နှလုံးခုန်အရမ်းမြန်လာတဲ့အခါ တစ်မိနစ်အတွင်း သက်သာသွားစေမယ့် နည်းလမ်း

နှလုံးခုန် အရမ်းများလာတဲ့ အခြေအနေမျိုးကို လူတိုင်းလိုလို ကြုံဖူးကြပါတယ်။ နှလုံးခုန်မြန်တာကို တစ်မိနစ်အတွင်း နည်းပါးသွားစေမယ့် ထိရောက်တဲ့ နည်းလမ်း နှစ်ခုရှိပါတယ်။

၁။ မျက်နှာကို ရေစိမ်ခြင်း

ခန္ဓာကိုယ် အပူချိန်က ရုတ်တရက် ကျသွားတဲ့အခါ နှလုံးခုန်နှုန်းလည်း နည်းသွားပါတယ်။

- ဇောက်နက်နက်ဇလုံကြီး တစ်လုံးထဲကို ရေအေးထည့်ပါ။

- ပြီးရင် အသက်အောင့်လိုက်ပါ။ လိုအပ်ရင် နှာခေါင်းဘေးနှစ်ဖက်ကို လက်နှစ်ချောင်းနဲ့ ဖိထားပြီး မျက်နှာကို ရေဇလုံထဲ စက္ကန့်အနည်းငယ်ကြာ စိမ်ထားလိုက်ပါ။

- ရေဇလုံ မရှိရင် ရေအေးနဲ့ မျက်နှာသစ်လို့ ရပါတယ်။ မျက်နှာကို ရေခဲတုံးနဲ့ လိုက်ပွတ်ပြီး နှိပ်နယ်ပေးပါ။ နားထင်နေရာကို နှိပ်နယ်မယ် ဆိုရင်တော့ အထူးသတိထားဖို့ လိုပါတယ်။

၂။ Valsalva maneuver

- အသက်ကို အောင့်ထားပြီး ဗိုက်ကြွက်သားတွေကို ညှစ်ထားပါ။

- နှာခေါင်းကို လက်မနဲ့ လက်ညှိုး အသုံးပြုပြီး ညှစ်ထားပါ။

- ပါးစပ်နဲ့ မျက်လုံးတွေကိုလည်း ပိတ်ထားပါ။

- ဗိုက်ကြွက်သားတွေကို ညှစ်ထားစဉ်မှာပဲ အသက်ကို ရှူထုတ်ပါ။

ဒီနည်းလမ်းက နှလုံးရောဂါ အခံရှိသူတွေ၊ အမြဲလိုလို နှလုံးခုန် မြန်သူတွေအတွက် မသင့်တော်ပါဘူး။ နှလုံးရောဂါ အခံရှိသူတွေ နှလုံးခုန် အရမ်းမြန်လာရင် ဆရာဝန်နဲ့သာ ပြသသင့်ပါတယ်။ ပြီးတော့ ထင်ရှားတဲ့ လက္ခဏာတွေ မပြဘဲ နှလုံးခုန် အရမ်းမြန်လာရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

Zombie (Lovemedia)

for zawgyi

ႏွလုံးခုန္အရမ္းျမန္လာတဲ့အခါ တစ္မိနစ္အတြင္း သက္သာသြားေစမယ့္ နည္းလမ္း

ႏွလုံးခုန္ အရမ္းမ်ားလာတဲ့ အေျခအေနမ်ိဳးကို လူတိုင္းလိုလို ႀကဳံဖူးၾကပါတယ္။ ႏွလုံးခုန္ျမန္တာကို တစ္မိနစ္အတြင္း နည္းပါးသြားေစမယ့္ ထိေရာက္တဲ့ နည္းလမ္း ႏွစ္ခုရွိပါတယ္။

၁။ မ်က္ႏွာကို ေရစိမ္ျခင္း

ခႏၶာကိုယ္ အပူခ်ိန္က ႐ုတ္တရက္ က်သြားတဲ့အခါ ႏွလုံးခုန္ႏႈန္းလည္း နည္းသြားပါတယ္။

- ေဇာက္နက္နက္ဇလုံႀကီး တစ္လုံးထဲကို ေရေအးထည့္ပါ။

- ၿပီးရင္ အသက္ေအာင့္လိုက္ပါ။ လိုအပ္ရင္ ႏွာေခါင္းေဘးႏွစ္ဖက္ကို လက္ႏွစ္ေခ်ာင္းနဲ႔ ဖိထားၿပီး မ်က္ႏွာကို ေရဇလုံထဲ စကၠန႔္အနည္းငယ္ၾကာ စိမ္ထားလိုက္ပါ။

- ေရဇလုံ မရွိရင္ ေရေအးနဲ႔ မ်က္ႏွာသစ္လို႔ ရပါတယ္။ မ်က္ႏွာကို ေရခဲတုံးနဲ႔ လိုက္ပြတ္ၿပီး ႏွိပ္နယ္ေပးပါ။ နားထင္ေနရာကို ႏွိပ္နယ္မယ္ ဆိုရင္ေတာ့ အထူးသတိထားဖို႔ လိုပါတယ္။

၂။ Valsalva maneuver

- အသက္ကို ေအာင့္ထားၿပီး ဗိုက္ႂကြက္သားေတြကို ညႇစ္ထားပါ။

- ႏွာေခါင္းကို လက္မနဲ႔ လက္ညႇိဳး အသုံးျပဳၿပီး ညႇစ္ထားပါ။

- ပါးစပ္နဲ႔ မ်က္လုံးေတြကိုလည္း ပိတ္ထားပါ။

- ဗိုက္ႂကြက္သားေတြကို ညႇစ္ထားစဥ္မွာပဲ အသက္ကို ရႉထုတ္ပါ။

ဒီနည္းလမ္းက ႏွလုံးေရာဂါ အခံရွိသူေတြ၊ အၿမဲလိုလို ႏွလုံးခုန္ ျမန္သူေတြအတြက္ မသင့္ေတာ္ပါဘူး။ ႏွလုံးေရာဂါ အခံရွိသူေတြ ႏွလုံးခုန္ အရမ္းျမန္လာရင္ ဆရာဝန္နဲ႔သာ ျပသသင့္ပါတယ္။ ၿပီးေတာ့ ထင္ရွားတဲ့ လကၡဏာေတြ မျပဘဲ ႏွလုံးခုန္ အရမ္းျမန္လာရင္လည္း ဆရာဝန္နဲ႔ တိုင္ပင္ဖို႔ လိုအပ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments