မာန်တတ်နေသော ချေးပိုးထိုး

ဒီပုံပြင်လေးဟာ ၅၅၀ နိပါတ်တော်ထဲက ပုံပြင်လေးတပုဒ်လို့ ဆိုရပါလိမ့်မယ် ။ တခါတုန်းက အင်္ဂတိုင်းနဲ့ မဂဓတိုင်းတို့ ကို ဆက်သွယ်ထားတဲ့ လမ်းမကြီးတခု ရှိခဲ့တယ် ။ ကုန်သည်အပေါင်းတို့ဟာ အဲဒီလမ်းမကြီး တလျှောက် ကူးချည်ပြန်ချည် သွားလာကြတယ်။

တနေ့မှာတော့ အင်္ဂတိုင်းက ကုန်သည်တစုဟာ လမ်းမကြီး တနေရာမှာ စခန်းချကြပြီး ချက်ပြုတ် စားသောက်ကြတယ်။ အဲဒီနောက်မှာလည်း ပါလာတဲ့ သေရေသေရက်တွေကို မူးယစ် သောက်စားကြ ပြန်တယ်။ အဲဒီနောက်မှာ လမ်းဘေးနေရာ အသီးသီးမှာ တပိုတပါး သွားကြပြန်တယ်။ အဲဒီနောက်မှာတော့ ကုန်သည်တွေဟာ သူတို့သွားလိုတဲ့ ခရီးကို ဆက်လက် ထွက်ခွာသွားကြတယ်။

အဲဒီလို ကုန်သည်တွေ ထွက်ခွာ အသွားမှာတော့ ချေးပိုးထိုး တကောင်ဟာ မစင်ပုံတခု ကနေ ထွက်လာတယ်။ ကုန်သည်တွေရဲ့ စားကြွင်း စားကျန်တွေကို စားသောက်တယ်။ အဲဒီနောက်မှာလည်း ကုန်သည်တွေ ဖိတ်စင် ကျန်ရစ်တဲ့ သေရေအရက်တွေ ကိုလည်း သောက်သုံးပြန်တယ်။

အဲဒီလို သေရေသောက်ပြီးတဲ့ အခါမှာလည်း ချေးပိုးထိုးဟာ သေရေ မူးယစ်လာတယ်။ သူ့ကိုယ်သူ စကြာဝတေး မင်းလို ဘုန်းတန်ခိုး ကြီးပြီး ဆင်ပြောင်ကြီးထက် သန်မာသူ အဖြစ် ထင်မြင်လာတယ်။ အဲဒီလို အရက်မူးနေတဲ့ ချေးပိုးထိုးဟာ သူနေထိုင်တဲ့ မစင်ပုံကို ပြန်သွားတယ်။ အဲဒီအခါ သူခြေနင်းလိုက် တိုင်းမှာ မစင်ပုံက ပျော့အိပြီး ဝင်သွားတယ် ။

အဲဒီအခါ ချေးပိုးထိုးက " ငါကဲ့သို့သော ဘုန်းတံခိုး ကြီးမားလှတဲ့ ဘုရင်မင်းမြတ်ရဲ့ ခြေနင်းတာကိုတောင် တောင့်မခံနိုင်တဲ့ မစင်ပုံပဲ " လို့ ပြောပြီး တကိုယ်တည်း မစင်ပုံနဲ့ ရန်ဖြစ်နေခဲ့ ပြန်တယ် ။ အဲဒီအခိုက်မှာပဲ အနီးက တောအုပ်ထဲမှာနေတဲ့ စွယ်စုံ ဆင်ပြောင်ကြီး တကောင်ဟာ ချေးပိုးထိုး ရန်ဖြစ်နေတဲ့ မစင်ပုံကို နင်းမိမှာ စိုးတာကြောင့် ခွကျော်သွားခဲ့တယ် ။

ဆင်ပြောင်ကြီးက သူ့လမ်းသူသွာတာ ဖြစ်ပေမယ့် သေရည်ကြောင့် မာန်တက်နေတဲ့ ချေးပိုးထိုးက ဆင်ပြောင်ကြီးကို လှမ်းပြီး တိုက်ခိုက်ဖို့ စိန်ခေါ်လိုက်တယ်။

" သေးငယ် သိမ်ဖျင်းလှတဲ့ ဆင်ယုတ်၊ ငါကဲ့သို့သော ဘုန်းတံခိုး ကြီးမားလှသူကို မထေမဲ့မြင် ပြုသလော။ သင့်ဝံ့စားပါက ငါနှင့် ယခုပင် စစ်ခင်းလော့၊ သိင်္ဂနှင့် မဂဓတိုင်း နှစ်ပြည်ထောင်သည် ငါ၏ ဘုန်းတံခိုးကြောင့် စိစိညက်ညက် ကြေစေအံ့၊ သင်အားလည်း ယခုပင် မချိမဆံ့ အသက် ထွက်စေအံ့ " လို့ ကြွေးကျော် လိုက်တယ်။

အဲဒီလို ချေးပိုးထိုးရဲ့ မတန်မရာ စကားသံကို ကြားတဲ့အခါ ဆင်ပြောင်ကြီးက ပြန်လှည့်လာတယ်။ ပြီးတော့ ဒီလိုပြောခဲ့တယ် " သေးကွေးလှတဲ့ ချေးပိုးထိုး၊ သင်သည် ကိုယ့်အခြေအနေ၊ ကိုယ့်အနေအထားကို မှန်ကန်စွာ မသုံးသပ်နိုင် သူသာ ဖြစ်တယ်။ ကျွန်ုပ်အနေဖြင့် သင်ကဲ့သို့ သေးနုပ် သိမ်ဖျင်းသူကို ယှဉ်ပြိုင် စစ်ထိုးစရာပင် မလိုအပ်..

ကျွန်ုပ်၏ ခြေလက်တို့ကိုမျှ အသုံးမပြုဘဲ သင့်အား အလွယ်တကူပင် သတ်ဖြတ်နိုင်၏။ ယခုပင်လျင် သင့်အား သတ်ဖြတ်အံ့ " ဆိုပြီတော့ ဆင်ပြောင်ကြီးဟာ အဲဒီလိုပြောဆိုပြီး ချေးပိုးထိုးပေါ်ကို မစင် စွန့်ချ လိုက်တယ်။ အဲဒီ အခိုက်တန့် မှာတော့ ချေးပိုးထိုးဟာ ဆင်ပြောင်ကြီးရဲ့ မစင်ပုံ ပိပြီး မချိမဆန့် အသက်ထွက်သွား ခဲ့လေတယ် ။

ကျနော်တို့ ကျင်လည်ရာ လူ့လောကကြီးမှာလည်း ချေးပိုးထိုးလို လူစားတွေ ရှိနေကြတယ်။ တချို့သော လူတွေက အကြွင်းအကျန်မျှကို စားသောက်ပြီး သေရေသောက်စား မူးယစ်ကာ မာန်ထောင်နေသလို အသိဉာဏ် နည်းပါးသူ၊ သိမ်ဖျင်းသော စိတ်ဓါတ်ရှိသူတွေ ဟာလည်း အရိုးအရင်းမျှ ကိုက်ရရုံမျှ၊ အဖျားအနားမျှ အခွင့်အရေး ရရုံမျှနဲ့ လောကတခွင်မှာ သူနဲ့ ယှဉ်ပြိုင်ဝံ့သူ မရှိလို့ ထင်နေတတ်ကြတယ်။

သူတို့တွေဟာ ချေးပိုးထိုးရဲ့ မာန်တက်ခြင်းနဲ့ တူတဲ့ အကြောင်းအရာ မယ်မယ်ရရ မရှိလှတဲ့ မာန်မာနတွေ ထားနေတတ် ကြပြီး အရာရာကို မကောင်းမြင် တတ်ကြတယ် ။ ပြီးတော့ ကန့်လန့် တိုက်နေလေ့ ရှိကြပြန်တယ် ။ မစင်ပုံမှာ နေထိုင်ရတဲ့ ချေးပိုးထိုးမျှ ဖြစ်ရုံ အနေအထားကိုသော်မှ ဘဝအမှန်ကို မမြင်နိုင်ဘဲ တလောကလုံးကို တကိုယ်တည်း ချေမှုန်း ဖျက်ဆီးနိုင်သူ အဖြစ် ကိုယ့်ကိုယ်ကို အထင်ရောက် စိတ်ကြီးဝင်နေကြလေ့ ရှိနေတတ် ကြတယ် ။

တကယ်၍ ကိုယ့်အခြေအနေ၊ ကိုယ့်အသိဉာဏ်၊ ကိုယ့်အရည်အချင်းနဲ့ မနှိုင်းယှဉ်သာအောင် ကွာခြားတဲ့သူတွေကို ဝေဖန်ပြောဆိုလေ့၊ တိုက်ခိုက်ချင်လေ့၊ မကောင်းပြောလေ့၊ စိန်ခေါ်ရန်ထောင်လေ့ ရှိခဲ့ပါရင် ဒီပုံပြင်လေးထဲက ချေးပိုးထိုးကို စံနမူနာယူပြီး ဆင်ခြင်တတ်ပါစေ လို့ ဆန္ဒပြုရင် အဆုံးသတ်ပါရစေ။

crd

Zawgyi

မာန္တတ္ေနေသာ ေခ်းပိုးထိုး

ဒီပုံျပင္ေလးဟာ ၅၅၀ နိပါတ္ေတာ္ထဲက ပုံျပင္ေလးတပုဒ္လို႔ ဆိုရပါလိမ့္မယ္ ။ တခါတုန္းက အဂၤတိုင္းနဲ႔ မဂဓတိုင္းတို႔ ကို ဆက္သြယ္ထားတဲ့ လမ္းမႀကီးတခု ရွိခဲ့တယ္ ။ ကုန္သည္အေပါင္းတို႔ဟာ အဲဒီလမ္းမႀကီး တေလွ်ာက္ ကူးခ်ည္ျပန္ခ်ည္ သြားလာၾကတယ္။

တေန႔မွာေတာ့ အဂၤတိုင္းက ကုန္သည္တစုဟာ လမ္းမႀကီး တေနရာမွာ စခန္းခ်ၾကၿပီး ခ်က္ျပဳတ္ စားေသာက္ၾကတယ္။ အဲဒီေနာက္မွာလည္း ပါလာတဲ့ ေသေရေသရက္ေတြကို မူးယစ္ ေသာက္စားၾက ျပန္တယ္။ အဲဒီေနာက္မွာ လမ္းေဘးေနရာ အသီးသီးမွာ တပိုတပါး သြားၾကျပန္တယ္။ အဲဒီေနာက္မွာေတာ့ ကုန္သည္ေတြဟာ သူတို႔သြားလိုတဲ့ ခရီးကို ဆက္လက္ ထြက္ခြာသြားၾကတယ္။

အဲဒီလို ကုန္သည္ေတြ ထြက္ခြာ အသြားမွာေတာ့ ေခ်းပိုးထိုး တေကာင္ဟာ မစင္ပုံတခု ကေန ထြက္လာတယ္။ ကုန္သည္ေတြရဲ႕ စားႂကြင္း စားက်န္ေတြကို စားေသာက္တယ္။ အဲဒီေနာက္မွာလည္း ကုန္သည္ေတြ ဖိတ္စင္ က်န္ရစ္တဲ့ ေသေရအရက္ေတြ ကိုလည္း ေသာက္သုံးျပန္တယ္။

အဲဒီလို ေသေရေသာက္ၿပီးတဲ့ အခါမွာလည္း ေခ်းပိုးထိုးဟာ ေသေရ မူးယစ္လာတယ္။ သူ႔ကိုယ္သူ စၾကာဝေတး မင္းလို ဘုန္းတန္ခိုး ႀကီးၿပီး ဆင္ေျပာင္ႀကီးထက္ သန္မာသူ အျဖစ္ ထင္ျမင္လာတယ္။ အဲဒီလို အရက္မူးေနတဲ့ ေခ်းပိုးထိုးဟာ သူေနထိုင္တဲ့ မစင္ပုံကို ျပန္သြားတယ္။ အဲဒီအခါ သူေျခနင္းလိုက္ တိုင္းမွာ မစင္ပုံက ေပ်ာ့အိၿပီး ဝင္သြားတယ္ ။

အဲဒီအခါ ေခ်းပိုးထိုးက " ငါကဲ့သို႔ေသာ ဘုန္းတံခိုး ႀကီးမားလွတဲ့ ဘုရင္မင္းျမတ္ရဲ႕ ေျခနင္းတာကိုေတာင္ ေတာင့္မခံႏိုင္တဲ့ မစင္ပုံပဲ " လို႔ ေျပာၿပီး တကိုယ္တည္း မစင္ပုံနဲ႔ ရန္ျဖစ္ေနခဲ့ ျပန္တယ္ ။ အဲဒီအခိုက္မွာပဲ အနီးက ေတာအုပ္ထဲမွာေနတဲ့ စြယ္စုံ ဆင္ေျပာင္ႀကီး တေကာင္ဟာ ေခ်းပိုးထိုး ရန္ျဖစ္ေနတဲ့ မစင္ပုံကို နင္းမိမွာ စိုးတာေၾကာင့္ ခြေက်ာ္သြားခဲ့တယ္ ။

ဆင္ေျပာင္ႀကီးက သူ႔လမ္းသူသြာတာ ျဖစ္ေပမယ့္ ေသရည္ေၾကာင့္ မာန္တက္ေနတဲ့ ေခ်းပိုးထိုးက ဆင္ေျပာင္ႀကီးကို လွမ္းၿပီး တိုက္ခိုက္ဖို႔ စိန္ေခၚလိုက္တယ္။

" ေသးငယ္ သိမ္ဖ်င္းလွတဲ့ ဆင္ယုတ္၊ ငါကဲ့သို႔ေသာ ဘုန္းတံခိုး ႀကီးမားလွသူကို မေထမဲ့ျမင္ ျပဳသေလာ။ သင့္ဝံ့စားပါက ငါႏွင့္ ယခုပင္ စစ္ခင္းေလာ့၊ သိဂၤႏွင့္ မဂဓတိုင္း ႏွစ္ျပည္ေထာင္သည္ ငါ၏ ဘုန္းတံခိုးေၾကာင့္ စိစိညက္ညက္ ေၾကေစအံ့၊ သင္အားလည္း ယခုပင္ မခ်ိမဆံ့ အသက္ ထြက္ေစအံ့ " လို႔ ေႂကြးေက်ာ္ လိုက္တယ္။

အဲဒီလို ေခ်းပိုးထိုးရဲ႕ မတန္မရာ စကားသံကို ၾကားတဲ့အခါ ဆင္ေျပာင္ႀကီးက ျပန္လွည့္လာတယ္။ ၿပီးေတာ့ ဒီလိုေျပာခဲ့တယ္ " ေသးေကြးလွတဲ့ ေခ်းပိုးထိုး၊ သင္သည္ ကိုယ့္အေျခအေန၊ ကိုယ့္အေနအထားကို မွန္ကန္စြာ မသုံးသပ္ႏိုင္ သူသာ ျဖစ္တယ္။ ကြၽႏ္ုပ္အေနျဖင့္ သင္ကဲ့သို႔ ေသးႏုပ္ သိမ္ဖ်င္းသူကို ယွဥ္ၿပိဳင္ စစ္ထိုးစရာပင္ မလိုအပ္

ကြၽႏ္ုပ္၏ ေျခလက္တို႔ကိုမွ် အသုံးမျပဳဘဲ သင့္အား အလြယ္တကူပင္ သတ္ျဖတ္ႏိုင္၏။ ယခုပင္လ်င္ သင့္အား သတ္ျဖတ္အံ့ " ဆိုၿပီေတာ့ ဆင္ေျပာင္ႀကီးဟာ အဲဒီလိုေျပာဆိုၿပီး ေခ်းပိုးထိုးေပၚကို မစင္ စြန႔္ခ် လိုက္တယ္။ အဲဒီ အခိုက္တန႔္ မွာေတာ့ ေခ်းပိုးထိုးဟာ ဆင္ေျပာင္ႀကီးရဲ႕ မစင္ပုံ ပိၿပီး မခ်ိမဆန႔္ အသက္ထြက္သြား ခဲ့ေလတယ္ ။

က်ေနာ္တို႔ က်င္လည္ရာ လူ႔ေလာကႀကီးမွာလည္း ေခ်းပိုးထိုးလို လူစားေတြ ရွိေနၾကတယ္။ တခ်ိဳ႕ေသာ လူေတြက အႂကြင္းအက်န္မွ်ကို စားေသာက္ၿပီး ေသေရေသာက္စား မူးယစ္ကာ မာန္ေထာင္ေနသလို အသိဉာဏ္ နည္းပါးသူ၊ သိမ္ဖ်င္းေသာ စိတ္ဓါတ္ရွိသူေတြ ဟာလည္း အ႐ိုးအရင္းမွ် ကိုက္ရ႐ုံမွ်၊ အဖ်ားအနားမွ် အခြင့္အေရး ရ႐ုံမွ်နဲ႔ ေလာကတခြင္မွာ သူနဲ႔ ယွဥ္ၿပိဳင္ဝံ့သူ မရွိလို႔ ထင္ေနတတ္ၾကတယ္။

သူတို႔ေတြဟာ ေခ်းပိုးထိုးရဲ႕ မာန္တက္ျခင္းနဲ႔ တူတဲ့ အေၾကာင္းအရာ မယ္မယ္ရရ မရွိလွတဲ့ မာန္မာနေတြ ထားေနတတ္ ၾကၿပီး အရာရာကို မေကာင္းျမင္ တတ္ၾကတယ္ ။ ၿပီးေတာ့ ကန႔္လန႔္ တိုက္ေနေလ့ ရွိၾကျပန္တယ္ ။ မစင္ပုံမွာ ေနထိုင္ရတဲ့ ေခ်းပိုးထိုးမွ် ျဖစ္႐ုံ အေနအထားကိုေသာ္မွ ဘဝအမွန္ကို မျမင္ႏိုင္ဘဲ တေလာကလုံးကို တကိုယ္တည္း ေခ်မႈန္း ဖ်က္ဆီးႏိုင္သူ အျဖစ္ ကိုယ့္ကိုယ္ကို အထင္ေရာက္ စိတ္ႀကီးဝင္ေနၾကေလ့ ရွိေနတတ္ ၾကတယ္ ။

တကယ္၍ ကိုယ့္အေျခအေန၊ ကိုယ့္အသိဉာဏ္၊ ကိုယ့္အရည္အခ်င္းနဲ႔ မႏႈိင္းယွဥ္သာေအာင္ ကြာျခားတဲ့သူေတြကို ေဝဖန္ေျပာဆိုေလ့၊ တိုက္ခိုက္ခ်င္ေလ့၊ မေကာင္းေျပာေလ့၊ စိန္ေခၚရန္ေထာင္ေလ့ ရွိခဲ့ပါရင္ ဒီပုံျပင္ေလးထဲက ေခ်းပိုးထိုးကို စံနမူနာယူၿပီး ဆင္ျခင္တတ္ပါေစ လို႔ ဆႏၵျပဳရင္ အဆုံးသတ္ပါရေစ။

crd

Post a Comment

0 Comments