သီလ မစောင့်သူ

တခါက ရန်ကုန်မြို့ရှိ နိုင်ခြားသားများ အဝင်အထွက် ရှိတဲ့ နံမည်ကြီး ဝိပဿနာ တရားစခန်း တခုမှာပါ။ နိုင်ငံခြားသား တဦးက တရားစခန်း ဝင်ပါတယ် ။ တရားစခန်းဝင် ယောဂီတွေ အကုန်လုံး ငါးပါးသီလ ခံယူတဲ့အချိန်ကျတော့ အဲ့ဒီ နိုင်ငံခြားသား ယောဂီက သီလ မခံယူဘူး။

ဒီတော့ တိုက်အုပ်ဆရာတော်က တရားစခန်းဝင် ယောဂီအားလုံး တရားစခန်း စည်းကမ်းအရ သီလ ခံယူရမည့် စည်းကမ်း ရှိကြောင်း ဆုံးမတဲ့အခါ သူက ဗုဒ္ဓဘာသာဝင် မဟုတ်ကြောင်း ပြောတော့ တိုက်အုပ်ဆရာတော်က ဒါဖြင့် ဘာလို့ တရားစခန်း လာဝင်တာလဲ ထပ်မေးတော့ သူက..

" ဗုဒ္ဓဘာသာ တရားရဲ့ ဂုဏ်တော်မှာ အချိန်မလင့်၊ လာပါ ၊ လေ့လာပါ၊ ကြိုက်မှ ကျင့်သုံးပါ၊ ဒါကြောင့် လာလေ့လာတာပါ " လို့ ပြန်ပြောပါတယ် ။

ဒါနဲ့ ကျောင်းတိုက်က ဦးစီး နာယက ကျောင်းထိုင် ဆရာတော်က နိုင်ငံခြားသားကို သီလ မခံယူခိုင်းပဲ တရားထိုင်ခွင့် ပြုလိုက်ပါတယ် ။

တရားစခန်းရဲ့ လုပ်ငန်းစဉ်အရ တရားထိုင် တရာစစ် တရားလျှောက် လုပ်ငန်းစဉ်တွေ ပုံမှန်လုပ်တော့ တရားစခန်း တရားစစ်တဲ့ အဖွဲ့က အဲ့ဒီနိုင်ငံခြားသားဟာ နောက်ထပ် ၇ ရက်လောက် တရားဆက်ထိုင်ရင် ဉာဏ်စဉ်တခု ရနိုင်တယ် ။ ဒါပေမဲ့ သူရဲ့ visa သက်တန်းက နက်ဖြန်ကုန်ပြီ ။

ဒီတော့ ဘယ်လို လုပ်ရင်ကောင်းမလဲ ဆိုတာ စဉ်းစားပြီး အဲ့ဒီ နိုင်ငံခြားသားကို ခေါ်တွေ့ပြီး သူ့အနေနဲ့ နောက်ထပ် ၇ ရက်လောက် တရားဆက်ထိုင်ချင် သေးလား ဆက်ထိုင်ရင်လည်း ဝိပဿနာ ဉာဏ်စဉ် တခုတိုင် တက်နိုင်ကြောင်း ရှင်းပြတော့ သူကလည်း လက်ခံတယ် ။

ဒီတော့သူ နက်ဖြန် visa ပြည့်ပြီလို့ ဖြေတော့၊ မပူနဲ့ ဒို့တရားစခန်းက ထိပ်တန်း အာဏာပိုင်တွေ အထိ ငါတို့ ပေါက်ရောက်တယ် ။

သူ့ psssport ကို ပေး ၊ တရားစခန်းနဲ့ ပတ်သက်တဲ့ ဆရာဝန်ကြီး တဦးကို သူ ကျန်းမာရေးအရ ခရီးမသွားသင့်ကြောင်း ထောက်ခံစာ ရေးခိုင်းပြီး လဝက ကတရားစခန်းနဲ့ ပတ်သက်သူရဲ့ အကူညီနဲ့ visa နောက်ထပ် ၁၄ ရက် ရအောင် လုပ်ပေးမယ် လို့ ပြောလိုက်တယ် ။

အဲ့ဒီအချိန်မှာ နိုင်ငံခြားသား ပြန်ပြောလိုက်တဲ့ စကားကြောင့် တရားစခန်းက ယောဂီတွေနဲ့ သံဃာတွေ ပါးစပ်အဟောင်းသား ဖြစ်သွားရတယ် ။

နိုင်ငံခြားသားက " ကျွန်ုပ် သီလ အပျက်မခံနိုင်ဘူး ။ ဘန်ကောက်မှာ visa လျှောက်ပြီး ပြန်လာခဲ့ပါမယ် " တဲ့ ။

နှုတ်ဖျားသီလ မခံတဲ့သူက နှလုံးသားထဲ သီလ စွဲမြဲသွားချိန် ၊ နှုတ်ဖျားက သီလအကြောင်း အထပ်ထပ် သွန်သင်နေသူတွေက လွယ်လွယ်လေး ထမင်းစားရေသောက် မုသာဝါဒ ကံကို ချိုးဖေါက်နေကြတယ် ။

Thin San dar Aye

Zawgyi

သီလ မေစာင့္သူ

တခါက ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ျခားသားမ်ား အဝင္အထြက္ ရွိတဲ့ နံမည္ႀကီး ဝိပႆနာ တရားစခန္း တခုမွာပါ။ ႏိုင္ငံျခားသား တဦးက တရားစခန္း ဝင္ပါတယ္ ။ တရားစခန္းဝင္ ေယာဂီေတြ အကုန္လုံး ငါးပါးသီလ ခံယူတဲ့ အခ်ိန္က်ေတာ့ အဲ့ဒီ ႏိုင္ငံျခားသား ေယာဂီက သီလ မခံယူဘူး။

ဒီေတာ့ တိုက္အုပ္ဆရာေတာ္က တရားစခန္းဝင္ ေယာဂီအားလုံး တရားစခန္း စည္းကမ္းအရ သီလ ခံယူရမည့္ စည္းကမ္း ရွိေၾကာင္း ဆုံးမတဲ့အခါ သူက ဗုဒၶဘာသာဝင္ မဟုတ္ေၾကာင္း ေျပာေတာ့ တိုက္အုပ္ဆရာေတာ္က ဒါျဖင့္ ဘာလို႔ တရားစခန္း လာဝင္တာလဲ ထပ္ေမးေတာ့ သူက

" ဗုဒၶဘာသာ တရားရဲ႕ ဂုဏ္ေတာ္မွာ အခ်ိန္မလင့္၊ လာပါ ၊ ေလ့လာပါ၊ ႀကိဳက္မွ က်င့္သုံးပါ၊ ဒါေၾကာင့္ လာေလ့လာတာပါ " လို႔ ျပန္ေျပာပါတယ္ ။

ဒါနဲ႔ ေက်ာင္းတိုက္က ဦးစီး နာယက ေက်ာင္းထိုင္ ဆရာေတာ္က ႏိုင္ငံျခားသားကို သီလ မခံယူခိုင္းပဲ တရားထိုင္ခြင့္ ျပဳလိုက္ပါတယ္ ။

တရားစခန္းရဲ႕ လုပ္ငန္းစဥ္အရ တရားထိုင္ တရာစစ္ တရားေလွ်ာက္ လုပ္ငန္းစဥ္ေတြ ပုံမွန္လုပ္ေတာ့ တရားစခန္း တရားစစ္တဲ့ အဖြဲ႕က အဲ့ဒီႏိုင္ငံျခားသားဟာ ေနာက္ထပ္ ၇ ရက္ေလာက္ တရားဆက္ထိုင္ရင္ ဉာဏ္စဥ္တခု ရႏိုင္တယ္ ။ ဒါေပမဲ့ သူရဲ႕ visa သက္တန္းက နက္ျဖန္ကုန္ၿပီ ။

ဒီေတာ့ ဘယ္လို လုပ္ရင္ေကာင္းမလဲ ဆိုတာ စဥ္းစားၿပီး အဲ့ဒီ ႏိုင္ငံျခားသားကို ေခၚေတြ႕ၿပီး သူ႔အေနနဲ႔ ေနာက္ထပ္ ၇ ရက္ေလာက္ တရားဆက္ထိုင္ခ်င္ ေသးလား ဆက္ထိုင္ရင္လည္း ဝိပႆနာ ဉာဏ္စဥ္ တခုတိုင္ တက္ႏိုင္ေၾကာင္း ရွင္းျပေတာ့ သူကလည္း လက္ခံတယ္ ။

ဒီေတာ့သူ နက္ျဖန္ visa ျပည့္ၿပီလို႔ ေျဖေတာ့၊ မပူနဲ႔ ဒို႔တရားစခန္းက ထိပ္တန္း အာဏာပိုင္ေတြ အထိ ငါတို႔ ေပါက္ေရာက္တယ္ ။

သူ႔ psssport ကို ေပး ၊ တရားစခန္းနဲ႔ ပတ္သက္တဲ့ ဆရာဝန္ႀကီး တဦးကို သူ က်န္းမာေရးအရ ခရီးမသြားသင့္ေၾကာင္း ေထာက္ခံစာ ေရးခိုင္းၿပီး လဝက ကတရားစခန္းနဲ႔ ပတ္သက္သူရဲ႕ အကူညီနဲ႔ visa ေနာက္ထပ္ ၁၄ ရက္ ရေအာင္ လုပ္ေပးမယ္ လို႔ ေျပာလိုက္တယ္ ။

အဲ့ဒီအခ်ိန္မွာ ႏိုင္ငံျခားသား ျပန္ေျပာလိုက္တဲ့ စကားေၾကာင့္ တရားစခန္းက ေယာဂီေတြနဲ႔ သံဃာေတြ ပါးစပ္အေဟာင္းသား ျဖစ္သြားရတယ္ ။

ႏိုင္ငံျခားသားက " ကြၽႏ္ုပ္ သီလ အပ်က္မခံႏိုင္ဘူး ။ ဘန္ေကာက္မွာ visa ေလွ်ာက္ၿပီး ျပန္လာခဲ့ပါမယ္ " တဲ့ ။ ႏႈတ္ဖ်ားသီလ မခံတဲ့သူက ႏွလုံးသားထဲ သီလ စြဲၿမဲသြားခ်ိန္ ၊ ႏႈတ္ဖ်ားက သီလအေၾကာင္း အထပ္ထပ္ သြန္သင္ေနသူေတြက လြယ္လြယ္ေလး ထမင္းစားေရေသာက္ မုသာဝါဒ ကံကို ခ်ိဳးေဖါက္ေနၾကတယ္ ။

Thin San dar Aye

Post a Comment

0 Comments