သွေးကြောထုံးတာကို ဖြစ်ပေါ်စေတဲ့ နေ့စဉ်အပြုအမူ (၇) ခု

သွေးကြောထုံးတာ၊ သွေးကြောရောင်တာကို လူတိုင်းနီးပါး ခံစားဖူးကြပါတယ်။ သွေးကြောထုံးတာကို အမြဲ မတားဆီးနိုင်ပါဘူး။ သွေးကြောထုံးစေတဲ့ နေ့စဉ် အပြုအမူတွေကို ရှောင်ရှားလို့ ရပါတယ်။ အဲဒီ အပြုအမူတွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ခြေထောက်မွေး ရိတ်ခြင်း

အရေးကြီးနေတဲ့အချိန်မှာ ခြေထောက်မွေး ရိတ်တဲ့အခါ သွေးကြောလေးတွေကို မတော်တဆ ထိခိုက်မိပြီး သွေးထွက်လာပါတယ်။ အမျိုးသမီး အများစုက ခြေထောက်မွေး ရိတ်တဲ့အခါ ရေနွေးကို သုံးကြပါတယ်။ အဲဒီအခါ မတော်တဆ ထိခိုက်မိသွားရင် သွေးက ပိုထွက်လာပါတယ်။ အဲဒါကြောင့် ခြောက်သွေ့တဲ့ အသားအရေအတွက် ထုတ်လုပ်ထားတဲ့ သင်တုန်းဓါးကို ရွေးချယ်သင့်ပါတယ်။

၂။ ခြေထောက်ကို မနှိပ်နယ်ပေးခြင်း

ခြေထောက်မှာ သွေးလည်ပတ်မှု ကောင်းစေဖို့ ပုံမှန် နှိပ်နယ်ပေးဖို့ လိုပါတယ်။ သွေးလည်ပတ်မှု ကောင်းတဲ့အခါ ကော်လဂျင် ထုတ်လုပ်မှု တိုးတက်လာပြီးအသားအရေလည်း ပိုကောင်းလာပါတယ်။

၃။ Dry brush ကို သုံးခြင်း

Beauty blogger တွေက dry brush ကို သုံးဖို့ ညွှန်းတာတွေ ရှိပါတယ်။ Dry brush သုံးတာက သွေးကြောတွေအတွက် အန္တရာယ် များပါတယ်။ Dry brush ကို မကြာခဏ သုံးတဲ့အခါ သွေးကြောတွေ ပိုထုံးလာပြီး ပေါက်သွားတဲ့အခါ ပိုးဝင်နိုင်ပါတယ်။

၄။ ပြေးခြင်း

လှုပ်လှုပ်ရှားရှားနေတာက ကျန်းမာရေးအတွက် ကောင်းမွန်ပေမယ့် ကိုယ်ဝန်ရှိတုန်းပြေးတာ၊ သိသိသာသာကြီး ရုတ်တရက်ဝလာတဲ့အခါ ပြေးတာက သွေးကြောထဲက သွေးထုထည်ကို ပိုတိုးလာစေပါတယ်။အဲဒီအခါ ခြေထောက်ရဲ့သွေးလည်ပတ်မှုလည်း ခက်ခဲသွားပါတယ်။

၅။သကြားအစားများခြင်း

သကြားက သွေးဖိအားကို တိုးစေတာကြောင့် သွေးကြောလေးတွေ အားနည်းသွားပါတယ်။ အဲဒီကနေ သွေးကြောလေးတွေ ရောင်ရမ်းလာပါတယ်။ အစားအစာတွေ ထဲမှာပါတဲ့ ချိုတဲ့အစားအစာတွေ၊ ကယ်လိုရီများတဲ့ အစားအစာတွေက သွေးကြောတွေရဲ့ အဆိုးဆုံး ရန်သူတွေပါ။

၆။ ခါးပတ်ပတ်ခြင်း

ဖက်ရှင်ကျတဲ့ တင်းကျပ်ကျပ် အဝတ်အစားတွေက လှပပေမယ့် သင့်ခြေထောက်ကနေ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို သွေးစီးဆင်းဖို့ ခက်ခဲသွားပါတယ်။ အရမ်း မတင်းကျပ်တဲ့ အဝတ်အစားတွေ ဝတ်တဲ့အခါ သွေးကြောလေးတွေက သင့်ကို ကျေးဇူးတင်နေမှာပါ။

၇။ ပက်လက်လှန် အိပ်ခြင်း

ပက်လက်လှန် အိပ်တာက မျက်နှာ အရေးအကြောင်းတွေကို သက်သာစေပေမယ့် သွေးကြောထုံးတာတော့ ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့အကြီးဆုံးသွေးကြောက ညာဘက်မှာ ရှိတာကြောင့် ဘယ်ဘက်ကို စောင်းအိပ်တာ ပိုပြီးကောင်းပါတယ်။ သွေးလည်ပတ်မှုကိုလည်း ပိုပြီး ကောင်းမွန်စေလို့ပါ။

Zombie (Lovemedia)

for zawgyi

ေသြးေၾကာထုံးတာကို ျဖစ္ေပၚေစတဲ့ ေန႔စဥ္အျပဳအမူ (၇) ခု

ေသြးေၾကာထုံးတာ၊ ေသြးေၾကာေရာင္တာကို လူတိုင္းနီးပါး ခံစားဖူးၾကပါတယ္။ ေသြးေၾကာထုံးတာကို အၿမဲ မတားဆီးႏိုင္ပါဘူး။ ေသြးေၾကာထုံးေစတဲ့ ေန႔စဥ္ အျပဳအမူေတြကို ေရွာင္ရွားလို႔ ရပါတယ္။ အဲဒီ အျပဳအမူေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ေျခေထာက္ေမြး ရိတ္ျခင္း

အေရးႀကီးေနတဲ့အခ်ိန္မွာ ေျခေထာက္ေမြး ရိတ္တဲ့အခါ ေသြးေၾကာေလးေတြကို မေတာ္တဆ ထိခိုက္မိၿပီး ေသြးထြက္လာပါတယ္။ အမ်ိဳးသမီး အမ်ားစုက ေျခေထာက္ေမြး ရိတ္တဲ့အခါ ေရေႏြးကို သုံးၾကပါတယ္။ အဲဒီအခါ မေတာ္တဆ ထိခိုက္မိသြားရင္ ေသြးက ပိုထြက္လာပါတယ္။ အဲဒါေၾကာင့္ ေျခာက္ေသြ႕တဲ့အသားအေရအတြက္ ထုတ္လုပ္ထားတဲ့ သင္တုန္းဓါးကို ေ႐ြးခ်ယ္သင့္ပါတယ္။

၂။ ေျခေထာက္ကို မႏွိပ္နယ္ေပးျခင္း

ေျခေထာက္မွာ ေသြးလည္ပတ္မႈ ေကာင္းေစဖို႔ ပုံမွန္ ႏွိပ္နယ္ေပးဖို႔ လိုပါတယ္။ ေသြးလည္ပတ္မႈ ေကာင္းတဲ့အခါ ေကာ္လဂ်င္ ထုတ္လုပ္မႈ တိုးတက္လာၿပီးအသားအေရလည္း ပိုေကာင္းလာပါတယ္။

၃။ Dry brush ကို သုံးျခင္း

Beauty blogger ေတြက dry brush ကို သုံးဖို႔ ၫႊန္းတာေတြ ရွိပါတယ္။ Dry brush သုံးတာက ေသြးေၾကာေတြအတြက္ အႏၲရာယ္ မ်ားပါတယ္။ Dry brush ကို မၾကာခဏ သုံးတဲ့အခါ ေသြးေၾကာေတြ ပိုထုံးလာၿပီး ေပါက္သြားတဲ့အခါ ပိုးဝင္ႏိုင္ပါတယ္။

၄။ ေျပးျခင္း

လႈပ္လႈပ္ရွားရွားေနတာက က်န္းမာေရးအတြက္ ေကာင္းမြန္ေပမယ့္ ကိုယ္ဝန္ရွိတုန္းေျပးတာ၊ သိသိသာသာႀကီး ႐ုတ္တရက္ဝလာတဲ့အခါ ေျပးတာက ေသြးေၾကာထဲက ေသြးထုထည္ကို ပိုတိုးလာေစပါတယ္။အဲဒီအခါ ေျခေထာက္ရဲ႕ေသြးလည္ပတ္မႈလည္း ခက္ခဲသြားပါတယ္။

၅။သၾကားအစားမ်ားျခင္း

သၾကားက ေသြးဖိအားကို တိုးေစတာေၾကာင့္ ေသြးေၾကာေလးေတြ အားနည္းသြားပါတယ္။ အဲဒီကေန ေသြးေၾကာေလးေတြ ေရာင္ရမ္းလာပါတယ္။ အစားအစာေတြ ထဲမွာပါတဲ့ ခ်ိဳတဲ့အစားအစာေတြ၊ ကယ္လိုရီမ်ားတဲ့ အစားအစာေတြက ေသြးေၾကာေတြရဲ႕ အဆိုးဆုံး ရန္သူေတြပါ။

၆။ ခါးပတ္ပတ္ျခင္း

ဖက္ရွင္က်တဲ့ တင္းက်ပ္က်ပ္ အဝတ္အစားေတြက လွပေပမယ့္ သင့္ေျခေထာက္ကေန တျခားခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ေသြးစီးဆင္းဖို႔ ခက္ခဲသြားပါတယ္။ အရမ္း မတင္းက်ပ္တဲ့ အဝတ္အစားေတြ ဝတ္တဲ့အခါ ေသြးေၾကာေလးေတြက သင့္ကို ေက်းဇူးတင္ေနမွာပါ။

၇။ ပက္လက္လွန္ အိပ္ျခင္း

ပက္လက္လွန္ အိပ္တာက မ်က္ႏွာ အေရးအေၾကာင္းေတြကို သက္သာေစေပမယ့္ ေသြးေၾကာထုံးတာေတာ့ ခံစားရႏိုင္ပါတယ္။ ခႏၶာကိုယ္ရဲ႕အႀကီးဆုံးေသြးေၾကာက ညာဘက္မွာ ရွိတာေၾကာင့္ ဘယ္ဘက္ကို ေစာင္းအိပ္တာ ပိုၿပီးေကာင္းပါတယ္။ ေသြးလည္ပတ္မႈကိုလည္း ပိုၿပီး ေကာင္းမြန္ေစလို႔ပါ။

Zombie (Lovemedia)

Post a Comment

0 Comments