ကျန်းမာရေးနဲ့ အလှအပအတွက် ထောပတ်သီးအစေ့နဲ့ လုပ်နိုင်တဲ့အရာ (၇) ခု
ထောပတ်သီးကို စားပြီးရင် အစေ့ကို လွှင့်ပစ်ကြတာ များပါတယ်။ အခု အချိန်မှာ ထောပတ်သီးတွေ ပေါလာပြီ ဖြစ်တာကြောင့် ထောပတ်သီးအစေ့ရဲ့ ကောင်းကျိူးတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။
ထောပတ်သီးက ဘက်တီးရီးယားနဲ့ မှိုတွေကို ကင်းဝေးစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်စီဓါတ်လည်း ပါဝင်ပါသေးတယ်။
ထောပတ်သီးအစေ့ကို ဟင်းထဲ ထည့်ချက်စားမယ် ဆိုရင် အရင်ဆုံး အစေ့ကို ခြောက်အောင်လှန်းပါ။ ပြီးရင် ခြစ်နဲ့ခြစ်ပြီး မီးဖိုမှာ အပူချိန် နည်းနည်းပေးပြီး အခြောက်ခံပါ။ ထောပတ်သီး အစေ့အစိမ်းကိုတော့ မစားသင့်ပါဘူး။
ထောပတ်သီးအစေ့ကို အလှအပအတွက်လည်း အသုံးပြုကြပါတယ်။ ထောပတ်သီးအစေ့က ဝက်ခြံ၊ အဆီပြန်တဲ့ဆံပင်၊ ဗောက်ထနဲ့ ဆံပင်တွေအတွက် သင့်တော်ပါတယ်။
၁။ Scrub
ထောပတ်သီးအစေ့ကို ခြစ်ပြီးအမှုန့်ဖြစ်အောင်လုပ်ပါ။ ပြီးရင် ကော်ဖီမှုန့်၊ ဆားတို့နဲ့ရောပြီး scrub လုပ်လို့ရပါတယ်။
၂။ Drying cream
ထောပတ်သီးအစေ့ကို ခြစ်ထားတာနဲ့ ရေနွေးကို ရောပြီး အနှစ်ရအောင် မွှေပါ။ အဲဒီနောက် tea tree oil အနည်းငယ်ထည့်ပါ။ ပြီးရင် ဝက်ခြံတွေပေါ်မှာ ၆ မိနစ်ခန့်ကြာအောင် အုံထားပေးလိုက်ပါ။
၃။ Mask
ထောပတ်သီးအစေ့ အမှုန့်၊ ရွှံ့မှုန့်၊ ရေတို့ကိုရောပြီး မျက်နှာတစ်ဝိုက်မှာ Mask အဖြစ် ကပ်လို့ရပါတယ်။ ၁၅ မိနစ်ကြာပြီးရင် မျက်နှာသစ်ပြီး moisturizing cream လိမ်းပါ။
၄။ Hair rinse
ရေ ၃၀ အောင်စနဲ့ ထောပတ်သီးအစေ့မှုန့် တို့ကို ထည့်ပြီး ဆူပွက်လာအောင် မိနစ် ၃၀ ခန့်တည်ပါ။ ပြီးရင် ဇကာနဲ့ စစ်ချပြီး အအေးခံပါ။ ရလာတဲ့အရည်ကို ခေါင်းလျှော်ပေးရင် ဗောက်ထတာ သက်သာပါတယ်။
ထောပတ်သီးအစေ့ကို အစားအစာတွေမှာလည်း ထည့်ပြီးစားသုံးလို့ ရပါတယ်။ အဝလွန်နေရင် ထောပတ်သီးအစေ့ကို စားပေးလို့ ရပါတယ်နော်။
၅။ အရွက်သုပ်
အရွက်သုပ်တွေထဲမှာ ထောပတ်သီးအစေ့အမှုန့်ကို ထည့်သုပ်ရင် ပိုကောင်းတဲ့ အရသာကို ရရှိစေမှာပါ။
၆။ Smoothie
Almond milk နှစ်ခွက်၊ ငှက်ပျောသီး၊ ဟင်းနုနွယ်၊ ထောပတ်သီး အစေ့အမှုန့် တစ်ဇွန်းတို့ကို ကြိတ်စက်ထဲမှာ ရောကြိတ်ပါ။ အဲဒါဆိုရင် smoothie ကောင်းကောင်းတစ်ခွက်ရပါတယ်။ ဒါပေမယ့် ထောပတ်သီး အစေ့အမှုန့်က နည်းနည်းတော့ ခါးပါတယ်။
၇။ စွပ်ပြုတ်
ကြက်သွန်နီ၊ ထောပတ်သီးအနှစ်၊ အရွက်ပြုတ်ရည် တို့ကိုရောပြီး ပွက်အောင်တည်ပြီး ကြိတ်စက်ထဲမှာ မွှေပါ။ ပြီးရင် ထောပတ်သီး အစေ့အမှုန့်ကို ထည့်လိုက်ရင် အရသာရှိတဲ့ စွပ်ပြုတ်တစ်ခွက် ရပါပြီ။
Zombie (lovemedia)
for zawgyi
၁။ Scrub
၂။ Drying cream
၃။ Mask
၎။ Hair rinse
၅။ အရွက်သုပ်
၆။ Smoothie
၇။ စွပ်ပြုတ်
Zombie (lovemedia)
Post a Comment
0 Comments