မိဘတိုင်း သိထားသင့်တဲ့ ယောကျာ်းလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အဆင့် (၃) ဆင့်

ကလေးတစ်ယောက်ကို ထိန်းကျောင်းရတယ် ဆိုတာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ အစားအသောက်ကနေအစ နေထိုင်မှု ပုံစံတွေကိုပါ ပြသပေးရပါတယ်။ ထိန်းကျောင်းရတဲ့နေရာမှာ မိန်းကလေးနှင့် ယောက်ျားလေးကို တူတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။

တကယ်တော့ မိန်းကလေးထက် ယောကျာ်းလေးတစ်ယောက်ကို ပိုပြီးတော့တောင် ဂရုစိုက်ရပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့ သာမကပဲ သူတို့ရဲ့ စိတ်ကိုပါ ထက်မြက်အောင် လုပ်ပေးရပါတယ်။ သူတို့တွေရဲ့ ပြောင်းလဲမှုတွေကို အဆင့် (၃) ဆင့်နဲ့ သတ်မှတ်ထားလို့ ရပါတယ်။

အဆင့် (၁) မွေးကင်းစမှ အသက် (၆) နှစ်

ကလေးတွေဟာ ငယ်စဉ်အချိန်မှာ ယောကျာ်းမိန်းမ မခွဲခြားတတ်သေးပါဘူး။ သူတို့နဲ့ ကစားတဲ့အခါမှာ လက်နှစ်ဖက်ကို ကိုင်ထားတာတွေ၊ သူတို့နဲ့ စကားပြောပေးတာတွေကို သဘောကျကြပါတယ်။ အဓိကအနေနဲ့ကတော့ သူတို့က အာရုံစိုက် အလေးထားခံချင် ကြတာပါပဲ။ မတူညီတဲ့ ကလေးတွေဟာ မတူညီတဲ့ ပတ်ဝန်းကျင်ကနေ မွေးဖွားလာပြီး အကျင့်စရိုက်တွေကတော့ မတူနိုင်ပါဘူး။ လူမှုစိတ်ပညာရှင် Erich Fromm ကတော့ ယောက်ျားလေးတစ်ဦးရဲ့ အစောပိုင်း ဖွံ့ဖြိုးမှုတွေဟာ မိဘတွေရဲ့ အခန်းကဏ္ဍတွေနဲ့ သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။

- တကယ်လို့ မိဘမှာ စိတ်ကျရောဂါ ခံစားနေရတယ် ဆိုရင် ကလေးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ ကူးစက်သွားပြီးတော့ ကလေးပါ မပျော်ရွှင် ဖြစ်တတ်ပါတယ်။

- ယောကျ်ားလေးတစ်ယောက်ရဲ့ ဘဝမှာ မိဘတွေရဲ့ အခန်းကဏ္ဍက အလွန်ကို အရေးပါနေပါတယ်။ မိဘက ကြင်နာတတ်တဲ့သူမျိုးဖြစ်ရင် ကလေးမှာ ကြင်နာတတ်တဲ့ စိတ်ကလေး ရှိသွားစေပါတယ်။ ကလေးတစ်ယောက်က ယုံကြည်မှုရှိပြီး ချစ်ဖို့ကောင်းနေဖို့ လိုအပ်တဲ့အတွက် ဒါဟာ တကယ်ကို အရေးကြီးပါတယ်။

- ဖခင်တစ်ယောက်ရဲ့ တာဝန်ကတော့ သားဖြစ်သူအပေါ် အခွင့်အာဏာရှိဖို့၊ သားသမီးက အားကိုးတတ်တဲ့သူမျိုးဖြစ်ဖို့၊ အကောင်းအဆိုးကို ခွဲခြားတတ်ဖို့ သင်ပေးနိုင်တဲ့လူမျိုး ဖြစ်သင့်ပါတယ်။

- မိခင်တစ်ယောက်ကတော့ သားဖြစ်သူကို မေတ္တာထားတတ်အောင် သင်ပေးနိုင်ရပါမယ်။ လူတိုင်းပေါ်ကို ကိုယ်ချင်းစာတရား ထားတတ်ဖို့၊ အကျင့်စာရိတ္တနှင့် အခြေခံ စည်းမျဉ်းတွေအကြောင်း သင်ပေးသင့်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကလေးဟာ အရာရာကို မေတ္တာမထားတတ်ပဲ အစွန်းရောက် သွားပါလိမ့်မယ်။

- အသက် (၂) နှစ်လောက် ရောက်လာရင်တော့ ကလေးဟာ ပြောင်းလဲမှုတွေရှိပြီး မိဘနဲ့ ကလေးကြား စည်းကမ်းလေးတွေ ထုတ်ထားသင့်ပါပြီ။

အဆင့် (၂) အသက် (၆) နှစ်မှ (၁၃) နှစ်

ဒီအသက်အရွယ်မှာတော့ ကလေးတွေဟာ ယောကျာ်းမိန်းမ ခွဲခြားတတ်လာပါပြီ။ နည်းနည်းလည်း လည်ဝယ်လာပြီးတော့ တစ်ခုခုကို တောင်းဆိုတတ်နေပါပြီ။ Peggy Drexler, Ph.D. နှင့် သုတေသန စိတ်ပညာရှင်တို့က ယောကျာ်းလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ ဒီအချက်တွေက အရေးပါဆုံး ဖြစ်တယ်လို့ ပြောပါတယ်။

- ယောကျာ်းလေးတွေက ယောကျ်ားလေးပဲ ဖြစ်တယ် ဆိုတာကို သတိရပေးပါ။ သင်ဘယ်လို ပြောင်းလဲပြောင်းလဲ ဗီဇဆိုတာရှိပါတယ်။ အဓိကအချက်က သင့်ကလေးကို ယောက်ျားပီသပြီး ရန်လိုတဲ့ လုပ်ဆောင်မှုတွေ မပြုလုပ်တတ်အောင် သင်ပေးပါ။ ကိစ္စတိုင်းကို အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်အောင် ရှင်းပြပါ။ တိုးတက်မှု၊ လွတ်လပ်မှုနှင့် စွန့်စားမှုသဘောကို အားပေးရင်း သင့်သားရဲ့ ယောက်ျားပီသမှုကို တန်ဖိုးထားပါ။ တကယ်လို့ သင့်သားက အပစ်အခတ်တွေဝါသနာပါနေရင်တောင် တခြားနည်းလမ်းနဲ့ ပြောင်းလဲဖို့ ကြိုးစားကြည့်ပါ။

- ကလေးဟာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာမှာဖြစ်တာကြောင့် အထင်မသေးဘဲ လေးလေးစားစား ဆက်ဆံသင့်ပါတယ်။ ယောက်ျားပီသမှုကို ဖော်ပြဖို့ မတူညီတဲ့ စတိုင်လ်တွေရှိတတ်ပြီး၊ ဆန့်ကျင်ဘက်လိင်ကိုလည်း စိတ်ဝင်စားမှုတွေ ရှိလာနိုင်ပါတယ်။

- မတူညီတဲ့ လှုံ့ဆော်မှုတွေကိုပေးပါ။ ကိစ္စတစ်ခုတည်းကိုပဲ အားပေးတာမျိုးမဟုတ်ပဲ တခြားအရာတွေ အများကြီး ရှိတယ်ဆိုတာကို ပြောပြပါ။ ပြီးတော့ သူရွေးချယ်ချင်တာကိုပဲ ရွေးခွင့်ပေးပါ။ ဒီလို လုပ်ခွင့်ပေးလိုက်တာက အသိဉာဏ်ကို ကြွယ်ဝစေပြီး လွတ်လပ်စွာ ရွေးချယ်ခွင့်ကို တန်ဖိုးထားလာစေဖို့ အကူအညီဖြစ်လာစေပါလိမ့်မယ်။

- ကျား၊မ အခြေပြု မျှော်လင့်ချက်တွေ မထားပါနဲ့။ Peggy Drexler ရဲ့ လေ့လာတွေ့ရှိချက်တွေအရ ကျားမရေးရာ အခန်းကဏ္ဍတွေမှာ ပိတ်မိနေခြင်းမရှိတဲ့ ယောက်ျားလေးတွေကသာ ပိုမို လွတ်လပ်ပွင့်လင်းပြီး ရွယ်တူတွေထက် လိင်ပိုင်းဆိုင်ရာကို သည်းခံနိုင်မှု ပိုရှိတယ်လို့ ဆိုပါတယ်။

- ပြစ်တင်ဝေဖန်တတ်အောင် သင်ပေးပါ။ ရန်လိုလွန်းခြင်းမရှိဘဲ သူ့ကိုယ်သူ ရပ်တည်နိုင်အောင်ပဲ သင်ပေးပါ။

အဆင့် (၃) အသက် (၁၃) နှစ်

ဒီအသက်အရွယ် ရောက်လာရင်တော့ ကလေးဟာ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် နည်းနည်းရန်လို တတ်လာပါတယ်။ ဒါကြောင့် ထွက်ထာတဲ့ စိတ်စွမ်းအင်တွေကို လမ်းမှားမရောက်အောင် သေချာဂရုစိုက်သင့်ပါတယ်။

- နေရာတိုင်းမှာ မိဘက လိုက်မဖြေရှင်းတော့ပဲ ကလေးကို သူလုပ်ထားတဲ့ အရာတွေကို ကိုယ်တိုင် ဖြေရှင်းခိုင်းသင့်ပါတယ်။ ဥပမာ သူဆော့ထားတဲ့ အရုပ်တွေကို သူ့ကိုပြန်သိမ်းခိုင်းတာမျိုး၊ ပန်းကန်တွေကို နေရာတကျ ထားတတ်အောင်မျိုးပါ။ စိတ်ပညာရှင် Steven Stosny, Ph.D. ကတော့ "တာဝန်ယူသင်ကြားခြင်းအတွက် အဓိကသော့ချက်ဟာ သင့်ကလေးတွေကို ပါဝါ၊ အခွင့်ထူးနှင့် တာဝန်တို့ကို နားလည်တတ်အောင် သင်ပေးတာပဲ ဖြစ်ပါတယ်။ တာဝန်ကြီးတဲ့အခါမှာ အခြားနှစ်ခုဟာလည်း ကပ်ပါလာပါတယ်။ တာဝန်မကြီးတဲ့အခါမှာလည်း ကျန်တဲ့နှစ်ခုဟာ တူတူရှိနေပါတယ်။" လို့ ပြောထားပါတယ်။

- တစ်ချိန်တည်းမှာပဲ ကလေးကို သူရဲ့ကိုယ်ပိုင်လက္ခဏာနှင့် ဝါသနာကို ဖော်ထုတ်ရန် အခွင့်အရေးပေးပါ။ ကလေးဖွံ့ဖြိုးတိုးတက်ရေး ပါမောက္ခ David Elkind, Ph.D. က " တကယ်လို့ သင့်ကလေးက လမ်းမှားကို လိုက်နေတယ်ဆိုရင်တောင် အကျိုးအကြောင်း ရှင်းပြသင့်ပြီးတော့ အမှန်ဘက်ကို ပြန်ပါလာအောင် ဆွဲခေါ်သင့်တယ် "လို့ ဆိုပါတယ်။

- စည်းကမ်းတွေ တင်းကျပ်သင့်ပါတယ်။ Amy Bobrow, Ph.D. ကဆေးဘက်ဆိုင်ရာ စိတ်ပညာရှင်တစ်ဦးကတော့ "မိဘနှစ်ပါးစလုံးဟာ ကလေးကို လမ်းမှားမရောက်စေချင်ဘူး ဆိုရင် တင်းကြပ်တဲ့စည်းကမ်းတွေ ထုတ်ထားသင့်တယ်"လို့ဆိုပါတယ်။ တကယ်လို့စည်းကမ်းတွေ ပြစ်ဒဏ်တွေ မရှိဘူးဆိုရင် ကြီးလာတဲ့အခါမှာ ထိန်းကျောင်းရ ခက်လာနိုင်ပါတယ်။

- အရေးကြီးဆုံးကတော့ သင့်ကလေးရဲ့ရှေ့မှာ သင်ဟာ စံပြဖြစ်နေဖို့ပါ။ သင်သာ အမှန်တရားကို မြတ်နိုးပြီးတော့ အဆိုးတွေကို မလုပ်ဘူးဆိုရင်တော့ သင့်ကလေးဟာ သင့်လိုပဲ လိုက်ပြောင်းလဲမှာ ဖြစ်ပါတယ်။

Zombie (lovemedia)

for zawgyi

မိဘတိုင္း သိထားသင့္တဲ့ ေယာက်ာ္းေလးေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ အဆင့္ (၃) ဆင့္

ကေလးတစ္ေယာက္ကို ထိန္းေက်ာင္းရတယ္ ဆိုတာ လြယ္ကူတဲ့အလုပ္ေတာ့ မဟုတ္ပါဘူး။ အစားအေသာက္ကေနအစ ေနထိုင္မႈ ပုံစံေတြကိုပါ ျပသေပးရပါတယ္။ ထိန္းေက်ာင္းရတဲ့ေနရာမွာ မိန္းကေလးႏွင့္ ေယာက္်ားေလးကို တူတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ တကယ္ေတာ့ မိန္းကေလးထက္ ေယာက်ာ္းေလးတစ္ေယာက္ကို ပိုၿပီးေတာ့ေတာင္ ဂ႐ုစိုက္ရပါေသးတယ္။ ႐ုပ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ဖို႔ သာမကပဲ သူတို႔ရဲ႕ စိတ္ကိုပါ ထက္ျမက္ေအာင္ လုပ္ေပးရပါတယ္။ သူတို႔ေတြရဲ႕ ေျပာင္းလဲမႈေတြကို အဆင့္ (၃) ဆင့္နဲ႔ သတ္မွတ္ထားလို႔ ရပါတယ္။

အဆင့္ (၁) ေမြးကင္းစမွ အသက္ (၆) ႏွစ္

ကေလးေတြဟာ ငယ္စဥ္အခ်ိန္မွာ ေယာက်ာ္းမိန္းမ မခြဲျခားတတ္ေသးပါဘူး။ သူတို႔နဲ႔ ကစားတဲ့အခါမွာ လက္ႏွစ္ဖက္ကို ကိုင္ထားတာေတြ၊ သူတို႔နဲ႔ စကားေျပာေပးတာေတြကို သေဘာက်ၾကပါတယ္။ အဓိကအေနနဲ႔ကေတာ့ သူတို႔က အာ႐ုံစိုက္ အေလးထားခံခ်င္ ၾကတာပါပဲ။ မတူညီတဲ့ ကေလးေတြဟာ မတူညီတဲ့ ပတ္ဝန္းက်င္ကေန ေမြးဖြားလာၿပီး အက်င့္စ႐ိုက္ေတြကေတာ့ မတူႏိုင္ပါဘူး။ လူမႈစိတ္ပညာရွင္ Erich Fromm ကေတာ့ ေယာက္်ားေလးတစ္ဦးရဲ႕ အေစာပိုင္း ဖြံ႕ၿဖိဳးမႈေတြဟာ မိဘေတြရဲ႕ အခန္းက႑ေတြနဲ႔ သက္ဆိုင္ေနတယ္လို႔ ဆိုပါတယ္။

- တကယ္လို႔ မိဘမွာ စိတ္က်ေရာဂါ ခံစားေနရတယ္ ဆိုရင္ ကေလးကို တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ကူးစက္သြားၿပီးေတာ့ ကေလးပါ မေပ်ာ္႐ႊင္ ျဖစ္တတ္ပါတယ္။

- ေယာက်္ားေလးတစ္ေယာက္ရဲ႕ ဘဝမွာ မိဘေတြရဲ႕ အခန္းက႑က အလြန္ကို အေရးပါေနပါတယ္။ မိဘက ၾကင္နာတတ္တဲ့သူမ်ိဳးျဖစ္ရင္ ကေလးမွာ ၾကင္နာတတ္တဲ့ စိတ္ကေလး ရွိသြားေစပါတယ္။ ကေလးတစ္ေယာက္က ယုံၾကည္မႈရွိၿပီး ခ်စ္ဖို႔ေကာင္းေနဖို႔ လိုအပ္တဲ့အတြက္ ဒါဟာ တကယ္ကို အေရးႀကီးပါတယ္။

- ဖခင္တစ္ေယာက္ရဲ႕ တာဝန္ကေတာ့ သားျဖစ္သူအေပၚ အခြင့္အာဏာရွိဖို႔၊ သားသမီးက အားကိုးတတ္တဲ့သူမ်ိဳးျဖစ္ဖို႔၊ အေကာင္းအဆိုးကို ခြဲျခားတတ္ဖို႔ သင္ေပးႏိုင္တဲ့လူမ်ိဳး ျဖစ္သင့္ပါတယ္။

- မိခင္တစ္ေယာက္ကေတာ့ သားျဖစ္သူကို ေမတၱာထားတတ္ေအာင္ သင္ေပးႏိုင္ရပါမယ္။ လူတိုင္းေပၚကို ကိုယ္ခ်င္းစာတရား ထားတတ္ဖို႔၊ အက်င့္စာရိတၱႏွင့္ အေျခခံ စည္းမ်ဥ္းေတြအေၾကာင္း သင္ေပးသင့္ပါတယ္။ ဒီလိုမွမဟုတ္ရင္ ကေလးဟာ အရာရာကို ေမတၱာမထားတတ္ပဲ အစြန္းေရာက္ သြားပါလိမ့္မယ္။

- အသက္ (၂) ႏွစ္ေလာက္ ေရာက္လာရင္ေတာ့ ကေလးဟာ ေျပာင္းလဲမႈေတြရွိၿပီး မိဘနဲ႔ ကေလးၾကား စည္းကမ္းေလးေတြ ထုတ္ထားသင့္ပါၿပီ။

အဆင့္ (၂) အသက္ (၆) ႏွစ္မွ (၁၃) ႏွစ္

ဒီအသက္အ႐ြယ္မွာေတာ့ ကေလးေတြဟာ ေယာက်ာ္းမိန္းမ ခြဲျခားတတ္လာပါၿပီ။ နည္းနည္းလည္း လည္ဝယ္လာၿပီးေတာ့ တစ္ခုခုကို ေတာင္းဆိုတတ္ေနပါၿပီ။ Peggy Drexler, Ph.D. ႏွင့္ သုေတသန စိတ္ပညာရွင္တို႔က ေယာက်ာ္းေလးေတြကို ျပဳစုပ်ိဳးေထာင္တဲ့ေနရာမွာ ဒီအခ်က္ေတြက အေရးပါဆုံး ျဖစ္တယ္လို႔ ေျပာပါတယ္။

- ေယာက်ာ္းေလးေတြက ေယာက်္ားေလးပဲ ျဖစ္တယ္ ဆိုတာကို သတိရေပးပါ။ သင္ဘယ္လို ေျပာင္းလဲေျပာင္းလဲ ဗီဇဆိုတာရွိပါတယ္။ အဓိကအခ်က္က သင့္ကေလးကို ေယာက္်ားပီသၿပီး ရန္လိုတဲ့ လုပ္ေဆာင္မႈေတြ မျပဳလုပ္တတ္ေအာင္ သင္ေပးပါ။ ကိစၥတိုင္းကို အက်ိဳးသင့္အေၾကာင္းသင့္ စဥ္းစားတတ္ေအာင္ ရွင္းျပပါ။ တိုးတက္မႈ၊ လြတ္လပ္မႈႏွင့္ စြန႔္စားမႈသေဘာကို အားေပးရင္း သင့္သားရဲ႕ ေယာက္်ားပီသမႈကို တန္ဖိုးထားပါ။ တကယ္လို႔ သင့္သားက အပစ္အခတ္ေတြဝါသနာပါေနရင္ေတာင္ တျခားနည္းလမ္းနဲ႔ ေျပာင္းလဲဖို႔ ႀကိဳးစားၾကည့္ပါ။

- ကေလးဟာ ေနာင္တစ္ခ်ိန္မွာ လူႀကီးျဖစ္လာမွာျဖစ္တာေၾကာင့္ အထင္မေသးဘဲ ေလးေလးစားစား ဆက္ဆံသင့္ပါတယ္။ ေယာက္်ားပီသမႈကို ေဖာ္ျပဖို႔ မတူညီတဲ့ စတိုင္လ္ေတြရွိတတ္ၿပီး၊ ဆန႔္က်င္ဘက္လိင္ကိုလည္း စိတ္ဝင္စားမႈေတြ ရွိလာႏိုင္ပါတယ္။

- မတူညီတဲ့ လႈံ႕ေဆာ္မႈေတြကိုေပးပါ။ ကိစၥတစ္ခုတည္းကိုပဲ အားေပးတာမ်ိဳးမဟုတ္ပဲ တျခားအရာေတြ အမ်ားႀကီး ရွိတယ္ဆိုတာကို ေျပာျပပါ။ ၿပီးေတာ့ သူေ႐ြးခ်ယ္ခ်င္တာကိုပဲ ေ႐ြးခြင့္ေပးပါ။ ဒီလို လုပ္ခြင့္ေပးလိုက္တာက အသိဉာဏ္ကို ႂကြယ္ဝေစၿပီး လြတ္လပ္စြာ ေ႐ြးခ်ယ္ခြင့္ကို တန္ဖိုးထားလာေစဖို႔ အကူအညီျဖစ္လာေစပါလိမ့္မယ္။

- က်ား၊မ အေျချပဳ ေမွ်ာ္လင့္ခ်က္ေတြ မထားပါနဲ႔။ Peggy Drexler ရဲ႕ ေလ့လာေတြ႕ရွိခ်က္ေတြအရ က်ားမေရးရာ အခန္းက႑ေတြမွာ ပိတ္မိေနျခင္းမရွိတဲ့ ေယာက္်ားေလးေတြကသာ ပိုမို လြတ္လပ္ပြင့္လင္းၿပီး ႐ြယ္တူေတြထက္ လိင္ပိုင္းဆိုင္ရာကို သည္းခံႏိုင္မႈ ပိုရွိတယ္လို႔ ဆိုပါတယ္။

- ျပစ္တင္ေဝဖန္တတ္ေအာင္ သင္ေပးပါ။ ရန္လိုလြန္းျခင္းမရွိဘဲ သူ႔ကိုယ္သူ ရပ္တည္ႏိုင္ေအာင္ပဲ သင္ေပးပါ။

အဆင့္ (၃) အသက္ (၁၃) ႏွစ္

ဒီအသက္အ႐ြယ္ ေရာက္လာရင္ေတာ့ ကေလးဟာ ေဟာ္မုန္းေျပာင္းလဲမႈေတြေၾကာင့္ နည္းနည္းရန္လို တတ္လာပါတယ္။ ဒါေၾကာင့္ ထြက္ထာတဲ့ စိတ္စြမ္းအင္ေတြကို လမ္းမွားမေရာက္ေအာင္ ေသခ်ာဂ႐ုစိုက္သင့္ပါတယ္။

- ေနရာတိုင္းမွာ မိဘက လိုက္မေျဖရွင္းေတာ့ပဲ ကေလးကို သူလုပ္ထားတဲ့ အရာေတြကို ကိုယ္တိုင္ ေျဖရွင္းခိုင္းသင့္ပါတယ္။ ဥပမာ သူေဆာ့ထားတဲ့ အ႐ုပ္ေတြကို သူ႔ကိုျပန္သိမ္းခိုင္းတာမ်ိဳး၊ ပန္းကန္ေတြကို ေနရာတက် ထားတတ္ေအာင္မ်ိဳးပါ။ စိတ္ပညာရွင္ Steven Stosny, Ph.D. ကေတာ့ "တာဝန္ယူသင္ၾကားျခင္းအတြက္ အဓိကေသာ့ခ်က္ဟာ သင့္ကေလးေတြကို ပါဝါ၊ အခြင့္ထူးႏွင့္ တာဝန္တို႔ကို နားလည္တတ္ေအာင္ သင္ေပးတာပဲ ျဖစ္ပါတယ္။ တာဝန္ႀကီးတဲ့အခါမွာ အျခားႏွစ္ခုဟာလည္း ကပ္ပါလာပါတယ္။ တာဝန္မႀကီးတဲ့အခါမွာလည္း က်န္တဲ့ႏွစ္ခုဟာ တူတူရွိေနပါတယ္။" လို႔ ေျပာထားပါတယ္။

- တစ္ခ်ိန္တည္းမွာပဲ ကေလးကို သူရဲ႕ကိုယ္ပိုင္လကၡဏာႏွင့္ ဝါသနာကို ေဖာ္ထုတ္ရန္ အခြင့္အေရးေပးပါ။ ကေလးဖြံ႕ၿဖိဳးတိုးတက္ေရး ပါေမာကၡ David Elkind, Ph.D. က " တကယ္လို႔ သင့္ကေလးက လမ္းမွားကို လိုက္ေနတယ္ဆိုရင္ေတာင္ အက်ိဳးအေၾကာင္း ရွင္းျပသင့္ၿပီးေတာ့ အမွန္ဘက္ကို ျပန္ပါလာေအာင္ ဆြဲေခၚသင့္တယ္ "လို႔ ဆိုပါတယ္။

- စည္းကမ္းေတြ တင္းက်ပ္သင့္ပါတယ္။ Amy Bobrow, Ph.D. ကေဆးဘက္ဆိုင္ရာ စိတ္ပညာရွင္တစ္ဦးကေတာ့ "မိဘႏွစ္ပါးစလုံးဟာ ကေလးကို လမ္းမွားမေရာက္ေစခ်င္ဘူး ဆိုရင္ တင္းၾကပ္တဲ့စည္းကမ္းေတြ ထုတ္ထားသင့္တယ္"လို႔ဆိုပါတယ္။ တကယ္လို႔စည္းကမ္းေတြ ျပစ္ဒဏ္ေတြ မရွိဘူးဆိုရင္ ႀကီးလာတဲ့အခါမွာ ထိန္းေက်ာင္းရ ခက္လာႏိုင္ပါတယ္။

- အေရးႀကီးဆုံးကေတာ့ သင့္ကေလးရဲ႕ေရွ႕မွာ သင္ဟာ စံျပျဖစ္ေနဖို႔ပါ။ သင္သာ အမွန္တရားကို ျမတ္ႏိုးၿပီးေတာ့ အဆိုးေတြကို မလုပ္ဘူးဆိုရင္ေတာ့ သင့္ကေလးဟာ သင့္လိုပဲ လိုက္ေျပာင္းလဲမွာ ျဖစ္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments