မှန်သောစကား

တခါတုန်းက မြို့တမြို့မှာ ကြက်တူရွေး ချစ်တတ်တဲ့ ပုဏ္ဏားကြီး တယောက် ရှိတယ် ။ သူ့ဆီမှာအင်မတန်မှ ချစ်စရာကောင်းပြီး စကား အလွန်တတ်တဲ့ ကြက်တူရွေးလေး နှစ်ကောင်ရှိသတဲ့ ။ ပုဏ္ဏားကြီးဟာ ကြက်တူရွေးလေး ၂ ကောင်ကို အင်မတန်မှ ချစ်မြတ်နိုး တာကြောင့် သားသမီး အရင်းပမာ ဆက်ဆံတယ် ။

တရက်ကြတော့ ပုဏ္ဏားကြီးဟာ အခြားမြို့ တမြို့ကို အလုပ် ကိစ္စနဲ့ ညအိပ် ခရီးထွက်ဖို့ အကြောင်း ပေါ်လာတယ် ။ ပုဏ္ဏားကြီးဟာ ခရီးထွက်ခါနီးမှာ ကြက်တူရွေး ညီနောင်ကို ပုဏ္ဏားမကြီးအား စောင့်ကြည့်ဖို့ မှာကြားခဲ့တယ်။

အဲလိုနဲ့ ပုဏ္ဏားကြီး ခရီး ထွက်သွားပြီး မကြာခင်မှာ ပုဏ္ဏားမကြီးဟာ သူ့ရဲ့ လင်ငယ်နဲ့ ဖောက်ပြန် ပါတော့တယ်။ ဒီအကြောင်းကို သိတဲ့ကြက်တူရွေးညီနောင် ထဲမှ အငယ်ကောင်က ပုဏ္ဏားမကြီးကို

" သခင်မကြီး သင်သည် ပုဏ္ဏားကြီး ပေါ်တွင် သစ္စာဖောက်လေပြီ ၊ ဤအကြောင်းအား ပုဏ္ဏားကြီး ပြန်လာက ငါတိုင်လတ္တံ " လို့ ပုဏ္ဏားမကြီးကို လှမ်းပြောတယ် ။

ထိုအခါ ပုဏ္ဏားမကြီးက " အို ချစ်သား သင်သည် စကား တတ်လှပေသည် " ဟု ချော့မြူကာ ဖမ်းယူ သတ်ဖြတ် လိုက်တော့သည် ။ ထို့နောက် ပုဏ္ဏားမကြီးက ကျန်ရှိသော ကြက်တူရွေးအား

" သင်ရော ဘာမြင်သနည်း " ဟု မေးလေသည် ။ ထိုအခါ ကျန်တဲ့ ကြက်တူရွေးက စကားတခွန်းမှ မဆိုပဲ နှုတ်ဆိတ်၍သာ နေလေသည် ။ ထို့ကြောင့် ပုဏ္ဏားမကြီးက ဤအကောင်သည်ကား အသိဉာဏ် နည်းပါးသော တိရိစ္ဆာန်သာ ဖြစ်ပေလိမ့်မည်ဟု ဆိုကာ ထွက်ခွာသွားသည်။

နောက်တနေ့ ပုဏ္ဏားကြီး ပြန်ရောက်သောအခါ ကြက်တူရွေး ၂ ကောင် အနက် ၁ ကောင်သာ တွေ့မြင်ရသဖြင့် မေးမြန်းလေရာ ကြက်တူရွေးက

" သခင်ပုဏ္ဏားကြီး ကျွန်ုပ်၏ ညီငယ်သည် မှန်သော စကားအား အချိန်အခါ မသင့် ပါပဲ ပြောဆို မိသောကြောင့် သေဘေးနှင့် ကြုံတွေ့ခဲ့ရပေပြီ ၊ ကျွန်ုပ်သည်ကား တိတ်ဆိတ်စွာပင် ရှင်သန်နေထိုင်လို၏ ။

ထို့ကြောင့် သခင်ပုဏ္ဏားကြီး ကျွန်ုပ်အား မေးမြန်းခြင်း တစုံတရာ မပြုပါနှင့် " လို့ ပြောကာ တိတ်ဆိတ်စွာ နေထိုင်သွားလေ တော့တယ် ။

မှန်သောစကား ဆိုပေမယ့်လည်း ပြောသင့် မပြောသင့် ၊ အခြေအနေ အချိန်အခါကို ကြည့်ပြီး ပြောသင့်သူကိုသာ ပြောဆိုသင့် ပါပေသည် ။

နန္ဒသိန်းဇံ

Zawgyi

မွန္ေသာစကား

တခါတုန္းက ၿမိဳ႕တၿမိဳ႕မွာ ၾကက္တူေ႐ြး ခ်စ္တတ္တဲ့ ပုဏၰားႀကီး တေယာက္ ရွိတယ္ ။ သူ႔ဆီမွာအင္မတန္မွ ခ်စ္စရာေကာင္းၿပီး စကား အလြန္တတ္တဲ့ ၾကက္တူေ႐ြးေလး ႏွစ္ေကာင္ရွိသတဲ့ ။ ပုဏၰားႀကီးဟာ ၾကက္တူေ႐ြးေလး ၂ ေကာင္ကို အင္မတန္မွ ခ်စ္ျမတ္ႏိုး တာေၾကာင့္ သားသမီး အရင္းပမာ ဆက္ဆံတယ္ ။

တရက္ၾကေတာ့ ပုဏၰားႀကီးဟာ အျခားၿမိဳ႕ တၿမိဳ႕ကို အလုပ္ ကိစၥနဲ႔ ညအိပ္ ခရီးထြက္ဖို႔ အေၾကာင္း ေပၚလာတယ္ ။ ပုဏၰားႀကီးဟာ ခရီးထြက္ခါနီးမွာ ၾကက္တူေ႐ြး ညီေနာင္ကို ပုဏၰားမႀကီးအား ေစာင့္ၾကည့္ဖို႔ မွာၾကားခဲ့တယ္။

အဲလိုနဲ႔ ပုဏၰားႀကီး ခရီး ထြက္သြားၿပီး မၾကာခင္မွာ ပုဏၰားမႀကီးဟာ သူ႔ရဲ႕ လင္ငယ္နဲ႔ ေဖာက္ျပန္ ပါေတာ့တယ္။ ဒီအေၾကာင္းကို သိတဲ့ၾကက္တူေ႐ြးညီေနာင္ ထဲမွ အငယ္ေကာင္က ပုဏၰားမႀကီးကို

" သခင္မႀကီး သင္သည္ ပုဏၰားႀကီး ေပၚတြင္ သစၥာေဖာက္ေလၿပီ ၊ ဤအေၾကာင္းအား ပုဏၰားႀကီး ျပန္လာက ငါတိုင္လတၱံ " လို႔ ပုဏၰားမႀကီးကို လွမ္းေျပာတယ္ ။

ထိုအခါ ပုဏၰားမႀကီးက " အို ခ်စ္သား သင္သည္ စကား တတ္လွေပသည္ " ဟု ေခ်ာ့ျမဴကာ ဖမ္းယူ သတ္ျဖတ္ လိုက္ေတာ့သည္ ။ ထို႔ေနာက္ ပုဏၰားမႀကီးက က်န္ရွိေသာ ၾကက္တူေ႐ြးအား

" သင္ေရာ ဘာျမင္သနည္း " ဟု ေမးေလသည္ ။ ထိုအခါ က်န္တဲ့ ၾကက္တူေ႐ြးက စကားတခြန္းမွ မဆိုပဲ ႏႈတ္ဆိတ္၍သာ ေနေလသည္ ။ ထို႔ေၾကာင့္ ပုဏၰားမႀကီးက ဤအေကာင္သည္ကား အသိဉာဏ္ နည္းပါးေသာ တိရိစာၦန္သာ ျဖစ္ေပလိမ့္မည္ဟု ဆိုကာ ထြက္ခြာသြားသည္။

ေနာက္တေန႔ ပုဏၰားႀကီး ျပန္ေရာက္ေသာအခါ ၾကက္တူေ႐ြး ၂ ေကာင္ အနက္ ၁ ေကာင္သာ ေတြ႕ျမင္ရသျဖင့္ ေမးျမန္းေလရာ ၾကက္တူေ႐ြးက

" သခင္ပုဏၰားႀကီး ကြၽႏ္ုပ္၏ ညီငယ္သည္ မွန္ေသာ စကားအား အခ်ိန္အခါ မသင့္ ပါပဲ ေျပာဆို မိေသာေၾကာင့္ ေသေဘးႏွင့္ ႀကဳံေတြ႕ခဲ့ရေပၿပီ ၊ ကြၽႏ္ုပ္သည္ကား တိတ္ဆိတ္စြာပင္ ရွင္သန္ေနထိုင္လို၏ ။

ထို႔ေၾကာင့္ သခင္ပုဏၰားႀကီး ကြၽႏ္ုပ္အား ေမးျမန္းျခင္း တစုံတရာ မျပဳပါႏွင့္ " လို႔ ေျပာကာ တိတ္ဆိတ္စြာ ေနထိုင္သြားေလ ေတာ့တယ္ ။

မွန္ေသာစကား ဆိုေပမယ့္လည္း ေျပာသင့္ မေျပာသင့္ ၊ အေျခအေန အခ်ိန္အခါကို ၾကည့္ၿပီး ေျပာသင့္သူကိုသာ ေျပာဆိုသင့္ ပါေပသည္ ။

နႏၵသိန္းဇံ

Post a Comment

0 Comments