အန္တရာယ်နဲ့ကြုံလာတဲ့အခါ အသက်ဘေးက လွတ်မြောက်နိုင်မယ့် နည်းလမ်း (၈) ခု

အသက်အန္တရာယ်နဲ့ နီးတဲ့အခြေအနေတွေမှာ အသက်ရှင်နိုင်အောင်လို့ မြန်မြန် ဆုံးဖြတ်ချက်ချဖို့ အရေးကြီးပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေမှာ အသက်ဘေးက လွတ်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီအချက်တွေထဲကမှ အထိရောက်ဆုံး အချက်တွေကို love media ကနေ ဖော်ပြပေးပါမယ်နော်။

၁။ ပင်လယ်ထဲ ရေကူးရင်း လှိုင်းမျက်နှာပြင်အောက် တန်ပြန်ဆွဲအားနဲ့ ကြုံတွေ့ရတဲ့အခါ

ပင်လယ်ထဲမှာ ရေကူးနေရင်းနဲ့ လှိုင်းမျက်နှာပြင်အောက်က တန်ပြန်ဆွဲအားက အရမ်းပြင်းထန်လာရင် ဆက်ပြီး ရေကူးလို့ မရတော့ပါဘူး။ အဲဒီအခါ ရေကို ပက်လက်ကူးပြီး ပေါလောပေါ်အောင် နေပါ။ ဒီလိုကူးခြင်းက ခန္ဓာကိုယ်လည်း အနားရပြီး အသက်ရှူလည်း ဝစေပါတယ်။

၂။ သွေးတွေအရမ်း ထွက်လာတဲ့အခါ

သင်က ဆေးခန်း မရှိတဲ့နေရာမှာ ထိခိုက်မိလို့ သွေးတွေ အရမ်းထွက်လာတဲ့အခါ အရင်ဆုံး ဒဏ်ရာကို သန့်ရှင်းအောင် လုပ်ပါ။ ပြီးရင် ရေနံဂျယ်လီကို သွေးတိတ်အောင် လိမ်းပြီး ပိတ်ပါးလေးနဲ့ ဒဏ်ရာကို ဖိလိုက်ပါ။ အပေါ်ကနေ တိတ်နဲ့ ပြန်ကပ်လိုက်ပါ။

၃။ ပင်လယ်ထဲ လေဆင်နှာမောင်းနဲ့ ကြုံတွေ့ရတဲ့အခါ

လေဆင်နှာမောင်းနဲ့ ကြုံတွေ့တဲ့အခါ စိတ်အေးအေးထားပါ။ လေဆင်နှာမောင်း လာတဲ့ဘက်ကို ကြည့်ပြီး လေဆင်နှာမောင်းနဲ့ ဝေးအောင် ထောင့်မှန်လားရာအတိုင်း ပြေးပါ။

၄။ အသားစားငါးနဲ့ တွေ့တဲ့အခါ

သင်က အမေဇုန်မြစ်ထဲ ရောက်နေပြီး အသားစားငါးနဲ့ တွေ့တဲ့အခါ အသံမထွက်ပါစေနဲ့။ အသားစားငါးတွေက ရေတိမ်ပိုင်းမှာ နေတာကြောင့် ရေနက်ပိုင်း၊ရေအေးပိုင်းကို ကူးပါ။

၅။ အနာကိုချုပ်ဖို့ လိုအပ်လာတဲ့အခါ

အရေပြားမှာ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရလို့ ချုပ်ဖို့ လိုလာတဲ့အခါ တိပ်အစွန်းတွေကို အချွန်လေးတွေ ဖြစ်အောင် ညှပ်ပါ။ ကွဲနေတဲ့ အနာကို ကပ်ဖို့အတွက် တိပ်အစွန်းလေးတွေကို မျက်နှာချင်းဆိုင် ကပ်လိုက်ပါ။

၆။ ရန်ပြုတဲ့ဆင်နဲ့ တွေ့တဲ့အခါ

သင့်နောက်ကို ရန်ပြုမယ့် ဆင်လိုက်တဲ့အခါ မြန်မြန်ပြေးဖို့ လိုအပ်ပါတယ်။ အရင်ဆုံး ဆင်ကို အကျယ်ကြီး အော်လိုက်ပါ။ ပြီးရင် မြွေလိမ်မြွေကောက် ပြေးပါ။

၇။ ဆိုင်ကယ် မှောက်တဲ့အခါ

ဆိုင်ကယ် မှောက်တာက အရမ်းကို အန္တရာယ်မျ ားပါတယ်။ ဆိုင်ကယ်ပေါ်ကနေ ပြုတ်မကျမချင်း ဆိုင်ကယ်လက်ကိုင်ကို မလွှတ်လိုက်ပါနဲ့။ ခန္ဓာကိုယ်ကို ကွေးသွားအောင် ခေါင်းငုံ့ပြီး ဒူးကို လက်နဲ့ တုပ်လိုက်ပါ။ ပြီးရင် လိမ့်ချလိုက်ပါ။

၈။ သစ်နက်က တိုက်ခိုက်တဲ့အခါ

တောင်တက်တဲ့အခါ သစ်နက်နဲ့ တွေ့နိုင်ပါတယ်။ သစ်နက်က သင်နဲ့ နီးလာတဲ့အခါ မတ်တပ်ရပ်နေပါ။ ပြီးရင် သင့်ရဲ့အင်္ကျီကို အကျယ်ဆုံး ဖွင့်ပြလိုက်ပါ။ သစ်နက်ရဲ့ မျက်လုံးထဲမှာ သင်က ကြီးမားတဲ့ သတ္တဝါလို့ မြင်သွားပြီး ထွက်ပြေးသွားပါလိမ့်မယ်။

Zombie (Lovemedia)

for zawgyi

အႏၲရာယ္နဲ႔ႀကဳံလာတဲ့အခါ အသက္ေဘးက လြတ္ေျမာက္ႏိုင္မယ့္ နည္းလမ္း (၈) ခု

အသက္အႏၲရာယ္နဲ႔ နီးတဲ့အေျခအေနေတြမွာ အသက္ရွင္ႏိုင္ေအာင္လို႔ ျမန္ျမန္ ဆုံးျဖတ္ခ်က္ခ်ဖို႔ အေရးႀကီးပါတယ္။ ခက္ခဲတဲ့ အေျခအေနေတြမွာ အသက္ေဘးက လြတ္ႏိုင္မယ့္ နည္းလမ္းေတြ အမ်ားႀကီး ရွိပါတယ္။ အဲဒီအခ်က္ေတြထဲကမွ အထိေရာက္ဆုံး အခ်က္ေတြကို love media ကေန ေဖာ္ျပေပးပါမယ္ေနာ္။

၁။ ပင္လယ္ထဲ ေရကူးရင္း လႈိင္းမ်က္ႏွာျပင္ေအာက္ တန္ျပန္ဆြဲအားနဲ႔ ႀကဳံေတြ႕ရတဲ့အခါ

ပင္လယ္ထဲမွာ ေရကူးေနရင္းနဲ႔ လႈိင္းမ်က္ႏွာျပင္ေအာက္က တန္ျပန္ဆြဲအားက အရမ္းျပင္းထန္လာရင္ ဆက္ၿပီး ေရကူးလို႔မရေတာ့ပါဘူး။ အဲဒီအခါ ေရကို ပက္လက္ကူးၿပီး ေပါေလာေပၚေအာင္ ေနပါ။ ဒီလိုကူးျခင္းက ခႏၶာကိုယ္လည္းအနားရၿပီး အသက္ရႉလည္း ဝေစပါတယ္။

၂။ ေသြးေတြအရမ္း ထြက္လာတဲ့အခါ

သင္က ေဆးခန္း မရွိတဲ့ေနရာမွာ ထိခိုက္မိလို႔ ေသြးေတြ အရမ္းထြက္လာတဲ့အခါ အရင္ဆုံး ဒဏ္ရာကို သန႔္ရွင္းေအာင္ လုပ္ပါ။ ၿပီးရင္ ေရနံဂ်ယ္လီကို ေသြးတိတ္ေအာင္ လိမ္းၿပီး ပိတ္ပါးေလးနဲ႔ ဒဏ္ရာကို ဖိလိုက္ပါ။ အေပၚကေန တိတ္နဲ႔ ျပန္ကပ္လိုက္ပါ။

၃။ ပင္လယ္ထဲ ေလဆင္ႏွာေမာင္းနဲ႔ ႀကဳံေတြ႕ရတဲ့အခါ

ေလဆင္ႏွာေမာင္းနဲ႔ ႀကဳံေတြ႕တဲ့အခါ စိတ္ေအးေအးထားပါ။ ေလဆင္ႏွာေမာင္း လာတဲ့ဘက္ကို ၾကည့္ၿပီး ေလဆင္ႏွာေမာင္းနဲ႔ ေဝးေအာင္ ေထာင့္မွန္လားရာအတိုင္း ေျပးပါ။

၄။ အသားစားငါးနဲ႔ ေတြ႕တဲ့အခါ

သင္က အေမဇုန္ျမစ္ထဲ ေရာက္ေနၿပီး အသားစားငါးနဲ႔ ေတြ႕တဲ့အခါ အသံမထြက္ပါေစနဲ႔။ အသားစားငါးေတြက ေရတိမ္ပိုင္းမွာ ေနတာေၾကာင့္ ေရနက္ပိုင္း၊ေရေအးပိုင္းကို ကူးပါ။

၅။ အနာကိုခ်ဳပ္ဖို႔ လိုအပ္လာတဲ့အခါ

အေရျပားမွာ နက္နက္ရႈိင္းရႈိင္း ဒဏ္ရာရလို႔ ခ်ဳပ္ဖို႔ လိုလာတဲ့အခါ တိပ္အစြန္းေတြကို အခြၽန္ေလးေတြ ျဖစ္ေအာင္ ညႇပ္ပါ။ ကြဲေနတဲ့ အနာကို ကပ္ဖို႔အတြက္ တိပ္အစြန္းေလးေတြကို မ်က္ႏွာခ်င္းဆိုင္ ကပ္လိုက္ပါ။

၆။ ရန္ျပဳတဲ့ဆင္နဲ႔ ေတြ႕တဲ့အခါ

သင့္ေနာက္ကို ရန္ျပဳမယ့္ ဆင္လိုက္တဲ့အခါ ျမန္ျမန္ေျပးဖို႔ လိုအပ္ပါတယ္။ အရင္ဆုံး ဆင္ကို အက်ယ္ႀကီး ေအာ္လိုက္ပါ။ ၿပီးရင္ ေႁမြလိမ္ေႁမြေကာက္ ေျပးပါ။

၇။ ဆိုင္ကယ္ ေမွာက္တဲ့အခါ

ဆိုင္ကယ္ ေမွာက္တာက အရမ္းကို အႏၲရာယ္မ် ားပါတယ္။ ဆိုင္ကယ္ေပၚကေန ျပဳတ္မက်မခ်င္း ဆိုင္ကယ္လက္ကိုင္ကို မလႊတ္လိုက္ပါနဲ႔။ ခႏၶာကိုယ္ကို ေကြးသြားေအာင္ ေခါင္းငုံ႔ၿပီး ဒူးကို လက္နဲ႔ တုပ္လိုက္ပါ။ ၿပီးရင္ လိမ့္ခ်လိုက္ပါ။

၈။ သစ္နက္က တိုက္ခိုက္တဲ့အခါ

ေတာင္တက္တဲ့အခါ သစ္နက္နဲ႔ ေတြ႕ႏိုင္ပါတယ္။ သစ္နက္က သင္နဲ႔ နီးလာတဲ့အခါ မတ္တပ္ရပ္ေနပါ။ ၿပီးရင္ သင့္ရဲ႕အက်ႌကို အက်ယ္ဆုံး ဖြင့္ျပလိုက္ပါ။ သစ္နက္ရဲ႕မ်က္လုံးထဲမွာ သင္က ႀကီးမားတဲ့ သတၱဝါလို႔ ျမင္သြားၿပီး ထြက္ေျပးသြားပါလိမ့္မယ္။

Zombie (Lovemedia)

Post a Comment

0 Comments