ဘယ်သူ နိုင်မလဲ

တစ်ခါက အလွန်တော်တဲ့ ဗိသုကာ ပညာရှင် တယောက် သေဆုံးသွားတဲ့အခါ ယမမင်းက နေရာမှားပြီး ငရဲပြည်ကို ပို့လိုက်သတဲ့ ။ ငရဲမင်းကလည်း သိသိနဲ့ လက်ခံထားလိုက်ပြီး အဲ့ဒိ ဗိသုကာပညာရှင်ရဲ့ အစွမ်းနဲ့ ငရဲပြည်ကို ပြင်တော့တာပေါ့ ။

အဲကွန်းတွေတပ် ၊ မီးစက်တွေ လျပ်စစ်ပိုင်း ဆိုင်ရာတွေ ၊ ရထားတွေ ၊ လမ်းတွေ အဆောက်အဦတွေ ပန်းခြံတွေ.. စသဖြင့် ငရဲပြည် တခုလုံးကို ပြင်ဆင်လိုက်တော့ အရမ်းကို လှပသွား တာပေါ့ ။

တစ်ရက်မှာတော့ သိကြားမင်းက ငရဲမင်းဆီကို အလည်လာ ပါလေရော ။ ငရဲပြည် ဝင်ဝင်ခြင်းမှာပဲ အေးမြသာယာ လှပပြီး ခေတ်မီနေတာကို တွေ့တော့ ငရဲမင်းကို မေးတာပေါ့ ။ ငရဲမင်းကလဲ သူ့ဆီကို ရောက်လာတဲ့ ဗိသုကာ ပညာရှင်ကြောင့် ဒီလို ဖြစ်လာတာပါ လို့ ပြန်ပီးရှင်းပြသတဲ့ ။

ဒါနဲ့ သိကြားမင်းက နတ်ပြည် ပြန်ရောက်တော့ ဗိသုကာပညာရှင်က ဘာ့ကြောင့် ငရဲပြည်ကို ရောက်ရသလဲ လို့ လိုက် စုံစမ်းတော့မှ ယမမင်းက နေရာမှားပို့လိုက်တာကို သိလိုက်ရပါသတဲ့ ။

ဒါနဲ့ သိကြားမင်းက ငရဲမင်းကို " မင်းဆီမှာ ရောက်နေတဲ့ ဗိသုကာ ပညာရှင်က ယမမင်း မှားပို့လိုက်မိ တာပါ ။ အမှန်က သူဟာ နတ်ပြည်ကို ရောက်လာရမှာ ။ ဒါ့ကြောင့် နေရာအမှန် ဖြစ်တဲ့ နတ်ပြည်ကို ပြန်လွှဲပေးပါ " လို့ တောင်းသတဲ့ ။

ငရဲမင်း ကလဲ " မှားပို့တာ မပို့တာ ငါမသိ ။ ငါ့ဆီကို ရောက်လာတာ ငါ့အပိုင်ပဲ ။ မပေးနိုင်ဘူး " စသည်ဖြင့် အချင်းများကြ တာပေါ့ ။ နောက်ဆုံးကြတော့ သိကြားမင်းက..

" အေး.. မင်း ပြန်မပေးရင် မင်းကို တရားစွဲမယ် ။ ငါက သိကြားမင်း ဖြစ်တဲ့အတွက် မင်းထက်ပိုပီး တန်ခိုး ရှိတယ် ။ တရားစွဲရင် မင်းရှုံးမှာ ။ ဒါကြောင့် အခုလို တောင်းနေတုန်းမှာ အသာတကြည် ပြန်ပေးလိုက်စမ်းပါ " လို့ ခြိမ်းခြောက်တာပေါ့ ။

အဲ့ဒိ စကားကို ငရဲမင်းလဲ ကြားရော ခွက်ထိုးခွက်လန် ရယ်တော့တာပေါ့ ။ ပြီးတော့ သိကြားမင်းကို ပြောသတဲ့..

" မင်း တရားစွဲချင်ရင်လဲ စွဲပေါ့.. ဒါပေမယ့် စွဲလဲ မင်းရှုံးမှာပဲ " လို့ ပြန်ပြောသတဲ့ ။

သိကြားမင်းက " ဘာလို့ ရှုံးရမှာလဲ ။ ငါက မင်းထက် အဆင့်ပိုမြင့် တန်ခိုး ပိုရှိတာပဲ " လို့ ပြန်ပြောသတဲ့ ။

ဒါနဲ့ ငရဲမင်းက ရယ်ပြီး " မင်းက ငါ့ထက် အဆင့်ပိုမြင့်လဲ မထူးပါဘူး ။ ရှုံးမှာပဲ ။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းဆီမှာက တရားသူကြီးနဲ့ ရှေ့နေတွေ မရှိဘူးလေ ။ သူတို့တွေ အားလုံးက ငါ့ဆီမှာ ။ ဒါ့ကြောင့်.. ငါပဲ တရားနိုင်မှာကွ " လို့ ပြန်ပြောလိုက် သတဲ့ ။

crd

for zawgyi

ဘယ္သူ ႏိုင္မလဲ

တစ္ခါက အလြန္ေတာ္တဲ့ ဗိသုကာ ပညာရွင္ တေယာက္ ေသဆုံးသြားတဲ့အခါ ယမမင္းက ေနရာမွားၿပီး ငရဲျပည္ကို ပို႔လိုက္သတဲ့ ။ ငရဲမင္းကလည္း သိသိနဲ႔ လက္ခံထားလိုက္ၿပီး အဲ့ဒိ ဗိသုကာပညာရွင္ရဲ႕ အစြမ္းနဲ႔ ငရဲျပည္ကို ျပင္ေတာ့တာေပါ့ ။

အဲကြန္းေတြတပ္ ၊ မီးစက္ေတြ လ်ပ္စစ္ပိုင္း ဆိုင္ရာေတြ ၊ ရထားေတြ ၊ လမ္းေတြ အေဆာက္အဦေတြ ပန္းၿခံေတြ.. စသျဖင့္ ငရဲျပည္ တခုလုံးကို ျပင္ဆင္လိုက္ေတာ့ အရမ္းကို လွပသြား တာေပါ့ ။

တစ္ရက္မွာေတာ့ သိၾကားမင္းက ငရဲမင္းဆီကို အလည္လာ ပါေလေရာ ။ ငရဲျပည္ ဝင္ဝင္ျခင္းမွာပဲ ေအးျမသာယာ လွပၿပီး ေခတ္မီေနတာကို ေတြ႕ေတာ့ ငရဲမင္းကို ေမးတာေပါ့ ။ ငရဲမင္းကလဲ သူ႔ဆီကို ေရာက္လာတဲ့ ဗိသုကာ ပညာရွင္ေၾကာင့္ ဒီလို ျဖစ္လာတာပါ လို႔ ျပန္ပီးရွင္းျပသတဲ့ ။

ဒါနဲ႔ သိၾကားမင္းက နတ္ျပည္ ျပန္ေရာက္ေတာ့ ဗိသုကာပညာရွင္က ဘာ့ေၾကာင့္ ငရဲျပည္ကို ေရာက္ရသလဲ လို႔ လိုက္ စုံစမ္းေတာ့မွ ယမမင္းက ေနရာမွားပို႔လိုက္တာကို သိလိုက္ရပါသတဲ့ ။

ဒါနဲ႔ သိၾကားမင္းက ငရဲမင္းကို " မင္းဆီမွာ ေရာက္ေနတဲ့ ဗိသုကာ ပညာရွင္က ယမမင္း မွားပို႔လိုက္မိ တာပါ ။ အမွန္က သူဟာ နတ္ျပည္ကို ေရာက္လာရမွာ ။ ဒါ့ေၾကာင့္ ေနရာအမွန္ ျဖစ္တဲ့ နတ္ျပည္ကို ျပန္လႊဲေပးပါ " လို႔ ေတာင္းသတဲ့ ။

ငရဲမင္း ကလဲ " မွားပို႔တာ မပို႔တာ ငါမသိ ။ ငါ့ဆီကို ေရာက္လာတာ ငါ့အပိုင္ပဲ ။ မေပးႏိုင္ဘူး " စသည္ျဖင့္ အခ်င္းမ်ားၾက တာေပါ့ ။ ေနာက္ဆုံးၾကေတာ့ သိၾကားမင္းက..

" ေအး.. မင္း ျပန္မေပးရင္ မင္းကို တရားစြဲမယ္ ။ ငါက သိၾကားမင္း ျဖစ္တဲ့အတြက္ မင္းထက္ပိုပီး တန္ခိုး ရွိတယ္ ။ တရားစြဲရင္ မင္းရႈံးမွာ ။ ဒါေၾကာင့္ အခုလို ေတာင္းေနတုန္းမွာ အသာတၾကည္ ျပန္ေပးလိုက္စမ္းပါ " လို႔ ၿခိမ္းေျခာက္တာေပါ့ ။

အဲ့ဒိ စကားကို ငရဲမင္းလဲ ၾကားေရာ ခြက္ထိုးခြက္လန္ ရယ္ေတာ့တာေပါ့ ။ ၿပီးေတာ့ သိၾကားမင္းကို ေျပာသတဲ့..

" မင္း တရားစြဲခ်င္ရင္လဲ စြဲေပါ့.. ဒါေပမယ့္ စြဲလဲ မင္းရႈံးမွာပဲ " လို႔ ျပန္ေျပာသတဲ့ ။

သိၾကားမင္းက " ဘာလို႔ ရႈံးရမွာလဲ ။ ငါက မင္းထက္ အဆင့္ပိုျမင့္ တန္ခိုး ပိုရွိတာပဲ " လို႔ ျပန္ေျပာသတဲ့ ။

ဒါနဲ႔ ငရဲမင္းက ရယ္ၿပီး " မင္းက ငါ့ထက္ အဆင့္ပိုျမင့္လဲ မထူးပါဘူး ။ ရႈံးမွာပဲ ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ မင္းဆီမွာက တရားသူႀကီးနဲ႔ ေရွ႕ေနေတြ မရွိဘူးေလ ။ သူတို႔ေတြ အားလုံးက ငါ့ဆီမွာ ။ ဒါ့ေၾကာင့္.. ငါပဲ တရားႏိုင္မွာကြ " လို႔ ျပန္ေျပာလိုက္ သတဲ့ ။

crd

Post a Comment

0 Comments