ဆိတ်ကျောင်းသမားနဲ့ ဝန်ကြီး

“ တီ.. တီ.. တီ.. ”

လမ်းမှာ ကားဟွန်းသံတွေ ဆူညံနေချိန်မှာ လမ်းကျဉ်းလေးကို ပိတ်ပြီးတော့ ဆိတ်တအုပ်က ရှေ့က သွားနေတယ် ။ ဆိတ်တွေကလည်း နည်းနည်းနောနောမှ မဟုတ်တာ ။

“ ဟေ့ ကောင်လေး. မင်း ဆိတ်တွေကို မြန်မြန်မောင်းစမ်း.. ဒီမှာ ဝန်ကြီး လာနေတာ မသိဘူးလား ”

ဝန်ကြီးရဲ့ ရှေ့တော်ပြေးက ကားပေါ်ကနေ ဆိတ်ကျောင်းသမားကို အော်လိုက်ပါတယ်။

“ ဟေ့.. မြန်မြန်ပါဆိုမှကွာ ”

“ အာဗျာ.. ဆိတ်တွေက လူတွေလို မသိဘူးဗျ.. ဒါ သူတို့ သွားနေကျလမ်း ဆိုတော့ သူတို့ သွားနေတဲ့ နှုန်းအတိုင်းပဲ သွားမှာ ”

“ မြန်မြန်မောင်းကွာ ”

ဝန်ကြီးက ကားပေါ်က ဆင်းလိုက်ပြီးတော့..

“ ဟေ့.. နေပါစေကွာ.. နေပါစေ ” လို့ ပြောလိုက်တယ် ။ ထို့နောက် ဝန်ကြီးက ဆိတ်ကျောင်းသားလေး နားကို သွားပြီးတော့..

“ ဒါနဲ့ မောင်ရင်.. မောင်ရင့်ရဲ့ ဆိတ်တွေကို ဘယ်နှကောင် ရှိတယ် ဆိုတာ အမှန်ပြောနိုင်ရင်.. ဦးကို ဆိတ်တစ်ကောင် ပေးမလား ”

“ ဆိတ်အားလုံးရဲ့ အရေအတွက်လား ”

“ အားလုံးပေါ့ ”

“ ဟာ.. ဒီဆိတ်အားလုံးကို ဘယ်လောက် ရှိတယ် ဆိုတာ အတိအကျ ပြောနိုင်ရင် ဆိတ်တကောင် ပေးတယ်ဗျာ … ယူသွား ”

“ တကယ်လား ”

“ တကယ် ”

ဝန်ကြီးက ကားခေါင်းပေါ်ကို ကွန်ပျူတာ တင်လိုက်တယ် ။ ပီးတော့ ကောင်းကင်က ဂြိုဟ်တုနဲ့ ချိတ်တယ် ။ ဌာနရဲ့ ပင်မ စခန်းက မြေပြင်ကြည့် စနစ်ဌာနကို လှမ်းပြောတယ် ။ ကောင်းကင်ကနေ ဝန်ကြီးနေရာကို ရှာပေးတယ် ။ တိတိကျကျ သိတော့ ဆိတ်အုပ်ကို ကြည့်တယ် ။ ကွန်ပျူတာကြီးတွေနဲ့ အဖြေ ထုတ်တယ် ။ ပြောတာကတောင် ကြာသေး ။ တွက်ချက်ပြီး ဝန်ကြီးဆီကို အကြောင်း ပြန်လိုက်တာက နှစ်မိနစ်ပဲ ကြာတယ် ။

“ ၅၈၆ ”

“ ကဲ… ကောင်လေး… မင်းဆိတ် စုစုပေါင်းက ၅၈၆ ကောင် ”

“ဗျာ ဟုတ်လှချည်လား.. သောက်ကျိုးနည်း တော်တာပဲ ။ ကျွန်တော့်ဆိတ် အားလုံးရဲ့ အရေအတွက် အတိအကျပဲ ”

“ ကဲ ဒါဆို မင်းရှုံးပြီနော် ”

“ ဟုတ်ကဲ့… ဝန်ကြီး ကြိုက်တဲ့ ဆိတ်တကောင် ယူသွားဗျာ ”

ဝန်ကြီး ဆိုသူက..

“ ဟေ့… ဒီကောင်လေးကို ကားပေါ်တင်လိုက်ကွာ… ဒီဆိတ်ကို ညကျရင် ချက်စားကြတာပေါ့ ”

ဝန်ကြီးရဲ့ တပည့်တွေကလည်း ဝန်ကြီး နားရွက်ဆွဲထားတဲ့ အကောင်လေးကို ကားပေါ် ပွေ့တင်ကြတယ် ။ ကားပေါ်တက် တော့မယ် လုပ်နေချိန်မှာ ဝန်ကြီးကို ဆိတ်ကျောင်းသမားက ပြောလိုက်တယ် ။

“ ဦးလေး… ဦးလေးကို ဘယ်ဝန်ကြီးဌာန ကလို့ အတိအကျ ပြောရင် ကျွန်တော့် အကောင်လေး ပြန်ပေးမှာလား ”

“ ဟာ ဟုတ်လှချည်လား.. ပြောစမ်းကွာ.. ငါ ဘယ်ဝန်ကြီးဌာန ကလဲလို့ ၊ မင်း မှန်မှန် ပြောနိုင်ရင် မင်းအကောင်လေးကို ပြန်ပေးရုံတင် မဟုတ်ဘူး.. ငွေတစ်သိန်းလည်း ပေးဦးမယ် ”

“ တကယ်လား ”

“ ငါ လူကြီးကွ.. စကားကို အတည်ပြောတယ် ”

“ ဦးလေးက ပညာရေး ဝန်ကြီးပဲ ဖြစ်ရမယ် ”

“ အလို… မင်းပြောတာ မှန်သကွာ.. ဟေ့ကောင်တွေ သူ့အကောင်လေးကို ကားပေါ်က ပြန်ချပေးလိုက်.. ဒါနဲ့ မင်း ငါ့ကို ပညာရေးဝန်ကြီးမှန်း မင်း ဘယ်လို သိတာလဲ ”

“ ဦးလေးရယ်.. ဦးလေးက ကျွန်တော့်ဆိတ် ဆိုပြီး ကားပေါ်ကို တင်ခိုင်းနေတာ ဆိတ်မှ မဟုတ်တာ ခွေးဗျ။ အဲဒါ ကျွန်တော့်ရဲ့ခွေးပါ ။ ဒီနိုင်ငံမှာ ဆိတ်မှန်းမသိ ခွေးမှန်း မသိအောင် လုပ်နိုင်တာ ပညာရေးဝန်ကြီးကလွဲပြီး ဘယ်သူမှ မဖြစ်နိုင်ပါဘူး ။ ဒါကြောင့် ကျွန်တော်က ဦးလေးကို ပညာရေးဝန်ကြီးလို့ တန်းပြောနိုင်တာ.. ဟုတ်ပါတယ်နော် ”

ဝန်ကြီးလည်း အောင့်သက်သက်နဲ့ ငွေတစ်သိန်းပါ ထပ်ထုတ်ခဲ့ရ သဗျ ။

တင်ညွန့်

( အိန္ဒိယ ဇာတ်လမ်းလေးတစ်ခုကို မှီငြမ်းပါတယ်ဗျာ )

for zawgyi

ဆိတ္ေက်ာင္းသမားနဲ႔ ဝန္ႀကီး

“ တီ.. တီ.. တီ.. ”

လမ္းမွာ ကားဟြန္းသံေတြ ဆူညံေနခ်ိန္မွာ လမ္းက်ဥ္းေလးကို ပိတ္ၿပီးေတာ့ ဆိတ္တအုပ္က ေရွ႕က သြားေနတယ္ ။ ဆိတ္ေတြကလည္း နည္းနည္းေနာေနာမွ မဟုတ္တာ ။

“ ေဟ့ ေကာင္ေလး. မင္း ဆိတ္ေတြကို ျမန္ျမန္ေမာင္းစမ္း.. ဒီမွာ ဝန္ႀကီး လာေနတာ မသိဘူးလား ”

ဝန္ႀကီးရဲ႕ ေရွ႕ေတာ္ေျပးက ကားေပၚကေန ဆိတ္ေက်ာင္းသမားကို ေအာ္လိုက္ပါတယ္။

“ ေဟ့.. ျမန္ျမန္ပါဆိုမွကြာ ”

“ အာဗ်ာ.. ဆိတ္ေတြက လူေတြလို မသိဘူးဗ်.. ဒါ သူတို႔ သြားေနက်လမ္း ဆိုေတာ့ သူတို႔ သြားေနတဲ့ ႏႈန္းအတိုင္းပဲ သြားမွာ ”

“ ျမန္ျမန္ေမာင္းကြာ ”

ဝန္ႀကီးက ကားေပၚက ဆင္းလိုက္ၿပီးေတာ့..

“ ေဟ့.. ေနပါေစကြာ.. ေနပါေစ ” လို႔ ေျပာလိုက္တယ္ ။ ထို႔ေနာက္ ဝန္ႀကီးက ဆိတ္ေက်ာင္းသားေလး နားကို သြားၿပီးေတာ့..

“ ဒါနဲ႔ ေမာင္ရင္.. ေမာင္ရင့္ရဲ႕ ဆိတ္ေတြကို ဘယ္ႏွေကာင္ ရွိတယ္ ဆိုတာ အမွန္ေျပာႏိုင္ရင္.. ဦးကို ဆိတ္တစ္ေကာင္ ေပးမလား ”

“ ဆိတ္အားလုံးရဲ႕ အေရအတြက္လား ”

“ အားလုံးေပါ့ ”

“ ဟာ.. ဒီဆိတ္အားလုံးကို ဘယ္ေလာက္ ရွိတယ္ ဆိုတာ အတိအက် ေျပာႏိုင္ရင္ ဆိတ္တေကာင္ ေပးတယ္ဗ်ာ … ယူသြား ”

“ တကယ္လား ”

“ တကယ္ ”

ဝန္ႀကီးက ကားေခါင္းေပၚကို ကြန္ပ်ဴတာ တင္လိုက္တယ္ ။ ပီးေတာ့ ေကာင္းကင္က ၿဂိဳဟ္တုနဲ႔ ခ်ိတ္တယ္ ။ ဌာနရဲ႕ ပင္မ စခန္းက ေျမျပင္ၾကည့္ စနစ္ဌာနကို လွမ္းေျပာတယ္ ။ ေကာင္းကင္ကေန ဝန္ႀကီးေနရာကို ရွာေပးတယ္ ။ တိတိက်က် သိေတာ့ ဆိတ္အုပ္ကို ၾကည့္တယ္ ။ ကြန္ပ်ဴတာႀကီးေတြနဲ႔ အေျဖ ထုတ္တယ္ ။ ေျပာတာကေတာင္ ၾကာေသး ။ တြက္ခ်က္ၿပီး ဝန္ႀကီးဆီကို အေၾကာင္း ျပန္လိုက္တာက ႏွစ္မိနစ္ပဲ ၾကာတယ္ ။

“ ၅၈၆ ”

“ ကဲ… ေကာင္ေလး… မင္းဆိတ္ စုစုေပါင္းက ၅၈၆ ေကာင္ ”

“ဗ်ာ ဟုတ္လွခ်ည္လား.. ေသာက္က်ိဳးနည္း ေတာ္တာပဲ ။ ကြၽန္ေတာ့္ဆိတ္ အားလုံးရဲ႕ အေရအတြက္ အတိအက်ပဲ ”

“ ကဲ ဒါဆို မင္းရႈံးၿပီေနာ္ ”

“ ဟုတ္ကဲ့… ဝန္ႀကီး ႀကိဳက္တဲ့ ဆိတ္တေကာင္ ယူသြားဗ်ာ ”

ဝန္ႀကီး ဆိုသူက..

“ ေဟ့… ဒီေကာင္ေလးကို ကားေပၚတင္လိုက္ကြာ… ဒီဆိတ္ကို ညက်ရင္ ခ်က္စားၾကတာေပါ့ ”

ဝန္ႀကီးရဲ႕ တပည့္ေတြကလည္း ဝန္ႀကီး နား႐ြက္ဆြဲထားတဲ့ အေကာင္ေလးကို ကားေပၚ ေပြ႕တင္ၾကတယ္ ။ ကားေပၚတက္ ေတာ့မယ္ လုပ္ေနခ်ိန္မွာ ဝန္ႀကီးကို ဆိတ္ေက်ာင္းသမားက ေျပာလိုက္တယ္ ။

“ ဦးေလး… ဦးေလးကို ဘယ္ဝန္ႀကီးဌာန ကလို႔ အတိအက် ေျပာရင္ ကြၽန္ေတာ့္ အေကာင္ေလး ျပန္ေပးမွာလား ”

“ ဟာ ဟုတ္လွခ်ည္လား.. ေျပာစမ္းကြာ.. ငါ ဘယ္ဝန္ႀကီးဌာန ကလဲလို႔ ၊ မင္း မွန္မွန္ ေျပာႏိုင္ရင္ မင္းအေကာင္ေလးကို ျပန္ေပး႐ုံတင္ မဟုတ္ဘူး.. ေငြတစ္သိန္းလည္း ေပးဦးမယ္ ”

“ တကယ္လား ”

“ ငါ လူႀကီးကြ.. စကားကို အတည္ေျပာတယ္ ”

“ ဦးေလးက ပညာေရး ဝန္ႀကီးပဲ ျဖစ္ရမယ္ ”

“ အလို… မင္းေျပာတာ မွန္သကြာ.. ေဟ့ေကာင္ေတြ သူ႔အေကာင္ေလးကို ကားေပၚက ျပန္ခ်ေပးလိုက္.. ဒါနဲ႔ မင္း ငါ့ကို ပညာေရးဝန္ႀကီးမွန္း မင္း ဘယ္လို သိတာလဲ ”

“ ဦးေလးရယ္.. ဦးေလးက ကြၽန္ေတာ့္ဆိတ္ ဆိုၿပီး ကားေပၚကို တင္ခိုင္းေနတာ ဆိတ္မွ မဟုတ္တာ ေခြးဗ်။ အဲဒါ ကြၽန္ေတာ့္ရဲ႕ေခြးပါ ။ ဒီႏိုင္ငံမွာ ဆိတ္မွန္းမသိ ေခြးမွန္း မသိေအာင္ လုပ္ႏိုင္တာ ပညာေရးဝန္ႀကီးကလြဲၿပီး ဘယ္သူမွ မျဖစ္ႏိုင္ပါဘူး ။ ဒါေၾကာင့္ ကြၽန္ေတာ္က ဦးေလးကို ပညာေရးဝန္ႀကီးလို႔ တန္းေျပာႏိုင္တာ.. ဟုတ္ပါတယ္ေနာ္ ”

ဝန္ႀကီးလည္း ေအာင့္သက္သက္နဲ႔ ေငြတစ္သိန္းပါ ထပ္ထုတ္ခဲ့ရ သဗ် ။

တင္ၫြန႔္

( အိႏၵိယ ဇာတ္လမ္းေလးတစ္ခုကို မွီျငမ္းပါတယ္ဗ်ာ )

Post a Comment

0 Comments