ချိုင်းချွေး အလွန်အကျွံထွက်တာကို ကာကွယ်နိုင်မယ့် လျှို့ဝှက်ချက် (၇) ခု

ခန္ဓာကိုယ်အားကို အရမ်း အသုံးပြုရတဲ့အခါ၊ စိတ်ဖိစီးမှုများတဲ့အခါ၊ ရာသီဥတု အရမ်းပူတဲ့အခါ ချွေးတွေက တားမရဆီးမရ ထွက်လာပါတယ်။ အဲဒီလို ချွေးထွက်တဲ့ထဲမှာမှ ချိုင်းက ထွက်တဲ့ချွေးနံ့တွေက ကိုယ်တိုင်သာမက ဘေးလူကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒါပေမယ့် စိတ်ပူစရာ မလိုတော့ပါဘူး။ ချွေးနံ့ပြင်းတာကို ကာကွယ်ဖို့ နည်းလမ်းတွေ ရှိနေပါပြီ။

၁။ လက်သန့်ဆေးရည်

သင်က ချွေးတွေ အရမ်းထွက်နေပြီး ရေချိုးဖို့ အဆင်မပြေဘူး ဆိုရင် ချိုင်းကို အဝတ်စတစ်ခုနဲ့ သေချာသန့်ရှင်းရေး လုပ်ပါ။ ပြီးရင် လက်သန့်ဆေးရည်ကို ချိုင်းမှာ လိမ်းပေးရုံပါပဲ။

၂။ Hydrogen peroxide

Hydrogen peroxide က ရောဂါပိုးတွေကို တိုက်ခိုက်ပေးပြီး တစ်နေကုန် ချွေးနံ့ဆိုးတွေ မထွက်အောင် ကာကွယ်ပေးပါတယ်။ Hydrogen peroxide လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေတစ်ခွက်နဲ့ရောမွှေပါ။ ပြီးရင် ရေမွှေထားတဲ့ ခွက်ထဲကို အဝတ်စတစ်ခုထည့်ပြီး ချိုင်းမှာ သုတ်လိမ်းပေးပါ။

၃။ ဝက်သစ်ချပင်သစ်ခေါက်

ချွေးအရမ်း ထွက်တာအတွက် ထိရောက်တဲ့နည်းလမ်းကတော့ ဝက်သစ်ချပင် အခေါက်ပါ။

- ဝက်သစ်ချပင် အခေါက် စွပ်ပြုတ်ဇွန်း ၁၅ ဇွန်း

- ရေ ၆ ခွက်တို့ကို ရောပြီး ၁၀ နာရီကြာ စိမ်ထားပါ။ ပြီးရင် ပွက်လာအောင် တည်ပါ။ ရလာတဲ့ အရည်နဲ့ ရေချိုးရင် ချွေးနံ့ပြင်းတာကို ကာကွယ်ပြီးသားပါပဲ။

၄။ ပိုတက်ဆီယမ်ကျောက်ချဉ်

ပိုတက်ဆီယမ်ကျောက်ချဉ်က သဘာဝ ချွေးနံ့ပျောက်ဆေးပါ။ သူ့မှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းတွေ ရှိပါတယ်။ ကျောက်ချဉ်ကို ရေစွတ်ပြီး ချိုင်းမှာ လိမ်းပေးရုံပဲ ဖြစ်တာကြောင့် အလုပ်လည်း မရှုပ်ပါဘူး။ ကျောက်ချဉ်က ချွေးပေါက် မပိတ်တဲ့အပြင် လပေါင်းများစွာလည်း ကြာရှည်ခံပါတယ်။

၅။ Aluminum compounds

ချွေးတွေ အလွန်အမင်း ထွက်နေတဲ့အခါ aluminum compounds နဲ့ ပြုလုပ်ထားတဲ့ ချွေးတိတ်ဆေးကို အသုံးပြုပါ။ သူက ချွေးတိတ်စေတဲ့အပြင် ချွေးနံ့ပြင်းတာကိုလည်း သက်သာစေပါတယ်။

၆။ Botox

သင့်ရဲ့ချိုင်းက ချွေးအရမ်း ထွက်ရင် အလှအပ ဆေးခန်းတွေမှာ Botulinum toxin injection ထိုးပြီး ကုသလို့ရပါတယ်။ သူ့ရဲ့အာနိသင်က ၄ လကနေ ၁၂ လအထိ ကြာရှည်ခံပါတယ်။

၇။ လဆောကုထုံး

ချွေးတိတ်ဆေးတွေက အကူအညီ မဖြစ်တဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ ချွေးဂလင်းတွေကို လေဆာနဲ့ကုသလို့ ရပါတယ်။

ချွေးက အရင်က အရမ်း ထွက်နေကြမဟုတ်ဘဲ အခုမှ ရုတ်တရက် အလွန်အကျွံ ထွက်လာရင် ရောဂါတစ်ခုရဲ့ လက္ခဏာဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Zombie (lovemedia)

for zawgyi

ခ်ိဳင္းေခြၽး အလြန္အကြၽံထြက္တာကို ကာကြယ္ႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ (၇) ခု

ခႏၶာကိုယ္အားကို အရမ္း အသုံးျပဳရတဲ့အခါ၊ စိတ္ဖိစီးမႈမ်ားတဲ့အခါ၊ ရာသီဥတု အရမ္းပူတဲ့အခါ ေခြၽးေတြက တားမရဆီးမရ ထြက္လာပါတယ္။ အဲဒီလို ေခြၽးထြက္တဲ့ထဲမွာမွ ခ်ိဳင္းက ထြက္တဲ့ေခြၽးနံ႔ေတြက ကိုယ္တိုင္သာမက ေဘးလူကိုပါ စိတ္အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ ဒါေပမယ့္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ ေခြၽးနံ႔ျပင္းတာကို ကာကြယ္ဖို႔ နည္းလမ္းေတြ ရွိေနပါၿပီ။

၁။ လက္သန႔္ေဆးရည္

သင္က ေခြၽးေတြ အရမ္းထြက္ေနၿပီး ေရခ်ိဳးဖို႔ အဆင္မေျပဘူး ဆိုရင္ ခ်ိဳင္းကို အဝတ္စတစ္ခုနဲ႔ ေသခ်ာသန႔္ရွင္းေရး လုပ္ပါ။ ၿပီးရင္ လက္သန႔္ေဆးရည္ကို ခ်ိဳင္းမွာ လိမ္းေပး႐ုံပါပဲ။

၂။ Hydrogen peroxide

Hydrogen peroxide က ေရာဂါပိုးေတြကို တိုက္ခိုက္ေပးၿပီး တစ္ေနကုန္ ေခြၽးနံ႔ဆိုးေတြ မထြက္ေအာင္ ကာကြယ္ေပးပါတယ္။ Hydrogen peroxide လက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရတစ္ခြက္နဲ႔ေရာေမႊပါ။ ၿပီးရင္ ေရေမႊထားတဲ့ခြက္ထဲကို အဝတ္စတစ္ခုထည့္ၿပီး ခ်ိဳင္းမွာ သုတ္လိမ္းေပးပါ။

၃။ ဝက္သစ္ခ်ပင္သစ္ေခါက္

ေခြၽးအရမ္း ထြက္တာအတြက္ ထိေရာက္တဲ့နည္းလမ္းကေတာ့ ဝက္သစ္ခ်ပင္ အေခါက္ပါ။

- ဝက္သစ္ခ်ပင္ အေခါက္ စြပ္ျပဳတ္ဇြန္း ၁၅ ဇြန္း

- ေရ ၆ ခြက္တို႔ကို ေရာၿပီး ၁၀ နာရီၾကာ စိမ္ထားပါ။ ၿပီးရင္ ပြက္လာေအာင္ တည္ပါ။ ရလာတဲ့ အရည္နဲ႔ ေရခ်ိဳးရင္ ေခြၽးနံ႔ျပင္းတာကို ကာကြယ္ၿပီးသားပါပဲ။

၄။ ပိုတက္ဆီယမ္ေက်ာက္ခ်ဥ္

ပိုတက္ဆီယမ္ေက်ာက္ခ်ဥ္က သဘာဝ ေခြၽးနံ႔ေပ်ာက္ေဆးပါ။ သူ႔မွာ ဘက္တီးရီးယားေတြကို တိုက္ဖ်က္ႏိုင္တဲ့ အစြမ္းေတြ ရွိပါတယ္။ ေက်ာက္ခ်ဥ္ကို ေရစြတ္ၿပီး ခ်ိဳင္းမွာ လိမ္းေပး႐ုံပဲ ျဖစ္တာေၾကာင့္ အလုပ္လည္း မရႈပ္ပါဘူး။ ေက်ာက္ခ်ဥ္က ေခြၽးေပါက္ မပိတ္တဲ့အျပင္ လေပါင္းမ်ားစြာလည္း ၾကာရွည္ခံပါတယ္။

၅။ Aluminum compounds

ေခြၽးေတြ အလြန္အမင္း ထြက္ေနတဲ့အခါ aluminum compounds နဲ႔ ျပဳလုပ္ထားတဲ့ ေခြၽးတိတ္ေဆးကို အသုံးျပဳပါ။ သူက ေခြၽးတိတ္ေစတဲ့အျပင္ ေခြၽးနံ႔ျပင္းတာကိုလည္း သက္သာေစပါတယ္။

၆။ Botox

သင့္ရဲ႕ခ်ိဳင္းက ေခြၽးအရမ္း ထြက္ရင္ အလွအပ ေဆးခန္းေတြမွာ Botulinum toxin injection ထိုးၿပီး ကုသလို႔ရပါတယ္။ သူ႔ရဲ႕အာနိသင္က ၄ လကေန ၁၂ လအထိ ၾကာရွည္ခံပါတယ္။

၇။ လေဆာကုထုံး

ေခြၽးတိတ္ေဆးေတြက အကူအညီ မျဖစ္တဲ့အခါ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။ ေခြၽးဂလင္းေတြကို ေလဆာနဲ႔ကုသလို႔ ရပါတယ္။

ေခြၽးက အရင္က အရမ္း ထြက္ေနၾကမဟုတ္ဘဲ အခုမွ ႐ုတ္တရက္ အလြန္အကြၽံ ထြက္လာရင္ ေရာဂါတစ္ခုရဲ႕ လကၡဏာျဖစ္ႏိုင္တာေၾကာင့္ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments