သင်မသိသေးတဲ့ တံတွေးရဲ့ ကောင်းကျိူး (၄) ခု

လူတွေရဲ့ ပါးစပ်ထဲမှာရှိတဲ့ ကြွက်သားတွေက တခြားအရာတွေထက် ပိုမာပြီးတော့ အလုပ်လုပ်နိုင်ပါတယ်။ ပြီးတော့ အစားအစာတွေ စားတဲ့အခါမှာ ထွက်လာတဲ့ viscous အရည်က အနာတွေကို မြန်မြန်ကျက်စေတာကို သင်သတိထားမိပါသလား။ ဒီနေ့မှာတော့ တံတွေးရဲ့ အသုံးဝင်ပုံတွေ၊ အကျိုးပြုပုံတွေကို love media ကနေ ပြောပြပေးချင်ပါတယ်။

၁။ အနာကို မြန်မြန်ကျက်စေနိုင်တယ်။

တံတွေးကနေထွက်တဲ့ ဓာတ်တစ်မျိုးဖြစ်တဲ့ epidermal ဟာ အနာကို အချိန်တိုအတွင်း ကျက်စေနိုင်ပါတယ်။ တံတွေးက စိုစွတ်နေတာကြောင့် ရောင်ရမ်းနေတဲ့ ဒဏ်ရာတွေနဲ့ ဆဲလ်တွေရဲ့ ရှင်သန်မှုကို အထောက်အကူ ဖြစ်စေပါတယ်။

ပြီးတော့ တံတွေးမှာပါတဲ့ နောက်ထပ် ဓာတ်တစ်မျိုးဖြစ်တဲ့ Lysozyme ကလည်း ယားယံတာတွေကို သက်သာစေပါတယ်။ သူ့မှာ antibacterial အစွမ်းရှိတာကြောင့် သေးငယ်တဲ့ ပိုးမွှားတွေကို ချေဖျက်ပေးပါတယ်။ ဒါကြောင့် လူကြီးတွေက ယားနာဖြစ်ရင် တံတွေး အရင်စွတ်ခိုင်းတာပါ။

လေ့လာမှုတွေအရ လူတွေရဲ့ ပါးစပ်ထဲကထွက်တဲ့ moistens အရည်ဟာ အနာတွေကိုလည်း သက်သာစေပါတယ်။ ဒဏ်ရာတစ်ခုခုရတဲ့အချိန် တံတွေးစွတ်တာကလည်း ဒဏ်ရာတွေကို ပိုးဝင်တာကနေ ကာကွယ်ပေးတဲ့အပြင် အချိန်တိုအတွင်းလည်း ပျောက်ကင်းစေပါတယ်။

ပြီးတော့ ဝက်ခြံကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ အိမ်တွင်း ကုသနည်းတွေထဲမှာတော့ တံတွေးက အထိရောက်ဆုံးပါ။ ဒါပေမယ့် သန့်ရှင်းနေတဲ့ တံတွေးဖြစ်ဖို့တော့ လိုပါတယ်။ မနက်ခင်း ရေမသောက်ခင်၊ မနက်စာ မစားခင်မှာ ရတဲ့တံတွေးက အကောင်းဆုံးပါပဲ။

ဒါပေမယ့်လည်း တံတွေးက လူတိုင်းအတွက်တော့ မပျောက်ကင်းနိုင်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် ဓာတ် မတူညီတာကြောင့်ပါ။ တကယ်လို့ တံတွေးကို အသုံးပြုချင်တယ် ဆိုရင်တော့ အရင်ဆုံး သွားနဲ့ခံတွင်းကို ဂရုစိုက်ရပါလိမ့်မယ်။ တကယ်လို့ သင့်ခံတွင်းက မသန့်ရှင်းဘူး ဆိုရင်တော့ သင့်မျက်နှာကို ကောင်းကျိုးမပေးပဲ ဆိုးကျိုးတွေပဲ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် skincare မလုပ်ခင် သွားဆရာဝန်နဲ့ အရင်ဆုံး စစ်ဆေးကြည့် သင့်ပါတယ်။

၂။ အစားအစာတွေရဲ့ အရသာကို ခံစားစေနိုင်တယ်။

တံတွေးဂလင်းကနေ ထွက်လာတဲ့ ပရိုတင်းတွေဟာ အစားအစာရဲ့ sapid အမှုန်လေးတွေကို အရသာခံပေးပြီး ဦးနှောက်ဆီကို သတင်းပို့ပေးပါတယ်။

တကယ်လို့ သင်က တံတွေးခမ်းခြောက်နေတယ် ဆိုရင်တော့ အစားအစာတွေကို မျိုချဖို့ ခက်ခဲပြီးတော့ လည်ချောင်းထဲမှာ တစ်နေနိုင်ပါတယ်။

အစားအစာဟာ အစာအိမ်ထဲကို မရောက်ခင် တံတွေးနဲ့ အင်ဇိုင်းလို့ ခေါ်တဲ့ ဓာတ်တစ်မျိုးက ပေါင်းသွားပြီးတော့ အစာချေဖျက်တာကို အကူအညီ ဖြစ်စေပါတယ်။

၃။ ပါးစပ်ထဲက ပိုးမွှားတွေကို ချေဖျက်ပေးတယ်။

တံတွေးက စားလိုက်တဲ့ အစားအစာတွေရဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားပေးပြီးတော့ ဘတ်တီးရီးယားတွေကိုလည်း သေစေပါတယ်။ လေ့လာချက်တွေအရ ဘတ်တီးရီးယားတွေက သွားဖုံးရောင်တာတွေကို ဖြစ်စေပါတယ်။ သူတို့က ခုခံအားတွေကို နည်းစေပြီးတော့ ခံတွင်းပြဿနာတွေကို ဖြစ်စေတာပါ။

ပြီးတော့ တံတွေးက သွားတွေကိုလည်း ခိုင်မာစေပါတယ်။ သူတို့က သွားတွေပေါ် တံတိုင်းလိုကာကွယ်ပေးပြီးတော့ သွားပိုးစားတာတွေကနေ ကာကွယ်ပေးပါတယ်။ ဒီလိုနည်းနဲ့ ခံတွင်းရဲ့ pH ကို ထိန်းညှိပေးနေတာပါ။

၄။ စကားကို ချောချောမွေ့မွေ့ ပြောနိုင်အောင် လုပ်ပေးတယ်။

တံတွေးက ရေ (၉၉%) နဲ့ ဖွဲ့စည်းထားတာကြောင့် လူတွေရဲ့ ပါးစပ်နဲ့ အသံကို ရေဓာတ် ဖြည့်တင်းပေးပါတယ်။ ရေဓာတ်တွေ ပြည့်ဝနေရင် စကားကို ချောချောမွေ့မွေ့နဲ့ ပြောနိုင်စေပါတယ်။

ဒါကြောင့် လူအများရှေ့မှာ စကားပြောမယ် ဆိုရင် ရေကို အဝသောက်ပြီးမှ ပြောသင့်ပါတယ်။ ဒါဆိုရင် သင်လည်း စကားကိုအထစ်အငေါ့မရှိပဲနဲ့ ပြောနိုင်မှာ ဖြစ်ပါတယ်။

Bonus

တံတွေးများများထွက်အောင် ဘယ်လိုလုပ်မလဲ။

Decongestants, antihistamines နှင့် တခြားအကိုက်အခဲ ပျောက်ဆေးတွေက သွားဖုံးတွေကို ရောင်ရမ်းစေပြီးတော့ တံတွေးထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ ဒါကြောင့်..

- သကြားမပါတဲ့ ပီကေကို ဝါးပါ။ တကယ်လို့ ပီကေမှာ xylitol ပါရင်တော့ မိနစ် (၂၀) လောက် ဝါးပေးသင့်ပါတယ်။

- ရေကို အမြဲသောက်ပေးပါ။

- အစာစားတိုင်းပြီး (၂) မိနစ်လောက် အချိန်ပေးပြီး ခံတွင်းသန့်ရှင်းရေး လုပ်ပေးပါ။

ခံတွင်း သန့်ရှင်းနေတာက တံတွေး ထုတ်လုပ်တာကို အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် မနက်အိပ်ယာထတဲ့ အချိန်နဲ့ ညအိပ်ယာဝင်ခါနီး အချိန်တွေမှာ သွားကို သေချာလေး တိုက်ပေးသင့်ပါတယ်။

Zombie (Lovemedia)

for zawgyi

သင္မသိေသးတဲ့ တံေတြးရဲ႕ ေကာင္းက်ိဴး (၄) ခု

လူေတြရဲ႕ ပါးစပ္ထဲမွာရွိတဲ့ ႂကြက္သားေတြက တျခားအရာေတြထက္ ပိုမာၿပီးေတာ့ အလုပ္လုပ္ႏိုင္ပါတယ္။ ၿပီးေတာ့ အစားအစာေတြ စားတဲ့အခါမွာ ထြက္လာတဲ့ viscous အရည္က အနာေတြကို ျမန္ျမန္က်က္ေစတာကို သင္သတိထားမိပါသလား။ ဒီေန႔မွာေတာ့ တံေတြးရဲ႕ အသုံးဝင္ပုံေတြ၊ အက်ိဳးျပဳပုံေတြကို love media ကေန ေျပာျပေပးခ်င္ပါတယ္။

၁။ အနာကို ျမန္ျမန္က်က္ေစႏိုင္တယ္။

တံေတြးကေနထြက္တဲ့ ဓာတ္တစ္မ်ိဳးျဖစ္တဲ့ epidermal ဟာ အနာကို အခ်ိန္တိုအတြင္း က်က္ေစႏိုင္ပါတယ္။ တံေတြးက စိုစြတ္ေနတာေၾကာင့္ ေရာင္ရမ္းေနတဲ့ ဒဏ္ရာေတြနဲ႔ ဆဲလ္ေတြရဲ႕ ရွင္သန္မႈကို အေထာက္အကူ ျဖစ္ေစပါတယ္။

ၿပီးေတာ့ တံေတြးမွာပါတဲ့ ေနာက္ထပ္ ဓာတ္တစ္မ်ိဳးျဖစ္တဲ့ Lysozyme ကလည္း ယားယံတာေတြကို သက္သာေစပါတယ္။ သူ႔မွာ antibacterial အစြမ္းရွိတာေၾကာင့္ ေသးငယ္တဲ့ ပိုးမႊားေတြကို ေခ်ဖ်က္ေပးပါတယ္။ ဒါေၾကာင့္ လူႀကီးေတြက ယားနာျဖစ္ရင္ တံေတြး အရင္စြတ္ခိုင္းတာပါ။

ေလ့လာမႈေတြအရ လူေတြရဲ႕ ပါးစပ္ထဲကထြက္တဲ့ moistens အရည္ဟာ အနာေတြကိုလည္း သက္သာေစပါတယ္။ ဒဏ္ရာတစ္ခုခုရတဲ့အခ်ိန္ တံေတြးစြတ္တာကလည္း ဒဏ္ရာေတြကို ပိုးဝင္တာကေန ကာကြယ္ေပးတဲ့အျပင္ အခ်ိန္တိုအတြင္းလည္း ေပ်ာက္ကင္းေစပါတယ္။

ၿပီးေတာ့ ဝက္ၿခံကိုလည္း ေပ်ာက္ကင္းေစႏိုင္ပါတယ္။ အိမ္တြင္း ကုသနည္းေတြထဲမွာေတာ့ တံေတြးက အထိေရာက္ဆုံးပါ။ ဒါေပမယ့္ သန႔္ရွင္းေနတဲ့ တံေတြးျဖစ္ဖို႔ေတာ့ လိုပါတယ္။ မနက္ခင္း ေရမေသာက္ခင္၊ မနက္စာ မစားခင္မွာ ရတဲ့တံေတြးက အေကာင္းဆုံးပါပဲ။ ဒါေပမယ့္လည္း တံေတြးက လူတိုင္းအတြက္ေတာ့ မေပ်ာက္ကင္းႏိုင္ပါဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ ဓာတ္ မတူညီတာေၾကာင့္ပါ။ တကယ္လို႔ တံေတြးကို အသုံးျပဳခ်င္တယ္ ဆိုရင္ေတာ့ အရင္ဆုံး သြားနဲ႔ခံတြင္းကို ဂ႐ုစိုက္ရပါလိမ့္မယ္။ တကယ္လို႔ သင့္ခံတြင္းက မသန႔္ရွင္းဘူး ဆိုရင္ေတာ့ သင့္မ်က္ႏွာကို ေကာင္းက်ိဳးမေပးပဲ ဆိုးက်ိဳးေတြပဲ ျဖစ္ေစပါလိမ့္မယ္။ ဒါေၾကာင့္ skincare မလုပ္ခင္ သြားဆရာဝန္နဲ႔ အရင္ဆုံး စစ္ေဆးၾကည့္ သင့္ပါတယ္။

၂။ အစားအစာေတြရဲ႕ အရသာကို ခံစားေစႏိုင္တယ္။

တံေတြးဂလင္းကေန ထြက္လာတဲ့ ပ႐ိုတင္းေတြဟာ အစားအစာရဲ႕ sapid အမႈန္ေလးေတြကို အရသာခံေပးၿပီး ဦးေႏွာက္ဆီကို သတင္းပို႔ေပးပါတယ္။

တကယ္လို႔ သင္က တံေတြးခမ္းေျခာက္ေနတယ္ ဆိုရင္ေတာ့ အစားအစာေတြကို မ်ိဳခ်ဖို႔ ခက္ခဲၿပီးေတာ့ လည္ေခ်ာင္းထဲမွာ တစ္ေနႏိုင္ပါတယ္။

အစားအစာဟာ အစာအိမ္ထဲကို မေရာက္ခင္ တံေတြးနဲ႔ အင္ဇိုင္းလို႔ ေခၚတဲ့ ဓာတ္တစ္မ်ိဳးက ေပါင္းသြားၿပီးေတာ့ အစာေခ်ဖ်က္တာကို အကူအညီ ျဖစ္ေစပါတယ္။

၃။ ပါးစပ္ထဲက ပိုးမႊားေတြကို ေခ်ဖ်က္ေပးတယ္။

တံေတြးက စားလိုက္တဲ့ အစားအစာေတြရဲ႕ အႂကြင္းအက်န္ေတြကို ဖယ္ရွားေပးၿပီးေတာ့ ဘတ္တီးရီးယားေတြကိုလည္း ေသေစပါတယ္။ ေလ့လာခ်က္ေတြအရ ဘတ္တီးရီးယားေတြက သြားဖုံးေရာင္တာေတြကို ျဖစ္ေစပါတယ္။ သူတို႔က ခုခံအားေတြကို နည္းေစၿပီးေတာ့ ခံတြင္းျပႆနာေတြကို ျဖစ္ေစတာပါ။

ၿပီးေတာ့ တံေတြးက သြားေတြကိုလည္း ခိုင္မာေစပါတယ္။ သူတို႔က သြားေတြေပၚ တံတိုင္းလိုကာကြယ္ေပးၿပီးေတာ့ သြားပိုးစားတာေတြကေန ကာကြယ္ေပးပါတယ္။ ဒီလိုနည္းနဲ႔ ခံတြင္းရဲ႕ pH ကို ထိန္းညႇိေပးေနတာပါ။

၄။ စကားကို ေခ်ာေခ်ာေမြ႕ေမြ႕ ေျပာႏိုင္ေအာင္ လုပ္ေပးတယ္။

တံေတြးက ေရ (၉၉%) နဲ႔ ဖြဲ႕စည္းထားတာေၾကာင့္ လူေတြရဲ႕ ပါးစပ္နဲ႔ အသံကို ေရဓာတ္ ျဖည့္တင္းေပးပါတယ္။ ေရဓာတ္ေတြ ျပည့္ဝေနရင္ စကားကို ေခ်ာေခ်ာေမြ႕ေမြ႕နဲ႔ ေျပာႏိုင္ေစပါတယ္။

ဒါေၾကာင့္ လူအမ်ားေရွ႕မွာ စကားေျပာမယ္ ဆိုရင္ ေရကို အဝေသာက္ၿပီးမွ ေျပာသင့္ပါတယ္။ ဒါဆိုရင္ သင္လည္း စကားကိုအထစ္အေငါ့မရွိပဲနဲ႔ ေျပာႏိုင္မွာ ျဖစ္ပါတယ္။

Bonus

တံေတြးမ်ားမ်ားထြက္ေအာင္ ဘယ္လိုလုပ္မလဲ။

Decongestants, antihistamines ႏွင့္ တျခားအကိုက္အခဲ ေပ်ာက္ေဆးေတြက သြားဖုံးေတြကို ေရာင္ရမ္းေစၿပီးေတာ့ တံေတြးထုတ္လုပ္မႈကို ေလ်ာ့က်ေစပါတယ္။ ဒါေၾကာင့္..

- သၾကားမပါတဲ့ ပီေကကို ဝါးပါ။ တကယ္လို႔ ပီေကမွာ xylitol ပါရင္ေတာ့ မိနစ္ (၂၀) ေလာက္ ဝါးေပးသင့္ပါတယ္။

- ေရကို အၿမဲေသာက္ေပးပါ။

- အစာစားတိုင္းၿပီး (၂) မိနစ္ေလာက္ အခ်ိန္ေပးၿပီး ခံတြင္းသန႔္ရွင္းေရး လုပ္ေပးပါ။

ခံတြင္း သန႔္ရွင္းေနတာက တံေတြး ထုတ္လုပ္တာကို အေထာက္အကူ ျဖစ္ေစပါတယ္။ ဒါေၾကာင့္ မနက္အိပ္ယာထတဲ့ အခ်ိန္နဲ႔ ညအိပ္ယာဝင္ခါနီး အခ်ိန္ေတြမွာ သြားကို ေသခ်ာေလး တိုက္ေပးသင့္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments