ကျားအိုကြီး နှင့် ခရီးသွား

ဟိုးရှေးရှေးတုန်းက ကျားအိုကြီး တကောင်ဟာ ရေအိုင်နားမှာ ရေချိုးပြီး သူများတွေ မြင်ရင် မြက်ကိုသာ အမြဲစားသည့် ကျားသူတော်ကောင်းကြီး ဟု အထင်ခံရအောင် သမန်းမြက်တွေကို ကိုင်ထားပြီး ကမ်းနဖူးမှာ ထိုင်နေစဉ် ခရီးသွားတယောက်ကို တွေ့သောအခါ..

" အို ခရီးသည် ငါ့ဆီက ရွှေလက်ကောက်ကို လာယူ လှည့်ပါ " ဟု ဆိုလေသည် ။ ခရီးသည်လည်း လိုချင်မှုလောဘဇော တက်ပြီ စိတ်ထဲမှာ စဉ်းစားလေ၏ ။

ဒီရွှေလက်ကောက်ဟာ ငါ့ရဲ့ ရှေးဘုန်း ရှေးကံကြောင့် ရသင့် ရထိုက်လို့ ဖြစ်လာတာပဲ ၊ ဒါပေမဲ့ စဉ်းစားစရာတော့ တချက်တော့ ရှိတယ်။ ' မနှစ်သက်အပ်သော အရာမှ နှစ်သက်မြတ်နိုးအပ်တဲ့ ပစ္စည်းကို ရခြင်းဟာ ကောင်းကျိုး မဖြစ်နိုင်ဘူး ၊ အဆိပ်နဲ့ ရောထားတဲ့ အမြိုက်သုဓာဟာ အသက်ကို သေစေနိုင်တယ် ။

ဒါပေမဲ့ ပစ္စည်းဥစ္စာ ရှာဖွေရာမှာ စွန့်စားမှု ၊ ဒါမှမဟုတ် အန္တရာယ်ကတော့ ရှိမှာပဲ။ လူဟာ မစွန့်စားပဲအခြေနေကောင်းကို မတွေ့မြင်နိုင်ဘူး ။ စွန့်စားပြီး တကယ်လို့ အသက်ရှင်နေသေးရင် အခြေနေကောင်းကို တွေ့မြင်ရနိုင်တယ် ။ ဒါကြောင့် ငါအရင် စုံစမ်းဦးမယ် ' ဆိုပြီး " အို ကျားကြီး သင့်ရဲ့ ရွှေလက်ကောက်က ဘယ်မှာလဲ " လို့ မေးတဲ့အခါ ကျားကြီးက ရွှေလက် ကောက်ကို ပြလေ၏ ။

ထိုအခါ ခရီးသွားက " အသားစားတဲ့ ကျားကို ငါဘယ်လို ယုံရမှာလဲ " လို့ မေးတဲ့အခါ ကျားကြီးက " ခရီးသွား ၊ ငါပြောတာ နားထောင်ပါဦး၊ ငါ ငယ်ငယ်တုန်းကတော့ တော်တော် ဆိုးခဲ့ပါတယ်၊ နွားနဲ့ လူပေါင်းများစွာကို သတ်ခဲ့တဲ့အတွက် ငါ့ သားမယားတွေလည်း သေကုန်ကြလို့ ငါ့မှာ ဆွေမျိုး မဲ့နေပါပြီ။

တနေ့မှာ တရားရှင်တယောက်နဲ့ တွေ့ပြီး ငါ့ကို ဆိုဆုံးမလို့ အခုငါဟာ အလှူဒါနပြုခြင်း စတဲ့ ကောင်းမှုပြုတဲ့ သူတော်ကောင်းကြီး ဖြစ်နေပါပြီ ။ ပြီးတော့လည်းငါ့မှာ ခြေသည်း လက်သည်း အစွယ်သွားတွေ ကြွေလို့ အဖိုးကြီး ဖြစ်နေသောကြောင့် မယုံကြည် နိုင်စရာ အကြောင်း မရှိပါဘူး " ကျားကြီးက ဆက်ပြီးပြောတယ်

" ယဇ်ပူဇော်ခြင်း ဝေဒကို သရဇ္ဈာယ်ခြင်း ၊ အလှူပေးခြင်း ၊ ခြို့ခြံစွာ ကျင့်ခြင်း ၊ မှန်သော စကားကို ဆိုခြင်း ၊ တည်ကြည်ခြင်း ၊ သည်းခံခြင်း လောဘမကြီးခြင်း ဆိုတဲ့ အကျင့် ၈ ပါး ရှိပါတယ်။ အဲဒီ အကျင့် ၈ ပါး ထဲမှာ ရှေ့ ၄ ပါးက ထင်ပေါ်ကျော်ကြား လှည့်စားခြင်း ငှာလည်း ကျင့်ကြတယ် ။ နောက် ၄ ပါးကတော့ စိတ်ထား မြတ်သူတို့မှာသာ တည်တယ် ။ ဒါကြောင့်မို့ ငါဟာလောဘ ကင်းနေပြီဖြစ်လို့ ဒီရွှေလက်ကောက်အား တဦးဦးကို ပေးချင်နေတာပါ "

ထိုအခါ ခရီးသွားက " ဒါပေမဲ့ ကျားဆိုတာ လူသားစားတတ်တယ် ဆိုတဲ့ လူတွေရဲ့ စွပ်စွဲချက် ကိုတော့ တားမြစ်ပိတ်ပင်ရန် ခဲရင်းလှ ပါတယ် ။ လောကကြီးဟာ ရှေးရိုးစဉ်လာကို လိုက်လေ့ရှိတယ် ။ တရားနည်းလမ်း ညွန်ပြတတ်တဲ့ အောင်သွယ်မိန်းမရဲ့ စကားကို နွားသတ်တဲ့ ပုဏ္ဏားရဲ့ စကားလောက် ဘယ်သူမှ အရေးမထားပေ "

ကျားကြီးက " ခရီးသွား ၊ ငါလည်း တရားဓမ္မတွေကို သင်ယူထားပါတယ် ။ သင် နားထောင်ပေးပါဦး ။ ရေရှားတဲ့ အရပ်မှာ မိုးရွာသလိုငတ်မွတ်နေသူအား အစာပေးတာ အကျိုးရှိတယ် ။ မရှိ ဆင်းရဲသားအား အကျိုးရှိတဲ့ ဒါနကိုပေးသင့်တယ် ။ မိမိ အသက်ရှင်ချင် သလို သတ္တဝါတွေရဲ့ အသက်တွေကိုလည်း ရှင်စေချင်ရတယ် ။ ကိုယ်ချင်းစားတရားဖြင့် သူတော်ကောင်းတွေက သတ္တဝါအားလုံးကို သနားကြတယ် ။

သူတပါးသားမယားကို အမေလို ၊ သူတပါး စည်းစိမ်ကို မြေကြီးခဲလို ၊ သတ္တဝါအားလုံးကို မိမိလို သဘောထားနိုင်ရင် အဲဒီလူဟာ အမြင်မှန်ရတဲ့ ပညာရှိပဲ ။ အသင် ခရီးသွားသည်လည်း အတော် ဆင်းရဲပုံ ရတယ်။ ဒါကြောင့် ဒီရွှေလက်ကောက်အား သင့်ကိုပေးဖို့ အလွန်ကို ဆန္ဒရှိနေပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ဆင်းရဲသားတို့ကို ကျွေးမွေး စောင့်ရှောက်ပါ ၊ ချမ်းသာတဲ့သူကို ဥစ္စာမပေးပါနဲ့ ၊ ဆေးဟာ မကျန်းမာသူ အတွက်သာ အကျိုးရှိတယ် ၊ ကျန်းမာတဲ့သူအတွက် ဘာအကျိုးမှ မရှိလို့ပါ ။ ဒါကြောင့်မို့ သင်သည် ဒီရေအိုင်မှာ ရေချိုးပြီး ရွှေလက်ကောက်ကို ယူပါ " လို့ ကျားကြီးက ပြောတဲ့အခါ

ခရီးသွားဟာ ကျားရဲ့စကားကို ယုံပြီး လောဘရဲ့ ဆွဲဆောင်မှုကြောင့် ရေချိုးရန် ရေအိုင်ထဲသို့ ဆင်းတဲ့အခါ ညွန်ထဲနစ်ပြီး ရုန်းထွက်မရပဲ ဖြစ်နေလေ၏။ ထိုအခါ ကျားကြီးက " အို ညွန်ထဲ နစ်သွားတာပဲ၊ စိတ်မပူပါနဲ့၊ သင့်ကိုငါ ကယ်မယ် " ဆိုပြီး တဖြေးဖြေး အနားကပ်သွားကာ ခရီးသွားကို ဖမ်းယူကိုက်ချီ လိုက်တဲ့ အချိန်မှာ ခရီးသွားက နောင်တရပြီး စဉ်းစားလေ၏ ။

" တရားကျမ်းဂန်ကို ရွတ်ဖတ်ခြင်းဟာ သူယုတ်မာအတွက် သူတော်ကောင်းဖြစ်ရန် အကြောင်းရင်း မဟုတ်ဘူး ။ ကိုယ်ကျင့်တရား ကင်းတဲ့ ဉာဏ်ပညာဟာ ရုပ်ဆိုးတဲ့သူ တန်ဆာဆင်သလို ဝန်လေးရုံ သက်သက်ပါပဲ ။ အခုတော့ ငါသည် ယုတ်မာသော ကျားအပေါ် ယုံမိခြင်းမှာ မကောင်းသော လုပ်ရပ်ကို လုပ်မိသွားပြီ။

ဒါကြောင့် ရှေးပညာရှိတွေက ' ဦးချိုရှိတဲ့ သတ္တဝါရယ် ၊ မြစ်ရယ် ၊ ခြေသည်း လက်သည်း ရှိတဲ့ သတ္တဝါရယ် လက်နက်ရှိတဲ့ သူတွေရယ် ၊ မကောင်းတဲ့ မိန်းမရယ် ၊ မင်းမျိုးတွေရယ်ကို ယုံကြည် ခင်မင် အကျွမ်း မဝင်သင့်ဘူး ' ။ နောက်ဆုံးတော့ ခရီးသွားလည်း ကျားလက်မှ လွတ်လမ်း မမြင်တော့တဲ့အဆုံး ကံကိုသာ ပုံချလေတော့၏ ။

' ကောင်းကင်မှာရှိတဲ့ ရောင်ခြည်တထောင် အလင်းဆောင်တဲ့ နေမင်းရယ် ၊ ကြယ်တာရာ ကြားမှာ ခစားတဲ့ လမင်းတို့တောင်မှ ရာဟုဖမ်းတာ ခံရသေးတာပဲ ၊ ကံကြမ္မာက စီရင်လိုက်တဲ့ ဒီနဖူးပြင်က အမှတ်အသားကို ဘယ်သူက ဖျောက်နိုင်မှာတဲ့လဲ ' ဤသို့ စိတ်ဓာတ်ကျပြီး တွေးတော စဉ်းစားနေစဉ်မှာပဲ ကျားရဲ့ ကိုက်သတ်ခြင်းကို ခံလိုက်ရလေ၏ ။

ရွှေလက်ကောက်ကို လိုချင်တဲ့ လောဘကြောင့် ညွန်နစ်သွားသော ခရီးသည် တယောက်ဟာ ကျားအိုကြီးရဲ့ ကိုင်သတ်ခြင်းကြောင့်သေခဲ့ရဘူးလေပြီ ။

crd

Zawgyi

က်ားအိုႀကီးႏွင့္ ခရီးသြား

ဟိုးေရွးေရွးတုန္းက က်ားအိုႀကီး တေကာင္ဟာ ေရအိုင္နားမွာ ေရခ်ိဳးၿပီး သူမ်ားေတြ ျမင္ရင္ ျမက္ကိုသာ အၿမဲစားသည့္ က်ားသူေတာ္ေကာင္းႀကီး ဟု အထင္ခံရေအာင္ သမန္းျမက္ေတြကို ကိုင္ထားၿပီး ကမ္းနဖူးမွာ ထိုင္ေနစဥ္ ခရီးသြားတေယာက္ကို ေတြ႕ေသာအခါ

" အို ခရီးသည္ ငါ့ဆီက ေ႐ႊလက္ေကာက္ကို လာယူ လွည့္ပါ " ဟု ဆိုေလသည္ ။ ခရီးသည္လည္း လိုခ်င္မႈေလာဘေဇာ တက္ၿပီ စိတ္ထဲမွာ စဥ္းစားေလ၏ ။

ဒီေ႐ႊလက္ေကာက္ဟာ ငါ့ရဲ႕ ေရွးဘုန္း ေရွးကံေၾကာင့္ ရသင့္ ရထိုက္လို႔ ျဖစ္လာတာပဲ ၊ ဒါေပမဲ့ စဥ္းစားစရာေတာ့ တခ်က္ေတာ့ ရွိတယ္။ ' မႏွစ္သက္အပ္ေသာ အရာမွ ႏွစ္သက္ျမတ္ႏိုးအပ္တဲ့ ပစၥည္းကို ရျခင္းဟာ ေကာင္းက်ိဳး မျဖစ္ႏိုင္ဘူး ၊ အဆိပ္နဲ႔ ေရာထားတဲ့ အၿမိဳက္သုဓာဟာ အသက္ကို ေသေစႏိုင္တယ္ ။

ဒါေပမဲ့ ပစၥည္းဥစၥာ ရွာေဖြရာမွာ စြန႔္စားမႈ ၊ ဒါမွမဟုတ္ အႏၲရာယ္ကေတာ့ ရွိမွာပဲ။ လူဟာ မစြန႔္စားပဲအေျခေနေကာင္းကို မေတြ႕ျမင္ႏိုင္ဘူး ။ စြန႔္စားၿပီး တကယ္လို႔ အသက္ရွင္ေနေသးရင္ အေျခေနေကာင္းကို ေတြ႕ျမင္ရႏိုင္တယ္ ။ ဒါေၾကာင့္ ငါအရင္ စုံစမ္းဦးမယ္ ' ဆိုၿပီး " အို က်ားႀကီး သင့္ရဲ႕ ေ႐ႊလက္ေကာက္က ဘယ္မွာလဲ " လို႔ ေမးတဲ့အခါ က်ားႀကီးက ေ႐ႊလက္ ေကာက္ကို ျပေလ၏ ။

ထိုအခါ ခရီးသြားက " အသားစားတဲ့ က်ားကို ငါဘယ္လို ယုံရမွာလဲ " လို႔ ေမးတဲ့အခါ က်ားႀကီးက " ခရီးသြား ၊ ငါေျပာတာ နားေထာင္ပါဦး၊ ငါ ငယ္ငယ္တုန္းကေတာ့ ေတာ္ေတာ္ ဆိုးခဲ့ပါတယ္၊ ႏြားနဲ႔ လူေပါင္းမ်ားစြာကို သတ္ခဲ့တဲ့အတြက္ ငါ့ သားမယားေတြလည္း ေသကုန္ၾကလို႔ ငါ့မွာ ေဆြမ်ိဳး မဲ့ေနပါၿပီ။

တေန႔မွာ တရားရွင္တေယာက္နဲ႔ ေတြ႕ၿပီး ငါ့ကို ဆိုဆုံးမလို႔ အခုငါဟာ အလႉဒါနျပဳျခင္း စတဲ့ ေကာင္းမႈျပဳတဲ့ သူေတာ္ေကာင္းႀကီး ျဖစ္ေနပါၿပီ ။ ၿပီးေတာ့လည္းငါ့မွာ ေျခသည္း လက္သည္း အစြယ္သြားေတြ ေႂကြလို႔ အဖိုးႀကီး ျဖစ္ေနေသာေၾကာင့္ မယုံၾကည္ ႏိုင္စရာ အေၾကာင္း မရွိပါဘူး " က်ားႀကီးက ဆက္ၿပီးေျပာတယ္

" ယဇ္ပူေဇာ္ျခင္း ေဝဒကို သရဇၩာယ္ျခင္း ၊ အလႉေပးျခင္း ၊ ၿခိဳ႕ၿခံစြာ က်င့္ျခင္း ၊ မွန္ေသာ စကားကို ဆိုျခင္း ၊ တည္ၾကည္ျခင္း ၊ သည္းခံျခင္း ေလာဘမႀကီးျခင္း ဆိုတဲ့ အက်င့္ ၈ ပါး ရွိပါတယ္။ အဲဒီ အက်င့္ ၈ ပါး ထဲမွာ ေရွ႕ ၄ ပါးက ထင္ေပၚေက်ာ္ၾကား လွည့္စားျခင္း ငွာလည္း က်င့္ၾကတယ္ ။ ေနာက္ ၄ ပါးကေတာ့ စိတ္ထား ျမတ္သူတို႔မွာသာ တည္တယ္ ။ ဒါေၾကာင့္မို႔ ငါဟာေလာဘ ကင္းေနၿပီျဖစ္လို႔ ဒီေ႐ႊလက္ေကာက္အား တဦးဦးကို ေပးခ်င္ေနတာပါ "

ထိုအခါ ခရီးသြားက " ဒါေပမဲ့ က်ားဆိုတာ လူသားစားတတ္တယ္ ဆိုတဲ့ လူေတြရဲ႕ စြပ္စြဲခ်က္ ကိုေတာ့ တားျမစ္ပိတ္ပင္ရန္ ခဲရင္းလွ ပါတယ္ ။ ေလာကႀကီးဟာ ေရွး႐ိုးစဥ္လာကို လိုက္ေလ့ရွိတယ္ ။ တရားနည္းလမ္း ၫြန္ျပတတ္တဲ့ ေအာင္သြယ္မိန္းမရဲ႕ စကားကို ႏြားသတ္တဲ့ ပုဏၰားရဲ႕ စကားေလာက္ ဘယ္သူမွ အေရးမထားေပ "

က်ားႀကီးက " ခရီးသြား ၊ ငါလည္း တရားဓမၼေတြကို သင္ယူထားပါတယ္ ။ သင္ နားေထာင္ေပးပါဦး ။ ေရရွားတဲ့ အရပ္မွာ မိုး႐ြာသလိုငတ္မြတ္ေနသူအား အစာေပးတာ အက်ိဳးရွိတယ္ ။ မရွိ ဆင္းရဲသားအား အက်ိဳးရွိတဲ့ ဒါနကိုေပးသင့္တယ္ ။ မိမိ အသက္ရွင္ခ်င္ သလို သတၱဝါေတြရဲ႕ အသက္ေတြကိုလည္း ရွင္ေစခ်င္ရတယ္ ။ ကိုယ္ခ်င္းစားတရားျဖင့္ သူေတာ္ေကာင္းေတြက သတၱဝါအားလုံးကို သနားၾကတယ္ ။

သူတပါးသားမယားကို အေမလို ၊ သူတပါး စည္းစိမ္ကို ေျမႀကီးခဲလို ၊ သတၱဝါအားလုံးကို မိမိလို သေဘာထားႏိုင္ရင္ အဲဒီလူဟာ အျမင္မွန္ရတဲ့ ပညာရွိပဲ ။ အသင္ ခရီးသြားသည္လည္း အေတာ္ ဆင္းရဲပုံ ရတယ္။ ဒါေၾကာင့္ ဒီေ႐ႊလက္ေကာက္အား သင့္ကိုေပးဖို႔ အလြန္ကို ဆႏၵရွိေနပါတယ္။

ဘာျဖစ္လို႔လဲ ဆိုေတာ့ ဆင္းရဲသားတို႔ကို ေကြၽးေမြး ေစာင့္ေရွာက္ပါ ၊ ခ်မ္းသာတဲ့သူကို ဥစၥာမေပးပါနဲ႔ ၊ ေဆးဟာ မက်န္းမာသူ အတြက္သာ အက်ိဳးရွိတယ္ ၊ က်န္းမာတဲ့သူအတြက္ ဘာအက်ိဳးမွ မရွိလို႔ပါ ။ ဒါေၾကာင့္မို႔ သင္သည္ ဒီေရအိုင္မွာ ေရခ်ိဳးၿပီး ေ႐ႊလက္ေကာက္ကို ယူပါ " လို႔ က်ားႀကီးက ေျပာတဲ့အခါ

ခရီးသြားဟာ က်ားရဲ႕စကားကို ယုံၿပီး ေလာဘရဲ႕ ဆြဲေဆာင္မႈေၾကာင့္ ေရခ်ိဳးရန္ ေရအိုင္ထဲသို႔ ဆင္းတဲ့အခါ ၫြန္ထဲနစ္ၿပီး ႐ုန္းထြက္မရပဲ ျဖစ္ေနေလ၏။ ထိုအခါ က်ားႀကီးက " အို ၫြန္ထဲ နစ္သြားတာပဲ၊ စိတ္မပူပါနဲ႔၊ သင့္ကိုငါ ကယ္မယ္ " ဆိုၿပီး တေျဖးေျဖး အနားကပ္သြားကာ ခရီးသြားကို ဖမ္းယူကိုက္ခ်ီ လိုက္တဲ့ အခ်ိန္မွာ ခရီးသြားက ေနာင္တရၿပီး စဥ္းစားေလ၏ ။

" တရားက်မ္းဂန္ကို ႐ြတ္ဖတ္ျခင္းဟာ သူယုတ္မာအတြက္ သူေတာ္ေကာင္းျဖစ္ရန္ အေၾကာင္းရင္း မဟုတ္ဘူး ။ ကိုယ္က်င့္တရား ကင္းတဲ့ ဉာဏ္ပညာဟာ ႐ုပ္ဆိုးတဲ့သူ တန္ဆာဆင္သလို ဝန္ေလး႐ုံ သက္သက္ပါပဲ ။ အခုေတာ့ ငါသည္ ယုတ္မာေသာ က်ားအေပၚ ယုံမိျခင္းမွာ မေကာင္းေသာ လုပ္ရပ္ကို လုပ္မိသြားၿပီ။

ဒါေၾကာင့္ ေရွးပညာရွိေတြက ' ဦးခ်ိဳရွိတဲ့ သတၱဝါရယ္ ၊ ျမစ္ရယ္ ၊ ေျခသည္း လက္သည္း ရွိတဲ့ သတၱဝါရယ္ လက္နက္ရွိတဲ့ သူေတြရယ္ ၊ မေကာင္းတဲ့ မိန္းမရယ္ ၊ မင္းမ်ိဳးေတြရယ္ကို ယုံၾကည္ ခင္မင္ အကြၽမ္း မဝင္သင့္ဘူး ' ။ ေနာက္ဆုံးေတာ့ ခရီးသြားလည္း က်ားလက္မွ လြတ္လမ္း မျမင္ေတာ့တဲ့အဆုံး ကံကိုသာ ပုံခ်ေလေတာ့၏ ။

' ေကာင္းကင္မွာရွိတဲ့ ေရာင္ျခည္တေထာင္ အလင္းေဆာင္တဲ့ ေနမင္းရယ္ ၊ ၾကယ္တာရာ ၾကားမွာ ခစားတဲ့ လမင္းတို႔ေတာင္မွ ရာဟုဖမ္းတာ ခံရေသးတာပဲ ၊ ကံၾကမၼာက စီရင္လိုက္တဲ့ ဒီနဖူးျပင္က အမွတ္အသားကို ဘယ္သူက ေဖ်ာက္ႏိုင္မွာတဲ့လဲ ' ဤသို႔ စိတ္ဓာတ္က်ၿပီး ေတြးေတာ စဥ္းစားေနစဥ္မွာပဲ က်ားရဲ႕ ကိုက္သတ္ျခင္းကို ခံလိုက္ရေလ၏ ။

ေ႐ႊလက္ေကာက္ကို လိုခ်င္တဲ့ ေလာဘေၾကာင့္ ၫြန္နစ္သြားေသာ ခရီးသည္ တေယာက္ဟာ က်ားအိုႀကီးရဲ႕ ကိုင္သတ္ျခင္းေၾကာင့္ေသခဲ့ရဘူးေလၿပီ ။

crd

Post a Comment

0 Comments