လူအလုပ် လူလုပ် ခွေးအလုပ် ခွေးလုပ်

မနှစ်တုန်းက US က LA မှာ မိုးတွေ တအားရွာပြီး LA မြစ်ထဲမှာ ရေတွေပြည့်သွားတယ်။ ရေစီးကလည်း သန်တာပေါ့ ။

အဲဒီအချိန် TV မှာ Breaking News လာတော့ ကြည့်လိုက်တာ မီးသတ်သမားတွေ၊ ရဲတွေ၊ ဟယ်လီကော့ပတာတွေ၊ မီဒီယာတွေ အယောက် ၁၀၀ လောက် ရှိမယ်။ ရေထဲ မျောပါသွားတဲ့ ခွေးတကောင်ကို ဆယ်ဖို့ ကြိုးစားနေကြတာ ။

မိုးထဲ၊ လေထဲ အလွန် ခက်ခက်ခဲခဲနဲ့ ရေစီးအတိုင်း အရှိန်ပြင်းထန်စွာ မျောပါသွားနေတဲ့ ခွေးကို မောင်းနေတဲ့ ဟယ်လီကော့ပတာ ပေါ်ကနေ ကြိုးတန်းလန်းနဲ့ ဆင်းလာတဲ့ မီးသတ်သမားက ခွေးကို ပိုက်ကွန်နဲ့ ပစ်ပြီး ဖမ်းဖို့ လုပ်နေတယ် ။

ကြည့်နေတဲ့ လူသိန်းပေါင်း များစွာကလည်း ခွေးအသက်ရှင်ဖို့၊ မီးသတ်သမား ဘေးကင်းဖို့ ဆုတောင်းနေကြတယ် ။ နာရီဝက်လောက် ကြာမှ ပိုက်ကွန်မှာ မိတယ်။

ခွေးကို အနီးကို ဆွဲယူပြီး ရင်ဘက်မှာ ပွေ့ဖို့ လုပ်တော့ ကြောက်နေတဲ့ခွေးက စပြီး ကိုက်တော့တာပဲ။ ခွေးက အကောင်ကြီးမျိုးဗျ။ မီးသတ်သမားရဲ့ နာကျင်စွာ ညည်းတွားသံကို TV မှာတောင် ကြားနေရတယ် ။ Radio ကနေ အထက်အရာရှိက ပြောတယ် ။

" မင်းသဘောပဲ။ အကိုက်ခံရတာ မခံနိုင်ရင် ပြန်လွှတ်ချလိုက် " တဲ့ ။

မီးသတ်သမား ပြောတာက ဒီလောက်နာရီဝက်ကြာ ခက်ခက်ခဲခဲနဲ့ ကြိုးစားထားပြီးမှ ပြန်မချချင်ဘူးတဲ့ ။

ခွေးနဲ့ လေပေါ်မှာ တွဲလောင်းကြီး ရုန်းကန်နေကြတယ်။ ခွေးက သုံးလေးချက် ကိုက်တယ်။ မျက်နှာကို မကိုက်မိရအောင် လက်ကို ပေးကိုက်ထားတယ်။ ကြည့်နေတဲ့ လူတွေလည်း ရင်တထိတ်ထိတ်နဲ့ပေါ့ ။

နောက်ဆုံး ခွေးက ဟယ်လီကော့ပတာပေါ်ကို ရောက်သွားတယ်။ အဲဒီ Rescue Operation အတွက် ဒေါ်လာသိန်းချီပြီး ကုန်ကျသွားတယ် ။

နောက်တပတ်လောက် ကြာတော့ မီးသတ်သမားကို ဂုဏ်ပြုပွဲ လုပ်ကြတယ်။ မြို့တော်ဝန်တွေက အစ တက်ရောက်ကြတဲ့ ဂုဏ်ပြုပွဲမှာ သတင်းထောက် တယောက်က မေးတယ် ။

"ဒီလောက်ကိုက်နေတဲ့ ခွေးကို အသားအနာခံပြီး ဘာဖြစ်လို့ ကယ်တာလဲ" တဲ့ ။

သူက ဘာပြောလဲဆိုတော့

" ခွေးအလုပ်က ကိုက်ရမယ့် အလုပ် ၊ သူ့အလုပ်က အသက်ကယ်ရမယ့် အလုပ် ၊ခွေးအလုပ် ခွေးလုပ် ပြီး ၊ လူ အလုပ်ကို လူ လုပ်တာပါ " တဲ့ ။

တခါတရံ လူတွေကို ကူညီပေးပေမယ့် ကူညီတဲ့လူကို ကျေးဇူးတင်ဖို့ နေနေသာသာ ပြန်ဒုက္ခပေးကြ၊ ဆဲကြ၊ ကိုက်ကြတဲ့ လူ့ခွေးတွေ ရှိနေပေမယ့်လည်း ကူညီမှုကို မရပ်ဆိုင်းလိုက်ပါနဲ့ ။

လူဟာ လူ့အလုပ် လုပ်ပါ။ ခွေးဟာ ခွေးအလုပ် လုပ်ပါစေ ။

လူသားပီသတဲ့ လူဟာ သူတပါးအပေါ်မှာ စာနာစိတ်ရှိပြီး ဘယ်လို အခြေအနေမျိုးမှာ မဆို တတ်နိုင်သလောက် ကူညီတတ်သူတွေ ဖြစ်ကြပါတယ် ။

CRD

Zawgyi

လူအလုပ္ လူလုပ္၊ ေခြးအလုပ္ ေခြးလုပ္

မႏွစ္တုန္းက US က LA မွာ မိုးေတြ တအား႐ြာၿပီး LA ျမစ္ထဲမွာ ေရေတြျပည့္သြားတယ္။ ေရစီးကလည္း သန္တာေပါ့ ။

အဲဒီအခ်ိန္ TV မွာ Breaking News လာေတာ့ ၾကည့္လိုက္တာ မီးသတ္သမားေတြ၊ ရဲေတြ၊ ဟယ္လီေကာ့ပတာေတြ၊ မီဒီယာေတြ အေယာက္ ၁၀၀ ေလာက္ ရွိမယ္။ ေရထဲ ေမ်ာပါသြားတဲ့ ေခြးတေကာင္ကို ဆယ္ဖို႔ ႀကိဳးစားေနၾကတာ ။

မိုးထဲ၊ ေလထဲ အလြန္ ခက္ခက္ခဲခဲနဲ႔ ေရစီးအတိုင္း အရွိန္ျပင္းထန္စြာ ေမ်ာပါသြားေနတဲ့ ေခြးကို ေမာင္းေနတဲ့ ဟယ္လီေကာ့ပတာ ေပၚကေန ႀကိဳးတန္းလန္းနဲ႔ ဆင္းလာတဲ့ မီးသတ္သမားက ေခြးကို ပိုက္ကြန္နဲ႔ ပစ္ၿပီး ဖမ္းဖို႔ လုပ္ေနတယ္ ။

ၾကည့္ေနတဲ့ လူသိန္းေပါင္း မ်ားစြာကလည္း ေခြးအသက္ရွင္ဖို႔၊ မီးသတ္သမား ေဘးကင္းဖို႔ ဆုေတာင္းေနၾကတယ္ ။ နာရီဝက္ေလာက္ ၾကာမွ ပိုက္ကြန္မွာ မိတယ္။

ေခြးကို အနီးကို ဆြဲယူၿပီး ရင္ဘက္မွာ ေပြ႕ဖို႔ လုပ္ေတာ့ ေၾကာက္ေနတဲ့ေခြးက စၿပီး ကိုက္ေတာ့တာပဲ။ ေခြးက အေကာင္ႀကီးမ်ိဳးဗ်။ မီးသတ္သမားရဲ႕ နာက်င္စြာ ညည္းတြားသံကို TV မွာေတာင္ ၾကားေနရတယ္ ။ Radio ကေန အထက္အရာရွိက ေျပာတယ္ ။

" မင္းသေဘာပဲ။ အကိုက္ခံရတာ မခံႏိုင္ရင္ ျပန္လႊတ္ခ်လိုက္ " တဲ့ ။

မီးသတ္သမား ေျပာတာက ဒီေလာက္နာရီဝက္ၾကာ ခက္ခက္ခဲခဲနဲ႔ ႀကိဳးစားထားၿပီးမွ ျပန္မခ်ခ်င္ဘူးတဲ့ ။

ေခြးနဲ႔ ေလေပၚမွာ တြဲေလာင္းႀကီး ႐ုန္းကန္ေနၾကတယ္။ ေခြးက သုံးေလးခ်က္ ကိုက္တယ္။ မ်က္ႏွာကို မကိုက္မိရေအာင္ လက္ကို ေပးကိုက္ထားတယ္။ ၾကည့္ေနတဲ့ လူေတြလည္း ရင္တထိတ္ထိတ္နဲ႔ေပါ့ ။

ေနာက္ဆုံး ေခြးက ဟယ္လီေကာ့ပတာေပၚကို ေရာက္သြားတယ္။ အဲဒီ Rescue Operation အတြက္ ေဒၚလာသိန္းခ်ီၿပီး ကုန္က်သြားတယ္ ။

ေနာက္တပတ္ေလာက္ ၾကာေတာ့ မီးသတ္သမားကို ဂုဏ္ျပဳပြဲ လုပ္ၾကတယ္။ ၿမိဳ႕ေတာ္ဝန္ေတြက အစ တက္ေရာက္ၾကတဲ့ ဂုဏ္ျပဳပြဲမွာ သတင္းေထာက္ တေယာက္က ေမးတယ္ ။

"ဒီေလာက္ကိုက္ေနတဲ့ ေခြးကို အသားအနာခံၿပီး ဘာျဖစ္လို႔ ကယ္တာလဲ" တဲ့ ။

သူက ဘာေျပာလဲဆိုေတာ့

" ေခြးအလုပ္က ကိုက္ရမယ့္ အလုပ္ ၊ သူ႔အလုပ္က အသက္ကယ္ရမယ့္ အလုပ္ ၊ေခြးအလုပ္ ေခြးလုပ္ ၿပီး ၊ လူ အလုပ္ကို လူ လုပ္တာပါ " တဲ့ ။

တခါတရံ လူေတြကို ကူညီေပးေပမယ့္ ကူညီတဲ့လူကို ေက်းဇူးတင္ဖို႔ ေနေနသာသာ ျပန္ဒုကၡေပးၾက၊ ဆဲၾက၊ ကိုက္ၾကတဲ့ လူ႔ေခြးေတြ ရွိေနေပမယ့္လည္း ကူညီမႈကို မရပ္ဆိုင္းလိုက္ပါနဲ႔ ။

လူဟာ လူ႔အလုပ္ လုပ္ပါ။ ေခြးဟာ ေခြးအလုပ္ လုပ္ပါေစ ။

လူသားပီသတဲ့ လူဟာ သူတပါးအေပၚမွာ စာနာစိတ္ရွိၿပီး ဘယ္လို အေျခအေနမ်ိဳးမွာ မဆို တတ္ႏိုင္သေလာက္ ကူညီတတ္သူေတြ ျဖစ္ၾကပါတယ္ ။

CRD

Post a Comment

0 Comments