ရေတွေကြီးနေတာကြောင့် ဒယ်အိုးကြီးစီးပြီး မင်္ဂလာသွားဆောင်ခဲ့ကြတဲ့ အိန္ဒိယနိုင်ငံကစုံတွဲ (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ Kerala မြို့က စုံတွဲတစ်တွဲရဲ့ မင်္ဂလာပွဲကတော့ ထူးထူးဆန်းဆန်းလေး ဖြစ်ခဲ့ပါတယ်။ သူတို့ မင်္ဂလာဆောင်ခါနီး မိုးတွေ သည်းထန်စွာရွာပြီး ရေတွေတက်လာတာကြောင့် မင်္ဂလာဆောင်မယ့် နေရာကို သွားဖို့ အခက်အခဲတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် ဘုရားကျောင်း တစ်ခုကနေ ဒယ်အိုးတွေ ငှားပြီးတော့ သွားခဲ့ရပါတယ်။ သူတို့နှစ်ယောက်လုံးက ကျန်းမာရေး ဝန်ထမ်းတွေလည်း ဖြစ်ပါတယ်။

သူတို့ ဒယ်အိုးစီးပြီးသွားခဲ့တာက အိန္ဒိယမှာ အရမ်းကို နာမည်ကြီး ခဲ့ပြီးတော့ ဆိုရှယ်မီဒီယာတွေ ပေါ်မှာလည်း အရမ်းကို နာမည်ကြီးနေပါတယ်။ ပြည်တွင်း မီဒီယာတွေက မေးမြန်းတဲ့အခါမှာတော့ သတို့သမီးက “ မထင်မှတ်ထားပဲ ဖြစ်ခဲ့ပေမယ့် အရမ်းကို ပျော်ရွှင်ခဲ့ရပါတယ်” လို့ ဖြေခဲ့ပါတယ်။

သူတို့မင်္ဂလာဆောင်တဲ့ နေရာမှာလည်း ရေတွေ လွှမ်းနေခဲ့ပေမယ့် သူတို့ကတော့ မရရအောင် ကြိုးတွေ အပြန်အလှန် ချည်ပေးပြီး လက်ထပ်ခဲ့ကြပါတယ်။ မင်္ဂလာဆောင်ပြီးတဲ့ အခါမှာလည်း မိတ်ဆွေ တစ်ယောက်က ကားငှားမယ့်အစား လှေတစ်စီး ငှားသင့်တယ်လို့ နောက်ပြောင် ပြောဆိုခဲ့ ပါသေးတယ်။

အိန္ဒိယနိုင်ငံ တောင်ပိုင်း Kerala ပြည်နယ်မှာ မကြာသေးမီက မိုးတွေ သည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုတွေ ဖြစ်ခဲ့တာကြောင့် ပြည်နယ်တစ်ဝန်းမှာ အနည်းဆုံး လူ ၂၈ ဦး သေဆုံးခဲ့ပါတယ်။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

ေရေတြႀကီးေနတာေၾကာင့္ ဒယ္အိုးႀကီးစီးၿပီး မဂၤလာသြားေဆာင္ခဲ့ၾကတဲ့ အိႏၵိယႏိုင္ငံကစုံတြဲ

အိႏၵိယႏိုင္ငံ၊ Kerala ၿမိဳ႕က စုံတြဲတစ္တြဲရဲ႕ မဂၤလာပြဲကေတာ့ ထူးထူးဆန္းဆန္းေလး ျဖစ္ခဲ့ပါတယ္။ သူတို႔ မဂၤလာေဆာင္ခါနီး မိုးေတြ သည္းထန္စြာ႐ြာၿပီး ေရေတြတက္လာတာေၾကာင့္ မဂၤလာေဆာင္မယ့္ ေနရာကို သြားဖို႔ အခက္အခဲေတြ ရွိခဲ့ပါတယ္။

ဒါေၾကာင့္ ဘုရားေက်ာင္း တစ္ခုကေန ဒယ္အိုးေတြ ငွားၿပီးေတာ့ သြားခဲ့ရပါတယ္။ သူတို႔ႏွစ္ေယာက္လုံးက က်န္းမာေရး ဝန္ထမ္းေတြလည္း ျဖစ္ပါတယ္။

သူတို႔ ဒယ္အိုးစီးၿပီးသြားခဲ့တာက အိႏၵိယမွာ အရမ္းကို နာမည္ႀကီး ခဲ့ၿပီးေတာ့ ဆိုရွယ္မီဒီယာေတြ ေပၚမွာလည္း အရမ္းကို နာမည္ႀကီးေနပါတယ္။ ျပည္တြင္း မီဒီယာေတြက ေမးျမန္းတဲ့အခါမွာေတာ့ သတို႔သမီးက “ မထင္မွတ္ထားပဲ ျဖစ္ခဲ့ေပမယ့္ အရမ္းကို ေပ်ာ္႐ႊင္ခဲ့ရပါတယ္” လို႔ ေျဖခဲ့ပါတယ္။

သူတို႔မဂၤလာေဆာင္တဲ့ ေနရာမွာလည္း ေရေတြ လႊမ္းေနခဲ့ေပမယ့္ သူတို႔ကေတာ့ မရရေအာင္ ႀကိဳးေတြ အျပန္အလွန္ ခ်ည္ေပးၿပီး လက္ထပ္ခဲ့ၾကပါတယ္။ မဂၤလာေဆာင္ၿပီးတဲ့ အခါမွာလည္း မိတ္ေဆြ တစ္ေယာက္က ကားငွားမယ့္အစား ေလွတစ္စီး ငွားသင့္တယ္လို႔ ေနာက္ေျပာင္ ေျပာဆိုခဲ့ ပါေသးတယ္။

အိႏၵိယႏိုင္ငံ ေတာင္ပိုင္း Kerala ျပည္နယ္မွာ မၾကာေသးမီက မိုးေတြ သည္းထန္စြာ ႐ြာသြန္းၿပီး ေျမၿပိဳမႈေတြ ျဖစ္ခဲ့တာေၾကာင့္ ျပည္နယ္တစ္ဝန္းမွာ အနည္းဆုံး လူ ၂၈ ဦး ေသဆုံးခဲ့ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments