ကိုယ်ကြိုက်တာကိုယ်လုပ်

တခါတုန်းက မုဆိုးလင်မယား နှစ်ယောက် ရှိတယ်။ မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ ယောက်ျားဖြစ်သူကို ဒီအလုပ် လုပ်တာ မကြိုက်ပါဘူး။ ဒါနဲ့တနေ့တော့ သူ့ယောကျာ်းကို " ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေး လုပ်ပါဦးလား ။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ " ဆိုပြီး လွတ်လိုက်တယ်။

အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ် ။ ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး တပည့်တော်ကို တရားတပုဒ် လောက် တိုတို တုပ်တုပ်လေး ဟောပေးပါ ဘုရားလို့ တရားတောင်းတယ်လေ။

ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က " ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။ ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ်။

" အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ် ကို ကြိုက်နှစ်သက်လို့ပဲ တောလိုက်မုဆိုး ဘဝနဲ့ ရပ်တည်လာတာ ၅၅ နှစ်တောင် ရှိပါပြီ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလား ဘုရား။ ခုလည်း ဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့ " လို့ လျှောက်တော့။

ဆရာတော်က ဒီနားလာခဲ့လို့ ခေါ်ပြီး သူ့ကို အပ်နဲ့ ထိုးလိုက်တယ်။ ဒီတော့ မုဆိုး က " အား " လို့ ထ အော်တာပေါ့။ အဲဒီမှာ ဆရာတော်က မေးတယ်။ " မင်းကို အပ်နဲ့ထိုးတာ ကြိုက်လား " တဲ့။

ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ " ဘယ်ကြိုက်ပါ့မလဲ ဘုရား ။ တပည့်တော်က အပ်နဲ့မပြောပါနဲ့၊ မျက်စောင်း ထိုးရင်တောင် ကြိုက်တာ မဟုတ်ဘူး " လို့ ပြောသတဲ့။

ဒီမှာပဲ ဆရာတော်က " ဒါဆို မင်းကို အပ်နဲ့ ထိုးတာတောင် မကြိုက်ဘူး ဆိုရင် လေးနဲ့ပစ်၊ မြှားနဲ့ပစ်ပြီး အသက်ကို သတ်ဖြတ်နေ တာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာ ပဲပေါ့ " ။

လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး။ သူများ အသက်ကျ သတ်တယ်။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး။ သူများကျတော့ ညာပြောပြန်တယ်။

တကယ်တော့ ကိုယ်မကြိုက်ဘူး ဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာ လုပ်နေတတ်တယ်လေ။ ဒါကြောင့် ဆရာတော်ဟောတဲ့ " ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " ဆိုတဲ့ တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ်။

ဒါ့ကြောင့် ကိုယ်ကြိုက်သော အရာများကိုသာ သူတပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံ များကိုသာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေ ရရှိ ခံစားနိုင်ကြ ပါစေ ။

crd

Zawgyi

ကိုယ္ႀကိဳက္တာကိုယ္လုပ္

တခါတုန္းက မုဆိုးလင္မယား ႏွစ္ေယာက္ ရွိတယ္။ မိန္းမ ျဖစ္သူက မုဆိုး အလုပ္လုပ္ေနတဲ့ ေယာက္်ားျဖစ္သူကို ဒီအလုပ္ လုပ္တာ မႀကိဳက္ပါဘူး။ ဒါနဲ႔တေန႔ေတာ့ သူ႔ေယာက်ာ္းကို " ရွင္ ဥပုသ္ေလး ဘာေလး ေစာင့္ၿပီး တရားေလး ဘာေလး လုပ္ပါဦးလား ။ ႐ြာထိပ္က ဘုန္းႀကီးေက်ာင္း သြားေပါ့ " ဆိုၿပီး လြတ္လိုက္တယ္။

အဲဒီမွာ မုဆိုးႀကီးကလည္း စိတ္လိုလက္ရ သြားရွာတယ္ ။ ဘုန္းႀကီးေက်ာင္း ေရာက္လို႔ ဘုန္းႀကီးကို ကန္ေတာ့ၿပီး တပည့္ေတာ္ကို တရားတပုဒ္ ေလာက္ တိုတို တုပ္တုပ္ေလး ေဟာေပးပါ ဘုရားလို႔ တရားေတာင္းတယ္ေလ။ ဒီေတာ့ ဘုန္းႀကီး ေပးလိုက္တဲ့ တရားေလး က " ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ပါ " တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။

ဒီေတာ့ မုဆိုးႀကီးက အံ့ၾသသြားတယ္။ " အရွင္ဘုရား တပည့္ေတာ္ဟာ ဒီမုဆိုး အလုပ္ ကို ႀကိဳက္ႏွစ္သက္လို႔ပဲ ေတာလိုက္မုဆိုး ဘဝနဲ႔ ရပ္တည္လာတာ ၅၅ ႏွစ္ေတာင္ ရွိပါၿပီ။ ဒါေပမယ့္ ခုခ်ိန္ထိ ဘာတိုးတက္မႈမွ မရပါလား ဘုရား။ ခုလည္း ဘုန္းဘုန္းက ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ ဆိုေတာ့ ဘယ္ႏွယ့္မ်ား လုပ္ရပါ့ " လို႔ ေလွ်ာက္ေတာ့။

ဆရာေတာ္က ဒီနားလာခဲ့လို႔ ေခၚၿပီး သူ႔ကို အပ္နဲ႔ ထိုးလိုက္တယ္။ ဒီေတာ့ မုဆိုး က " အား " လို႔ ထ ေအာ္တာေပါ့။ အဲဒီမွာ ဆရာေတာ္က ေမးတယ္။ " မင္းကို အပ္နဲ႔ထိုးတာ ႀကိဳက္လား " တဲ့။ ဒီေတာ့ မုဆိုးက ျပန္ေျဖတယ္။ " ဘယ္ႀကိဳက္ပါ့မလဲ ဘုရား ။ တပည့္ေတာ္က အပ္နဲ႔မေျပာပါနဲ႔၊ မ်က္ေစာင္းထိုးရင္ေတာင္ ႀကိဳက္တာ မဟုတ္ဘူး " လို႔ ေျပာသတဲ့။

ဒီမွာပဲ ဆရာေတာ္က " ဒါဆို မင္းကို အပ္နဲ႔ ထိုးတာေတာင္ မႀကိဳက္ဘူး ဆိုရင္ ေလးနဲ႔ပစ္၊ ျမႇားနဲ႔ပစ္ၿပီး အသက္ကို သတ္ျဖတ္ေန တာဟာ ကိုယ္ မႀကိဳက္တဲ့ အလုပ္ကို သူမ်ားကို သြားလုပ္ေနတာ ပဲေပါ့ " ။

လူေတာ္ေတာ္ မ်ားမ်ားဟာလည္း ဒီအတိုင္းပါပဲ။ ကိုယ့္ကို သတ္မွာက် မႀကိဳက္ဘူး။ သူမ်ား အသက္က် သတ္တယ္။ ကိုယ့္ကို ညာေျပာတာက် မႀကိဳက္ဘူး။ သူမ်ားက်ေတာ့ ညာေျပာျပန္တယ္။ တကယ္ေတာ့ ကိုယ္မႀကိဳက္ဘူး ဆိုတဲ့ အလုပ္ေတြတိုင္းကို သူမ်ားအေပၚမွာ လုပ္ေနတတ္တယ္ေလ။

ဒါေၾကာင့္ ဆရာေတာ္ေဟာတဲ့ " ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ပါ " ဆိုတဲ့ တရားေလးဟာ ပညာပါၿပီး ထိေရာက္လွပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ႀကိဳက္ေသာ အရာမ်ားကိုသာ သူတပါးအား ျပဳမူေျပာဆို ဆက္ဆံ လုပ္ကိုင္ႏိုင္ၾကလို႔ အေကာင္းကံ မ်ားကိုသာ ဖန္တီးႏိုင္ၾကၿပီး ေကာင္းက်ိဳးေတြ ရရွိ ခံစားႏိုင္ၾက ပါေစ ။

crd

Post a Comment

0 Comments