ အေနအထားကို မွန္ကန္ေစၿပီး အားေကာင္းလာေစ ႏိုင္ပါတယ္။

- ၾကမ္းျပင္ေပၚမွာ လွဲခ်လိုက္ပါ။ ၿပီးေတာ့ ေျခဖေနာင့္ကို အားထည့္ၿပီးေတာ့ ေျမႇာက္လိုက္ပါ။

- ဒူးႏွင့္ တင္ပါးမ်ားကို ႂကြပါ။

- ဒူးကို နည္းနည္းေကြးၿပီး ေက်ာ႐ိုးကို ေျဖာင့္ေအာင္ထားပါ။

- ေမးေစ့ကို ရင္ဘတ္နဲ႔ တစ္တန္းတည္းထားၿပီး ေျခဖေနာင့္ကို အနည္းငယ္ ႂကြထားပါ။

၆။ သင့္ေနာက္ေက်ာအတြက္ ေလ့က်င့္ခန္းေတြ လုပ္ပါ။

ကိုယ္အေလးခ်ိန္ကို ထိန္းၿပီး မလိုတဲ့အဆီေတြကို ဖယ္ရွားတာက သင့္ကို က်န္းမာေစတဲ့အျပင္ လႈပ္လႈပ္ရွားရွား ေနတာက သင့္ေနာက္ေက်ာကိုလည္း လွပေစပါတယ္။ ကြၽမ္းက်င္သူေတြက တစ္ေန႔ကို အနည္းဆုံး မိနစ္ ၃၀၊ တစ္ပတ္မွာ ၅ ႀကိမ္ ပုံမွန္ ေလ့က်င့္ခန္းလုပ္ဖို႔ အႀကံေပးထားပါတယ္။

ေတာင္တက္တာေတြ၊ စက္ဘီးစီးတာေတြ၊ ေရကူးတာေတြကလည္း သင့္ေနာက္ေက်ာကို သန္မာေစၿပီးေတာ့ လွပေစပါလိမ့္မယ္။

Zombie (lovemedia)

Post a Comment

0 Comments