တခါတုန်းက လိပ်တကောင်ဟာ သစ်ပင်အောက်မှာ အနားယူနေ ပါတယ်။ ထိုသစ်ပင်မှာလည်း ငှက်တကောင်က အသိုက် လုပ်ပြီး နေထိုင်ပါတယ်။ လိပ်က ငှက်ကို လှောင်ပြောင် လိုက်ပါတယ်။
" သင့်အိမ်ကလည်း ကြည့်ပါအုံး၊ ကျိုးလွယ် ပဲ့လွယ်တဲ့ အကိုင်းတွေနဲ့ လုပ်ထားတယ်၊ အမိုးလည်း မရှိဘူး။ စုတ်ပြတ်နေ တာပဲ ။ ကိုယ့်အတွက်ဆောက်တဲ့ အိမ်တောင်မှ ဘာလို့ စုတ်ပြတ်အောင် ဆောက်ရတာလဲ။ ငါ့အခွံ ဆိုရင် မင်းရဲ့ အသိုက် ထက်တောင် ပိုကောင်းသေး " လို့ လှောင်လိုက်ပါတယ် ။
ထိုအခါ ငှက်က ပြန်ပြောတယ် " ဟုတ်တယ် ၊ ကျိုးပဲ့ လွယ်တဲ့ အကိုင်းတွေနဲ့ ဆောက်ထားတာ။ သဘာဝတရားကို မြင်ရအောင် ဖွင့်ထားတာ။ စုတ်ပြတ်မယ်။ ဒါပေမယ့် ငါကိုယ်တိုင် ဆောက်လုပ် ထားတာ ။ ငါကြိုက်တယ် "
လိပ်က ငှက်ကို ထပ်ပြောပြန်တယ် " ငါထင်တယ် မင်းအသိုက်က တခြား အသိုက်တွေနဲ့ အတူတူပါပဲ။ ဘာမှ မထူးပါဘူး။ ငါ့ထက်တော့ ပိုမကောင်းနိုင်ပါဘူး။ ငါ့အခွံတွေ ကိုတောင် မင်း မနာလို ဖြစ်နေအုံးမှာ " လို့ လိပ်က ပြောလိုက်ပါတယ်။ ငှက်ကလည်း..
" ဆန့်ကျင်ဘက်ပဲ ။ ငါ့အိမ်က ငါ့အတွက်တော့ ငါ့မိသားစုတွေ ၊ ငါ့သူငယ်ချင်းတွေ အတွက်တော့ ငါ့အိမ်က အကောင်းဆုံးပဲ။ မင်းရဲ့ အခွံ့ မင်းတယောက်က လွဲပြီး တခြားသူတွေ အတွက် အဆင်မပြေ နိုင်ဘူး။
မင်းအတွက်တော့ အကောင်းဆုံးအိမ် ဖြစ်ရင် ဖြစ်မှာပေါ့။ ငါ့အတွက်တော့ ငါ့အိမ်ကသာ ငါ့အတွက် အကောင်းဆုံးပဲ " လို့ ပြန်ပြောလိုက် ပါတယ်။
သင်ခန်းစာ ။ ။ အထီးကျန်နေတဲ့ အိမ်ကြီး အိမ်ကောင်း ထက် ဆင်းရဲ နိမ့်ကျနေပေမယ့် ဖော်ရွေတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ စုပြုံနေရတာက ပိုပျော်စရာ ကောင်းပါတယ်။ ဘယ်လောက်ပဲ ခိုင်ခံတဲ့ အိမ်ကြီးဖြစ်ပါစေ၊ ကိုယ့်ကို ချစ်ခင်သူတွေ မရှိဘဲ အထီးကျန်နေ ရတာက ဘဝမှာ ဘယ်လောက်တောင် ကြေကွဲစရာ ကောင်းလိုက်မလဲ။
ငွေမပေါ ပေမယ့် သင့်ကို ချစ်ခင်တဲ့ သူတွေနဲ့သာ နေရခြင်းက ဘဝမှာ ချမ်းသာခြင်း တမျိုးပါပဲ။ ငွေနဲ့တောင် ဝယ်မရနိုင်တဲ့ စိတ်ချမ်းသာခြင်းမျိုးပေါ့ လို့ ဒီပုံပြင်လေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ် ။
Crd
zawgyi
လိပ္ခြံ ႏွင့္ ငွက္သိုက္
တခါတုန္းက လိပ္တေကာင္ဟာ သစ္ပင္ေအာက္မွာ အနားယူေန ပါတယ္။ ထိုသစ္ပင္မွာလည္း ငွက္တေကာင္က အသိုက္ လုပ္ၿပီး ေနထိုင္ပါတယ္။ လိပ္က ငွက္ကို ေလွာင္ေျပာင္ လိုက္ပါတယ္။
" သင့္အိမ္ကလည္း ၾကည့္ပါအုံး၊ က်ိဳးလြယ္ ပဲ့လြယ္တဲ့ အကိုင္းေတြနဲ႔ လုပ္ထားတယ္၊ အမိုးလည္း မရွိဘူး။ စုတ္ျပတ္ေန တာပဲ ။ ကိုယ့္အတြက္ေဆာက္တဲ့ အိမ္ေတာင္မွ ဘာလို႔ စုတ္ျပတ္ေအာင္ ေဆာက္ရတာလဲ။ ငါ့အခြံ ဆိုရင္ မင္းရဲ႕ အသိုက္ ထက္ေတာင္ ပိုေကာင္းေသး " လို႔ ေလွာင္လိုက္ပါတယ္ ။
ထိုအခါ ငွက္က ျပန္ေျပာတယ္ " ဟုတ္တယ္ ၊ က်ိဳးပဲ့ လြယ္တဲ့ အကိုင္းေတြနဲ႔ ေဆာက္ထားတာ။ သဘာဝတရားကို ျမင္ရေအာင္ ဖြင့္ထားတာ။ စုတ္ျပတ္မယ္။ ဒါေပမယ့္ ငါကိုယ္တိုင္ ေဆာက္လုပ္ ထားတာ ။ ငါႀကိဳက္တယ္ "
လိပ္က ငွက္ကို ထပ္ေျပာျပန္တယ္ " ငါထင္တယ္ မင္းအသိုက္က တျခား အသိုက္ေတြနဲ႔ အတူတူပါပဲ။ ဘာမွ မထူးပါဘူး။ ငါ့ထက္ေတာ့ ပိုမေကာင္းႏိုင္ပါဘူး။ ငါ့အခြံေတြ ကိုေတာင္ မင္း မနာလို ျဖစ္ေနအုံးမွာ " လို႔ လိပ္က ေျပာလိုက္ပါတယ္။ ငွက္ကလည္း
" ဆန႔္က်င္ဘက္ပဲ ။ ငါ့အိမ္က ငါ့အတြက္ေတာ့ ငါ့မိသားစုေတြ ၊ ငါ့သူငယ္ခ်င္းေတြ အတြက္ေတာ့ ငါ့အိမ္က အေကာင္းဆုံးပဲ။ မင္းရဲ႕ အခြံ႕ မင္းတေယာက္က လြဲၿပီး တျခားသူေတြ အတြက္ အဆင္မေျပ ႏိုင္ဘူး။ မင္းအတြက္ေတာ့ အေကာင္းဆုံးအိမ္ ျဖစ္ရင္ ျဖစ္မွာေပါ့။ ငါ့အတြက္ေတာ့ ငါ့အိမ္ကသာ ငါ့အတြက္ အေကာင္းဆုံးပဲ " လို႔ ျပန္ေျပာလိုက္ ပါတယ္။
သင္ခန္းစာ ။ ။ အထီးက်န္ေနတဲ့ အိမ္ႀကီး အိမ္ေကာင္း ထက္ ဆင္းရဲ နိမ့္က်ေနေပမယ့္ ေဖာ္ေ႐ြတဲ့ မိတ္ေဆြ အေပါင္းအသင္းေတြနဲ႔ စုၿပဳံေနရတာက ပိုေပ်ာ္စရာ ေကာင္းပါတယ္။ ဘယ္ေလာက္ပဲ ခိုင္ခံတဲ့ အိမ္ႀကီးျဖစ္ပါေစ၊ ကိုယ့္ကို ခ်စ္ခင္သူေတြ မရွိဘဲ အထီးက်န္ေန ရတာက ဘဝမွာ ဘယ္ေလာက္ေတာင္ ေၾကကြဲစရာ ေကာင္းလိုက္မလဲ။
ငြမေပါ ေပမယ့္ သင့္ကို ခ်စ္ခင္တဲ့ သူေတြနဲ႔သာ ေနရျခင္းက ဘဝမွာ ခ်မ္းသာျခင္း တမ်ိဳးပါပဲ။ ေငြနဲ႔ေတာင္ ဝယ္မရႏိုင္တဲ့ စိတ္ခ်မ္းသာျခင္းမ်ိဳးေပါ့ လို႔ ဒီပုံျပင္ေလးက သင္ခန္းစာ ေပးထားတာ ျဖစ္ပါတယ္ ။
Crd
0 Comments