ညဘက်အိပ်နေရင်း အံကြိတ်တာ ပျောက်စေမယ့် နည်းလမ်း (၃) မျိုး

ညဘက်အိပ်နေရင်း အံကြိတ်တာက ဘေးလူတွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ အံကြိတ်သူ ကိုယ်တိုင်လည်း ကြာလာတဲ့အခါ သွားယိုင်တာ ဖြစ်စေပါတယ်။ အိပ်နေရင်း အံကြိတ်ရတဲ့ အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုတွေ များလို့ပါ။

အံကြိတ်တဲ့အသံက ကျယ်တာကြောင့် တစ်ခန်းထဲ အတူအိပ်တဲ့ သူတွေကိုတောင် နိုးစေပါတယ်။ အံကြိတ်တာက မေးရိုးအဆစ်တွေ ချွတ်ယွင်းတာနဲ့ ဆက်စပ်နေပါတယ်။ အံကြိတ်တာက ပီကေအမြဲလို ဝါးနေတတ်တာ၊ မာကြောတဲ့အရာတွေကို ကိုက်တတ်တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေပါ။

အဓိက လက္ခဏာများ

အံကြိတ်တဲ့အခါ ဖြစ်လာတတ်တဲ့ လက္ခဏာတွေက

- မျက်နှာနဲ့ လည်ပင်းကြွက်သား နာကျင်ခြင်း

- သွားတွေ ယိုင်လာခြင်း၊ ကျိုးလာခြင်း

- သွားအပေါ်ယံ ကြွေသားတွေ ပွန်းလာခြင်း

- ခေါင်းကိုက်ခြင်း

- သွားနာခြင်း တို့ဖြစ်ပါတယ်။

အဲဒါကြောင့် သွားဆရာဝန်နဲ့ ပုံမှန်သွားပြသဖို့ လိုအပ်ပါတယ်။

ညဘက်အိပ်နေရင်း အံကြိတ်တာ ပျောက်အောင်

၁။ ကုသမှု ခံယူပါ။

သင့်မှာ အထက်ပါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ကုသမှု ခံယူသင့်ပါတယ်။ အပေါ်သွားနဲ့ အောက်သွားကြား ပွတ်တိုက်တာတွေကို ကာကွယ်ဖို့ အထူးပြုလုပ်ထားတဲ့ကိရိယာ custom-fitted guard ကို တပ်ဆင်ဖို့ လိုပါတယ်။ သွားယိုယွင်း ပျက်ဆီးတာကိုလည်း ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

၂။ စိတ်ဖိစီးမှု ကင်းအောင် နေပါ။

စိတ်ဖိစီးမှုက ညဘက် အံကြိတ်ရခြင်းရဲ့ အဓိက အကြောင်းအရင်း ဖြစ်တာကြောင့် စိတ်ကို ပျော်အောင်ထားဖို့၊ အိပ်ရေးဝဖို့ လိုအပ်ပါတယ်။

- လက်ကောက်ဝတ်ကို ရေအေးနဲ့ ပွတ်တိုက်ပါ။

- အိပ်ရာမဝင်ခင် မိနစ် ၃၀ ကနေ ၆၀ အလိုမှာ စိတ်အပန်းပြေစေမယ့် နှစ်သက်ရာ တစ်ခုခု ပြုလုပ်ပါ။

- စိတ်ပင်ပန်းလာတိုင်း လေ့ကျင့်ခန်း ပြုလုပ်ပြီး နဲ့ လမ်းလျှောက်ပါ။

- အိမ်မှာ စိတ်အပန်းပြေစေမယ့် သင့်ရဲ့ ကိုယ်ပိုင်နေရာတစ်ခု ဖန်တီးထားပါ။

- ဦးနှောက်ကို ဖိအားလျှော့ပေးဖို့ အိပ်ခါနီးမှာ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစားပါ။

၃။ မာတဲ့ အစားအစာတွေကို ရှောင်ပါ။

အံကြိတ်ပြီးတော့ နိုးလာတဲ့အခါ မေးရိုးတွေ နာနေရင် ရေနွေးနဲ့ ကပ်ထားပေးပါ။ အရမ်းမာတဲ့ အစားအစာတွေကို မစားသင့်ပါဘူး။ ပီကေကိုလည်း ရှောင်သင့်ပါတယ်။ အချိုများတဲ့ အစားအစာတွေကို ရှောင်ပြီး ကယ်လ်ဆီယမ်ဓါတ် များတဲ့ ချီယာစေ့၊ နို့ထွက်အစားအစာများ၊ ငါးသေတ္တာငါး၊ ပဲနီလေးတို့ကို စားပေးပါ။

Zombie (Lovemedia)

for zawgyi

ညဘက္အိပ္ေနရင္း အံႀကိတ္တာ ေပ်ာက္ေစမယ့္ နည္းလမ္း (၃) မ်ဳိး

ညဘက္အိပ္ေနရင္း အံႀကိတ္တာက ေဘးလူေတြကို အေႏွာင့္အယွက္ ျဖစ္ေစပါတယ္။ အံႀကိတ္သူ ကိုယ္တိုင္လည္း ၾကာလာတဲ့အခါ သြားယိုင္တာ ျဖစ္ေစပါတယ္။

အိပ္ေနရင္း အံႀကိတ္ရတဲ့ အေၾကာင္းအရင္းကေတာ့ စိတ္ဖိစီးမႈေတြ မ်ားလို႔ပါ။ အံႀကိတ္တဲ့အသံက က်ယ္တာေၾကာင့္ တစ္ခန္းထဲ အတူအိပ္တဲ့ သူေတြကိုေတာင္ ႏိုးေစပါတယ္။ အံႀကိတ္တာက ေမး႐ိုးအဆစ္ေတြ ခြၽတ္ယြင္းတာနဲ႔ ဆက္စပ္ေနပါတယ္။ အံႀကိတ္တာက ပီေကအၿမဲလို ဝါးေနတတ္တာ၊ မာေၾကာတဲ့အရာေတြကို ကိုက္တတ္တာရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြပါ။

အဓိက လကၡဏာမ်ား

အံႀကိတ္တဲ့အခါ ျဖစ္လာတတ္တဲ့ လကၡဏာေတြက

- မ်က္ႏွာနဲ႔ လည္ပင္းႂကြက္သား နာက်င္ျခင္း

- သြားေတြ ယိုင္လာျခင္း၊ က်ိဳးလာျခင္း

- သြားအေပၚယံ ေႂကြသားေတြ ပြန္းလာျခင္း

- ေခါင္းကိုက္ျခင္း

- သြားနာျခင္း တို႔ျဖစ္ပါတယ္။

အဲဒါေၾကာင့္ သြားဆရာဝန္နဲ႔ ပုံမွန္သြားျပသဖို႔ လိုအပ္ပါတယ္။

ညဘက္အိပ္ေနရင္း အံႀကိတ္တာ ေပ်ာက္ေအာင္

၁။ ကုသမႈ ခံယူပါ။

သင့္မွာ အထက္ပါ လကၡဏာေတြ ျဖစ္လာၿပီဆိုရင္ ဆရာဝန္နဲ႔ ကုသမႈ ခံယူသင့္ပါတယ္။ အေပၚသြားနဲ႔ ေအာက္သြားၾကား ပြတ္တိုက္တာေတြကို ကာကြယ္ဖို႔ အထူးျပဳလုပ္ထားတဲ့ကိရိယာ custom-fitted guard ကို တပ္ဆင္ဖို႔ လိုပါတယ္။ သြားယိုယြင္း ပ်က္ဆီးတာကိုလည္း ကာကြယ္ၿပီးသား ျဖစ္ေစပါတယ္။

၂။ စိတ္ဖိစီးမႈ ကင္းေအာင္ ေနပါ။

စိတ္ဖိစီးမႈက ညဘက္ အံႀကိတ္ရျခင္းရဲ႕ အဓိက အေၾကာင္းအရင္း ျဖစ္တာေၾကာင့္ စိတ္ကို ေပ်ာ္ေအာင္ထားဖို႔၊ အိပ္ေရးဝဖို႔ လိုအပ္ပါတယ္။

- လက္ေကာက္ဝတ္ကို ေရေအးနဲ႔ ပြတ္တိုက္ပါ။

- အိပ္ရာမဝင္ခင္ မိနစ္ ၃၀ ကေန ၆၀ အလိုမွာ စိတ္အပန္းေျပေစမယ့္ ႏွစ္သက္ရာ တစ္ခုခု ျပဳလုပ္ပါ။

- စိတ္ပင္ပန္းလာတိုင္း ေလ့က်င့္ခန္း ျပဳလုပ္ၿပီး နဲ႔ လမ္းေလွ်ာက္ပါ။

- အိမ္မွာ စိတ္အပန္းေျပေစမယ့္ သင့္ရဲ႕ ကိုယ္ပိုင္ေနရာတစ္ခု ဖန္တီးထားပါ။

- ဦးေႏွာက္ကို ဖိအားေလွ်ာ့ေပးဖို႔ အိပ္ခါနီးမွာ ပ်ားရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစားပါ။

၃။ မာတဲ့ အစားအစာေတြကို ေရွာင္ပါ။

အံႀကိတ္ၿပီးေတာ့ ႏိုးလာတဲ့အခါ ေမး႐ိုးေတြ နာေနရင္ ေရေႏြးနဲ႔ ကပ္ထားေပးပါ။ အရမ္းမာတဲ့ အစားအစာေတြကို မစားသင့္ပါဘူး။ ပီေကကိုလည္း ေရွာင္သင့္ပါတယ္။ အခ်ိဳမ်ားတဲ့ အစားအစာေတြကို ေရွာင္ၿပီး ကယ္လ္ဆီယမ္ဓါတ္ မ်ားတဲ့ ခ်ီယာေစ့၊ ႏို႔ထြက္အစားအစာမ်ား၊ ငါးေသတၱာငါး၊ ပဲနီေလးတို႔ကို စားေပးပါ။

Zombie (Lovemedia)

Post a Comment

0 Comments