မြေအောက်ရထားစီးပြီး အလည်ထွက်လေ့ရှိတဲ့ လေလွင့်ခွေးလေး (ရုပ်သံ)

တူရကီနိုင်ငံ၊ Istanbul မြို့က Boji လို့ အမည်ရတဲ့ ခွေးလေးက နေ့တိုင်း ဘတ်စ်ကား၊ မြေအောက်ရထား၊ ရထားနဲ့ သင်္ဘောတွေ လိုက်စီးလို့ လူအများက သူ့ကို သတိထားမိ လာပါပြီ။ Boji က လမ်းဘေးခွေးလေး တစ်ကောင်ပါ။ သူက ဖယ်ရီစီးပြီးတော့ တူရကီ ရှေးဟောင်းမြို့တော်ကို နေ့တိုင်းသွားလည်ပါတယ်။ ကားတွေ၊ ရထားတွေ စီးပြီးသွားတာက လမ်းလျှောက်သွားတာထက် အချိန်ကုန် လူပင်ပန်း သက်သာပါတယ်။ အဲဒါကြောင့် Boji က ယာဉ်တွေကို လိုက်စီးတာထင်ပါတယ်။

Boji ဘတ်စ်ကားစီးတာ၊ မြေအောက်ရထားစီးတာ၊ သင်္ဘောစီးတာ စတဲ့ video တွေ၊ ဓါတ်ပုံတွေက socail media မှာ ပျံ့နှံ့သွားပြီး လူအများက သူ့ကို စိတ်ဝင်စား လာကြပါတယ်။

Boji က ဘယ်လောက်တောင် နာမည်ကြီးသွားသလဲ ဆိုရင် Boji အတွက် ဒေသခံမြူနီစပယ်က Twitter, Instagram နဲ့ တခြားနာမည်ကြီး social network အကောင့်တွေ ဖွင့်ပေးတဲ့အထိ နာမည်ကြီးပါတယ်။ အဲဒီ အကောင့်တွေမှာ Boji ရထားစီးနေပုံ၊ ဘတ်စ်ကားစီးနေပုံတွေကို တင်ပေးပါတယ်။

Boji အစီးအများဆုံး ရထားကတော့ Kabataş နဲ့ Bağcularကို ပြေးဆွဲတဲ့ T1 ရထားလိုင်းပါ။ သူ ဒုတိယ အစီးအများဆုံးကတော့ M4 မြေအောက်ရထားပါ။ Microchip ကနေရတဲ့ မှတ်တမ်းအရ Boji က တစ်နေ့ကို မြေအောက်မီးရထားမှတ်တိုင် ၂၉ မှတ်တိုင်လောက် စီးပါတယ်။

တစ်ပတ်ကို ခရီးထွက်တဲ့ မိုင်ပေါင်းက ကီလိုမီတာ ၃၀ ခန့် ရှိပါတယ်။ သူက မြို့ထဲတင် လျှောက်သွားတာ မဟုတ်ပါဘူး။ ကမ္ဘာ့တိုက်ကြီးတွေကိုတောင် ဖြတ်ကူးပါသေးတယ်။ Boji က Bosphorus တူးမြောင်းကို သင်္ဘောစီးပြီး ဥရောပတိုက်နဲ့ အာရှတိုက်ကို ကူးသွားတာပါ။

Boji က အများသုံးယာဉ်တွေ စီးတဲ့အခါ အခြေခံ စည်းကမ်းတွေကို နားလည်ပုံ ပေါ်ပါတယ်။ ရထားပေါ်မှာ ခရီးသည်တွေ ဆင်းတော့မယ် ဆိုရင် လမ်းဖယ်ပေးပါသလို လူတွေအားလုံး ရထားပေါ်က ဆင်းမှ သူက ရထားပေါ်ကို တက်ပါတယ်။ Boji က ဓါတ်လှေကားတွေ၊ စက်လှေကားတွေလည်း စီးတတ်ပါတယ်။ သင်္ဘောစီးတဲ့အခါ ပူလာရင် ကုန်းပေါ်မှာ တက်နေပြီး အေးလာတဲ့အခါ၊ မိုးရွာလာတဲ့အခါ သင်္ဘောထဲမှာ ပြန်ဝင်နေပါတယ်။

Boji ဘတ်စ်ကားပေါ်မှာ ထိုင်နေရင် လူတွေက ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်ကြပါတယ်။ " သင်တို့ရထားစီးတဲ့အခါ Boji ကို တွေ့ရမှာပါ။ Boji ကိုတွေ့တဲ့အခါ ပျော်ရွှင်သွားပါလိမ့်မယ်။ Boji က လူတွေကို Istanbul ကို အမှတ်ရအောင် လုပ်ပေးပါတယ်" လို့ Istanbul မြေအာက်ထားလိုင်းက Aylin Erol က ပြောပါတယ်။

ရုပ်သံ

Zombie (Lovemedia)

for zawgyi

ေျမေအာက္ရထားစီးၿပီး အလည္ထြက္ေလ့ရွိတဲ့ ေလလြင့္ေခြးေလး

တူရကီႏိုင္ငံ၊ Istanbul ၿမိဳ႕က Boji လို႔ အမည္ရတဲ့ ေခြးေလးက ေန႔တိုင္း ဘတ္စ္ကား၊ ေျမေအာက္ရထား၊ ရထားနဲ႔ သေဘၤာေတြ လိုက္စီးလို႔ လူအမ်ားက သူ႔ကို သတိထားမိ လာပါၿပီ။ Boji က လမ္းေဘးေခြးေလး တစ္ေကာင္ပါ။ သူက ဖယ္ရီစီးၿပီးေတာ့ တူရကီေရွးေဟာင္းၿမိဳ႕ေတာ္ကို ေန႔တိုင္းသြားလည္ပါတယ္။ ကားေတြ၊ ရထားေတြ စီးၿပီးသြားတာက လမ္းေလွ်ာက္သြားတာထက္ အခ်ိန္ကုန္ လူပင္ပန္း သက္သာပါတယ္။ အဲဒါေၾကာင့္ Boji က ယာဥ္ေတြကို လိုက္စီးတာထင္ပါတယ္။

Boji ဘတ္စ္ကားစီးတာ၊ ေျမေအာက္ရထားစီးတာ၊ သေဘၤာစီးတာ စတဲ့ video ေတြ၊ ဓါတ္ပုံေတြက socail media မွာ ပ်ံ႕ႏွံ႔သြားၿပီး လူအမ်ားက သူ႔ကို စိတ္ဝင္စား လာၾကပါတယ္။

Boji က ဘယ္ေလာက္ေတာင္နာမည္ႀကီးသြားသလဲ ဆိုရင္ Boji အတြက္ ေဒသခံျမဴနီစပယ္က Twitter, Instagram နဲ႔ တျခားနာမည္ႀကီး social network အေကာင့္ေတြ ဖြင့္ေပးတဲ့အထိ နာမည္ႀကီးပါတယ္။ အဲဒီ အေကာင့္ေတြမွာ Boji ရထားစီးေနပုံ၊ ဘတ္စ္ကားစီးေနပုံေတြကို တင္ေပးပါတယ္။

Boji အစီးအမ်ားဆုံး ရထားကေတာ့ Kabataş နဲ႔ Bağcularကို ေျပးဆြဲတဲ့ T1 ရထားလိုင္းပါ။ သူ ဒုတိယ အစီးအမ်ားဆုံးကေတာ့ M4 ေျမေအာက္ရထားပါ။ Microchip ကေနရတဲ့ မွတ္တမ္းအရ Boji က တစ္ေန႔ကို ေျမေအာက္မီးရထားမွတ္တိုင္ ၂၉ မွတ္တိုင္ေလာက္ စီးပါတယ္။

တစ္ပတ္ကို ခရီးထြက္တဲ့ မိုင္ေပါင္းက ကီလိုမီတာ ၃၀ ခန႔္ ရွိပါတယ္။ သူက ၿမိဳ႕ထဲတင္ ေလွ်ာက္သြားတာ မဟုတ္ပါဘူး။ ကမာၻ႔တိုက္ႀကီးေတြကိုေတာင္ ျဖတ္ကူးပါေသးတယ္။ Boji က Bosphorus တူးေျမာင္းကို သေဘၤာစီးၿပီး ဥေရာပတိုက္နဲ႔ အာရွတိုက္ကို ကူးသြားတာပါ။

Boji က အမ်ားသုံးယာဥ္ေတြ စီးတဲ့အခါ အေျခခံစည္းကမ္းေတြကို နားလည္ပုံ ေပၚပါတယ္။ ရထားေပၚမွာ ခရီးသည္ေတြ ဆင္းေတာ့မယ္ ဆိုရင္ လမ္းဖယ္ေပးပါသလို လူေတြအားလုံး ရထားေပၚက ဆင္းမွ သူက ရထားေပၚကို တက္ပါတယ္။ Boji က ဓါတ္ေလွကားေတြ၊ စက္ေလွကားေတြလည္း စီးတတ္ပါတယ္။ သေဘၤာစီးတဲ့အခါ ပူလာရင္ ကုန္းေပၚမွာတက္ေနၿပီး ေအးလာတဲ့အခါ၊ မိုး႐ြာလာတဲ့အခါ သေဘၤာထဲမွာ ျပန္ဝင္ေနပါတယ္။

Boji ဘတ္စ္ကားေပၚမွာ ထိုင္ေနရင္ လူေတြက ဓါတ္ပုံေတြ၊ ဗီဒီယိုေတြ ႐ိုက္ၾကပါတယ္။ " သင္တို႔ရထားစီးတဲ့အခါ Boji ကို ေတြ႕ရမွာပါ။ Boji ကိုေတြ႕တဲ့အခါ ေပ်ာ္႐ႊင္သြားပါလိမ့္မယ္။ Boji က လူေတြကို Istanbul ကို အမွတ္ရေအာင္ လုပ္ေပးပါတယ္" လို႔ Istanbul ေျမအာက္ထားလိုင္းက Aylin Erol က ေျပာပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments