ကြောက်တတ်တဲ့ စိတ်

တခါတုန်းက ရွာတရွာမှာ အလွန် ကြောက်တတ်တဲ့ ကောင်လေးတယောက် ရှိတယ်။ တနေ့ကျတော့ ရွာက ကိုယ်ခံပညာ သင်ပေးတဲ့ သိုင်းဆရာကြီးဆီကို သွားပြီး သူ့ကို သတ္တိရှိလာအောင် သင်ပေးဖို့ တောင်းတောင်း ပန်ပန်နဲ့ ပြောဆိုရှာသတဲ့။

သိုင်းဆရာကြီးက "ငါမင်းကို ဒီအတိုင်းတော့ သင်မပေးနိုင်ဘူး။ ငါ့ဆီ ရောက်လာတဲ့ လူတိုင်းကို သူနဲ့ သက်ဆိုင်ရာ စမ်းသပ်ချက် တခုစီ ပြုလုပ်ပြီးမှ သင်ပေးတာ" လို့ ပြောတယ်။ ဆက်ပြီးတော့

"မင်းက ကြောက်တတ်တဲ့လူ ဆိုတော့ တလတိတိ မြို့ပေါ်ကိုတက် ပြီးတော့ ကျွန်တော် ငကြောက်တယောက်ပါ ဆိုတဲ့ အကြောင်းကို တွေ့တဲ့ လူတိုင်းရဲ့ မျက်စိတည့်တည့်ကို ကြည့်ပြီး အော်ပြောရမယ်။ ဒီစမ်းသပ်မှု လုပ်ဆောင်ပြီးတဲ့နေ့ ငါ့ဆီ ပြန်လာခဲ့" လို့ ပြောပြီး သိုင်းဆရာကြီး လှည့်ထွက်သွားခဲ့တယ်။

ဒီစကားကို ကြားတော့ ကောင်လေးဟာ တော်တော် ဝမ်းနည်းသွားတယ်။ ကြောက်တတ်တဲ့ သူ့အတွက်တော့ ဒီစမ်းသပ်မှုဟာ တော်တော်ခက်ခဲ နေတာကိုး။ ဒီလိုနဲ့ သူ့ကိုသူ စိတ်ပျက်လက်ပျက်နဲ့ နေရင်း ဟိုတွေး ဒီတွေး နေလာတာ ရက်အနည်းငယ် ကြာသွားတယ်။

ဒီလိုတွေးရင်း လူတွေကို ရင်ဆိုင်တွေ့ပြီး ပြောဆိုရတာထက်၊ ကြောက်တတ်တဲ့စိတ်နဲ့ ဖြတ်သန်းရမယ့် ဘဝက သူ့အတွက် ပိုဆိုးရွား ခါးသီးတယ် ဆိုတာ သူသဘောပေါက်လိုက် မိတယ်။ ဒါနဲ့ မြို့ပေါ်ကို သူတက်သွားတယ်။

ပထမဆုံး တွေတဲ့လူကို ပြောမယ်လည်း လုပ်ရော သူ့ပါးစပ်က ဘာမှ ထွက်မလာတော့ဘူး။ ဒါပေမယ့် သူ့ဆရာက ဒီစမ်းသပ်မှုပြီးမှ သင်ပေးမှာဆိုတော့ သူ့အနေနဲ့ မဖြစ်မနေ လုပ်ဆောင်ရတော့ မှာကိုး။ အစမှာတော့ ပြောတော့ ပြောထွက်တယ်၊ မျက်စိကို တည့်တည့် မကြည့်ရဲဘူး။

ပြောရင်း ပြောရင်းနဲ့ ကြောက်စိတ်တွေ နည်း နည်း လာသလို "ကျွန်တော် ငကြောက်တယောက်ပါ" ဆိုတဲ့ အသံကလည်း ပိုပို ကျယ်လာတယ်။ ပြောတဲ့ လူတိုင်းရဲ့ မျက်စိကိုလည်း ရဲရဲကြည့်ပြီး ပြောရဲလာတယ်။ သူ့ကိုယ်သူလည်း ယုံကြည်မှု ပိုရှိလာတယ်လို့ ခံစားမိလာတယ်။

နောက်ဆုံးမှာတော့ တလ ဆိုတာကို အခက်အခဲမရှိ ဖြတ်သန်းပြီး သူ့ဆရာကြီးဆီ ပြန်သွားတယ်။ သူ့ဆရာနဲ့တွေ့တော့ "မင်း ကိုယ့်ကိုယ်ကို သတ္တိရှိလာပြီလို့ ထင်ရဲ့လား" လို့မေးတော့

"ဟုတ်ကဲ့ ဆရာကြီး။ ဆရာကြီးရဲ့ စမ်းသပ်မှု လုပ်ဆောင်ရင်းနဲ့ကို ကြောက်စိတ်တွေ ပျောက်ပျောက်သွားတယ် သတ္တိရှိလာတယ် လို့လည်း ထင်မိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုယုံကြည်မှု ရှိလာသလို နေရတာလည်း တနေ့ထက် တနေ့ ပိုပျော်ရွှင်လာပါတယ် ဆရာကြီး" လို့ ဖြေကြားလိုက်တယ်။

ဆရာကြီးက "ဒါပေါ့ တပည့်ရ၊ ကြောက်စိတ်ဆိုတာ အကျင့်ပဲ။ ကြောက်တဲ့စိတ်နဲ့ ထပ်ခါ တလဲလဲ လုပ်နေလို့ ကြောက်နေမိတာ။ ဒါကို ဘယ်သူမှ သင်ပေးလို့ မရသလို ဖျောက်ဖျက်ပေးလို့ မရဘူး မိမိစိတ်ကို မိမိသာ ပြောင်းလဲလို့ ရတယ်။

ဘေးလူက မြင်တတ်အောင် ကြည့်နိုင်ဖို့သာ နည်းလမ်းပေးလို့ ရနိုင်တယ်။ သတ္တိဆိုတာလည်း အလားတူ အကျင့်တခုပဲ။ ဘဝမှာ ဘာပဲလုပ်လုပ် မိမိစိတ်ကို အရင်ဆုံး သဘောပေါက် သိမြင်တတ်ပါစေ ငါ့တပည့်" လို့ ပြောကြားလိုက်ပါတော့တယ်။

crd

Zawgyi

ေၾကာက္တတ္တဲ့ စိတ္

တခါတုန္းက ႐ြာတ႐ြာမွာ အလြန္ ေၾကာက္တတ္တဲ့ ေကာင္ေလးတေယာက္ ရွိတယ္။ တေန႔က်ေတာ့ ႐ြာက ကိုယ္ခံပညာ သင္ေပးတဲ့ သိုင္းဆရာႀကီးဆီကို သြားၿပီး သူ႔ကို သတၱိရွိလာေအာင္ သင္ေပးဖို႔ ေတာင္းေတာင္း ပန္ပန္နဲ႔ ေျပာဆိုရွာသတဲ့။

သိုင္းဆရာႀကီးက "ငါမင္းကို ဒီအတိုင္းေတာ့ သင္မေပးႏိုင္ဘူး။ ငါ့ဆီ ေရာက္လာတဲ့ လူတိုင္းကို သူနဲ႔ သက္ဆိုင္ရာ စမ္းသပ္ခ်က္ တခုစီ ျပဳလုပ္ၿပီးမွ သင္ေပးတာ" လို႔ ေျပာတယ္။ ဆက္ၿပီးေတာ့

"မင္းက ေၾကာက္တတ္တဲ့လူ ဆိုေတာ့ တလတိတိ ၿမိဳ႕ေပၚကိုတက္ ၿပီးေတာ့ ကြၽန္ေတာ္ ငေၾကာက္တေယာက္ပါ ဆိုတဲ့ အေၾကာင္းကို ေတြ႕တဲ့လူတိုင္းရဲ႕ မ်က္စိတည့္တည့္ကို ၾကည့္ၿပီး ေအာ္ေျပာရမယ္။ ဒီစမ္းသပ္မႈ လုပ္ေဆာင္ၿပီးတဲ့ေန႔ ငါ့ဆီ ျပန္လာခဲ့" လို႔ ေျပာၿပီး သိုင္းဆရာႀကီး လွည့္ထြက္သြားခဲ့တယ္။

ဒီစကားကို ၾကားေတာ့ ေကာင္ေလးဟာ ေတာ္ေတာ္ ဝမ္းနည္းသြားတယ္။ ေၾကာက္တတ္တဲ့ သူ႔အတြက္ေတာ့ ဒီစမ္းသပ္မႈဟာ ေတာ္ေတာ္ခက္ခဲ ေနတာကိုး။ ဒီလိုနဲ႔ သူ႔ကိုသူ စိတ္ပ်က္လက္ပ်က္နဲ႔ ေနရင္း ဟိုေတြး ဒီေတြး ေနလာတာ ရက္အနည္းငယ္ ၾကာသြားတယ္။

ဒီလိုေတြးရင္း လူေတြကို ရင္ဆိုင္ေတြ႕ၿပီး ေျပာဆိုရတာထက္၊ ေၾကာက္တတ္တဲ့စိတ္နဲ႔ ျဖတ္သန္းရမယ့္ ဘဝက သူ႔အတြက္ ပိုဆိုး႐ြား ခါးသီးတယ္ ဆိုတာ သူသေဘာေပါက္လိုက္ မိတယ္။ ဒါနဲ႔ ၿမိဳ႕ေပၚကို သူတက္သြားတယ္။

ပထမဆုံး ေတြတဲ့လူကို ေျပာမယ္လည္း လုပ္ေရာ သူ႔ပါးစပ္က ဘာမွ ထြက္မလာေတာ့ဘူး။ ဒါေပမယ့္ သူ႔ဆရာက ဒီစမ္းသပ္မႈၿပီးမွ သင္ေပးမွာဆိုေတာ့ သူ႔အေနနဲ႔ မျဖစ္မေန လုပ္ေဆာင္ရေတာ့ မွာကိုး။ အစမွာေတာ့ ေျပာေတာ့ ေျပာထြက္တယ္၊ မ်က္စိကို တည့္တည့္ မၾကည့္ရဲဘူး။

ေျပာရင္း ေျပာရင္းနဲ႔ ေၾကာက္စိတ္ေတြ နည္း နည္း လာသလို "ကြၽန္ေတာ္ ငေၾကာက္တေယာက္ပါ" ဆိုတဲ့ အသံကလည္း ပိုပို က်ယ္လာတယ္။ ေျပာတဲ့ လူတိုင္းရဲ႕ မ်က္စိကိုလည္း ရဲရဲၾကည့္ၿပီး ေျပာရဲလာတယ္။ သူ႔ကိုယ္သူလည္း ယုံၾကည္မႈ ပိုရွိလာတယ္လို႔ ခံစားမိလာတယ္။

ေနာက္ဆုံးမွာေတာ့ တလ ဆိုတာကို အခက္အခဲမရွိ ျဖတ္သန္းၿပီး သူ႔ဆရာႀကီးဆီ ျပန္သြားတယ္။ သူ႔ဆရာနဲ႔ေတြ႕ေတာ့ "မင္း ကိုယ့္ကိုယ္ကို သတၱိရွိလာၿပီလို႔ ထင္ရဲ႕လား" လို႔ေမးေတာ့

"ဟုတ္ကဲ့ ဆရာႀကီး။ ဆရာႀကီးရဲ႕ စမ္းသပ္မႈ လုပ္ေဆာင္ရင္းနဲ႔ကို ေၾကာက္စိတ္ေတြ ေပ်ာက္ေပ်ာက္သြားတယ္ သတၱိရွိလာတယ္ လို႔လည္း ထင္မိပါတယ္။ ကိုယ့္ကိုယ္ကိုလည္း ပိုယုံၾကည္မႈ ရွိလာသလို ေနရတာလည္း တေန႔ထက္ တေန႔ ပိုေပ်ာ္႐ႊင္လာပါတယ္ ဆရာႀကီး" လို႔ ေျဖၾကားလိုက္တယ္။

ဆရာႀကီးက "ဒါေပါ့ တပည့္ရ၊ ေၾကာက္စိတ္ဆိုတာ အက်င့္ပဲ။ ေၾကာက္တဲ့စိတ္နဲ႔ ထပ္ခါ တလဲလဲ လုပ္ေနလို႔ ေၾကာက္ေနမိတာ။ ဒါကို ဘယ္သူမွ သင္ေပးလို႔ မရသလို ေဖ်ာက္ဖ်က္ေပးလို႔ မရဘူး မိမိစိတ္ကို မိမိသာ ေျပာင္းလဲလို႔ ရတယ္။

ေဘးလူက ျမင္တတ္ေအာင္ ၾကည့္ႏိုင္ဖို႔သာ နည္းလမ္းေပးလို႔ ရႏိုင္တယ္။ သတၱိဆိုတာလည္း အလားတူ အက်င့္တခုပဲ။ ဘဝမွာ ဘာပဲလုပ္လုပ္ မိမိစိတ္ကို အရင္ဆုံး သေဘာေပါက္ သိျမင္တတ္ပါေစ ငါ့တပည့္" လို႔ ေျပာၾကားလိုက္ပါေတာ့တယ္။

crd

Post a Comment

0 Comments