အဖြူရောင်အဝတ်အစားတွေ ဝါမသွားဘဲ ပိုမိုဖြူစင်လာစေမယ့် လျှို့ဝှက်ချက် (၇) ခု
အဖြူရောင် အဝတ်အစားတွေက စွန်းထင်းလွယ်ပြီး အစွန်းထင်းကို ချွတ်ရလည်း ခက်ပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေနဲ့ ဂရုစိုက်ပေးရင်တော့ အဖြူရောင် အဝတ်အစားတွေက ဝါမသွားဘဲ အမြဲဖြူလွနေမှာပါ။
၁။ အဖြူရောင် အဝတ်အစားတွေပေါ်က အစွန်းအထင်းတွေကို ချွတ်ဖို့
အိုးတစ်လုံးထဲကို ရေ ၂ လီတာလောင်းထည့်ပြီး ပွက်အောင်တည်ပါ။ သံပရိုသီး ၂ လုံးကို ပွက်ပွက်ဆူနေတဲ့ ရေထဲညှစ်ထည့်ပါ။ ပြီးရင် ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ။ အဝတ်လျှော်ဆပ်ပြာ လက်ဖက်ရည်ဇွန်းရဲ့ ၄ ပုံ ၁ ပုံထည့်ပါ။ ပြီးရင်တော့ ရေကို ခဏလောက် အအေးခံပြီး အဖြူရောင် အဝတ်အစားတွေကို မိနစ် ၄၀ ခန့်စိမ်ထားပါ။ နောက်ဆုံးမှာတော့ ပုံမှန်လျှော်နေကျအတိုင်း လျှောက်လို့ရပါပြီ။ ဒီနည်းလမ်းက ချွေးအစွန်းတွေ၊ ကော်လံနဲ့ ချိုင်းအောက်က အစွန်းတွေကိုတောင် ပြောင်စေပါတယ်။
၂။ အဖြူရောင် အဝတ်အစားတွေကို ပိုပြီး ဖြူလွင်လာစေဖို့
မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို အစွန်းတွေရှိတဲ့ နေရာမှာ ထားပါ။ သံပုရာသီးကို တစ်ခြမ်းလှီးပြီး မုန့်ဖုတ်ဆိုဒါနဲ့ လိုက်ပွတ်ပါ။ ၁၅ မိနစ်လောက်ထားပြီးရင် ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၃။ ဖားဥစွဲတဲ့ အဝတ်အစားတွေအတွက်
သံပုရာသီးနှစ်စိပ်ကို ရေပွက်ပွက်ဆူထဲ ရောထည့်ပါ။ ပြီးရင် သင့်ရဲ့အဝတ်ကို မိနစ် ၄၀ ခန့် စိမ်ထားပါ။ ပုံမှန်အတိုင်း လျှော်ပြီးသွားရင် အဝတ်အစားတွေမှာ ဖားဥတွေ မရှိတော့တာကို တွေ့ရမှာပါ။
၄။ နူးညံ့တဲ့ အဝတ်အစားတွေအတွက်
အဝတ်လျှော်ဆပ်ပြာ တစ်ဇွန်းနဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် တစ်ဇွန်းကို ရောပါ။ ပြီးရင် ရေတစ်လီတာခန့်ကို လောင်းထည့်ပါ။ နူးညံ့တဲ့ အဖြူရောင် အဝတ်အစားတွေကို မိနစ် ၃၀ ခန့်စိမ်ထားပြီး ရေကိုပြောင်အောင် ဆေးပေးပါ။
၅။ ထူထဲတဲ့ အဖြူရောင် အဝတ်အစားတွေအတွက်
ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ အမိုးနီးယား ၄ စက်နဲ့ ရေတစ်လီတာကို ရောမွှေပါ။ အစွန်းရှိတဲ့ အဝတ်နေရာမှာ ရောထားတဲ့အရည်ကို ၁၀ မိနစ်ခန့် စိမ်ထားပါ။ ဒီနည်းလမ်းက နည်းနည်း ပြင်းထန်တာကြောင့် လက်အိတ်စွပ်ပြီး လုပ်သင့်ပါတယ်။
၆။ ချည်သား အဝတ်အစားတွေအတွက်
ရေနွေးတစ်လီတာနဲ့ ရှာလကာရည် ခွက်တစ်ဝက်လောက်ကို ရောမွှေပြီး အဝတ်ကို မိနစ် ၄၀ ခန့် စိမ်ထားပါ။ ပြီးရင် အဝတ်လျှော်ဆပ်ပြာနဲ့ ပြန်လျှော်ပါ။ ရှာလကာရည် ချည်သားအဝတ်အစားတွေကို ပိုပြီးဖြူစင်စေရုံမက ပိုပြီး နူးညံ့လာစေပါတယ်။
၇။ အဖြူရောင် အိပ်ရာခင်းတွေအတွက်
အဖြူရောင် အိပ်ရာခင်းတွေမှာ အစွန်းအထင်းတွေ ရှိတဲ့အခါ အရမ်းချွတ်ရ ခက်ပါတယ်။ နွားနို့တစ်ပုံးထဲကို အိပ်ရာခင်းထည့်ပြီး ၂ နာရီခန့် စိမ်ထားပါ။ ပြီးရင် ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။ ဒီနည်းလမ်းက အိပ်ရာခင်းကို ကြာရှည်ခံစေပြီး ပိုမို နူးညံစေပါတယ်။
Zombie (Lovemedia)
for zawgyi
Zombie (Lovemedia)
Post a Comment
0 Comments