၉ ၊ ၁၁ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပြီးနောက် World Trade Centre မှာ ရုံးခန်းတွေရှိတဲ့ ကုမ္ပဏီတခုက အသက်ရှင် ကျန်ခဲ့တဲ့ သူ့ရဲ့ ဝန်ထမ်းတွေကို ခေါ်ယူ မေးမြန်းခဲ့ ပါတယ်။
အဲ့ဒီမှာပဲ လုံးဝ အရေးမပါတဲ့ အကြောင်းပြချက် လေးတွေကြောင့် ဒီလူတွေ အသက် ဆက်ရှင်နေကြတာ တွေ့ခဲ့ရတယ်။
ကုမ္ပဏီဒါရိုက်တာ တယောက်က သူ့သားလေးရဲ့ သူငယ်တန်း တက်မယ့် ပထမဆုံး နေ့မို့ နောက်ကျခဲ့တယ်။
အမျိုးသမီးတယောက် ကတော့ နာရီ alarm မမြည်တာကြောင့် နောက်ကျနေ ခဲ့တယ်။
တယောက်ကတော့ လမ်းမှာ ယာဉ်တိုက်မှု တခုရှိလို့ ကားပိတ်နေ ခဲ့တယ်။
နောက်တယောက် ကတော့ ဘတ်စ်ကား လွှတ်သွားလို့၊ တယောက်ကတော့ ကိုယ်ပေါ်ကို မုန့်တွေ မှောက်ကျလို့ အဝတ်အစား ပြန်လဲလို့ နောက်ကျ နေခဲ့တယ်။
တယောက်က ကားစက်နှိုးလို့ မရလို့၊ တယောက်က ဖုန်းထွက်ပြော နေလို့၊ နောက်တယောက်က မီးဖွားနေလို့၊ တက်စီငှား မရလို့။
နောက်ဆုံး တယောက် ကတော့ အဲ့ဒီနေ့မှာ ရုံးကို ရှူးဖိနပ် အသစ်လေး စီးခဲ့ရာကနေ ဖိနပ်ပေါက်ပြီး ရေကြည်ဖု ထလို့ ဆေးဆိုင်မှာ ပလာစတာ ဝင်ဝယ်နေရာ ကနေ အသက်ရှင် ကျန်ခဲ့ရတယ်။
ဒါ့ကြောင့်မို့ အခု ကျွန်တော်တို့ ကားတွေ ပိတ်တဲ့အခါ၊ ဓာတ်လှေကား မမှီလိုက်တဲ့ အခါ၊ အိမ်အပြင် ရောက်ပြီးခါမှ အိမ်ဖုန်း ထမြည်လို့ အိမ်ထဲ ပြန်ဝင်ပြောရတဲ့ အခါနဲ့ တခြားတခြားသော စိတ်အနှောက်အယှက် ဖြစ်စရာများ ကြုံရတဲ့အခါ..
"ဒီနေရာမှာ ငါ ရောက်သင့်လို့ ရောက်နေတာ" လို့ ပထမဆုံး တွေးလိုက်ပါ။
နောက်တခါ သင့်ရဲ့ မနက်တွေကို စိတ်ရှုပ်စရာနဲ့ စတင်ရတယ်၊ ကလေးတွေ အဝတ်လဲတာ ကြာနေတယ်၊ ကားသော့ ရှာမတွေ့ဘူး၊ မီးနီဘဲ ဆက်တိုက် မိနေတယ်ဆိုပြီး ဒေါသ မထွက်ပါနဲ့။ စိတ်မပျက်ပါနဲ့။ သင်ဟာ ဒီနေရာမှာ ရှိကို ရှိရမှာမို့ ရှိနေတာပါ လို့ မှတ်ယူပါ။
တချို့အရာတွေက ဖြစ်ရမှာမို့ကို ဖြစ်လာကြတာပါ။
Crd
Zawgyi
ျဖစ္ကို ျဖစ္ရမွာမို႔ပါ
၉ ၊ ၁၁ အၾကမ္းဖက္ တိုက္ခိုက္မႈ ျဖစ္ၿပီးေနာက္ World Trade Centre မွာ ႐ုံးခန္းေတြရွိတဲ့ ကုမၸဏီတခုက အသက္ရွင္ က်န္ခဲ့တဲ့ သူ႔ရဲ႕ ဝန္ထမ္းေတြကို ေခၚယူ ေမးျမန္းခဲ့ ပါတယ္။
အဲ့ဒီမွာပဲ လုံးဝ အေရးမပါတဲ့ အေၾကာင္းျပခ်က္ ေလးေတြေၾကာင့္ ဒီလူေတြ အသက္ ဆက္ရွင္ေနၾကတာ ေတြ႕ခဲ့ရတယ္။
ကုမၸဏီဒါ႐ိုက္တာ တေယာက္က သူ႔သားေလးရဲ႕ သူငယ္တန္း တက္မယ့္ ပထမဆုံး ေန႔မို႔ ေနာက္က်ခဲ့တယ္။
အမ်ိဳးသမီးတေယာက္ ကေတာ့ နာရီ alarm မျမည္တာေၾကာင့္ ေနာက္က်ေန ခဲ့တယ္။
တေယာက္ကေတာ့ လမ္းမွာ ယာဥ္တိုက္မႈ တခုရွိလို႔ ကားပိတ္ေန ခဲ့တယ္။
ေနာက္တေယာက္ ကေတာ့ ဘတ္စ္ကား လႊတ္သြားလို႔၊ တေယာက္ကေတာ့ ကိုယ္ေပၚကို မုန႔္ေတြ ေမွာက္က်လို႔ အဝတ္အစား ျပန္လဲလို႔ ေနာက္က် ေနခဲ့တယ္။
တေယာက္က ကားစက္ႏႈိးလို႔ မရလို႔၊ တေယာက္က ဖုန္းထြက္ေျပာ ေနလို႔၊ ေနာက္တေယာက္က မီးဖြားေနလို႔၊ တက္စီငွား မရလို႔။
ေနာက္ဆုံး တေယာက္ ကေတာ့ အဲ့ဒီေန႔မွာ ႐ုံးကို ရႉးဖိနပ္ အသစ္ေလး စီးခဲ့ရာကေန ဖိနပ္ေပါက္ၿပီး ေရၾကည္ဖု ထလို႔ ေဆးဆိုင္မွာ ပလာစတာ ဝင္ဝယ္ေနရာ ကေန အသက္ရွင္ က်န္ခဲ့ရတယ္။
ဒါ့ေၾကာင့္မို႔ အခု ကြၽန္ေတာ္တို႔ ကားေတြ ပိတ္တဲ့အခါ၊ ဓာတ္ေလွကား မမွီလိုက္တဲ့ အခါ၊ အိမ္အျပင္ ေရာက္ၿပီးခါမွ အိမ္ဖုန္း ထျမည္လို႔ အိမ္ထဲ ျပန္ဝင္ေျပာရတဲ့ အခါနဲ႔ တျခားတျခားေသာ စိတ္အေႏွာက္အယွက္ ျဖစ္စရာမ်ား ႀကဳံရတဲ့အခါ
"ဒီေနရာမွာ ငါ ေရာက္သင့္လို႔ ေရာက္ေနတာ" လို႔ ပထမဆုံး ေတြးလိုက္ပါ။
ေနာက္တခါ သင့္ရဲ႕ မနက္ေတြကို စိတ္ရႈပ္စရာနဲ႔ စတင္ရတယ္၊ ကေလးေတြ အဝတ္လဲတာ ၾကာေနတယ္၊ ကားေသာ့ ရွာမေတြ႕ဘူး၊ မီးနီဘဲ ဆက္တိုက္ မိေနတယ္ဆိုၿပီး ေဒါသ မထြက္ပါနဲ႔။ စိတ္မပ်က္ပါနဲ႔။ သင္ဟာ ဒီေနရာမွာ ရွိကို ရွိရမွာမို႔ ရွိေနတာပါ လို႔ မွတ္ယူပါ။
တခ်ိဳ႕အရာေတြက ျဖစ္ရမွာမို႔ကို ျဖစ္လာၾကတာပါ။
Crd
0 Comments