သစ်ခုတ်သမားလေးရဲ့ သင်ခန်းစာ

ရှေးရှေးတုန်းက သန်မာထွားကျိုင်းတဲ့ သစ်ခုတ်သမား တဦးဟာ သစ်သား စုဆောင်းရောင်းဝယ်ရေး လုပ်ငန်းတခုမှာ အလုပ် သွားလျှောက်ခဲ့တယ်။ သဘောကောင်းတဲ့ ပိုင်ရှင်ဟာ သစ်ခုတ်သမားကို ထိုက်သင့်တဲ့ လစာနဲ့ ကောင်းမွန်တဲ့ အလုပ်ခွင်လေး တခုကို ပေးလိုက်တယ်။

ပထမ တရက်မှာ သစ်ခုတ်သမားဟာ ကြိုးစားပမ်းစားနဲ့ သစ်ပင်တွေကို ခုတ်လှဲလိုက်တာ အလုပ်သိမ်းချိန်မှာ သစ်ပင် ၁၅ ပင် ခုတ်လှဲ နိုင်ခဲ့တယ်။ ဒါနဲ့ သူဌေးကိုပြောတော့ သူဌေးကလည်း သစ်ခုတ်သမားကို " ကောင်းတယ်၊ ဒီအတိုင်း ဆက်ကြိုးစား " လို့ အားပေး လိုက်တယ်။

သူဌေးရဲ့ အားပေးစကားကြောင့် စိတ်ဓာတ်ခွန်အား တက်ကြွသွားတဲ့ သစ်ခုတ်သမားဟာ မနေ့ကထက် ပိုပြီး အားသွန်ခွန်စိုက် သစ်ပင်တွေကို ခုတ်ထစ်တယ်။ ဒါပေမယ့် ဒီနေ့ကျတော့ သူဟာ သစ်ပင် ၁၂ ပင်ပဲ ခုတ်ထစ်နိုင်တယ်။

နောက်တနေ့ ကျတော့ မနေ့ကလို မဖြစ်ရအောင် သူ ကြိုးစားပမ်းစား သူများတွေထက် အလုပ် ပိုလုပ်တယ်။ ဒါပေမယ့် သူ ၁၀ ပင် ပဲ ခုတ်နိုင်တယ်။ တနေ့ထက် တနေ့ သူဟာ မနေ့ကတွေထက် ပိုပြီး ကြိုးစား ပမ်းစား အလုပ်လုပ်တယ်။

ဒါပေမဲ့ တနေ့ထက် တနေ့ ခုတ်ထစ် နိုင်တဲ့ သစ်ပင် အရေအတွက်ဟာ နည်းနည်း လာလိုက်တာ နောက်ဆုံးမှာ သူဟာ ၁ ပင်ပဲ ခုတ်နိုင်တော့တာ တွေ့ရတယ် ။

စိတ်ပျက် အားလျော့ လာတဲ့ သစ်ခုတ်သမားဟာ အလုပ်ရှင်ကို သွားပြောတယ်။ ဝမ်းနည်းပြီး အားငယ်နေတဲ့ သစ်ခုတ်သမားဟာ အလုပ်ရှင်ကိုလည်း အားနာနေတာပေါ့ ။ ဘယ်လောက် ကြိုးစားကြိုးစား သစ်ပင်တပင်သာ ခုတ်ထစ် နိုင်တော့တဲ့ သူ့ကိုယ်သူလည်း နားမလည်နိုင်ဘူး။

ဒါနဲ့ သူဟာ သူဌေးကိုလည်း တောင်းပန်စကား ဆိုရင်းနဲ့ သူ ပင်ပန်းနွမ်းနယ်လွန်းတာ ဖြစ်လိမ့်မယ် လို့ သူဌေးကို ပြောလိုက်တယ်။ ဒါနဲ့ သူဌေးဟာ သစ်ခုတ်သမားကို မေးလိုက်တယ်။ " မင်း ပုဆိန်ကို သွေးခဲ့တာ ဘယ်နေ့ နောက်ဆုံးကလဲ "

" သွေးခဲ့တာ၊ ကျွန်တော့်မှာ ပုဆိန်ကို သွေးဖို့ အချိန်ကို မရှိခဲ့ဘူး။ သစ်ပင်တွေကိုသာ ခုတ်ထစ်ဖို့ ကျွန်တော် တချိန်လုံး ကြိုးစားနေခဲ့တာ " တဲ့။

တကယ်တော့ ပုံပြင်လေးရဲ့ အဓိပ္ပာယ်က ယနေ့ခေတ် ဘဝတွေကို အကောင်းဆုံး ဖော်ကျူးပေးနိုင် ပါတယ် ။ သစ်ပင်တွေကိုသာ ခုတ်ဖို့ ကြိုးစားရင်း ပုဆိန်သွေးဖို့ မေ့နေတဲ့ လူတွေကို ကြည့်ရတာ ပျော်ရွှင်မှုတွေ လျော့နည်း လာကြသလိုပဲ ။

အလုပ် ၊ အလုပ်လို့ အချိန်ရှိသရွှေ့ လုပ်နေကြတဲ့ ကျွန်တော်တို့ဟာ မိသားစုအတွက်၊ ကိုယ်ချစ်တဲ့ လူတွေအတွက် အချိန်မပေးမိဘဲ တနေ့မှာတော့ သစ်ခုတ်သမားလို ပျော်ရွှင်မှုတွေ လျော့နည်း လာခဲ့တယ် ။

လုပ်ပါ၊ မိတ်ဆွေ။ အလုပ် ဆိုတာ ဂုဏ်ရှိပါတယ်။ ဒါပေမဲ့ သင်ချစ်တဲ့လူတွေ၊ အရာတွေ အတွက်လည်း အချိန်ပေးဖို့ မမေ့ပါနဲ့ ။

crd

Zawgyi

သစ္ခုတ္သမားေလးရဲ့ သင္ခန္းစာ

ေရွးေရွးတုန္းက သန္မာထြားက်ိဳင္းတဲ့ သစ္ခုတ္သမား တဦးဟာ သစ္သား စုေဆာင္းေရာင္းဝယ္ေရး လုပ္ငန္းတခုမွာ အလုပ္ သြားေလွ်ာက္ခဲ့တယ္။ သေဘာေကာင္းတဲ့ ပိုင္ရွင္ဟာ သစ္ခုတ္သမားကို ထိုက္သင့္တဲ့ လစာနဲ႔ ေကာင္းမြန္တဲ့ အလုပ္ခြင္ေလး တခုကို ေပးလိုက္တယ္။

ပထမ တရက္မွာ သစ္ခုတ္သမားဟာ ႀကိဳးစားပမ္းစားနဲ႔ သစ္ပင္ေတြကို ခုတ္လွဲလိုက္တာ အလုပ္သိမ္းခ်ိန္မွာ သစ္ပင္ ၁၅ ပင္ ခုတ္လွဲ ႏိုင္ခဲ့တယ္။ ဒါနဲ႔ သူေဌးကိုေျပာေတာ့ သူေဌးကလည္း သစ္ခုတ္သမားကို " ေကာင္းတယ္၊ ဒီအတိုင္း ဆက္ႀကိဳးစား " လို႔ အားေပး လိုက္တယ္။

သူေဌးရဲ႕ အားေပးစကားေၾကာင့္ စိတ္ဓာတ္ခြန္အား တက္ႂကြသြားတဲ့ သစ္ခုတ္သမားဟာ မေန႔ကထက္ ပိုၿပီး အားသြန္ခြန္စိုက္ သစ္ပင္ေတြကို ခုတ္ထစ္တယ္။ ဒါေပမယ့္ ဒီေန႔က်ေတာ့ သူဟာ သစ္ပင္ ၁၂ ပင္ပဲ ခုတ္ထစ္ႏိုင္တယ္။

ေနာက္တေန႔ က်ေတာ့ မေန႔ကလို မျဖစ္ရေအာင္ သူ ႀကိဳးစားပမ္းစား သူမ်ားေတြထက္ အလုပ္ ပိုလုပ္တယ္။ ဒါေပမယ့္ သူ ၁၀ ပင္ ပဲ ခုတ္ႏိုင္တယ္။ တေန႔ထက္ တေန႔ သူဟာ မေန႔ကေတြထက္ ပိုၿပီး ႀကိဳးစား ပမ္းစား အလုပ္လုပ္တယ္။ ဒါေပမဲ့ တေန႔ထက္ တေန႔ ခုတ္ထစ္ ႏိုင္တဲ့ သစ္ပင္ အေရအတြက္ဟာ နည္းနည္း လာလိုက္တာ ေနာက္ဆုံးမွာ သူဟာ ၁ ပင္ပဲ ခုတ္ႏိုင္ေတာ့တာ ေတြ႕ရတယ္ ။

စိတ္ပ်က္ အားေလ်ာ့ လာတဲ့ သစ္ခုတ္သမားဟာ အလုပ္ရွင္ကို သြားေျပာတယ္။ ဝမ္းနည္းၿပီး အားငယ္ေနတဲ့ သစ္ခုတ္သမားဟာ အလုပ္ရွင္ကိုလည္း အားနာေနတာေပါ့ ။ ဘယ္ေလာက္ ႀကိဳးစားႀကိဳးစား သစ္ပင္တပင္သာ ခုတ္ထစ္ ႏိုင္ေတာ့တဲ့ သူ႔ကိုယ္သူလည္း နားမလည္ႏိုင္ဘူး။

ဒါနဲ႔ သူဟာ သူေဌးကိုလည္း ေတာင္းပန္စကား ဆိုရင္းနဲ႔ သူ ပင္ပန္းႏြမ္းနယ္လြန္းတာ ျဖစ္လိမ့္မယ္ လို႔ သူေဌးကို ေျပာလိုက္တယ္။ ဒါနဲ႔ သူေဌးဟာသစ္ခုတ္သမားကို ေမးလိုက္တယ္။ " မင္း ပုဆိန္ကို ေသြးခဲ့တာ ဘယ္ေန႔ ေနာက္ဆုံးကလဲ "

" ေသြးခဲ့တာ၊ ကြၽန္ေတာ့္မွာ ပုဆိန္ကို ေသြးဖို႔ အခ်ိန္ကို မရွိခဲ့ဘူး။ သစ္ပင္ေတြကိုသာ ခုတ္ထစ္ဖို႔ ကြၽန္ေတာ္ တခ်ိန္လုံး ႀကိဳးစားေနခဲ့တာ " တဲ့။

တကယ္ေတာ့ ပုံျပင္ေလးရဲ႕ အဓိပၸာယ္က ယေန႔ေခတ္ ဘဝေတြကို အေကာင္းဆုံး ေဖာ္က်ဴးေပးႏိုင္ ပါတယ္ ။ သစ္ပင္ေတြကိုသာ ခုတ္ဖို႔ ႀကိဳးစားရင္း ပုဆိန္ေသြးဖို႔ ေမ့ေနတဲ့ လူေတြကို ၾကည့္ရတာ ေပ်ာ္႐ႊင္မႈေတြ ေလ်ာ့နည္း လာၾကသလိုပဲ ။

အလုပ္ ၊ အလုပ္လို႔ အခ်ိန္ရွိသေ႐ႊ႕ လုပ္ေနၾကတဲ့ ကြၽန္ေတာ္တို႔ဟာ မိသားစုအတြက္၊ ကိုယ္ခ်စ္တဲ့ လူေတြအတြက္ အခ်ိန္မေပးမိဘဲ တေန႔မွာေတာ့ သစ္ခုတ္သမားလို ေပ်ာ္႐ႊင္မႈေတြ ေလ်ာ့နည္း လာခဲ့တယ္ ။ လုပ္ပါ၊ မိတ္ေဆြ၊ အလုပ္ ဆိုတာ ဂုဏ္ရွိပါတယ္။ ဒါေပမဲ့ သင္ခ်စ္တဲ့လူေတြ၊ အရာေတြ အတြက္လည္း အခ်ိန္ေပးဖို႔ မေမ့ပါနဲ႔ ။

crd

Post a Comment

0 Comments