အချိန် နှင့် ခံစားခွင့်

တခါတုန်းက တောဘုရင် ခြင်္သေ့မင်းကြီးတကောင်ရှိပါသတဲ့ ။ သူ့မှာ အလွန် ယုံကြည်စိတ်ချရပြီး တာဝန်ကျေတဲ့ လူယုံတော် တယောက်လည်း ရှိတယ်။ သူကတော့ ရှဉ့်တကောင်ပဲ ဖြစ်ပါတယ်။

ရှဉ့်ကလေးဟာ ခြင်္သေ့မင်းကြီး ခိုင်းသမျှကို မညဉ်းမညူ ဆောင်ရွက်ပေးလေ့ ရှိတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာလည်း မြန်မြန်ပြီးတဲ့အပြင် အမှားအယွင်း မရှိသလောက်လည်း နည်းပါးတာကြောင့် ခြင်္သေ့မင်းကြီးက အင်မတန်မှပဲ သဘောကျတယ် ။ ဒါကြောင့်လည်း ခြင်္သေ့မင်းကြီးက ရှဉ့်ကလေးကို ဆင့်ခေါ်လိုက်ပြီး ဒီလိုပြောတယ်

" မင်းဟာ အင်မတန် တော်တဲ့ ကျေးကျွန်တယောက် ဖြစ်တဲ့ အတွက် ငါကိုယ်တော် အင်မတန် သဘောကျတော် မူတယ် ။ ဒါကြောင့်လည်း မောင်မင်း အသက်အရွယ် ကြီးရင့်လို့ အငြိမ်းစားယူတဲ့ အခါမှာတော့ လှည်းတစီးတိုက် ရှိတဲ့ မက်မွန်သီး တွေကို ဆုတော်လာဘ်တော်အဖြစ် ဂုဏ်ပြုပေးမယ်လို့ ငါကိုယ်တော် ကတိထားပါတယ် " လို့ ပြောခဲ့တယ်။

ရှဉ့်ကလေးဟာ အရမ်း အံ့သြ ဝမ်းသာသွားခဲ့ ရတယ် ။ မက်မွန်သီးစေ့ ဆိုတာက အခြား သာမန်ရှဉ့်တကောင်အတွက် တသက်လုံး နေလို့မှ တလုံးတလေ ရဖို့တောင် ခက်ခဲမှာ ဖြစ်ပေမယ့် သူဟာ လှည်းတစီးတိုက် ကြီးများတောင် ပိုင်ဆိုင်ရမယ့် အရေးကို တွေးပြီး ပြုံးပျော်လာခဲ့တယ် ။

ခြင်္သေ့ဘုရင်ကြီး ဆီမှာ စစဦး တာဝန်ထမ်းဆောင်စဉ် ကတော့ အခြားသော ရှဉ့်တွေရဲ့ လွတ်လပ်တဲ့ ဘဝကို သူအားကျမိ ခဲ့တယ်။ သူလည်းပဲ အခြားသော ရှဉ့်တွေလို အပင်တွေပေါ် တက်လိုက် ဆင်းလိုက်နဲ့ ဆော့ကစား ပျော်မြူးချင် ခဲ့တယ်။ ဒါပေမယ့်လည်း ခြင်္သေ့ဘုရင်ကြီးဘေးနားက ထီးဟန် နန်းဟန် ပါပါနဲ့ နေရတဲ့ ဘဝကိုလည်း ဂုဏ်သရေ ရှိတယ်လို့ သူထင်ခဲ့တယ်။

နောက်ဆုံးမှာတော့ သာမန်ရှဉ့်တကောင်ထက် ပိုပြီးထူးခြားတဲ့ ဘုရင့်အပါးတော်မြဲ အဖြစ်ကိုပဲ သူ ရွေးချယ်ခဲ့တာ ဖြစ်တယ်။ ခုတော့ ဂုဏ်ရှိတဲ့ ရာထူးကနေ အနားယူတဲ့ အခါမှာလည်း အင်မတန်ကြီးမားတဲ့ ဆုလာဘ်ကို သူရဦးမှာပဲ ဖြစ်တယ် ။ ဒါကြောင့် ရှဉ့်ကလေးဟာ ပျော်နေခဲ့တယ်။

" တခြားရှဉ့်တွေက ငါ့ကို မနာလို ဖြစ်တဲ့အထိ ငါချမ်းသာတော့မယ် " လို့ သူတွေးနေခဲ့ ပြန်တယ်။ အဲဒီလိုနဲ့ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့တယ်။ ရှဉ့်ကလေးဟာလည်း အိုမင်းမစွမ်း ဖြစ်လာခဲ့တဲ့ အတွက် ခြင်္သေ့ဘုရင်ကြီးရဲ့ အမှုတော်ကို အရင်ကလောက် မြန်မြန် ဆန်ဆန် လုပ်နိုင်စွမ်း မရှိဘဲ ဖြစ်လာခဲ့တယ်။

ဒီအခါမှာတော့ သူဟာ အငြိမ်းစားယူဖို့အတွက် ခြင်္သေ့မင်းကို လျှောက်တင်ခဲ့တယ်။ ခြင်္သေ့မင်းကြီးကလည်း သူ့ရဲ့ အပါးတော်မြဲရှဉ့်ကို ဂုဏ်ပြုညစာစားပွဲ ပြုလုပ်ပြီး ဂုဏ်ပြုခဲ့တယ်။ သူ့ကတိစကားအတိုင်း မက်မွန်သီးကို လှည်းတစီးတိုက်စာ ပေးခဲ့ပြန်တယ်။ ရှဉ့်ကလေးဟာ သူအနှစ်နှစ် အလလ အိပ်မက် မက်ခဲ့တဲ့ ဆုလဒ် ဖြစ်တဲ့မက်မွန်သီး တွေကို ဝမ်းသာအားရ ပွေ့ဖက်ခဲ့တယ်။

ဒါပေမယ့် တစုံတခုကို သူ သတိထားမိတဲ့ အခါမှာတော့ သူဟာ ဝမ်းနည်းခြင်းနဲ့အတူ မျက်ရည် ဝဲလာပြန်တယ်။ ခုချိန်မှာ မက်မွန်သီးတွေကို စားဖို့ သူ့မှာ သွားတချောင်းမှ မကျန်တဲ့ အဖြစ်ကို သူသတိရသွားလို့ပဲ ဖြစ်တယ်။

ဒီပုံပြင်လေးက ကျနော်တို့ကို ပြောပြထားတာတွေ ရှိတယ် ။ ကျနော်တို့ဟာ တခါတရံမှာ ရည်မှန်းချက် တခုကို စွဲစွဲမြဲမြဲ ကြိုးစားတတ် ကြတယ် ။ အဲဒီအပြင် အလုပ်တခုကိုလည်း စွဲမြဲစွာ လုပ်ကိုင်တတ်ကြတယ်။ အဲဒီလို ရည်မှန်းချက်ထား လုပ်ကိုင် ဆောင်ရွက်ခြင်းဟာ မှန်ကန်တယ် လို့လည်း ယျေဘုယျအားဖြင့် သုံးသပ်နိုင် သေးတယ်။

အဲဒီလို မှန်ကန်နေပေမယ့်လည်း ခြွင်းချက်တခုလည်း ရှိနေပြန်တယ်။ အဲဒါကတော့ ရည်မှန်းချက် ပြည့်မြောက်ချိန်မှာ ရှိတဲ့ ကိုယ့်ရဲ့ အသက်အရွယ်နဲ့ အခြေအနေကို ထည့်သွင်း သုံးသပ်သင့်တာပဲ ဖြစ်တယ်။ တချို့သော ကြီးပွားချမ်းသာလိုသူ များဟာလည်း ရှဉ့်ကလေး မက်မွန်သီးကို မျှော်လင့်သလိုမျိုး ချမ်းသာကြွယ်ဝခြင်းကို မျှော်လင့်လေ့ ရှိကြပြန်တယ် ။

အဲဒီအခါ အခြားသူတွေရဲ့ အခါအားလျော်စွာ အနားယူခြင်းမျိုး ကိုတောင်မျှ ပြုလုပ်လေ့ မရှိကြဘဲ အရာရာကို ချိုးခြံချွေတာစွာ နေထိုင်တတ်ကြသေးတယ် ။ အဲဒီလို နေထိုင်ခြင်းဟာ ရောင့်ရဲခြင်း ရှုဒေါင့်ဘက်က ရှုမြင်တဲ့ အခါ မှန်ကန်ပေမယ့် အစားထိုးလို့ မရတဲ့ အချိန်ကာလကြောင့် အိုမင်းမစွမ်း ဖြစ်လာခဲ့ရင်တော့ ကိုယ့်ရဲ့ ရှာဖွေ စုဆောင်းခြင်းတွေဟာ ကိုယ့်အတွက် ဖြစ်လာမှာ မဟုတ်ဘူး လို့ ဆိုတယ် ။

ရှည့်ကလေးရဲ့ သွားတွေဟာ အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာ ပျောက်ပျက်သွားခဲ့အခါ သူမက်မောတဲ့ မက်မွန်သီးရဲ့ အရသာကို ခံစားခွင့် မရှိတော့သလို စုဆောင်းခြင်းကြောင့် ရရှိလာတဲ့ ကြွယ်ဝမှုတွေ ဟာလည်း အိုမင်းခြင်းနဲ့ ကပ်လျက် ပါလာတဲ့ ကျန်းမာခြင်း အကြောင်းကြောင့်ပဲ အချဉ်းနှီး ဖြစ်တတ်တယ်လို့ ဆိုလိုရင်းဖြစ်တယ်။

Succeed has time limits ဆိုတဲ့စကားလို အောင်မြင်မှုမှာလည်း အချိန် အကန့်အသတ်တော့ ရှိနေတတ်သေးတယ်။ သတ်မှတ်ချိန် အတွင်း ပန်းဝင်နိုင်ကြပါစေ။

ဖြိုးသုတ

Zawgyi

အခ်ိန္ ႏွင့္ ခံစားခြင့္

တခါတုန္းက ေတာဘုရင္ ျခေသၤ့မင္းႀကီးတေကာင္ရွိပါသတဲ့ ။ သူ႔မွာ အလြန္ ယုံၾကည္စိတ္ခ်ရၿပီး တာဝန္ေက်တဲ့ လူယုံေတာ္ တေယာက္လည္း ရွိတယ္။ သူကေတာ့ ရွဥ့္တေကာင္ပဲ ျဖစ္ပါတယ္။

ရွဥ့္ကေလးဟာ ျခေသၤ့မင္းႀကီး ခိုင္းသမွ်ကို မညဥ္းမညဴ ေဆာင္႐ြက္ေပးေလ့ ရွိတယ္။ အဲဒီလို ေဆာင္႐ြက္တဲ့ ေနရာမွာလည္း ျမန္ျမန္ၿပီးတဲ့အျပင္ အမွားအယြင္း မရွိသေလာက္လည္း နည္းပါးတာေၾကာင့္ ျခေသၤ့မင္းႀကီးက အင္မတန္မွပဲ သေဘာက်တယ္ ။ ဒါေၾကာင့္လည္းျခေသၤ့မင္းႀကီးက ရွဥ့္ကေလးကို ဆင့္ေခၚလိုက္ၿပီး ဒီလိုေျပာတယ္

" မင္းဟာ အင္မတန္ ေတာ္တဲ့ ေက်းကြၽန္တေယာက္ ျဖစ္တဲ့ အတြက္ ငါကိုယ္ေတာ္ အင္မတန္ သေဘာက်ေတာ္ မူတယ္ ။ ဒါေၾကာင့္လည္း ေမာင္မင္း အသက္အ႐ြယ္ ႀကီးရင့္လို႔ အၿငိမ္းစားယူတဲ့ အခါမွာေတာ့ လွည္းတစီးတိုက္ ရွိတဲ့ မက္မြန္သီး ေတြကို ဆုေတာ္လာဘ္ေတာ္အျဖစ္ ဂုဏ္ျပဳေပးမယ္လို႔ ငါကိုယ္ေတာ္ ကတိထားပါတယ္ " လို႔ ေျပာခဲ့တယ္။

ရွဥ့္ကေလးဟာ အရမ္း အံ့ၾသ ဝမ္းသာသြားခဲ့ ရတယ္ ။ မက္မြန္သီးေစ့ ဆိုတာက အျခား သာမန္ရွဥ့္တေကာင္အတြက္ တသက္လုံး ေနလို႔မွ တလုံးတေလ ရဖို႔ေတာင္ ခက္ခဲမွာ ျဖစ္ေပမယ့္ သူဟာ လွည္းတစီးတိုက္ ႀကီးမ်ားေတာင္ ပိုင္ဆိုင္ရမယ့္ အေရးကို ေတြးၿပီး ၿပဳံးေပ်ာ္လာခဲ့တယ္ ။

ျခေသၤ့ဘုရင္ႀကီး ဆီမွာ စစဦး တာဝန္ထမ္းေဆာင္စဥ္ ကေတာ့ အျခားေသာ ရွဥ့္ေတြရဲ႕ လြတ္လပ္တဲ့ ဘဝကို သူအားက်မိ ခဲ့တယ္။ သူလည္းပဲ အျခားေသာ ရွဥ့္ေတြလို အပင္ေတြေပၚ တက္လိုက္ ဆင္းလိုက္နဲ႔ ေဆာ့ကစား ေပ်ာ္ျမဴးခ်င္ ခဲ့တယ္။ ဒါေပမယ့္လည္း ျခေသၤ့ဘုရင္ႀကီးေဘးနားက ထီးဟန္ နန္းဟန္ ပါပါနဲ႔ ေနရတဲ့ ဘဝကိုလည္း ဂုဏ္သေရ ရွိတယ္လို႔ သူထင္ခဲ့တယ္။

ေနာက္ဆုံးမွာေတာ့ သာမန္ရွဥ့္တေကာင္ထက္ ပိုၿပီးထူးျခားတဲ့ ဘုရင့္အပါးေတာ္ၿမဲ အျဖစ္ကိုပဲ သူ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္တယ္။ ခုေတာ့ ဂုဏ္ရွိတဲ့ ရာထူးကေန အနားယူတဲ့ အခါမွာလည္း အင္မတန္ႀကီးမားတဲ့ ဆုလာဘ္ကို သူရဦးမွာပဲ ျဖစ္တယ္ ။ ဒါေၾကာင့္ ရွဥ့္ကေလးဟာ ေပ်ာ္ေနခဲ့တယ္။

" တျခားရွဥ့္ေတြက ငါ့ကို မနာလို ျဖစ္တဲ့အထိ ငါခ်မ္းသာေတာ့မယ္ " လို႔ သူေတြးေနခဲ့ ျပန္တယ္။ အဲဒီလိုနဲ႔ ႏွစ္ေပါင္းမ်ားစြာ ကုန္လြန္ခဲ့တယ္။ ရွဥ့္ကေလးဟာလည္း အိုမင္းမစြမ္း ျဖစ္လာခဲ့တဲ့ အတြက္ ျခေသၤ့ဘုရင္ႀကီးရဲ႕ အမႈေတာ္ကို အရင္ကေလာက္ ျမန္ျမန္ ဆန္ဆန္ လုပ္ႏိုင္စြမ္း မရွိဘဲ ျဖစ္လာခဲ့တယ္။

ဒီအခါမွာေတာ့ သူဟာ အၿငိမ္းစားယူဖို႔အတြက္ ျခေသၤ့မင္းကို ေလွ်ာက္တင္ခဲ့တယ္။ ျခေသၤ့မင္းႀကီးကလည္း သူ႔ရဲ႕ အပါးေတာ္ၿမဲရွဥ့္ကို ဂုဏ္ျပဳညစာစားပြဲ ျပဳလုပ္ၿပီး ဂုဏ္ျပဳခဲ့တယ္။ သူ႔ကတိစကားအတိုင္း မက္မြန္သီးကို လွည္းတစီးတိုက္စာ ေပးခဲ့ျပန္တယ္။ ရွဥ့္ကေလးဟာ သူအႏွစ္ႏွစ္ အလလ အိပ္မက္ မက္ခဲ့တဲ့ ဆုလဒ္ ျဖစ္တဲ့မက္မြန္သီး ေတြကို ဝမ္းသာအားရ ေပြ႕ဖက္ခဲ့တယ္။

ဒါေပမယ့္ တစုံတခုကို သူသတိထားမိတဲ့ အခါမွာေတာ့ သူဟာ ဝမ္းနည္းျခင္းနဲ႔အတူ မ်က္ရည္ ဝဲလာျပန္တယ္။ ခုခ်ိန္မွာ မက္မြန္သီးေတြကို စားဖို႔ သူ႔မွာ သြားတေခ်ာင္းမွ မက်န္တဲ့ အျဖစ္ကို သူသတိရသြားလို႔ပဲ ျဖစ္တယ္။

ဒီပုံျပင္ေလးက က်ေနာ္တို႔ကို ေျပာျပထားတာေတြ ရွိတယ္ ။ က်ေနာ္တို႔ဟာ တခါတရံမွာ ရည္မွန္းခ်က္ တခုကို စြဲစြဲၿမဲၿမဲ ႀကိဳးစားတတ္ၾကတယ္ ။ အဲဒီအျပင္ အလုပ္တခုကိုလည္း စြဲၿမဲစြာ လုပ္ကိုင္တတ္ၾကတယ္။ အဲဒီလို ရည္မွန္းခ်က္ထား လုပ္ကိုင္ေဆာင္႐ြက္ျခင္းဟာ မွန္ကန္တယ္ လို႔လည္း ေယ်ဘုယ်အားျဖင့္ သုံးသပ္ႏိုင္ ေသးတယ္။

အဲဒီလို မွန္ကန္ေနေပမယ့္လည္း ႁခြင္းခ်က္တခုလည္း ရွိေနျပန္တယ္။ အဲဒါကေတာ့ ရည္မွန္းခ်က္ ျပည့္ေျမာက္ခ်ိန္မွာ ရွိတဲ့ ကိုယ့္ရဲ႕ အသက္အ႐ြယ္နဲ႔ အေျခအေနကို ထည့္သြင္း သုံးသပ္သင့္တာပဲ ျဖစ္တယ္။ တခ်ိဳ႕ေသာ ႀကီးပြားခ်မ္းသာလိုသူ မ်ားဟာလည္း ရွဥ့္ကေလးမက္မြန္သီးကို ေမွ်ာ္လင့္သလိုမ်ိဳး ခ်မ္းသာႂကြယ္ဝျခင္းကို ေမွ်ာ္လင့္ေလ့ ရွိၾကျပန္တယ္ ။

အဲဒီအခါ အျခားသူေတြရဲ႕ အခါအားေလ်ာ္စြာ အနားယူျခင္းမ်ိဳးကိုေတာင္မွ် ျပဳလုပ္ေလ့မရွိၾကဘဲ အရာရာကို ခ်ိဳးၿခံေခြၽတာစြာ ေနထိုင္တတ္ၾကေသးတယ္ ။ အဲဒီလို ေနထိုင္ျခင္းဟာ ေရာင့္ရဲျခင္း ရႈေဒါင့္ဘက္က ရႈျမင္တဲ့ အခါ မွန္ကန္ေပမယ့္ အစားထိုးလို႔ မရတဲ့ အခ်ိန္ကာလေၾကာင့္ အိုမင္းမစြမ္း ျဖစ္လာခဲ့ရင္ေတာ့ ကိုယ့္ရဲ႕ ရွာေဖြ စုေဆာင္းျခင္းေတြဟာ ကိုယ့္အတြက္ ျဖစ္လာမွာ မဟုတ္ဘူး လို႔ ဆိုတယ္ ။

ရွည့္ကေလးရဲ႕ သြားေတြဟာ အခ်ိန္ကာလရဲ႕ တိုက္စားမႈေအာက္မွာ ေပ်ာက္ပ်က္သြားခဲ့အခါ သူမက္ေမာတဲ့ မက္မြန္သီးရဲ႕ အရသာကို ခံစားခြင့္မရွိေတာ့သလို စုေဆာင္းျခင္းေၾကာင့္ ရရွိလာတဲ့ ႂကြယ္ဝမႈေတြ ဟာလည္း အိုမင္းျခင္းနဲ႔ ကပ္လ်က္ပါလာတဲ့ က်န္းမာျခင္း အေၾကာင္းေၾကာင့္ပဲ အခ်ဥ္းႏွီး ျဖစ္တတ္တယ္လို႔ ဆိုလိုရင္းျဖစ္တယ္။

Succeed has time limits ဆိုတဲ့စကားလို ေအာင္ျမင္မႈမွာလည္း အခ်ိန္အကန႔္အသတ္ေတာ့ ရွိေနတတ္ေသးတယ္။ သတ္မွတ္ခ်ိန္ အတြင္း ပန္းဝင္ႏိုင္ၾကပါေစ။

ၿဖိဳးသုတ

Post a Comment

0 Comments