ဝဋ်ဆိုတာ နောင်ဘဝမကူးဘူး

ရှေးရှေးတုန်းက အင်မတန် အမဲလိုက် ဝါသနာပါတဲ့ ဘုရင်ကြီး တပါးရှိတယ်။ သူဟာ တပတ်မှာ တခါ နောက်လိုက် သူ့အခြွေအရံ တွေနဲ့ သူအုပ်စိုးတဲ့ မြို့တော်နဲ့ မလှမ်းမကမ်းက တောအုပ်ကြီးမှာ သမင် ဒရယ် စတဲ့ သားကောင်တွေကို လေးမြားနဲ့ ပစ်ခတ် ဖမ်းဆီးလေ့ ရှိတယ်။ ဘုရင်ကြီးဟာ နှစ်ပေါင်း အတော်ကြာတဲ့အထိ အမဲလိုက်တဲ့ အလုပ်ကို လုပ်နေခဲ့တယ်။

တနေ့မှာတော့ ဘုရင်ကြီးဟာ အမဲလိုက် မထွက်တော့ဘူးလို့ သူ့မှူးမတ် အခြွေအရံတွေကို ပြောလိုက်တယ်။ ပထမတော့ ဘုရင်ကြီးဟာ နေမကောင်းလို့ အမဲလိုက် မထွက်ဘဲ ခဏနားတာလို့ ထင်ကြတယ်။ တလကြာအထိ ဘုရင်ကြီးဟာ အမဲလိုက် မထွက်တော့ တာကြောင့် မှူးမတ်တွေ အားလုံးဟာ အံ့သြနေကြတယ်။

ဒါပေမဲ့ ဘုရင်ကြီးကို ဘာကြောင့် အမဲမလိုက်တာလဲ လို့ မမေးရဲကြဘူး။ တရက် နန်းတွင်းစည်းဝေးပွဲတစ်ခုမှာ ဘုရင်ကြီးကို သူ့လူယုံတော် အမတ်ကြီးက ဘာကြောင့် အမဲ မလိုက်တော့တဲ့ အကြောင်းကို အရဲစွန့် မေးလိုက်တယ်။ ဘုရင်ကြီးကလည်း သူ ဘာကြောင့် အမဲ မလိုက်တော့တဲ့ အကြောင်းကို သူ့မှူးမတ်တွေအားလုံး သိအောင် ခုလို ပြောပြလိုက်တယ်။

"ငါ ကိုယ်တော်မြတ် နောက်ဆုံးအကြိမ် အမဲလိုက်စဉ်မှာ တောအုပ်ကြီးထဲမှာ မင်းတို့နဲ့ ကွဲသွားပြီး ငါတယောက်တည်း တောအုပ်ထဲမှာ မျက်စိလည် လမ်းမှားနေတယ်။ ငါ့စီးတော်မြင်းလည်း မောနေလို့ ငါလည်း သစ်ပင်ရိပ်တခုမှာ နားနေတယ်။

ဒီအချိန်မှာ သမင်လေး တကောင်ဟာ ကြောက်အားလန့်အားနဲ့ ငါ့ရှေ့ကနေ ဖြတ်ပြေးသွားတာကို မြင်လိုက်ရတယ်။ သူ့နောက်မှာ တောခွေးတကောင် လိုက်လာနေလို့ပါ။ သမင်လေးဟာ ပြေးရင်းနဲ့ မြေတွင်းတခုထဲကို ခေါင်းစိုက် ထိုးကျသွားတယ်။

တွင်းပေါ်မှာ ပေါ်နေတဲ့ သူ့နောက်ခြေထောက် နှစ်ချောင်းထဲက တချောင်းကို တောခွေးဟာ ကိုက်ဖြတ်ပြီး ဝါးစားပစ်လိုက်တယ်။ သမင်လေးဟာ ခြေထောက် တဖက် ဆုံးရှုံးသွားတယ်။

အဲဒီတောခွေးဟာ မကြာခင် ရွာတရွာရဲ့ အဝင်တံခါးနားကို ရောက်လာလို့ ရွာသားတယောက်က မြေကြီးပေါ်က ကျောက်တုံးတတုံးကို ကောက်ယူပြီး တောခွေးကို ပေါက်ပစ်လိုက်တာ တောခွေးရဲ့ ခြေထောက်တချောင်းဟာ ခဲထိမှန်ပြီး ကျိုးသွားတယ်။

အဲဒီရွာသားလည်း အဲဒီနေရာကနေ သူ့အိမ်အပြန်မှာ လမ်းပေါ်က မြင်းတကောင်ရဲ့ အကန်ခံလိုက်ရလို့ ပေါင်ကျိုးသွားတယ်။

အဲဒီမြင်းဟာ လူတွေ ဝိုင်းလိုက်ကြလို့ ကဆုန်စိုင်း ပြေးရင်း မြေပြင်က တွင်းတခုထဲကို ခြေထောက်တဖက် ကျွံဝင်သွားလို့ အဲဒီခြေထောက် ကျိုးသွားပြန်တယ်။

အဲ့ဒါတွေကို ငါကိုယ်တော် ကိုယ်တွေ့ မြင်လိုက်တော့ မကောင်းမှုဆိုတာ ဝဋ္ဋ်လိုက်တတ်ပါလား ဆိုတာကို ငါ နားလည်လိုက်တယ်။ ငါ အမဲလိုက်တာကို ဆက်လုပ်နေရင် ငါလည်း ဝဋ္ဋ်လည်မှာပဲဆိုတာကို သိလိုက်လို့ ငါ အမဲလိုက်တာကို ရပ်ပစ်လိုက်တာပါ" တဲ့။

ဒီပုံပြင်လေးက ဒီမှာတင် မပြီးသေးပါဘူး။ စောစောက မေးတဲ့ အမတ်ကြီးဟာ အခုကျင်းပတဲ့ နန်းတွင်း စည်းဝေးပွဲမှာ ဘုရင်ကြီးကို လုပ်ကြံသတ်ဖြတ်ပြီး နန်းတက်ဖို့ ကြံရွယ်ထားသူပါ။ သူဟာ စကားပြောပြီးသွားတဲ့ ဘုရင်ကြီးကို သတ်ဖို့ သူ့ဓားကို ဆွဲထုတ်ပြီး ရှေ့ကို ပြေးထွက်သွားချိန်မှာ ရှေ့မှာ ထိုင်နေတဲ့ အစောင့်ရဲ့ လှံထိပ်ချွန်နဲ့ ထိုးမိတယ်။ လှံဟာ သူ့ရင်ဘတ်ကို ထုတ်ချင်းဖေါက် ဝင်သွားလို့ အမတ်ကြီးလည်း နေရာမှာတင် ပွဲချင်ပြီး သေဆုံးသွားရတယ်။

ပုံပြင်ထဲကလို မကောင်းမှု လုပ်သူဟာ မကောင်းတဲ့ အကျိုးကို ချက်ချင်း ခံစားရမယ် ဆိုတာမျိုး အပြင်မှာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မကောင်းမှုလုပ်ရင် မကောင်းတဲ့ ဆိုးကျိုးကို မုချ ခံရမှာကတော့ သေချာပါတယ်။ ဘယ်တော့လဲ ဆိုတာကိုသာ မသိနိုင်တာပါ။

ဗန်းမော်သိန်းဖေ

Zawgyi

ဝဋ္ဆိုတာ ေနာင္ဘဝမကူးဘူး

ေရွးေရွးတုန္းက အင္မတန္ အမဲလိုက္ ဝါသနာပါတဲ့ ဘုရင္ႀကီး တပါးရွိတယ္။ သူဟာ တပတ္မွာ တခါ ေနာက္လိုက္ သူ႔အေႁခြအရံ ေတြနဲ႔ သူအုပ္စိုးတဲ့ ၿမိဳ႕ေတာ္နဲ႔ မလွမ္းမကမ္းက ေတာအုပ္ႀကီးမွာ သမင္ ဒရယ္ စတဲ့ သားေကာင္ေတြကို ေလးျမားနဲ႔ ပစ္ခတ္ ဖမ္းဆီးေလ့ ရွိတယ္။ ဘုရင္ႀကီးဟာ ႏွစ္ေပါင္း အေတာ္ၾကာတဲ့အထိ အမဲလိုက္တဲ့ အလုပ္ကို လုပ္ေနခဲ့တယ္။

တေန႔မွာေတာ့ ဘုရင္ႀကီးဟာ အမဲလိုက္ မထြက္ေတာ့ဘူးလို႔ သူ႔မႉးမတ္ အေႁခြအရံေတြကို ေျပာလိုက္တယ္။ ပထမေတာ့ ဘုရင္ႀကီးဟာ ေနမေကာင္းလို႔ အမဲလိုက္ မထြက္ဘဲ ခဏနားတာလို႔ ထင္ၾကတယ္။ တလၾကာအထိ ဘုရင္ႀကီးဟာ အမဲလိုက္ မထြက္ေတာ့ တာေၾကာင့္ မႉးမတ္ေတြ အားလုံးဟာ အံ့ၾသေနၾကတယ္။

ဒါေပမဲ့ ဘုရင္ႀကီးကို ဘာေၾကာင့္ အမဲမလိုက္တာလဲ လို႔ မေမးရဲၾကဘူး။ တရက္ နန္းတြင္းစည္းေဝးပြဲတစ္ခုမွာ ဘုရင္ႀကီးကို သူ႔လူယုံေတာ္ အမတ္ႀကီးက ဘာေၾကာင့္ အမဲ မလိုက္ေတာ့တဲ့ အေၾကာင္းကို အရဲစြန႔္ ေမးလိုက္တယ္။ ဘုရင္ႀကီးကလည္း သူ ဘာေၾကာင့္ အမဲ မလိုက္ေတာ့တဲ့ အေၾကာင္းကို သူ႔မႉးမတ္ေတြအားလုံး သိေအာင္ ခုလို ေျပာျပလိုက္တယ္။

"ငါ ကိုယ္ေတာ္ျမတ္ ေနာက္ဆုံးအႀကိမ္ အမဲလိုက္စဥ္မွာ ေတာအုပ္ႀကီးထဲမွာ မင္းတို႔နဲ႔ ကြဲသြားၿပီး ငါတေယာက္တည္း ေတာအုပ္ထဲမွာ မ်က္စိလည္ လမ္းမွားေနတယ္။ ငါ့စီးေတာ္ျမင္းလည္း ေမာေနလို႔ ငါလည္း သစ္ပင္ရိပ္တခုမွာ နားေနတယ္။

ဒီအခ်ိန္မွာ သမင္ေလး တေကာင္ဟာ ေၾကာက္အားလန႔္အားနဲ႔ ငါ့ေရွ႕ကေန ျဖတ္ေျပးသြားတာကို ျမင္လိုက္ရတယ္။ သူ႔ေနာက္မွာ ေတာေခြးတေကာင္ လိုက္လာေနလို႔ပါ။ သမင္ေလးဟာ ေျပးရင္းနဲ႔ ေျမတြင္းတခုထဲကို ေခါင္းစိုက္ ထိုးက်သြားတယ္။

တြင္းေပၚမွာ ေပၚေနတဲ့ သူ႔ေနာက္ေျခေထာက္ ႏွစ္ေခ်ာင္းထဲက တေခ်ာင္းကို ေတာေခြးဟာ ကိုက္ျဖတ္ၿပီး ဝါးစားပစ္လိုက္တယ္။ သမင္ေလးဟာ ေျခေထာက္ တဖက္ ဆုံးရႈံးသြားတယ္။

အဲဒီေတာေခြးဟာ မၾကာခင္ ႐ြာတ႐ြာရဲ႕ အဝင္တံခါးနားကို ေရာက္လာလို႔ ႐ြာသားတေယာက္က ေျမႀကီးေပၚက ေက်ာက္တုံးတတုံးကို ေကာက္ယူၿပီး ေတာေခြးကို ေပါက္ပစ္လိုက္တာ ေတာေခြးရဲ႕ ေျခေထာက္တေခ်ာင္းဟာ ခဲထိမွန္ၿပီး က်ိဳးသြားတယ္။

အဲဒီ႐ြာသားလည္း အဲဒီေနရာကေန သူ႔အိမ္အျပန္မွာ လမ္းေပၚက ျမင္းတေကာင္ရဲ႕ အကန္ခံလိုက္ရလို႔ ေပါင္က်ိဳးသြားတယ္။

အဲဒီျမင္းဟာ လူေတြ ဝိုင္းလိုက္ၾကလို႔ ကဆုန္စိုင္း ေျပးရင္း ေျမျပင္က တြင္းတခုထဲကို ေျခေထာက္တဖက္ ကြၽံဝင္သြားလို႔ အဲဒီေျခေထာက္ က်ိဳးသြားျပန္တယ္။

အဲ့ဒါေတြကို ငါကိုယ္ေတာ္ ကိုယ္ေတြ႕ ျမင္လိုက္ေတာ့ မေကာင္းမႈဆိုတာ ဝဋၬ္လိုက္တတ္ပါလား ဆိုတာကို ငါ နားလည္လိုက္တယ္။ ငါ အမဲလိုက္တာကို ဆက္လုပ္ေနရင္ ငါလည္း ဝဋၬ္လည္မွာပဲဆိုတာကို သိလိုက္လို႔ ငါ အမဲလိုက္တာကို ရပ္ပစ္လိုက္တာပါ" တဲ့။

ဒီပုံျပင္ေလးက ဒီမွာတင္ မၿပီးေသးပါဘူး။ ေစာေစာက ေမးတဲ့ အမတ္ႀကီးဟာ အခုက်င္းပတဲ့ နန္းတြင္း စည္းေဝးပြဲမွာ ဘုရင္ႀကီးကို လုပ္ႀကံသတ္ျဖတ္ၿပီး နန္းတက္ဖို႔ ႀကံ႐ြယ္ထားသူပါ။ သူဟာ စကားေျပာၿပီးသြားတဲ့ ဘုရင္ႀကီးကို သတ္ဖို႔ သူ႔ဓားကို ဆြဲထုတ္ၿပီး ေရွ႕ကို ေျပးထြက္သြားခ်ိန္မွာ ေရွ႕မွာ ထိုင္ေနတဲ့ အေစာင့္ရဲ႕ လွံထိပ္ခြၽန္နဲ႔ ထိုးမိတယ္။ လွံဟာ သူ႔ရင္ဘတ္ကို ထုတ္ခ်င္းေဖါက္ ဝင္သြားလို႔ အမတ္ႀကီးလည္း ေနရာမွာတင္ ပြဲခ်င္ၿပီး ေသဆုံးသြားရတယ္။

ပုံျပင္ထဲကလို မေကာင္းမႈ လုပ္သူဟာ မေကာင္းတဲ့ အက်ိဳးကို ခ်က္ခ်င္း ခံစားရမယ္ ဆိုတာမ်ိဳး အျပင္မွာ ျဖစ္ခ်င္မွ ျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ မေကာင္းမႈလုပ္ရင္ မေကာင္းတဲ့ ဆိုးက်ိဳးကို မုခ် ခံရမွာကေတာ့ ေသခ်ာပါတယ္။ ဘယ္ေတာ့လဲ ဆိုတာကိုသာ မသိႏိုင္တာပါ။

ဗန္းေမာ္သိန္းေဖ

Post a Comment

0 Comments