ပုံထဲမှာ သင်အရင်ဆုံး တွေ့ရတဲ့ပုံကနေ ပြောပြမယ့် သင့်ရဲ့အတွင်းစိတ်
ဓါတ်ပုံတွေကနေ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်နဲ့ မသိစိတ်ကို သိနိုင်ပါတယ်။ ဒါ့အပြင် ဓါတ်ပုံတစ်ပုံကို ကြည့်လိုက်တဲ့အခါ သင် ပထမဆုံး တွေ့လိုက်ရတဲ့ အရာကနေ သင့်ရဲ့ မသိစိတ်ထဲက ကြောက်ရွံ့မှုတွေကို ဖော်ပြပေး နိုင်ပါတယ်နော်။
၁။ မိန်းကလေး
သင့်ဘဝမှာ ငယ်ငယ်ကတည်းက ချုပ်တည်းထားတဲ့ အကြောက်တရားတွေ ရှိခဲ့ပုံပါပဲ။ သင့်ရဲ့ခံစားချက်တွေ ပိုမိုကောင်းလာဖို့ အမေနဲ့ ရင်းရင်းနှီးနှီး နေသင့်ပါတယ်။ အမေနဲ့အတူ ရှိချိန်တွေ နည်းတဲ့အခါ ဆုံးဖြတ်လျက်တွေ ချတဲ့အခါမှာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။
၂။ လိပ်ပြာ
လိပ်ပြာရဲ့အဓိပ္ပါယ်က ကောင်းတဲ့ အဓိပ္ပါယ်ပါပဲ။ ဒါပေမယ့် ဒီပုံကို အရင်မြင်တယ် ဆိုရင်တော့ သင်က အခွင့်အရေးတွေ လွဲချော်သွားမှာကို အလွန်ကြောက်နေတတ်ပါတယ်။ လူတွေဟာ သင်နဲ့အတူ မရှိနေလို့ ခံစားနေရသူလည်း ဖြစ်ပါတယ်။
၃။ ရက်စ်ဘယ်ရီသီး
ရက်စ်ဘယ်ရီသီးက ပုံရဲ့အလယ်မှာ ရှိနေပြီး ပုံမှန်အသီးထက် ပိုကြီးနေပါတယ်။ ပုံမှန်ထက် ကြီးနေရတာကတော့ နှလုံးကို ကိုယ်စားပြုထားတဲ့ အချစ်ပါ။ သင်က ပုံထဲမှာ ရက်စ်ဘယ်ရီသီးကို အရင်မြင်ရင် သင်ရှာဖွေနေတဲ့အရာက နှလုံးသားထဲမှာပါ။ သင့်ရဲ့မသိစိတ်ထဲ အကြောက်တရားကလည်း နှလုံးသားကို ခုခံနေတာပါ။
၄။ ပင့်ကူ
လူတွေ အကြောက်ဆုံးအရာတွေထဲက တစ်ခုက ပင့်ကူပါ။ ပုံထဲမှာ ပင့်ကူကို အရင်မြင်လိုက်ရရင် သင့်စိတ်ထဲမှာ သင့်ပတ်ဝန်းကျင်က မလုံခြုံဘူးလို့ ခံစားနေရတာပါ။ သင်က ဘေးပတ်ဝန်းကျင်မှာ တစ်ခုခု အန္တရာယ်ရှိနေလားလို့ အသေးစိတ် စစ်ဆေးနေတတ်သူပါ။ အဲဒါကြောင့် ပတ်ဝန်းကျင်က အလှတရားတွေကို ခံစားဖို့ မေ့သွားတတ်ပါတယ်။ သင်က အမြဲတမ်း အတွေးလွန်တတ်သူလည်း ဖြစ်ပါတယ်။.
၅။ အပင်များ
အပင်တွေကို ပုံထဲမှာ အရင်မြင်လိုက်ရရင် သင့်စိတ်ထဲမှာ ခုထိ မဖြေရှင်းနိုင်သေးတဲ့ ပဋိပက္ခတချိူ့ရှိနေနိုင်ပါတယ်။ တစ်ခါတရံ အတွေးလွန်တတ်စိတ်ကြောင့် လူတွေနဲ့ ဝေးဝေးသွားပါတယ်။
၆။ ဝက်ဝံရုပ်များ
ဝက်ဝံရုပ်လေးတွေကို ပုံထဲမှာ အရင်ဆုံး သတိထားမိရင်တော့ သင့်အကြောင်းနဲ့ ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိသူပါ။ ငယ်စဉ်ကတည်းက ကြောက်စိတ်တွေနဲ့ ကြီးပြင်းခဲ့ရသူ ဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် အားမလိုအားမရ ဖြစ်နေတတ်ပါတယ်။
၇။ ဦးခေါင်းခွံ
ပုံထဲမှာ ဦးခေါင်းခွံကို အရင်မြင်ရင် သင်က ပြဿနာတွေနဲ့ ကြုံလာရင် ဆုံးဖြတ်ချက်ချဖို့ ခက်ခဲသူပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နည်းပါးလို့ နောက်ထပ်တစ်ဆင့် တက်ဖို့အတွက် နှောင့်နှေးနေတတ်ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ငယ်ငယ်က မိဘနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီက အသိအမှတ်ပြု လေးစားမှုတွေ မခံခဲရလို့ပါ။
Zombie (Lovemedia)
for zawgyi
၁။ မိန်းကလေး
၂။ လိပ်ပြာ
၃။ ရက်စ်ဘယ်ရီသီး
၎။ ပင့်ကူ
၅။ အပင်များ
၆။ ဝက်ဝံရုပ်များ
၇။ ဦးခေါင်းခွံ
Zombie (Lovemedia)
Post a Comment
0 Comments