လယ်သမား နှင့် ရေတွင်း

တခါတုန်းက လယ်သမားတယောက်ဟာ သူ့စိုက်ခင်းတွေ အတွက် ရေတွင်း တူးလို့ရမယ့် နေရာ တနေရာလောက် လိုက်ရှာပါတယ်။ လယ်သမားရဲ့ စိုက်ခင်းက အရမ်းကို အထွက်ကောင်းတဲ့ စိုက်ခင်း ဖြစ်တာမို့ အိမ်နီးချင်းတွေကလည်း မနာလို ဖြစ်နေပါတယ်။

လယ်သမားက သူ့စိုက်ခင်းအတွက် ရေလိုတာကြောင့် အိမ်နီးနားချင်းဆီက ရေတွင်းကို ဝယ်ယူလိုက် ပါတယ် ။ ရေတွင်းကို ဝယ်ယူပြီးတဲ့ နောက်နေ့မှာတော့ ကောက်ကျစ်တဲ့ အိမ်နီးနားချင်းက လယ်သမားကို ပြောပါတယ် ။

" ငါက မင်းကို ရေတွင်းပဲ ရောင်းလိုက်တာ ၊ ရေတွေတော့ မပါဘူး " လို့ပြောပြီး ထွက်သွားပါတယ်။ လယ်သမားက အံ့အားသင့်ပြီး ဘာလုပ်ရမယ်မှန်း မသိပါဘူး။ အဖြေ ထုတ်ရခက်တဲ့ အတွက် လယ်သမားက တရားရုံးကို သွားပြီး ပြောပြပါတယ် ။

တရားရုံးက လယ်သမားနဲ့ သူ့ရဲ့ အိမ်နီးချင်းကို ခေါ်လိုက် ပါတယ်။ " ဘာကြောင့် လယ်သမားကို ရေတွင်းထဲက ရေကို ယူခွင့် မပေးတာလဲ " လို့ ကောက်ကျစ်တဲ့ အိမ်နီးချင်းကို မေးလိုက်ပါတယ် ။

ကောက်ကျစ်သူ အိမ်နီးချင်းက အထက်က မေးခွန်း အတိုင်းပဲ ပြန်ဖြေပါတယ်။ " ကျွန်တော်က သူ့ကို ရေတွင်းပဲ ရောင်းတာပါ၊ ရေကို ရောင်းတာ မဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်ရေကို သူ ယူသုံးလို့ မရပါဘူး " လို့ ပြန်ဖြေပါတယ်။

တရားသူကြီးက ပြန်ပြောလိုက် ပါတယ် " ဟုတ်ပြီ ၊ အဲဒါဆိုရင် ရေတွင်းကိုသာ ဝယ်လိုက်တာ ဖြစ်လို့ ဝယ်သူ လယ်သမားက ရေတွင်းကိုပဲ ပိုင်ဆိုင်တယ် ၊ ရောင်းသူကတော့ ရေကို ပိုင်ဆိုင်တာမို့ ဝယ်သူလယ်သမားအတွက် ရေတွင်းထဲက ရေတွေကို အခုချက်ချင်း ဖယ်ရှားပေးပါ " လို့ ကောက်ကျစ်တဲ့ အိမ်နီးချင်းကို ပြောလိုက် ပါတော့တယ် ။

အဲဒီအခါ ကျတော့မှ ကောက်ကျစ်တဲ့ အိမ်နီးချင်းက သူ့ကို သင်ခန်းစာ ပေးမှန်းသိပြီး တောင်းပန်လိုက် ပါတော့တယ် ။

ဒီပုံပြင်ထဲက ကောက်ကျစ်တဲ့ အိမ်နီးချင်းလို လူမျိုးကို ကျွန်တော်တို့ တွေ့ကြုံဖူး ကြမှာပါ။ မှတ်ထားရမှာက ဘယ်တော့မဆို ကိုယ်က ကောက်ကျစ် ယုတ်မာလိုက်ခြင်းက တခြားသူကို ထိခိုက်မှာ မဟုတ်ဘဲ ကိုယ်ပေးလိုက်တဲ့ အတိုင်း ကိုယ်သာ ပြန်ရမှာ ဖြစ်တယ် ဆိုတာပါပဲ ။

crd

လယ္သမား ႏွင့္ ေရတြင္း

တခါတုန္းက လယ္သမားတေယာက္ဟာ သူ႔စိုက္ခင္းေတြ အတြက္ ေရတြင္း တူးလို႔ရမယ့္ ေနရာ တေနရာေလာက္ လိုက္ရွာပါတယ္။ လယ္သမားရဲ႕ စိုက္ခင္းက အရမ္းကို အထြက္ေကာင္းတဲ့ စိုက္ခင္း ျဖစ္တာမို႔ အိမ္နီးခ်င္းေတြကလည္း မနာလို ျဖစ္ေနပါတယ္။

လယ္သမားက သူ႔စိုက္ခင္းအတြက္ ေရလိုတာေၾကာင့္ အိမ္နီးနားခ်င္းဆီက ေရတြင္းကို ဝယ္ယူလိုက္ ပါတယ္ ။ ေရတြင္းကို ဝယ္ယူၿပီးတဲ့ ေနာက္ေန႔မွာေတာ့ ေကာက္က်စ္တဲ့ အိမ္နီးနားခ်င္းက လယ္သမားကို ေျပာပါတယ္ ။

" ငါက မင္းကို ေရတြင္းပဲ ေရာင္းလိုက္တာ ၊ ေရေတြေတာ့ မပါဘူး " လို႔ေျပာၿပီး ထြက္သြားပါတယ္။ လယ္သမားက အံ့အားသင့္ၿပီး ဘာလုပ္ရမယ္မွန္း မသိပါဘူး။ အေျဖ ထုတ္ရခက္တဲ့ အတြက္ လယ္သမားက တရား႐ုံးကို သြားၿပီး ေျပာျပပါတယ္ ။

တရား႐ုံးက လယ္သမားနဲ႔ သူ႔ရဲ႕ အိမ္နီးခ်င္းကို ေခၚလိုက္ ပါတယ္။ " ဘာေၾကာင့္ လယ္သမားကို ေရတြင္းထဲက ေရကို ယူခြင့္ မေပးတာလဲ " လို႔ ေကာက္က်စ္တဲ့ အိမ္နီးခ်င္းကို ေမးလိုက္ပါတယ္ ။

ေကာက္က်စ္သူ အိမ္နီးခ်င္းက အထက္က ေမးခြန္း အတိုင္းပဲ ျပန္ေျဖပါတယ္။ " ကြၽန္ေတာ္က သူ႔ကို ေရတြင္းပဲ ေရာင္းတာပါ၊ ေရကို ေရာင္းတာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ့္ေရကို သူ ယူသုံးလို႔ မရပါဘူး " လို႔ ျပန္ေျဖပါတယ္။

တရားသူႀကီးက ျပန္ေျပာလိုက္ ပါတယ္ " ဟုတ္ၿပီ ၊ အဲဒါဆိုရင္ ေရတြင္းကိုသာ ဝယ္လိုက္တာ ျဖစ္လို႔ ဝယ္သူ လယ္သမားက ေရတြင္းကိုပဲ ပိုင္ဆိုင္တယ္ ၊ ေရာင္းသူကေတာ့ ေရကို ပိုင္ဆိုင္တာမို႔ ဝယ္သူလယ္သမားအတြက္ ေရတြင္းထဲက ေရေတြကို အခုခ်က္ခ်င္း ဖယ္ရွားေပးပါ " လို႔ ေကာက္က်စ္တဲ့ အိမ္နီးခ်င္းကို ေျပာလိုက္ ပါေတာ့တယ္ ။

အဲဒီအခါ က်ေတာ့မွ ေကာက္က်စ္တဲ့ အိမ္နီးခ်င္းက သူ႔ကို သင္ခန္းစာ ေပးမွန္းသိၿပီး ေတာင္းပန္လိုက္ ပါေတာ့တယ္ ။

ဒီပုံျပင္ထဲက ေကာက္က်စ္တဲ့ အိမ္နီးခ်င္းလို လူမ်ိဳးကို ကြၽန္ေတာ္တို႔ ေတြ႕ႀကဳံဖူး ၾကမွာပါ။ မွတ္ထားရမွာက ဘယ္ေတာ့မဆို ကိုယ္က ေကာက္က်စ္ ယုတ္မာလိုက္ျခင္းက တျခားသူကို ထိခိုက္မွာ မဟုတ္ဘဲ ကိုယ္ေပးလိုက္တဲ့ အတိုင္း ကိုယ္သာ ျပန္ရမွာ ျဖစ္တယ္ ဆိုတာပါပဲ ။

crd

Post a Comment

0 Comments