ချိုင်းကြားက ပြောနေတဲ့ သင့်ကျန်းမာရေးလက္ခဏာ (၆) ခု

လူတွေဟာ နေ့စဉ်ရှင်သန်ဖို့အတွက် ကျန်းမာဖို့ကို အရမ်းဂရုစိုက်ကြပါတယ်။ အရမ်း အရေးကြီးနေတဲ့ နေရာတွေကို ဂရုစိုက်လွန်းတာကြောင့် တချို့မသိသာတဲ့နေရာလေးတွေကို မေ့နေတတ်ကြပါတယ်။ ဘာမှမဟုတ်တဲ့ အရာလေးပါ ဆိုပြီးတော့ မျက်ကွယ် မပြုထားသင့်ပါဘူး။

သင့်ရဲ့ ချိုင်းကနေရော သင့်ကျန်းမာရေးကောင်းမကောင်း ဖော်ပြနေပါတယ်။ ဒါဆို ဘယ်လို လက္ခဏာတွေက သင့်ကျန်းမာရေးကို ဖော်ပြနေလဲ ဆိုတာကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ အနံ့တွေ ထွက်နေမယ်။

ချိုင်းကြားမှာ အနံ့ဆိုး ထွက်တာကတော့ သဘာဝပါပဲ။ ချွေးပေါက်တွေက ကျယ်ပြီးတော့ ဘတ်တီးရီးယားတွေက ပျော်တာကြောင့် အနံ့ထွက်လာတာပဲ ဖြစ်ပါတယ်။ ဒီလို အနံ့ထွက်တာကိုတော့ ရေချိုးတာ ဒါမှမဟုတ် deodorant သုံးတာနဲ့တင် ပျောက်ကွယ်သွားအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ပုံမှန်ထက် ပိုပြီး အနံ့တွေ ထွက်နေမယ် ဆိုရင်တော့ သင့်မှာ ကျန်းမာရေး ပြဿနာတစ်ခုခု ရှိနေပါပြီ။

ရေချိုးပြီးတာတောင် အနံ့ကပျောက်မသွားဘူး ဆိုရင်တော့ သင်ဟာ ဟော်မုန်းအားနည်းတာနဲ့ သိုင်းရွိုက် အလုပ်လုပ်တဲ့ နေရာမှာ တစ်ခုခု ချို့ယွင်းနေလို့ပဲ ဖြစ်ပါတယ်။ သစ်သီးအပုပ်လိုမျိုး အနံ့ထွက်နေတယ် ဆိုရင်တော့ ketoacidosis အားနည်းနေလို့ပဲ ဖြစ်ပါတယ်။

၂။ ယားယံခြင်း

ချိုင်းမွေးတွေ ရိတ်ပြီးတော့ ပြန်ထွက်လာတဲ့ အခါမှာ ယားတတ်တာကတော့ သဘာဝပါပဲ။ သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမယ့် မရပ်မနား ယားယံနေပြီ ဆိုရင်တော့ စိုးရိမ်စရာတွေ ရှိလာပါပြီ။ သင့်ခန္ဓာကိုယ်ထဲမှာ တစ်ခုခု မှားယွင်းနေပါပြီ။

ဒီလို ယားလာတယ် ဆိုတာက ရိတ်တဲ့ဓားက မသန့်တာရယ်၊ အင်္ကျီတွေက မသန့်တာရယ်၊ ခရင်မ် ဒါမှမဟုတ် ချွေးနံ့ပျောက်ဆေးက ကိုယ်နဲ့ မတည့်တာကြောင့်ပဲ‌ ဖြစ်ပါတယ်။ အနီရောင် အစက်အပြောက်တွေက ဆဲလ်တွေ သေသွားတာကြောင့် ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဒီလိုတွေ ဖြစ်လာရင်တော့ အရေပြားဆရာဝန်နဲ့ ပြသသင့်ပါတယ်။

၃။ အဖုများ

လက်မောင်းနှင့် ချိုင်းကြားတွေဟာ အမြဲပူနွေးပြီး စိုစွတ်နေတာကြောင့် ပိုးမွှားအမျိုးမျိုးကို မျိုးပွားဖို့ ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဆရာဝန်က ဘာရောဂါ ဖြစ်ပါတယ် ဆိုတာကို မပြောသရွေ့ မိမိကိုယ်ကို စိတ်ထင်တဲ့ ဆေးတွေနဲ့ မကုသင့်ပါဘူး။

အရေပြားပေါ်မှာ ရုတ်တရက် ယားယံခြင်း၊ နီခြင်းနှင့် အဖုသေးသေးလေးတွေ ပေါက်လာတယ်လို့ ခံစားမိရင် ဆရာဝန်နဲ့ ချက်ချင်း တိုင်ပင်သင့်ပါတယ်။ အဝတ်အစား၊ ရာသီဥတု ဒါမှမဟုတ် ဓာတ်မတည့်တာတွေ၊ ပွတ်တိုက်မှု များတာတွေကြောင့်လည်း ဒီလိုမျိုး အရေပြား တုံ့ပြန်မှုတွေ ဖြစ်တတ်ပါတယ်။

၄။ နာကျင်နေခြင်း

ချိုင်းကြားမှာ နာလာတယ် ဆိုတာနဲ့ ဆရာဝန်ဆီကို ချက်ချင်းကြီး ပြေးပြဖို့တော့ မလိုပါဘူး။ ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ လုပ်ပြီးတဲ့နောက် ဒါမှမဟုတ် လေးလံတဲ့ ပစ္စည်းတွေကို မပြီးတဲ့အခါမှာလည်း နာကျင်တတ်ပါတယ်။ ဒါတွေဟာ ခဏပဲနာကျင်ပြီး အချိန်နည်းနည်းကြာရင် ပျောက်သွားတတ်ပါတယ်။

ဒါပေမယ့် မခံမရပ်နိုင်အောင် နာကျင်နေတယ်၊ နာတာကလည်း တော်တော်နဲ့ ပျောက်မသွားဘူး ဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါပြီ။ ဘာလို့လဲဆိုတော့ ဒီလိုနာကျင်တာဟာ lymph node မှာ အကျိတ်တည်နေတာမျိုး ဖြစ်နိုင်လို့ပါ။

၅။ အကျိတ်တွေ ထလာခြင်း

ချိုင်းကြားမှာ ပေါက်နေတဲ့ အကျိတ်တွေကို မြင်ရဖို့ဆိုတာ မလွယ်ပါဘူး။ နာကျင်တာတွေ၊ ကိုက်ခဲတာတွေကိုတော့ သင်ခံစားရနိုင်ပါတယ်။ ဒါပေမယ့် ခန္ဒာကိုယ်က သဘာဝအတိုင်း ပြန်လည် ခုခံတိုက်ခိုက်နေပါတယ်။

တစ်ပတ်အတွင်း ရောင်ရမ်းမှုတွေ မကျသေးရင်တော့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါတယ်။ ဒီလို အကျိတ်တွေ ဖြစ်လာတယ်ဆိုတာက ရောဂါပိုး ပြင်းပြင်းထန်ထန် ဝင်လာတာကြောင့် ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဂရုမစိုက်ပဲ ပစ်ထားရင် ကင်ဆာအဆင့်အထိ ဖြစ်သွားနိုင်ပါတယ်။

၆။ ချွေးအလွန်အကျွံ ထွက်ခြင်း

ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်ထားရင်၊ လမ်းလျှောက်တာဖြစ်ဖြစ် ပြေးတာဖြစ်ဖြစ်ပဲ လုပ်ထားရင် ဒါမှမဟုတ် အိပ်နေရင်လည်း ချွေးကထွက်တတ်ပါတယ်။ Hyperhidrosis ဟာ သွေးဆုံးခြင်း စတင်နေတယ် ဆိုတာကို အချက်ပြတဲ့ ဟော်မုန်းတွေ ကမောက်ကမဖြစ်မှုကို ညွှန်ပြနေပါတယ်။ ဒါ့အပြင် ချွေးအလွန်အကျွံ ထွက်တာဟာ ဆီးချိုနှင့် ဂေါက်ရောဂါရဲ့ လက္ခဏာတစ်ခု ဖြစ်နေပြန်ပါတယ်။

Zombie (lovemedia)

for zawgyi

ခ်ိဳင္းၾကားက ေျပာေနတဲ့ သင့္က်န္းမာေရးလကၡဏာ (၆) ခု

လူေတြဟာ ေန႔စဥ္ရွင္သန္ဖို႔အတြက္ က်န္းမာဖို႔ကို အရမ္းဂ႐ုစိုက္ၾကပါတယ္။ အရမ္း အေရးႀကီးေနတဲ့ ေနရာေတြကို ဂ႐ုစိုက္လြန္းတာေၾကာင့္ တခ်ိဳ႕မသိသာတဲ့ေနရာေလးေတြကို ေမ့ေနတတ္ၾကပါတယ္။ ဘာမွမဟုတ္တဲ့ အရာေလးပါ ဆိုၿပီးေတာ့ မ်က္ကြယ္ မျပဳထားသင့္ပါဘူး။

သင့္ရဲ႕ ခ်ိဳင္းကေနေရာ သင့္က်န္းမာေရးေကာင္းမေကာင္း ေဖာ္ျပေနပါတယ္။ ဒါဆို ဘယ္လို လကၡဏာေတြက သင့္က်န္းမာေရးကို ေဖာ္ျပေနလဲ ဆိုတာကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ အနံ႔ေတြ ထြက္ေနမယ္။

ခ်ိဳင္းၾကားမွာ အနံ႔ဆိုး ထြက္တာကေတာ့ သဘာဝပါပဲ။ ေခြၽးေပါက္ေတြက က်ယ္ၿပီးေတာ့ ဘတ္တီးရီးယားေတြက ေပ်ာ္တာေၾကာင့္ အနံ႔ထြက္လာတာပဲ ျဖစ္ပါတယ္။ ဒီလို အနံ႔ထြက္တာကိုေတာ့ ေရခ်ိဳးတာ ဒါမွမဟုတ္ deodorant သုံးတာနဲ႔တင္ ေပ်ာက္ကြယ္သြားေအာင္ လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ ပုံမွန္ထက္ ပိုၿပီး အနံ႔ေတြ ထြက္ေနမယ္ ဆိုရင္ေတာ့ သင့္မွာ က်န္းမာေရး ျပႆနာတစ္ခုခု ရွိေနပါၿပီ။ ေရခ်ိဳးၿပီးတာေတာင္ အနံ႔ကေပ်ာက္မသြားဘူး ဆိုရင္ေတာ့ သင္ဟာ ေဟာ္မုန္းအားနည္းတာနဲ႔ သိုင္း႐ြိဳက္ အလုပ္လုပ္တဲ့ ေနရာမွာ တစ္ခုခု ခ်ိဳ႕ယြင္းေနလို႔ပဲ ျဖစ္ပါတယ္။ သစ္သီးအပုပ္လိုမ်ိဳး အနံ႔ထြက္ေနတယ္ ဆိုရင္ေတာ့ ketoacidosis အားနည္းေနလို႔ပဲ ျဖစ္ပါတယ္။

၂။ ယားယံျခင္း

ခ်ိဳင္းေမြးေတြ ရိတ္ၿပီးေတာ့ ျပန္ထြက္လာတဲ့ အခါမွာ ယားတတ္တာကေတာ့ သဘာဝပါပဲ။ သိပ္ၿပီး စိုးရိမ္စရာ မရွိပါဘူး။ ဒါေပမယ့္ မရပ္မနား ယားယံေနၿပီ ဆိုရင္ေတာ့ စိုးရိမ္စရာေတြ ရွိလာပါၿပီ။ သင့္ခႏၶာကိုယ္ထဲမွာ တစ္ခုခု မွားယြင္းေနပါၿပီ။ ဒီလို ယားလာတယ္ ဆိုတာက ရိတ္တဲ့ဓားက မသန႔္တာရယ္၊ အက်ႌေတြက မသန႔္တာရယ္၊ ခရင္မ္ ဒါမွမဟုတ္ ေခြၽးနံ႔ေပ်ာက္ေဆးက ကိုယ္နဲ႔ မတည့္တာေၾကာင့္ပဲ‌ ျဖစ္ပါတယ္။ အနီေရာင္ အစက္အေျပာက္ေတြက ဆဲလ္ေတြ ေသသြားတာေၾကာင့္ ေပၚလာတာပဲ ျဖစ္ပါတယ္။ ဒီလိုေတြ ျဖစ္လာရင္ေတာ့ အေရျပားဆရာဝန္နဲ႔ ျပသသင့္ပါတယ္။

၃။ အဖုမ်ား

လက္ေမာင္းႏွင့္ ခ်ိဳင္းၾကားေတြဟာ အၿမဲပူေႏြးၿပီး စိုစြတ္ေနတာေၾကာင့္ ပိုးမႊားအမ်ိဳးမ်ိဳးကို မ်ိဳးပြားဖို႔ ၿပီးျပည့္စုံတဲ့ ပတ္ဝန္းက်င္ကို ဖန္တီးေပးပါတယ္။ ဆရာဝန္က ဘာေရာဂါ ျဖစ္ပါတယ္ ဆိုတာကို မေျပာသေ႐ြ႕ မိမိကိုယ္ကို စိတ္ထင္တဲ့ ေဆးေတြနဲ႔ မကုသင့္ပါဘူး။

အေရျပားေပၚမွာ ႐ုတ္တရက္ ယားယံျခင္း၊ နီျခင္းႏွင့္ အဖုေသးေသးေလးေတြ ေပါက္လာတယ္လို႔ ခံစားမိရင္ ဆရာဝန္နဲ႔ ခ်က္ခ်င္း တိုင္ပင္သင့္ပါတယ္။ အဝတ္အစား၊ ရာသီဥတု ဒါမွမဟုတ္ ဓာတ္မတည့္တာေတြ၊ ပြတ္တိုက္မႈ မ်ားတာေတြေၾကာင့္လည္း ဒီလိုမ်ိဳး အေရျပား တုံ႔ျပန္မႈေတြ ျဖစ္တတ္ပါတယ္။

၄။ နာက်င္ေနျခင္း

ခ်ိဳင္းၾကားမွာ နာလာတယ္ ဆိုတာနဲ႔ ဆရာဝန္ဆီကို ခ်က္ခ်င္းႀကီး ေျပးျပဖို႔ေတာ့ မလိုပါဘူး။ ျပင္းထန္တဲ့ ေလ့က်င့္မႈေတြ လုပ္ၿပီးတဲ့ေနာက္ ဒါမွမဟုတ္ ေလးလံတဲ့ ပစၥည္းေတြကို မၿပီးတဲ့အခါမွာလည္း နာက်င္တတ္ပါတယ္။ ဒါေတြဟာ ခဏပဲနာက်င္ၿပီး အခ်ိန္နည္းနည္းၾကာရင္ ေပ်ာက္သြားတတ္ပါတယ္။

ဒါေပမယ့္ မခံမရပ္ႏိုင္ေအာင္ နာက်င္ေနတယ္၊ နာတာကလည္း ေတာ္ေတာ္နဲ႔ ေပ်ာက္မသြားဘူး ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသင့္ပါၿပီ။ ဘာလို႔လဲဆိုေတာ့ ဒီလိုနာက်င္တာဟာ lymph node မွာ အက်ိတ္တည္ေနတာမ်ိဳး ျဖစ္ႏိုင္လို႔ပါ။

၅။ အက်ိတ္ေတြ ထလာျခင္း

ခ်ိဳင္းၾကားမွာ ေပါက္ေနတဲ့ အက်ိတ္ေတြကို ျမင္ရဖို႔ဆိုတာ မလြယ္ပါဘူး။ နာက်င္တာေတြ၊ ကိုက္ခဲတာေတြကိုေတာ့ သင္ခံစားရႏိုင္ပါတယ္။ ဒါေပမယ့္ ခႏၵာကိုယ္က သဘာဝအတိုင္း ျပန္လည္ ခုခံတိုက္ခိုက္ေနပါတယ္။

တစ္ပတ္အတြင္း ေရာင္ရမ္းမႈေတြ မက်ေသးရင္ေတာ့ ဆရာဝန္ႏွင့္ တိုင္ပင္သင့္ပါတယ္။ ဒီလို အက်ိတ္ေတြ ျဖစ္လာတယ္ဆိုတာက ေရာဂါပိုး ျပင္းျပင္းထန္ထန္ ဝင္လာတာေၾကာင့္ ျဖစ္လာတာပဲ ျဖစ္ပါတယ္။ ဂ႐ုမစိုက္ပဲ ပစ္ထားရင္ ကင္ဆာအဆင့္အထိ ျဖစ္သြားႏိုင္ပါတယ္။

၆။ ေခြၽးအလြန္အကြၽံ ထြက္ျခင္း

ကိုယ္လက္လႈပ္ရွားမႈေတြ ျပင္းျပင္းထန္ထန္ လုပ္ထားရင္၊ လမ္းေလွ်ာက္တာျဖစ္ျဖစ္ ေျပးတာျဖစ္ျဖစ္ပဲ လုပ္ထားရင္ ဒါမွမဟုတ္ အိပ္ေနရင္လည္း ေခြၽးကထြက္တတ္ပါတယ္။ Hyperhidrosis ဟာ ေသြးဆုံးျခင္း စတင္ေနတယ္ ဆိုတာကို အခ်က္ျပတဲ့ ေဟာ္မုန္းေတြ ကေမာက္ကမျဖစ္မႈကို ၫႊန္ျပေနပါတယ္။ ဒါ့အျပင္ ေခြၽးအလြန္အကြၽံ ထြက္တာဟာ ဆီးခ်ိဳႏွင့္ ေဂါက္ေရာဂါရဲ႕ လကၡဏာတစ္ခု ျဖစ္ေနျပန္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments