မင်္ဂလာဆောင်မှာ မုန့်မကျွေးတာကြောင့် မင်္ဂလာဆောင်ဓာတ်ပုံတွေကို ဖျက်ပစ်လိုက်တဲ့ ဆရာသမား

'စျေးသက်သာတာက အမြဲတမ်း ပိုကုန်တယ်' ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိပါတယ်။ ဒီနေ့ပြောပြမယ့် အကြောင်းအရာမှာ စျေးသက်တာကို လိုချင်တာကြောင့် မဖြစ်သင့်တာတွေဖြစ်သွားခဲ့တဲ့ မင်္ဂလာဆောင်တစ်ခုရဲ့ အကြောင်းပါ။

တချို့ကိစ္စတွေဆိုရင် မျှော်လင့်ထားသလို ဖြစ်လာဖို့ ခက်ခဲပါတယ်။ ပိုဆိုးတာက ဘာမှဖြစ်မလာတဲ့အပြင် အကုန်လုံး ဆုံးရှူံးလိုက်ရခြင်းပါ။

မင်္ဂလာဆောင်ရင် ကုန်ကျစရိတ်က အလွန်ကြီးပါတယ်။ ဓာတ်ပုံရိုက်ခကိုလည်း သက်သက်ပေးရပါတယ်။ ဒါကြောင့် ဓာတ်ပုံရိုက်တာ ဝါသနာပါတဲ့ သူငယ်ချင်းတစ်ယောက်ကို မင်္ဂလာဆောင်မှာ ဓာတ်ပုံရိုက်ပေးဖို့အတွက် (၁၀) နာရီစာ ဒေါ်လာ - ၂၅၀ ပေးပြီး ငှားခဲ့ပါတယ်။

ကုန်ကျစရိတ်ကို အနည်းငယ်များ သက်သာသွားမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ ငှားခဲ့ကြတာပါ။ အစပိုင်းမှာတော့ အရာအားလုံးက အဆင်ပြေနေပါတယ်။ သူငယ်ချင်းဖြစ်သူ ရိုက်ပေးတဲ့ ဓာတ်ပုံတွေကလည်း အလွန်ကို အထင်ကြီးစရာကောင်းလောက်အောင် လှပနေခဲ့ပါတယ်။ ပြဿနာက ဘယ်လိုစဖြစ်လဲဆိုတော့ သူငယ်ချင်း ဇနီးမောင်နှံက ဓာတ်ပုံဆရာအတွက် စားစရာမုန့် မချန်ပေးထားတာကနေ စတာပါပဲ။

'ဓာတ်ပုံတွေ လိုက်ရိုက်နေရတာ ဘာမှမစားဖြစ်ဘူး' လို့ ဓာတ်ပုံဆရာက ပြောပါတယ်။ ပြီးတော့ အပူချိန်( ၄၀) ဒီဂရီစင်တီဂရိတ် ရှိတဲ့အချိန်မှာတောင် လေအေးပေးစက်နဲ့ ရေတစ်ခွက်တောင် မပေးဘူးလို့ ပြောထားပါသေးတယ်။

ဓာတ်ပုံဆရာက မိနစ် (၂၀) လောက် နားချင်တယ်လို့ သူ့သူငယ်ချင်းကို သွားပြောခဲ့ပါတယ်။ သူငယ်ချင်းဖြစ်သူက ပေးမနားတဲ့အပြင် တကယ်လို့ အချောင်ခိုပြီး နားမယ်ဆိုရင် သဘောတူထားတဲ့ငွေကို မပေးဘူးလို့တောင် ဓာတ်ပုံဆရာကို ပြောခဲ့ပါသေးတယ်။

အဲ့ဒီအချိန်မှာ ဓာတ်ပုံဆရာလည်း ဒေါသထွက်သွားပြီး ပြောတာ သေချာလားဆိုပြီး ထပ်မေးခဲ့ပါတယ်။ ဟိုကလည်း သေချာတယ်လို့ ပြောတော့ ဓာတ်ပုံဆရာလည်း ဒေါသထွက်သွားပြီး မင်္ဂလာဆောင်မှာ ရိုက်ထားတဲ့ ပုံအားလုံးကို ဖျက်ပစ်လိုက်ပါတယ်။

မင်္ဂလာဆောင်တဲ့ စုံတွဲလည်း ပိုက်ဆံတွေ အလကားကုန်သွားတဲ့အပြင် မင်္ဂလာဆောင် ဓာတ်ပုံတွေလည်း မရခဲ့ပါဘူး။ ဒီကိစ္စကို သတို့သမီးဖြစ်သူက social media ​ပေါ် တင်ခဲ့ပြီးတော့ မှားတဲ့သူက ဓာတ်ပုံဆရာလား၊ သူ့ရဲ့ခင်ပွန်းပဲလား ဆိုတာကို မေးခဲ့ပါတယ်။

လူအများစုကတော့ ဓာတ်ပုံဆရာဘက်မှာ ထောက်ခံခဲ့ကြပေမယ့် တချို့ကတော့ သူငယ်ချင်း အချင်းချင်း ဒီလိုတွေ မလုပ်သင့်ဘူးလို့ ဝေဖန်နေကြပါတယ်။

လူတွေကတော့ ထင်ကြေးတွေ အမျိူးမျိုး ပေးနေကြပါတယ်။ သူငယ်ချင်း နှစ်ယောက်ကတော့ ပြေလည်နိုင်မလား၊ မပြေလည်နိုင်ဘူးလား ဆိုတာကို မသိသေးပါဘူး။

ဒီအဖြစ်အပျက်ကနေ သိလိုက်ရတာတစ်ခုကတော့ အရာရာတိုင်းကို စျေးပေါပေါနဲ့ မဆုံးဖြတ်သင့်ကြောင်းနဲ့ သူငယ်ချင်းတွေကြားမှာ နားလည်မှုတွေ၊ ယုံကြည်မှုတွေ လိုအပ်တယ် ဆိုတာပါပဲ။ ပြီးတော့ အရေးကြီးတဲ့ အရာတွေကို အတင်းအကျပ် လုပ်ဆောင်ခိုင်းပြီး တစ်ဖက်သားကို နားမလည်ပေးတာက ဆက်ဆံမှုတွေ ထာဝရ ပြတ်တောက်သွားနိုင်ပါတယ်။

Zombie (Lovemedia)

for zawgyi

မဂၤလာေဆာင္မွာ မုန္႔မေကြၽးတာေၾကာင့္ မဂၤလာေဆာင္ဓာတ္ပုံေတြကို ဖ်က္ပစ္လိုက္တဲ့ ဆရာသမား

'ေစ်းသက္သာတာက အၿမဲတမ္း ပိုကုန္တယ္' ဆိုတဲ့ ဆို႐ိုးစကားတစ္ခု ရွိပါတယ္။ ဒီေန႔ေျပာျပမယ့္ အေၾကာင္းအရာမွာ ေစ်းသက္တာကို လိုခ်င္တာေၾကာင့္ မျဖစ္သင့္တာေတြျဖစ္သြားခဲ့တဲ့ မဂၤလာေဆာင္တစ္ခုရဲ႕ အေၾကာင္းပါ။

တခ်ိဳ႕ကိစၥေတြဆိုရင္ ေမွ်ာ္လင့္ထားသလို ျဖစ္လာဖို႔ ခက္ခဲပါတယ္။ ပိုဆိုးတာက ဘာမွျဖစ္မလာတဲ့အျပင္ အကုန္လုံး ဆုံးရႉံးလိုက္ရျခင္းပါ။

မဂၤလာေဆာင္ရင္ ကုန္က်စရိတ္က အလြန္ႀကီးပါတယ္။ ဓာတ္ပုံ႐ိုက္ခကိုလည္း သက္သက္ေပးရပါတယ္။ ဒါေၾကာင့္ ဓာတ္ပုံ႐ိုက္တာ ဝါသနာပါတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို မဂၤလာေဆာင္မွာ ဓာတ္ပုံ႐ိုက္ေပးဖို႔အတြက္ (၁၀) နာရီစာ ေဒၚလာ - ၂၅၀ ေပးၿပီး ငွားခဲ့ပါတယ္။

ကုန္က်စရိတ္ကို အနည္းငယ္မ်ား သက္သာသြားမလား ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ ငွားခဲ့ၾကတာပါ။ အစပိုင္းမွာေတာ့ အရာအားလုံးက အဆင္ေျပေနပါတယ္။ သူငယ္ခ်င္းျဖစ္သူ ႐ိုက္ေပးတဲ့ ဓာတ္ပုံေတြကလည္း အလြန္ကို အထင္ႀကီးစရာေကာင္းေလာက္ေအာင္ လွပေနခဲ့ပါတယ္။ ျပႆနာက ဘယ္လိုစျဖစ္လဲဆိုေတာ့ သူငယ္ခ်င္း ဇနီးေမာင္ႏွံက ဓာတ္ပုံဆရာအတြက္ စားစရာမုန္႔ မခ်န္ေပးထားတာကေန စတာပါပဲ။

'ဓာတ္ပုံေတြ လိုက္႐ိုက္ေနရတာ ဘာမွမစားျဖစ္ဘူး' လို႔ ဓာတ္ပုံဆရာက ေျပာပါတယ္။ ၿပီးေတာ့ အပူခ်ိန္( ၄၀) ဒီဂရီစင္တီဂရိတ္ ရွိတဲ့အခ်ိန္မွာေတာင္ ေလေအးေပးစက္နဲ႔ ေရတစ္ခြက္ေတာင္ မေပးဘူးလို႔ ေျပာထားပါေသးတယ္။

ဓာတ္ပုံဆရာက မိနစ္ (၂၀) ေလာက္ နားခ်င္တယ္လို႔ သူ႔သူငယ္ခ်င္းကို သြားေျပာခဲ့ပါတယ္။ သူငယ္ခ်င္းျဖစ္သူက ေပးမနားတဲ့အျပင္ တကယ္လို႔ အေခ်ာင္ခိုၿပီး နားမယ္ဆိုရင္ သေဘာတူထားတဲ့ေငြကို မေပးဘူးလို႔ေတာင္ ဓာတ္ပုံဆရာကို ေျပာခဲ့ပါေသးတယ္။

အဲ့ဒီအခ်ိန္မွာ ဓာတ္ပုံဆရာလည္း ေဒါသထြက္သြားၿပီး ေျပာတာ ေသခ်ာလားဆိုၿပီး ထပ္ေမးခဲ့ပါတယ္။ ဟိုကလည္း ေသခ်ာတယ္လို႔ ေျပာေတာ့ ဓာတ္ပုံဆရာလည္း ေဒါသထြက္သြားၿပီး မဂၤလာေဆာင္မွာ ႐ိုက္ထားတဲ့ ပုံအားလုံးကို ဖ်က္ပစ္လိုက္ပါတယ္။

မဂၤလာေဆာင္တဲ့ စုံတြဲလည္း ပိုက္ဆံေတြ အလကားကုန္သြားတဲ့အျပင္ မဂၤလာေဆာင္ ဓာတ္ပုံေတြလည္း မရခဲ့ပါဘူး။ ဒီကိစၥကို သတို႔သမီးျဖစ္သူက social media ​ေပၚ တင္ခဲ့ၿပီးေတာ့ မွားတဲ့သူက ဓာတ္ပုံဆရာလား၊ သူ႔ရဲ႕ခင္ပြန္းပဲလား ဆိုတာကို ေမးခဲ့ပါတယ္။

လူအမ်ားစုကေတာ့ ဓာတ္ပုံဆရာဘက္မွာ ေထာက္ခံခဲ့ၾကေပမယ့္ တခ်ိဳ႕ကေတာ့ သူငယ္ခ်င္း အခ်င္းခ်င္း ဒီလိုေတြ မလုပ္သင့္ဘူးလို႔ ေဝဖန္ေနၾကပါတယ္။

လူေတြကေတာ့ ထင္ေၾကးေတြ အမ်ိဴးမ်ိဳး ေပးေနၾကပါတယ္။ သူငယ္ခ်င္း ႏွစ္ေယာက္ကေတာ့ ေျပလည္ႏိုင္မလား၊ မေျပလည္ႏိုင္ဘူးလား ဆိုတာကို မသိေသးပါဘူး။

ဒီအျဖစ္အပ်က္ကေန သိလိုက္ရတာတစ္ခုကေတာ့ အရာရာတိုင္းကို ေစ်းေပါေပါနဲ႔ မဆုံးျဖတ္သင့္ေၾကာင္းနဲ႔ သူငယ္ခ်င္းေတြၾကားမွာ နားလည္မႈေတြ၊ ယုံၾကည္မႈေတြ လိုအပ္တယ္ ဆိုတာပါပဲ။ ၿပီးေတာ့ အေရးႀကီးတဲ့ အရာေတြကို အတင္းအက်ပ္ လုပ္ေဆာင္ခိုင္းၿပီး တစ္ဖက္သားကို နားမလည္ေပးတာက ဆက္ဆံမႈေတြ ထာဝရ ျပတ္ေတာက္သြားႏိုင္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments